Please kindly read my FIRST BLOG also

Dear Friends,

This is my Second blog only.

 Please kindly read my FIRST BLOG also, as there are more than seven thousand Published (7,074) posts there.

Dr Ko Ko Gyi @ Abdulrahman Zafrudin FIRST BLOG

TQ for reading my blogs and FB

Please review my oldest blog @

SAN OO AUNG’S WEBLOG

KKG

Please kindly look at my contributions in the Wikipedia, the free encyclopedia

User:Darz kkg

z1

Pic. Credit Dr. Maung Zarni

ဘဝ ခရီး

°°°°°°°°°°°°°°°
ငါတို့အ​ပေါ် ​နေကွယ်​​လည်း
ဆန်းပါးလဝန်း၊ ထွန်းလျက်​ပင်​။

ငါတို့အ​ပေါ် လကွယ်​လည်း
ကြယ်ရွှန်းစိုစို၊ ထွန်းလျက်​ပင်​။

လမင်းမထိန်​၊ တာရာ မှိန်​လည်း
ငါတို့သမိုင်း ကမ္ဘာတည်​တိုင်
ထွန်းရစ်​ ဦးမည်​တကား။

Crd

May be a Twitter screenshot of 1 person and text that says 'CRPH CRPH Myanmar @CrphMyanmar "Justice will be delivered for Rohingyas"- @DrSasa22222 Civil Disobedience Movement @cv... @cv...・1d 1d "Justice will be delivered for Rohingyas"- @DrSasa22222 4:59 AM 3/23/21 Twitter for Android Zoom 2,422 Retweets 376 Quote Tweets 3,660 Likes'

Haj ဟဂျ်ကျင့်ထုံးနှင့် ပညတ်တော်များ ကျမ်းမှအကျဥ်းချုပ်မှတ်စု YouTube Video များ

အမှတ်စဥ် ၁

အမှတ်စဥ် ၂

အမှတ်စဥ် ၃

အမှတ်စဥ် ၄

အမှတ်စဥ် ၅

အမှတ်စဥ် ၆

အမှတ်စဥ် ၇

အမှတ်စဥ် ၈

အမှတ်စဥ် ၉

အမှတ်စဥ် ၁၀

အမှတ်စဥ် ၁၁ မှ ၁၅ ဆက်ရန်ရှိသေးသည်

Some patients don’t care about doctors’ privacy or private time

About 10 yr ago, I started to use HP. One Bama Buddhist pt who was working @ Spain Embassy as Contract Gardener boss with 2 indonesian workers had Psyco problem. Afternumerous times visited, he started to owe. (Lucky that he was/is the only one) He knew one Myanmar working in A&E UH and went there but it was quiet expensive. He had sleeping problems and I had given some sleeping pills. One night he called me @ home and said he want to come to my house. I told him that I kept no medicine at home and just to take another pill as it is safe or go to A&E UH as that Dr he knew was on duty. But he keep on disturbing me. I don’t know how to block him, so I left the home downstairs. He had called me the whole night , more than 30 times. I threw away my phone and never use for about 5 yrs. Now a days only I am forced to use the phone for various reasons. I tried NOT to give to patients. But sometimes a few got my number but I never entertained them. Asked NOT to call my personal phone but instead to Clinic Phone only. Some patients became angry and stop coming to my clinic. I told them that I am working 12 hr everyday for 363 days per year. Sleeping time 71/2 hr, bathing time, eating time, travelling time and I got just about 60 mins for relax watching movie on the exercise bike at night. There are prayer times x5 per day. I cannot give time for those on call consultation pts. I will become MAD or DIE faster. SORRY! They could left the message or questions on my Clinic FB Page anytime.

By the way that pt never paid RM 2000.00 he owed me and never come back to the clinic. When his friend came, I told him that I could just tell the police as he was an ILLEGAL IMMIGRANT and I know his working place. His friend came back and paid me RM 300.00 few days later. But never pay the balance. I never report to police because any way he was my patient.

Khin Maung Htwe

ကျနော်တို့လည်း တိုင်ပင်ဆွေးနွေးခ ယူရတော့မယ်ထင်တယ်။

ဖုန်းနံပါတ်ဘယ်ကရသလဲမသိသူတွေ၊ အရေးပေါ်ဆက်သွယ်ဖို့ ကိုယ်တိုင်ပေးထားသူတွေ၊ မိတ်ဆွေတွေစီက တဆင့်ရသူတွေက အရေးမပါတာတွေကို နားချိန် အိပ်ချိန်မှာဆက်ပြော၊ အရစ်ရှည်၊ ဆေးခန်းဘယ်မှာထိုင်လဲဆိုတာ တစ်ပတ်တစ်ခါလောက်ဆက်မေး၊ Booking လုပ်ဖို့ ဆေးခန်းကို ဖုန်းခေါ်မရလို့ ကျနော်ကိုလုပ်ခိုင်းးးးးးး

တိုင်ပင်ခြင်သူ K Pay နဲ့အရင်လွှဲ၊ လက်ရှိဖုန်းကို Contact List ရှိသူကလွဲရင် Block လုပ်၊ လုပ်ငန်းအတွက် ဖုန်းနံပါတ်အသစ်တစ်ခုကိုင်ပြီး နားချိန်ဆိုရင်ဖုန်းပိတ်ထားတာမျိုးလုပ်ရင်ကောင်းမလားဆိုတာ စဥ်းစားနေရပါပြီ။

အကြံပြုပေးကြပါအုံးခင်ဗျ။

( လက်ရှိ Contact List မှာပါသူ၊ ဆွေမျိုး မိတ်ဆွေရင်းများမပါပါဘူးခင်ဗျ။)

Zay Latt

စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာလေးတွေရှိတယ်

လုပ်ငန်း အသစ် စလုပ်ရင်း အဆင်မပြေတာလေးတွေ အတော်များတယ်

လူကော စိတ်ပါ အတော်ပင်ပန်းနေတယ်

အတော်ကို ပင်ပန်းနေတယ်

မနေ့ညနေက ဆိုရင် အဆွာရ်ဖတ်ပြီးတာနဲ့

Alhamdulihlah ဖတ်ပြီး အေ့စ်တေဖဟ် ဖတ်ပြီး စိတ်ညစ်ညစ်နဲ့ အိပ် လိုက်တာ ၇နာရီမှ နိုးတယ်

ကျနော့်ကို လာ add လို့ လေးစားသမှုနဲ့ စကားသွားပြောတယ်

ပြောတာမှ မကြာသေး ဆေးပညာနဲ့ ပတ်သက်ပြီး တိုင်ပင်လာတယ်၊

ကျနော် စိတ်အဆင်မပြေလို့ ခနနော် မအားသေးလို့ ဆိုပြီး တလေးတစား စာပို့ထားတယ် (seen ပြပြီး reply မလုပ်ရင် မလေးစားရာကျမှာစိုးလို့)

ဒါကို ရှိသမျှ စာတွေ အကုန် unsend သွားတယ်

တစ်ခုပြောချင်ပါတယ်

Freeလည်း consult လုပ်သေးတယ်

Reply ကြာလို့ စိတ်လည်း ဆိုးမယ်

ဆိုရင်တော့ ဆောရီးပါ။

Unfriend ပါမယ်

ပြီးတော့ တစ်ခါတည်း အသိပေးချင်ပါတယ်

တိုင်ပင်မယ်ဆိုရင် Consultation Fee စယူပါမည်။

Fee တော့ မသတ်မှတ်ရသေးပါဘူး၊

ပျော်ပျော်နေတတ်လို့ လူကို စောက်ပေါထင်ရင်တော့ Fu*k off ပါ

အိ ပန်ဆယ်လို ဖြေပါ

Via Aung Htay

မန့်တာသဘောတူလို့မ…လာတာ

အိ ပန်ဆယ်လို ရဲ့ post မှာ

ရေးထားတာက

မြန်မာစာအဓိက တက်နေတဲ့ မွတ်စလင်မိန်းကလေးတစ်ယောက်ကို ခရီးသွားလို့ဆိုပြီး………..

မတရားမှုတွေ တစ်နိုင်ငံလုံး အနှံ့အပြား ဖြစ်ပွားနေတဲ့ နိုင်ငံမှာ မတရားခံနေရတာ ခင်ဗျားတို့တင်မဟုတ်ဘူး။

တိုင်းရင်းသားရော ဗမာရော ဗုဒ္ဓဘာသာရော ခရစ်ယာန်ရော ဟိန္ဒူရော မွတ်စလင်ရော မတရားမှုတွေ ကြုံနေရတယ်ဆိုတာလေး သိစေချင်တယ် …….

လို့ဖော်ပြထားပါတယ် ….

အဲဒီမှာ မတရားမှူတွေအားလုံးကြုံနေရပါတယ်တဲ့ ××××××××

အဲဒီလို ဆိုတော. တွေးကြည့် ဘို့အတွက်မေးကြည့်ချ င် ပါတယ်၊

၁။ စိတ်ဆိုးနေသောဘယ်ကမှန်းမသိတဲ့လူအုပ်ကြီး ရဲ့ဖျက်ဆီးသတ်ဖြတ်မှူမျိုး ဗမာရပ်ကွက်မှာကြုံခဲ့ရပါသလား ?

၁။ ဒုက္ခ သည် စခန်းတွေမှာ ကရင် ၊ ကချင်၊ကမာန်၊ မွတ်ဆလင်မ် တွေ ဒုက္ခ ရောက်နေသလို ဗမာတွေရောက်နေပါသလား?

၂။ ဓမ္မာရုံ တွေမှာ loud speaker ကြီးနဲ့ တရားပွဲ ကျင်းပ ဘုရားရှစ်ခိုးမှူမျိုး ခရစ်ယန်နဲ့့ အစ္စလာမ်တွေ ရပ်ကွက်တနေရာမှာ ဝတ်ပြုခွင့်ရနေသလား ?

၂။ churchများ ဗလီ (mosque ) များအဖျက်ခံ ရ သလို အပိတ်ခံရသလို ဘုန်းကြီး ကျောင်း များစေတီ များ လူအုပ်ကြီးကဖျက်ဘူပါသလား ?

၂ ။ ဘုန်းကြီးကျောင်း များ တိုးချ ဲ့ပြုပြင်တည်ဆောက်သလို mosque များ church များ လုပ်နိုင်ပါသလား ?

၃။ မှတ်ပုံတင် ကိုင်ပြီး ဗမာလူငယ်ကလေးနဲ့ မွတ်ဆလင်မ် လူငယ် ကလေး pass port ရုံးကိုအတူသွား တန်းစီရတဲ့နေ ရာချင်း ၊ process ချင်း ၊ရ ဖို့သေချာမှူ ၊ရမဲ့ ကာလချင်း တူပါသလား ?

၄ ။ တက္ကသိုလ် အတူတက်ခဲ့ တဲ့ ဗမာလူငယ်နဲ့ မွတ်ဆလင်မ် လူငယ် ဘွဲ့နှင်းသဘင် အတူတက်ခွင့်ရပါသလား ? (မှတ်ပုံတင်အကြောင်းပြဖြုတ်ချ)

၅။ သန်းကောင်စာရင်းကိုင်ပြီး မှတ်ပုံတင်အတူသွားလုပ်တဲ့ ဗမာ လူငယ်နဲ့ မွတ်ဆလင်မ်လူငယ် လဝက ကတန်းတူ ဆက်ဆံ/ ကိုင်ဆောင်ခွင့်ရပါ သလား ?

၆။ မှတ်ပုံတင်မရှိလို့ ကားမောင်းလိုင်စင်မရ ၊

အလုပ်ရှောက်လို့မရ ၊ နိုင်ငံခြား ထွက်ဖို့လည်းpass port မရ တဲ့ မွတ်ဆလင်မ် နဲ့ ခရစ်ယာန် ကလေးတွေလို ဗမာ လူငယ်များ ရှိပါသလား ?

၇။ ဗမာလူငယ်နဲ့ မွတ်ဆလင်မ်လူငယ်ဆေးတက္ကသိုလ် အမှတ်မှီ တာချင်းအတူတူ မှတ်ပုံတင်(မိဘအပါဝင်) မပြ နိုင်လို့ မတက်ရတဲ့ ခံစားချက်မျိုး ဗမာမိဘများခံစားရပါသလား ?

၈။ အစ္စလာမ်ဘာသာဝင်များ သန်းခေါင်စာရင်း ပြောင်းရွှေ့ ခွင့်မရ ဧည့်စာရင်းနဲ့နေပြီး ၂၀၁၅ Election မှာ NLD ကိုမဲပေးဖို့ မိုင်တရာကျော်ခရီးမိမိ အရပ်ကိုမဲသွားပေးရတဲ့ဒုက္ခ ဗမာတွေ ကြုံရပါသလား ?

တကယ်တော့ ဒီမိန်းကလေး ဟာလူငယ်တယောက်အတွက် ထူပိန်းပိတ်မှောင်နေသော ကာဆီးမှူ ကြီး မှ လွတ်မြောက်ဖို့ ထွက်ပေါက် ရှာခြင်းပါ ။ ထွက်ပေါက် ဘဝ အတွက် ထွက်ပေါက်

#ဗေဒါရီ

Via #Hotepar

ဝတ်

Khin Maung Htwe

မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်၊ ထိမ်းမြားခြင်လျင် ဝတ်ငါးအင် ဖခင်မယ်တို့တါ။

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ် ၅သွယ် ကျင့်ဘွယ်သားတို့တာ။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမကျန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ် ၅ ​ဖြာ။

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုစည်း၊ ထံနီးလုပ်ကျွေး၊ သင် တွေး၊ အံ့ ရွတ်၊ တပည့်ဝတ် မချွတ် ၅ ခုသာ။။

******

တစ်ပုဒ်ကျန်တာဖြေ့ပေးပါအုံး။

Credit Kyaw Zwa Thant

..

မိတ်ဆွေဝတ်

**********

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊

စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊

သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊

ကျင့်လေမိတ်သဟာ။

ဟဂ်ျ အကျိုးဆောင်များသို့ …

Aung Htay

ဟဂ်ျ အကျိုးဆောင်များသို့ …

တစ်ခါတစ်လေ ကိုယ်ထွက်မတွေ့ချင်တဲ့ ဧည့်သည်တွေ အိမ်လာလေ့ရှိတယ်။ ဒါပေမယ့်လည်း အဖေ့မျက်နှာကြောင့် ထွက်တွေ့ရတယ်၊ ပြုံးပြရတယ်၊ ဧည့်ဝတ်ကျေအောင်တော့ ဧည့်ခံရတယ်။ ဒါမှ အဖေ့ကျေနပ်မှု ရမယ်လေ။

စဉ်းစားကြည့်ပါ …

အလ္လာဟ့်အိမ်တော်ကို သွားနေတဲ့ အလ္လာဟ့်ဧည့်သည်တော်တွေအပေါ် ဧည့်ဝတ်ကျေခဲ့မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှု ဘယ်လောက်ရလိုက်မလဲ !?

ဖခင်တစ်ယောက်ရဲ့ အမိန့်နဲ့ သူ့ကျေနပ်မှုအတွက်တင် လူတစ်ယောက်အပေါ် ကျွန်တော်တို့ ဧည့်ဝတ်ကျေနိုင်တယ်ဆိုရင် … အလ္လာဟ့်အိမ်တော်ကို သွားနေတဲ့ အလ္လာဟ့်ဧည့်သည်တော်တွေအတွက် ကျွန်တော်တို့ ဘာ့ကြောင့် ဧည့်ဝတ်မကျေနိုင်ရမှာလဲ !?

ဒီကနေ့ အများပြောစရာဖြစ်နေတဲ့ ဟဂ်ျအေးဂျင့် လုပ်ငန်းဆိုတာ တကယ်စေတနာနဲ့ လုပ်နိုင်ရင် အင်မတန်မှ မွန်မြတ်လှတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ ထိုက်သင့်တဲ့ အမြတ်အစွန်းနဲ့ အလ္လာဟ့်ဧည့်သည်တော်တွေကို ဧည့်ဝတ်ကျေအောင် စီစဉ်ပေးနိုင်တဲ့သူဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလို ဒွန္နယာရော အာခေရသ်ပါ အကျိုးအမြတ် ရရှိမယ့်သူပဲဖြစ်တယ်။

ခင်ဗျားအိမ်ကိုလာမယ့် ဧည့်သည်တွေကို ခေါ်လာဖို့ ခင်ဗျား စိတ်မချတဲ့သူ၊ မယုံကြည်တဲ့သူကို ရွေးမလား !? ခင်ဗျား ယုံကြည်စိတ်ချရသူကို ရွေးမလား !?

အခု အလ္လာဟ်အရှင်မြတ်က သူ့ဧည့်သည်တော်တွေကို သူ့အိမ်တော် အရောက်ခေါ်လာပေးဖို့ ခင်ဗျားတို့ကို ယုံကြည်စိတ်ချလ်ုိ့ ရွေးချယ်ထားခြင်းဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ယုံကြည်မှုအပေါ် ငွေမျက်နှာ တစ်ခုတည်းအတွက်နဲ့ အလွဲသုံးစား မလုပ်မိပါစေနဲ့။

ခင်ဗျား မခေါ်သွားရင် ဟာဂျီတွေ ကအ်ဗာဟ် မရောက်တော့ဘူးလို့တော့ မထင်လိုက်ပါနဲ့။ အလ္လာဟ်အရှင်မြတ် အလိုရှိတယ်ဆိုရင် ခင်ဗျားနေရာမှာ နောက်တစ်ယောက် အချိန်မရွေး ပြောင်းလဲသွားနိူင်ပါတယ်။

Marshallah အရှင့်ဧည့်သည်တော်တွေကို အရှင့်အိမ်တော်ဆီ ဦးဆောင်ခေါ်သွားခွင့်ရတဲ့ ခင်ဗျားတို့ရဲ့ နဖူးစာ ဘယ်လောက်ကောင်းလိုက်လဲ !?

ခင်ဗျားတို့ဟာ အလ္လာဟ့်အိမ်တော် လမ်းပြသူတွေဖြစ်တယ်။

ခင်ဗျားတို့ဟာ အလ္လာဟ့်အိမ်တော်ရဲ့ ဧည့်သည်တော်တွေကို အိမ်ရှင်ကိုယ်စား ဧည့်ခံပေးနေရသူတွေဖြစ်တယ်။

ခင်ဗျားတို့သာ ဧည့်ဝတ်ကျေမယ်ဆို အရှင့်ရဲ့ ကျေနပ်မှုရော အရှင့်ဧည့်သည်တော်တွေရဲ့ ကျေနပ်မှုရော ၂ ခုစလုံး ရရှိမယ့်သူတွေဖြစ်တယ်။

ဒါကြောင့် ဟဂ်ျအေးဂျင့်များအနေနဲ့ စီးပွားရေး သပ်သပ်မဟုတ်ဘဲ အလ္လာဟ့်အတွက်၊ အလ္လာဟ့်ကျေနပ်မှုအတွက်ရယ်လို့ အိခ်လားဆ်ွလေးပါ ပေါင်းထည့်ပြီး လုပ်ကြပါ။ အကျိုးအမြတ် နှစ်ခုရပါလိမ့်မယ်။

နှစ်စဉ် ဟဂ်ျသွားနေသူတွေရဲ့ ၇၀ % ဟာ ပိုလျှံနေလို့ သွားတာမျိုးထက် တစ်သက်မှာ တစ်ကြိမ်လောက် အလ္လာဟ့်အိမ်တော် ရောက်ဖူးချင်လို့ မရှိတဲ့ကြားထဲက ခြစ်ကုတ်ပြီး သွားကြသူတွေပါ။

(မရှိရင် မသွားနဲ့ပေါ့လို့တော့ လွယ်လွယ်မပြောပါနဲ့၊ အလ္လာဟ့်အိမ်တော်ဆိုတာ ခင်ဗျားအိမ်မှ မဟုတ်ဘဲ လူတိုင်းရောက်ဖူးချင်ကြတာပေါ့။)

ဒါ့ကြောင့် အမြတ်ယူပါ။ အတတ်နိုင်ဆုံးတော့ လျှော့ယူကြပါ။ 100 $ သက်သာမယ်ဆိုရင်တောင် မချမ်းသာသူအတွက်တော့ သူဟဂ်ျသွားနေတုန်း သူ့အိမ်အတွက် စျေးဖိုးကာမိသွားပါလိမ့်မယ်။

# သူရနိုင် #

နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ မြန်မာ့သမိုင်းဖတ်စာအုပ်တွေဟာ ကလေးတွေနဲ့ လူငယ်တွေကို ဘယ်လိုအသိအမြင်အလွဲတွေ သွတ်သွင်းပေးခဲ့သလဲ။

Lu Thar Man

နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ မြန်မာ့သမိုင်းဖတ်စာအုပ်တွေဟာ ကလေးတွေနဲ့ လူငယ်တွေကို ဘယ်လိုအသိအမြင်အလွဲတွေ သွတ်သွင်းပေးခဲ့သလဲ။

အဲဒီသမိုင်းဖတ်စာအုပ်ပြုစုသူတွေရဲ့အမည်တွေကို တာဝန်ခံမှုနဲ့အတူ ဘာလို့ မဖော်ပြခဲ့တာလဲ။

အောက်ပါ အချက်အလက်အချို့ကို ဖတ်ရှုကြည့်ပါ။

🔴 သူရဲကောင်းဝါဒနဲ့ ဘာသာရေးလူသားအဖြစ်

ဖန်တီးခြင်း

မြန်မာ့သမိုင်းဖတ်စာအုပ်တွေရဲ့အလိုအရ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရှေ့အဆက်ဆက် သူရဲကောင်းကြီးတွေထံက ဆင်းသက်လာတဲ့ သူရဲကောင်းမျိုးဆက်တွေ ဖြစ်တယ်။ မြန်မာ့သမိုင်းဖတ်စာအုပ်တွေရဲ့အာဘော်က ကျွန်တော်တို့ဟာ သူရဲကောင်းတွေ (ဝါ) သူရဲကောင်းတွေရဲ့အဆက်အနွယ်တွေလို့ ထင်မြင်လာစေတယ်။ ဒီလိုထင်မြင်အောင် တတိယတန်းနဲ့ စတုတ္ထတန်း သမိုင်းဖတ်စာအုပ်တွေက ရိုက်သွင်း (indoctrinate) လိုက်တာ ဖြစ်တယ်။ ဒီဖတ်စာအုပ်တွေဟာ ကလေးတွေရဲ့ တွေးခေါ်ပုံတွေထဲ သူရဲကောင်းကို ကြည်ညိုစိတ်နဲ့ မဆလခေတ် အိုင်ဒီယိုလိုဂျီကို သွတ်သွင်းရာမှာ အထူး အရေးပါခဲ့တယ်။

သမိုင်းဖတ်စာအုပ်တွေထဲ သူရဲကောင်းဝါဒ သွတ်သွင်းထားတာဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့မျိုးဆက်ကို ဆုတ်ယုတ်သွားအောင် လုပ်ထားတဲ့ဖြစ်စဥ်တစ်ခုပဲ။ ကျောင်းသားတွေနဲ့ လူထုဟာ သူရဲကောင်းတွေအပေါ်မှာသာ မှီခိုပြီး သူတို့မှာ ပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့ ကြောင်းကျိုးဆင်ခြင်မှုပုံစံတစ်ရပ် ဖြစ်ထွန်းနေအောင် ပြုလုပ်ပေးတာ ဖြစ်တယ်။ ဒီဖြစ်စဥ်ဟာ လူတစ်ယောက်ကို လောကီဆန်ဆန် တွေးခေါ်မှုကနေ ဘာသာရေးဆန်တဲ့ ပုဂ္ဂိုလ်ရေးကြည်ညိုလေးစားမှုကို အလေးပေးတတ်တဲ့ ‘ ဘာသာရေးလူသား ‘ ဖြစ်မှန်းမသိ ဖြစ်သွားစေတယ်။ ဘာသာရေးလူသားဆိုတာ ဒီနေရာမှာ အဲဒီလူသားရဲ့ ကြောင်းကျိုးဆင်ခြင်မှုပုံစံအတွင်းက တန်ဖိုးစံတွေမှာတောင် ဘာသာရေးဆန်ဆန် လည်ပတ်အလုပ်လုပ်နေအောင် ပြုမူစေတာကို ဆိုလိုတာ။

ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ သာမန်လူသားတွေနဲ့ မတူတဲ့ ဟီးရိုးတွေ ဖြစ်တယ်။ ငါတို့တစ်တွေဟာ အဲဒီလိုဟီးရိုးတွေနဲ့ တည်ဆောက်ထားတဲ့ ‘ သီးခြားအမှတ်လက္ခဏာရှိသူတွေ ‘ ဖြစ်တယ်၊ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်လို့ တွေးထင်လာစေတဲ့အထိ မြန်မာ့သမိုင်းဖတ်စာအုပ်တွေက ပို့ချထားတယ်။ တကယ့်အရှိတရားပေါ် လေးစားဆင်ခြင်ဖို့ထက် အတိတ်ကာလထဲက အရာတွေကို ကြံဖန်ဂုဏ်ယူခိုင်းပြီး အမျိုးသားရေးမာန်မာနကို တည်ဆောက်ပေးတယ်။

အနော်ရထာအကြောင်းမှာ အနော်ရထာဟာ မြန်မာလူမျိုးကို အခြေခံတဲ့ မြန်မာလူမျိုးပိုင် နိုင်ငံတော်တစ်ရပ်ကို တည်ထောင်လိုက်နိုင်တယ်ဆိုတာ သူဟာ အင်မတန် မှန်ကန်တဲ့လုပ်ရပ်တွေ လုပ်ခဲ့သူဆိုတဲ့အမြင်ကို သွတ်သွင်းပေးတာ။ ဒီအမြင်ကိုမှ ‘ ဘာသာရေးအမြင် ‘ နဲ့ နောက်ကနေ အထောက်အပံ့ပေးပြန်တယ်။

” သထုံ၊ တနင်္သာရီနှင့် မြန်မာနိုင်ငံ မြောက်ဘက်ဒေသများကို ပုဂံပြည်၏လက်အောက်သို့ သိမ်းသွင်းနိုင်သဖြင့် ကျယ်ဝန်းခိုင်မာသော ပထမမြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာပေသည် ” ဆိုတဲ့ ဝါကျနောက်မှာ ” အနော်ရထာမင်းသည် ဗုဒ္ဓသာသနာပြု မင်းကောင်းမင်းမြတ်လည်း ဖြစ်သည် ” လို့ ချက်ချင်း ဖော်ပြထားတယ်။ ဒီရေးသားပို့ချမှု (discourse) က ” အနော်ရထာမင်းဟာ မှန်ကန်တဲ့အရာကို လုပ်ဆောင်နိုင်ခဲ့တဲ့ မင်းကောင်းမင်းမြတ်ဖြစ်တယ်။ သူ့လုပ်ရပ်တွေကို မေးခွန်းထုတ်ဆင်ခြင်ဖို့ မသင့် ” လို့ ရည်ညွှန်းလိုက်တာပဲ။ ဒါတင်မကသေးဘဲ ကြောက်ရွံမှုကြောင့် လူသားတွေ ယုံကြည်ကြတဲ့ ဘာသာတရားနဲ့ပါ ချိတ်ဆက်ဖော်ပြပြန်တယ်။ (နိုင်ငံအလိုက် အများစု ကိုးကွယ်ရာကို ဖော်ပြတာ ဖြစ်တယ်။ တခြားနိုင်ငံအကြောင်းဆိုရင် တခြားဘာသာတရား ဖြစ်နိုင်တယ်။)

” အနော်ရထာမင်း နန်းမတက်မီက ပုဂံပြည်၌ နတ်၊ နဂါးနှင့် အရည်းကြီးကိုးကွယ်မှုများ ထွန်းကားလျက် ရှိသည်။ အထူးသဖြင့် အရည်းကြီးတို့၏ မဟုတ်မမှန်သော အယူဝါဒများ လွှမ်းမိုးလျက် ရှိလေသည်။ အနော်ရထာသည် မွန်ရဟန်းတော် ရှင်အရဟံနှင့် တွေ့ဆုံပြီး တရားစစ် တရားမှန်ကို နာကြားသိရှိချိန်မှစ၍ အရည်းကြီးအယူဝါဒကို ဖယ်ရှားကာ သာသနာပြုတော်မူခဲ့သည်။ သထုံကို သိမ်းပိုက်ရရှိစဥ်က ပိဋကတ်တော်များနှင့် ကျမ်းဂန်တတ်ရဟန်းတော်များကို ပုဂံသို့ ပင့်ဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း ထေရဝါဒ ဗုဒ္ဓသာသနာသည် နေလိုလလို ထွန်းလင်းတောက်ပလာခဲ့သည်။ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်သော ဘုရားစေတီများအနက် ရွှေစည်းခုံစေတီတော်သည် အထင်ရှားဆုံး ဖြစ်သည်။ အနော်ရထာမင်းကြီးလက်ထက်တွင် အပြီးမသတ်နိုင်ခဲ့သဖြင့် ကျန်စစ်သားမင်းကြီးက ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ခဲ့ရသည် ” တဲ့။

မြန်မာ့သမိုင်းကို ဒီနိုင်ငံအတွင်း နေထိုင်သူ လူအများစု ကိုးကွယ်တဲ့ ဘာသာတရားပေါ်ပေါက်လာပုံနဲ့ ကပ်လျက်ဖော်ပြလိုက်တာ။ ရုပ်ရှင်တက်ခနိတွေမှာ နှစ်ခုယှဥ်ပြီးမြင်လိုက်ရတဲ့အမြင်ဟာ ပိုပြီးအားကောင်းသွားစေတယ်ဆိုတဲ့ သဘောနဲ့ ကပ်လျက်ချ (juxtapose) ဖော်ပြထားတာ။ သိပ်အင်အားကြီးတဲ့ ဇာတ်ပြောပုံ (narrative) နဲ့ တည်ဆောက်ပစ်လိုက်တာပဲ။

🔴 အစွန်းရောက် မျိုးချစ်စိတ်နဲ့ လူမျိုးကြီးဝါဒ

သွတ်သွင်းခြင်း

တတိယတန်းနဲ့ စတုတ္ထတန်း သမိုင်းဖတ်စာအုပ်တွေထဲ လူပုဂ္ဂိုလ်တွေကို ဖော်ပြတဲ့နေရာမှာ ဘာသာရေး၊ စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကိုသာ ဟီးရိုးပုံစံဖန်တီးပြီး ဖော်ပြထားတယ်။ သူတို့ရဲ့ သမိုင်းဆိုင်ရာ လုပ်ရပ်တွေ၊ တုံ့ပြန်ပုံတွေ၊ ပေါ်လစီတွေထက် သူတို့ရဲ့ ကိုယ်ကျင့်တရားတွေ၊ ခြုံငုံဖော်ပြထားတဲ့ လူ့အဖွဲ့အစည်းအပေါ် သူတို့ရဲ့ထည့်ဝင်ခဲ့ပုံတွေကို ချဲ့ကားပြောဆိုထားတယ်။ တကယ်တမ်းကျ သမိုင်းဟာ အတ္ထုပ္ပတ္တိမဟုတ်တဲ့အတွက် လူပုဂ္ဂိုလ်အကြောင်းကို ဖော်ပြတဲ့နေရာမှာ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့၊ ပစ္စုပ္ပန် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာဖို့အတွက် အဆိုပါပုဂ္ဂိုလ်တွေက ဘယ်လောက်အထိ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ရှုထောင့်အမျိုးမျိုးကနေ ဖော်ပြရမှာ ဖြစ်တယ်။ သမိုင်းဆိုင်ရာ ဆင်ခြင်မှု (historical reason) အတွင်းကနေ ဖော်ပြရမှာ ဖြစ်တယ်။

မြန်မာ့သမိုင်းဖတ်စာအုပ်ထဲက အတွေးအခေါ်တွေဟာ ပစ္စုပ္ပန်ကာလကို နားလည်အောင် ဖန်တီးပေးထားတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဖတ်စာအုပ်ပြုစုသူတွေဟာ မဆလခေတ်အတွင်းမှာ ပြုစုခဲ့သူတွေဖြစ်တာကြောင့် မဆလကြိုက်တဲ့အမြင်အတွင်းကနေ လူ့အဖွဲ့အစည်းတစ်ခုရဲ့ပစ္စုပ္ပန်ကို မြင်နိုင်အောင်ပဲ ပြုစုခဲ့ကြတယ်။ ဒီတော့ သူတို့မြင်စေချင်တဲ့ ပစ္စုပ္ပန်ဆိုတာ အားကြီးသူတွေရဲ့ ပစ္စုပ္ပန်၊ အာဏာရှင်အမြင်အတွင်းက ပစ္စုပ္ပန်၊ လွှမ်းမိုးကြီးစိုးထားတဲ့ လိင်၊ လူမျိုး၊ ဘာသာရေးအတွင်းက ပစ္စုပ္ပန်သာ ဖြစ်တယ်။

ဖတ်စာအုပ်ပြုစုသူတွေဟာ လူ့အဖွဲ့အစည်းထဲ လူတစ်ယောက်အနေနဲ့ ဘယ်လိုသယ်ပိုးထမ်းရွက်ခဲ့သလဲဆိုတဲ့ တန်ဖိုးစံကို လူမျိုးရေးနဲ့ ဘာသာရေးအပေါ်မှာသာ တည်ဆောက်ခဲ့တယ်။ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေကိုမှ မလုပ်ရင် ကလေးတွေအတွက် ဘဝအဓိပ္ပာယ်မရှိတော့သလို ခံယူအောင် တည်ဆောက်ခဲ့တယ်။ သမိုင်းဖတ်စာအုပ်တွေထဲ ဖော်ပြထားတဲ့ အမျိုးသားရေးနဲ့ ဘာသာရေး အခြေခံအချက်အလက်တွေဟာ တခြားလူမျိုးတွေအပေါ် တက်ခွစီးထားရုံမက တခြားပညာရပ်နယ်ပယ်၊ အသိပညာနယ်ပယ်က လူတွေအပေါ်ကိုပါ ဘေးဖယ်ထုတ်လိုက်တာ ဖြစ်တယ်။ ဒါဟာ ကလေးတွေရဲ့ သမိုင်းဆိုင်ရာ နားလည်ပုံကို သင်းသတ်နည်းတစ်မျိုးပဲ။ စစ်အစိုးရအဆက်ဆက်ဟာ သမိုင်းဖတ်စာအုပ်တွေကို အစွန်းရောက် အမျိုးသားရေးဝါဒဖြစ်ထွန်းဖို့နဲ့ လူမျိုးကြီးဝါဒဖြစ်ထွန်းဖို့အတွက် ဝါဒဖြန့်ချိရေးလက်နက်တစ်ခုအဖြစ် သုံးစွဲခဲ့တယ်။ ယဥ်ကျေးမှုနဲ့ ဘာသာဗေဒဆိုင်ရာ လွှမ်းမိုးထိန်းချုပ်နိုင်ဖို့ ဝါဒဖြန့်ချိရေးလက်နက်အဖြစ် သုံးခဲ့တယ်။

သမိုင်းဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးပုံဖော်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် အတိတ်ကို လိုသလို တားမြစ်ပိတ်ပင်ထားနိုင်မယ်ဆိုရင် အာဏာကို ကိုင်စွဲထားတဲ့ လူအုပ်စုဖြစ်စေ၊ လူမျိုးတစ်မျိုးတည်းအတွက်ဖြစ်စေ အလွန် အသုံးဝင်တယ်ဆိုတာ စစ်အစိုးရက သဘောပေါက်တယ်။ ဒီ့အတွက် တစ်နိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်မယ့်၊ တစ်နိုင်ငံလုံးကို စိမ့်ဝင်ပျံ့နှံ့အောင် လုပ်ယူနိုင်မယ့် ကျောင်းသင်ရိုး သမိုင်းဖတ်စာအုပ်တွေဟာ သူတို့အတွက် နိုင်ငံရေးစစ်မြေပြင်တစ်ရပ်ပါ ဖြစ်နေတယ်။ စစ်အစိုးရဟာ ဒီနိုင်ငံအပေါ် သူတို့တည်ဆောက်ချင်တဲ့ နိုင်ငံရေးအရ အထက်အောက် ဖိအုပ်ဖွဲ့စည်းထားတဲ့ သီးခြားအမှတ်လက္ခဏာတွေကို သမိုင်းစာအုပ်တွေကနေ ပုံဖော်ဖြန့်ဝေခဲ့တယ်။ ကျောင်းသင်ရိုး သမိုင်းဖတ်စာအုပ်တွေထဲက သူတို့ရတဲ့နိုင်ငံရေးအကျိုးအမြတ်ဟာ ကာလတစ်ခုထဲက ပါတီတစ်ခု၊ အစိုးရတစ်ခုပဲ ရတာမဟုတ်ဘဲ နောင်ဖြစ်လာမယ့် သူတို့ရဲ့အစိုးရတွေအတွက်ပါ ကြိုတင်ဖန်တီးထားတာ ဖြစ်တယ်။

သမိုင်းဖတ်စာအုပ်တွေကို မျိုးချစ်စိတ် ရိုက်သွင်းဖို့၊ လူမျိုးကြီးဝါဒ တရားထည့်ဟောဖို့ စီမံခဲ့တာဟာ ညံ့ဖျင်းလွန်းအားကြီးတဲ့ အတွေးအခေါ်တစ်ရပ်သာ ဖြစ်တယ်။ သမိုင်းဆိုင်ရာ ဗဟုသုတပေးဖို့ထက် အမျိုးသားရေးအမြင်တွေ ကိန်းအောင်းဖို့သာ အားစိုက်ထားတာဟာလည်း အောက်တန်းနောက်တန်းကျတဲ့ ပညာရေးဆိုင်ရာ အတွေးအခေါ်တစ်ရပ် ဖြစ်တယ်။

🔴 အခြားတိုင်းရင်းသားနှင့် အခြားလူမျိုးများ၏

တန်ဖိုးစံများကို ဖယ်ထုတ်ထားခြင်း

သမိုင်းဖတ်စာအုပ်တွေဟာ စစ်အစိုးရရဲ့ အိုင်ဒီယိုလိုဂျီတွေနဲ့ မကင်းခဲ့သလို တန်ခိုးကြီးဘုရားတွေနဲ့လည်း မကင်းခဲ့ရှာဘူး။ သမိုင်းဖတ်စာအုပ်ပြဋ္ဌာန်းခဲ့သူတွေဟာ ကျောင်းမှာ သင်ကြားရမယ့် သမိုင်းဖတ်စာအုပ်တွေနဲ့ ဘုရားဇောင်းတန်းမှာ ရောင်းချတဲ့ တန်ခိုးကြီး ဘုရားသမိုင်းစာအုပ်တွေကို ကွဲကွဲပြားပြား သိပုံမရဘူး။

သမိုင်းဘာသာရပ်ဟာ တခြားသော လူမျိုးတွေ၊ ဘာသာရေးတွေ၊ တန်ဖိုးတွေကို ချဥ်းကပ်နိုင်ရတယ်။ ကာလတရားတစ်ခုအတွင်း အဆင့်ဆင့် ဖွံ့ဖြိုးလာတဲ့ တခြားလူတွေရဲ့ တန်ဖိုးတွေနဲ့ ဘဝနေပုံထိုင်ပုံတွေကို သိတတ်နားလည်မှုအပေါ် ကလေးတွေ ချဲ့ထွင်ရှုမြင်တတ်အောင် ပြဋ္ဌာန်းပြုစုရတယ်။ အချက်အလက်အလွဲအမှားတွေ ဖန်တီးပြီး ကလေးတွေ စိတ်ဉာဏ်ကွန့်မြူး ချဲ့ထွင်ရှုမြင်နိုင်သမျှကို ဖျက်ဆီးပစ်ဖို့ မကြိုးစားရဘူး။ မူလတန်းကလေးတွေရဲ့ အသိဉာဏ်စွမ်းဖွံ့ဖြိုးမှု (cognitive development) ကို ပိတ်ဆို့မပစ်ရဘူး။ ကျောင်းမှာ သင်ယူရတဲ့သမိုင်းဟာ ကလေးတွေအနေနဲ့ သူတို့ရဲ့ လူမှုရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ အသိပညာတွေကနေတစ်ဆင့် သူတို့ရဲ့ သီးခြားအမှတ်လက္ခဏာ (identity) ကို နားလည်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဖွံ့ဖြိုးလာဖို့ ရည်ရွယ်ရတယ်။ သမိုင်းပညာရပ်ဆိုင်ရာ အခြေခံတွေကို စနစ်တကျ နားလည်လာဖို့၊ ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးစံအမျိုးမျိုးကို ရှုမြင်သုံးသပ်နိုင်အောင် ရည်ရွယ်ရတယ်။

သမိုင်းဇာတ်လမ်းတွေထဲ လေးစားလောက်ဖွယ်ရာ၊ အတုယူ အားကျဖွယ်ရာ လူပုဂ္ဂိုလ်တွေအကြောင်း ထည့်သွင်းတဲ့အခါ နိုင်ငံရေးအတွေးအခေါ်တစ်ခု၊ ဘာသာရေးအတွေးအမြင်တစ်ခုပေါ် အခြေခံတည်ဆောက်ထားတဲ့ လူပုဂ္ဂိုလ်တွေ ဖြစ်မနေရဘူး။ သမိုင်းထဲက လူပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးနဲ့ချည်း၊ ဘာသာရေးနဲ့ချည်း ပတ်သက်နေကြတာမဟုတ်ဘူး။ နိုင်ငံတစ်ခုရဲ့သမိုင်း (ဝါ) နိုင်ငံတစ်ခုကို တည်ဆောက်ခဲ့တဲ့သမိုင်းဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေရဲ့သမိုင်းချည်းသက်သက်မဟုတ်ဘူး။

ခင်ဗျားဟာ ဗမာတိုင်းရင်းသားတစ်ယောက်ဆိုပါစို့။ ဒီတိုင်းပြည်ရဲ့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နဲ့ တတိယမြန်မာနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့တဲ့လူမျိုးတစ်မျိုးအနေနဲ့ ခင်ဗျားကိုယ်ခင်ဗျား အထင်ရောက်သွားအောင် သမိုင်းဖတ်စာအုပ်တွေက စီမံထားတယ်။ ဒါတင်မက ဒီမြန်မာနိုင်ငံကြီး အဓွန့်ရှည် တည်တံ့ဖို့ရာ ခင်ဗျားမှာ ကြီးမားတဲ့ သမိုင်းပေးတာဝန်ရှိတယ်လို့ ခင်ဗျားကိုယ်ခင်ဗျား တာဝန်ပေးအပ်နေတာဟာ ကျောင်းတွေမှာ သမိုင်းဘာသာရပ်ကို ဘယ်လိုသင်ကြားပြီး ခင်ဗျားရဲ့ သီးခြားအမှတ်လက္ခဏာကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ပေးခဲ့သလဲဆိုတဲ့ ပြဿနာဖြစ်တယ်။ ဒီလိုမျိုး လူထုတစ်ရပ်လုံးကို ဗိုလ်ကျလွှမ်းမိုးထားတဲ့ သမိုင်းဖတ်စာအုပ်တွေသာ ရှိနေတာဟာ တိုင်းရင်းသားတွေအချင်းချင်းကြား ပိုပြီး စေ့စပ်ရခက်ခဲစေတယ်။ တခြားတိုင်းရင်းသား၊ လူမျိုး၊ ဘာသာတွေကို နားလည်လက်ခံပေးနိုင်ခြင်း မရှိလေ တရားမျှတမှုကို နားလည်နိုင်ဖို့ ဝေးလေပဲ။

ကလေးတွေအတွက် မျိုးချစ်စိတ်ကို အခြေခံတဲ့သမိုင်းဆိုတာထက် ကိုယ့်လူ့အဖွဲ့အစည်းအတွင်း နယ်ပယ်အရပ်ရပ်ကနေ စွမ်းဆောင်နိုင်ခဲ့တဲ့လူတွေနဲ့ဆက်စပ်နေတဲ့သမိုင်းကို ပိုပြီးမြင်နိုင်ဖို့ သင်ကြားပေးရတယ်။ မူလတန်းပညာရေးသင်ရိုးထဲ သမိုင်းဘာသာရပ်ကို သင်ကြားရတဲ့ရည်ရွယ်ချက်ဟာ ကလေးတွေရဲ့ စိတ်ဝင်စားမှုနယ်ပယ်တွေ တိုးပွားလာဖို့နဲ့ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေ မြင့်မားလာဖို့ ဖြစ်ရမယ်။ ဗမာဖြစ်ခြင်းကို အဓိက ဗဟိုချက်ထားတဲ့ဖြစ်တည်မှုအနေနဲ့ တည်ဆောက်သွတ်သွင်းသွားဖို့ မဟုတ်ဘူး။

စတုတ္ထတန်း သမိုင်းဖတ်စာအုပ်ကို ကြည့်ရင် ကိုလိုနီစနစ်ကို ပြန်ခုခံမှုနဲ့ ကိုလိုနီစနစ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအကြောင်းကိုသာ ဖော်ပြထားတယ်။ အဲဒီအထဲ အံ့အားသင့်ဖွယ်ရာ အချက်တစ်ခုက အမျိုးသမီးတစ်ယောက်တလေရဲ့အကြောင်းမှ မပါဝင်တာပဲ။

ပြီးတော့ ဗုဒ္ဓဘာသာ ဗမာတိုင်းရင်းသားက လွဲပြီး တခြားတိုင်းရင်းသား၊ တခြားလူမျိုးတွေရဲ့အခန်းကဏ္ဍကို တမင်တကာ ဖယ်ချန်ပြုစုထားတယ်။ တခြားတိုင်းရင်းသားတွေအတွက် မြန်မာ့သမိုင်းဖတ်စာအုပ်တွေဟာ တတိယတန်းလောက်က စပြီး အော့နှလုံးနာစရာ ဖြစ်နေတယ်။ မြန်မာပြည်ထဲ နေထိုင်နေကြတဲ့ တခြားတိုင်းရင်းသားတွေနဲ့ တခြားလူမျိုးတွေရဲ့ဘဝအဓိပ္ပာယ်ကို ကင်းမဲ့ (abusurdity) စေပြီး အစုလိုက်အပြုံလိုက် ဘေးဖယ်ထုတ်ထားတယ်။ တခြားသူတွေအတွက် လူ့အဖွဲ့အစည်းက မော်ဒန်လူ့အဖွဲ့အစည်း ဖြစ်မလာဘဲ ဒီလူ့အဖွဲ့အစည်း၊ ဒီတိုင်းပြည်နဲ့ စိမ်းခြင်း၊ ကင်းကွာခြင်း (alienation) ကို ဘဝအဓိပ္ပာယ်မဲ့မှုထဲ ထည့်ပေါင်းခံလိုက်ရတယ်။

🔴 သမိုင်းဆိုင်ရာ သိမှုကို ပုံဖျက်ခြင်း

သမိုင်းကို ထိန်းချုပ်နေစရာ မလိုဘူး။ သမိုင်းကို ဖွင့်ပြီး ရှုထောင့်ပေါင်းစုံက ဆွေးနွေးနိုင်အောင် အပွင့်ထားပေးရတယ်။ တစ်နည်းအားဖြင့် စာအုပ်တစ်အုပ်တည်းမှာ အခြေခံမနေဘဲ အမြင်ပေါင်းများစွာကို ဆက်လက်လေ့လာနိုင်အောင် လမ်းကြောင်းပေးရတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် ရခဲ့တာဟာ လူတစ်စုက သမိုင်းကို ထိန်းချုပ်ပြီး ပြောပြချင်တဲ့ အုပ်ချုပ်သူအလိုကျ သမိုင်းတွေသာ ဖြစ်တယ်။ ၉၀ ခုနှစ်များရဲ့ သတင်းစာတွေက ပြောတဲ့ ဝါဒဖြန့်ချိရေးသာသာရှိတဲ့ သမိုင်းမျိုးဖြစ်တယ်။ ငါတို့ ပြောချင်တာ ပြောမယ်၊ ကလေးတွေ ယုံသွားအောင် ပြောမယ်၊ သံသယရှိနေသူကိုတောင် ထပ်တလဲလဲ ပြောရင် စိတ်ထဲ စွဲမှတ်ယုံကြည်လာလိမ့်မယ်ဆိုတဲ့အမြင်မျိုးနဲ့ သမိုင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့သိမှုကို ဒီလိုအကြမ်းဖက် သွတ်သွင်းခဲ့တာ ဟုတ်သလားလို့ ကိုယ်တိုင် ပြန်ဆင်ခြင်ကြည့်ပါ။

သမိုင်းရဲ့ကာလတရားအစီအစဥ်ဟာ သိပ်အရေးကြီးတယ်။ ကာလတရားအပြောင်းအလဲမှာ ပြောင်းလဲလာတဲ့ သိမှုအဆောက်အအုံ (episteme) ကို ကလေးတွေ နားလည်ဖို့ လိုတယ်။ တခြားလူ့အဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံတွေရဲ့ ယဥ်ကျေးမှု၊ သမိုင်းဖြစ်စဥ်တွေကို ပေးသိရမယ်။ လူ့အဖွဲ့အစည်းထဲ စံသတ်မှတ်ခံထားရတဲ့ အချက်အလက်၊ အဖြစ်အပျက်၊ လူပုဂ္ဂိုလ်အပေါ် မြင်ပုံတွေ အမြဲဖြစ်ပျက်ပြောင်းလဲနေကြောင်း ကြည့်မြင်တတ်လာအောင် သင်ပေးရမယ်။

သတင်းအချက်အလက်နည်းပညာ မဖွံ့ဖြိုးသေးတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ချစ်ခင်လေးစားမှုဟာ တစ်နိုင်ငံလုံး အတူတူလို့ ထင်မြင်ခဲ့ကြတယ်။ ဗမာတွေက သူတို့လို နိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးမှန်သမျှဟာ တန်ဖိုးထားပုံခြင်း တစ်နည်းအားဖြင့် ဗိုလ်ချုပ်ပါဝင်တဲ့ သမိုင်းအဖြစ်အပျက်တွေကို အနက်ပြန်နားလည်ပုံခြင်း အတူတူပဲလို့ ထင်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ ပြောင်းလဲနေတဲ့ကာလတရားနဲ့ အတူလိုက်ပါပြောင်းလဲနေတဲ့ အနက်ပြန်ဖွင့်ဆိုမှုတွေအရ ဗိုလ်ချုပ်အပေါ် နားလည်တန်ဖိုးထားပုံတွေ မတူတာကို သိလာကြပြီ။

ဒီသမိုင်းစာအုပ်တွေကို ဘယ်သူတွေ တာဝန်ခံပြီး ရေးသားခဲ့တာလဲ။ လူပေါင်း မြောက်မြားစွာကို နှစ်ပေါင်း မြောက်မြားစွာ ” ဒါ မင်းတို့ သိထားသင့်တဲ့ မင်းတို့ရဲ့လူအဖွဲ့အစည်းသမိုင်းကြောင်းတွေပဲ ” လို့ ဘာရည်ညွှန်းကျမ်းမှမပါဘဲ ပြောရဲတဲ့ သမိုင်းဖတ်စာအုပ်ရေးသားသူတွေဟာ ဘယ်သူတွေလဲ။ မူလတန်းကလေးငယ်တွေရဲ့ဘဝထဲ ငါတို့ပြောတာသာလျှင် မေးခွန်းထုတ်စရာမလိုတော့တဲ့ အမှန်ပဲလို့ ရေးရဲလောက်တဲ့ ကိုယ်ကျင့်တရားအခြေခံက ဘာလဲ။ ဘယ်လိုကျင့်ဝတ်ဆိုင်ရာ သတ္တိမျိုးနဲ့ ရေးရဲခဲ့တာလဲ။

🔴

ဒီစာအုပ်ဟာ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိတဲ့ မူလတန်း မြန်မာ့သမိုင်းဖတ်စာအုပ်တွေအပေါ် ဝေဖန်ဖတ်ရှု (critical reading) ထားတာ ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ အခန်းပေါင်း ၁၈ ခန်း ပါဝင်တယ်။ အထက်ပါ ကောက်နုတ်ချက်တွေဟာ အခန်း ၁၆ ခန်းထဲက အယူအဆတွေ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ သမိုင်းဖတ်စာအုပ်တွေကိုသာ ဝေဖန်ထားတာ တွေ့ရတယ်။ သမိုင်းနဲ့ ဆက်စပ်နေတဲ့ ပထဝီအကြောင်း အနည်းငယ် တို့ထိထားတာ ဖတ်ရတယ်။ ဆိုတော့ ‘ ဖတ်စာအုပ်များကို ဖတ်ရှုခြင်း ‘ ဆိုတာထက် ‘ သမိုင်းဖတ်စာအုပ်များကို ဖတ်ရှုခြင်း ‘ ဆိုတာက ဒီစာအုပ်နဲ့ ပိုမိုလိုက်ဖက်တဲ့အမည်ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ်။

ဆရာမင်းခက်ရဲ ရေးသားပြုစုထားတဲ့ ‘ မူလတန်း ပညာရေးအတွေးအခေါ်နှင့် အယူအဆများ ‘ စာအုပ်နဲ့ ‘ ဒီမိုကရေစီ ပညာရေး ‘ စာအုပ် နှစ်အုပ်ကိုပါ ဒီစာအုပ်နဲ့ ဆက်စပ်ဖတ်ရှုဖို့ တိုက်တွန်းချင်တယ်။

#ဖတ်စာအုပ်များကိုဖတ်ရှုခြင်း

မင်းခက်ရဲ

၂၀၁၉၊ ပထမအကြိမ်

အုပ်ရေ – ၁၀၀၀

၂၀၀၀ ကျပ်

Myanmar Knowledge Society

09 972343561

#လူသာမန်

15.6.2021; 7:10 pm

🟥 မူရင်းပို့စ်ကို share လို့ ရပါတယ်။

Copy ကူးယူဖော်ပြခွင့် မပြုပါ။

Maha Bandula Massacred the Ahon Shans

“The sort of fighting and bloody killings that took place between 1812-19 when the Burmese kings of Mandalay tried to conquer and subdue the Shan Ahom kingdom in Assam, India, where the Burmese General Maha Bandula’s troops committed indescribable cruelties and barbarities as to decimate something like 2/3 of the population and certainly 1/3 of the men and boys – disemboweling them, eating their flesh and burning them alive in cages to intimidate and suppress the Shan Ahom of Assam,India.

REFERENCE History of Assam by Sir Edward Gaits.

This event so weakened and disorganized the Shan Ahom that by 1839 the kingdom was completely annexed by the British. Before that from about 1220 – 1812 AD they maintained themselves under one Dynasty, (that of Mong Mao 568-1604 AD when its descendants ruled Hsenwi or Theinni in Burmese). Indeed the Shan Ahom resisted conquest by the Mughals who had conquered much of India before the British incursion.

Reference:“DIALOGUE WITH A SHAN LEADER, H.R.H HSO KHAN PHA” . Tiger Yawnghwe or His Royal Highness Prince Hso Khan Pha; he is the eldest son of Sao Shwe Thaik, the former Saopha[Prince] of Yawnghwe[Nyaung-Shwe] and the first President of Burma after Burma’s Independence from British colonial rule. Interview with Dr Tayza, Chief Editor of Burma Digest.

Retrieved from the Wikipedia article which was attacked and edited to rewrite the history by Myanmar Military Cyber-trooper.

***************************************

Read his STUPID remarks in the TALK PAGE OF THAT ARTICLE @

I hereby copied his attack and my reply.

Will people please write something with real english and proper grammar, and not kindergarten mindset? I find that some people will write all the issues they want on any topic they find relevant. Why not create a proper page, with proper styling and refercing, rather than deface this one about a famous Burmese general?

Wikipedia is an encyclopedia, not somebody’s private homepage. Have some sense, some respect, and most of all, some brains! —Preceding unsigned

You even dare not sign your name and insult others.

You want to be a partner in the Genocide crimes committed by a Burmese ‘hero’ on the Ahon Shans? Want to distort history? In denial state? Before putting citation needed, please read back my edition where I had given enough reference.–Darz kkg (talk) 03:21, 26 May 2008 (UTC)

Just now, very late only, I found out the above unsigned coward’s comments in erasing the facts I had given with proper citation and reference (at that time). Just look at that rude person’s notes in erasing my facts: 11:34, July 6, 2008‎ 162.83.136.63 (talk)‎ . . (2,405 bytes) (-1,117)‎ . . (conbsidering the fact he lived 200 years ago… this is not relavent to today, and accusing someone of something they did 200 years ago is very dumb)

Just read his very good English, grammar and spellings. Because I was busy at that time, with my job and other more important Wiki articles, I failed to notice his insults. So I do not wish to blame other Wiki Editors for not reprimanding that kind of person’s erasing of facts and style of editing. Darz kkg (talk) 12:01, 6 January 2013 (UTC) @ https://en.wikipedia.org/wiki/Talk:Maha_Bandula

By the way…In the first line , he wrote :

Will people please write something with real english. (should be in capital E.)

conbsidering should be considering.

refercing should be referring

relavent should be relevant

He said I am dumb and to have some brains but he is blinded about his faults, mistakes and have no properly functioning brains at all.Darz kkg (talk) 12:10, 6 January 2013 (UTC)

He should notice that this article is a history article. So when he wrote,”(conbsidering the fact he lived 200 years ago… this is not relavent …and accusing someone of something they did 200 years ago.”is some what awkward. (Sorry, spellings are copied and pasted as he wrote.)

He was not thinking about what he meant but just wished to attack me and erased the shameful, GENOCIDE and ETHNIC CLEANSING of their hero.Darz kkg (talk) 12:28, 6 January 2013 (UTC)

ချီမထားနဲ့ ချိသွားမယ်

Via Aung Htay

Koyin Htwe

#ချီမထားနဲ့ ချိသွားမယ်

မုန့်အရွယ်မှာ မုန့်

ဒုတ်အရွယ်မှာ ဒုတ်

အလုပ်အရွယ်မှာ အလုပ်-တဲ့။

အမှန်ပဲ

သားသမီးကို ချစ်ရင်ခိုင်းပါ။

နေရာတကာ လိုက်မလုပ်ပေးပါနဲ့။

သူ့အရွယ်နဲ့တန်တဲ့ အလုပ်တွေကို ခွဲတမ်းချပေးပါ။

ပန်းကန်ဆေးခိုင်းပါ။

တံမြတ်စည်း လှဲခိုင်းပါ။

အိပ်ယာ သိမ်းခိုင်းပါ။

ရေခဲသေတ္တာထဲ ရေဘူးတွေဖြည့်ခိုင်းပါ။

အိမ်သာ ဆေးခိုင်းပါ။

အိမ်အကူရှိရင်လည်း တစ်ခြားလုပ်နိုင်တဲ့

အလုပ်တွေကို လုပ်ခိုင်းပါ။

ဒီလိုလုပ်ခိုင်းတာဟာ

ကလေးကို ခိုင်းတယ်လို့ မမြင်ပါနဲ့။

အလုပ်တစ်ခုကို သူ လုပ်နိုင်တယ်။

သူ လုပ်ပြီးသွားပြီ။

သူလုပ်တတ်တယ်ဆိုတဲ့ ယုံကြည်မှုကို

တဖြေးဖြေးချင်း

တည်ဆောက်ပေးတာပါ။

ကလေးကိုချစ်ရင်

နေရာတကာလိုက်လုပ်မပေးပါနဲ့…ခိုင်းပါ။

စလုပ်လုပ်ချင်းမှာတော့

အချိုးမပြေတာတွေ Concept မမိတာတွေ

ကျကွဲတာတွေ မသေသပ်တာတွေ ဖြစ်ပေမယ့်

ဒီအချက်တွေဟာ ဘာ့ကြောင့်ဖြစ်ရတယ်

မဖြစ်အောင်ဘယ်လိုလုပ်ရမယ်

နောက်တစ်ခါဖြစ်ရင်

ဘယ်လိုတာဝန်ယူရမယ်ဆိုတာမျိုး

အကျင့်လုပ်ပေးပါ။

ပန်းကန်ကွဲရင် မုန့်ဖိုးထဲကပြန်ဝယ်ရမယ်ဆိုတာမျိုး

ဒီအလုပ်ပြီးမှ အပြင်ထွက်ဆော့ရမယ်ဆိုတာမျိုး

ဒီဟာမပြီးရင် ဟိုဟာ လုပ်ခွင့်မပြုဘူးဆိုတာမျိုး

အကျင့်လုပ်ကြည့်ပါ။

ရိုက်နှက်တာထက်စာရင်

တာဝန်ယူမှုရှိအောင်လုပ်ပေးခြင်းက

ပိုထိရောက်ပါတယ်။

ဘာမှ မလုပ်တတ်တဲ့ ကလေးတွေဟာ

ဘာမှမသိပါဘူး။

အလုပ်သေးသေးလေးတွေ

မလုပ်ဖူးတဲ့ကလေးတစ်ယောက်ဟာ

ယုံကြည်မှုလည်း မရှိကြပါဘူး။

“ဒါလေးများ သားလုပ်တတ်တယ်”

“အဲဒါ သမီးလုပ်တတ်တယ်” ဆိုတဲ့စကားတွေ

သင့်ကလေးဆီက ကြားဖူးပါသလား။

မှားမှာ မစိုးရိမ်ပါနဲ့။

သင့်ကလေး မလုပ်ဖူးမှာကိုပဲ ကြောက်ပါ။

အသက်၁၆-နှစ်အရွယ်

လူငယ်တစ်ယောက်ဟာ

ဖုန်းမှ မပြောတတ်

ရပ်ကွက်ရုံးမှာ ထောက်ခံစာမဖြည့်တတ်

အိမ်ကလိုက်မပို့ရင်

ဘယ်မှ မသွားတတ် မလာတတ်

ဧည့်သည်လာရင် အိမ်ထဲဝင်ပြေး

ဘာ တစ်ခုမှ မသိဘူးဆိုရင်

မိဘတွေ ညံ့လို့ပါ။

အသက်၂၀ ကျော်တဲ့အထိ

ထမင်းခူးပေးနေရတုန်း-

မိဘမချက်ထားရင် ဘာမှမစားတတ်ဘူး။

ဘာလုပ်လုပ် မိဘပါမှ လုပ်တတ်တယ်။

မိဘပြောမှ စ-လုပ်တယ်ဆိုတာ

ဂုဏ်ယူရမယ့် အရာတွေ မဟုတ်ပါဘူး။

သင့်ကလေးက သင့်ကို

လိုအပ်တာထက်ပိုပြီး မှီခိုလွန်းနေတာဟာ

သင့်ကို ချစ်လို့ ဆိုတာထက်

သင်သူတို့ကို မသုံးမကျအောင်

ပုံသွင်းထားခဲ့လို့ဆိုတာ မမေ့ပါနဲ့။

‘နေရာတကာ အမေပါရတယ်’ဆိုတာ

ဂုဏ်ယူစရာ စကားမဟုတ်ပါဘူး။

ကိစ္စသေးသေးလေးတွေကို

သူကိုယ်တိုင် အစအဆုံးလုပ်တတ်ဖို့

စဉ်းစားတတ်ဖို့ တာဝန်ယူတတ်ဖို့

တဖြေးဖြေးချင်းသင်ပေးပါ

ဒါမှသာ တဖြေးဖြေးချင်း

လောကရဲ့ပြဿနာတွေကို

သူတို့ဘယ်လိုဖြေရှင်းရမလဲဆိုတာ

တွေးတဲ့အကျင့်ရသွားမှာဖြစ်ပါတယ်။

အပြိုင်အဆိုင် ဖွင့်လာကြတဲ့

အမှန်အကန် ကျောင်းတွေရော

အကြံအဖန် ကျောင်းတွေမှာပါ

သူများထက်သာဖို့ ငွေတွေအကုန်ခံပြီး

သင်တာလည်း သင်ပါ။

အရာတော်တော်များများကိုလည်း

ကိုယ်တိုင် သင်ပေးပါ။

ကိစ္စတော်တော်များများကို

သူတို့ ကိုယ်တိုင် ဆောင်ရွက်ခိုင်းပါ။

လူတော်တော်များများနဲ့ ထိတွေ့ခိုင်းပါ။

လောကမှာ စာတော်ဖို့ လိုအပ်သလို

အကင်းပါးဖို့ လူရည်လည်ဖို့

လူ့အထာနပ်ဖို့နဲ့ သူတို့ကိုယ်သူတို့

ဘယ်ကိစ္စမှာမဆို

ယုံကြည်မှုအပြည့်ရှိနေဖို့လည်း

လိုအပ်တယ်ဆိုတာ သတိပြုပါ။

ကျွန်တော်တို့ နိုင်ငံက ကျောင်းတွေမှာ

မစဉ်းစားခိုင်းပါဘူး။

၏-သည်မရွေး ကျက်ခိုင်းပါတယ်။

ဆရာမတွက်နည်းအတိုင်း မတွက်ရင်

အမှတ်မရပါဘူး။

ဒါသင် ဒါကျက် ဒါရ ဒါဖြေစနစ်နဲ့

စခန်းသွားခဲ့တာ မျိုးဆက်(၂)ဆက်

မကတော့ပါဘူး။

အိမ်တွေရဲ့ထိန်းကျောင်းမှုကလည်း

လုံးဝ ပစ်ထားတဲ့ မိဘရယ်

အကုန်လိုက်ကြည့်နေတဲ့ မိဘတွေနဲ့သာ

ကြီးပြင်းလာရတော့

လူငယ်တွေရဲ့ခေါင်းထဲမှာ

စဉ်းစားတဲ့ချိန်ဆိုတာ Game နှိပ်မှပဲ

ပေါ်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်။

နည်းနည်းလေး မေးခွန်းလှည့်လိုက်တာနဲ့

မဖြေတတ်တော့ဘူး။

နည်းနည်းလေး မိဘမပါတာနဲ့

ယုံကြည်မှု မရှိကြတော့တဲ့အထိ

ဖြစ်နေပါတယ်။

ခေါင်းမပါတဲ့ လူငယ်တွေကြီးလာခဲ့လို့

တိုင်းပြည်လည်း အခွံပဲကျန်ပါတော့တယ်။

စဉ်းစားတတ်တဲ့ မျိုးဆက်တစ်ခု

ယုံကြည်မှုအပြည့်ရှိတဲ့ မျိုးဆက်တစ်ခု

ဖန်တီးနိုင်စွမ်း ထိုးဖောက်နိုင်စွမ်းရှိတဲ့

မျိုးဆက်တစ်ခု ဖန်တီးပေးဖို့

အချိန် တော်တော်တောင် နောက်ကျနေပါပြီ။

ဒါကြောင့်

မူကြိုပို့ဖို့ပဲ မစဉ်းစားကြပါနဲ့။

ကျောင်းကောင်းကောင်းထားဖို့ တစ်ခုပဲ

အာရုံမစိုက်ကြပါနဲ့။

သူများထက်အမှတ်ကောင်းဖို့တစ်ခုပဲ

တွန်းအားမပေးပါနဲ့။

သူတို့ဖာသာ သူတို့

စဉ်းစားတွေးခေါ်ဖို့

အလှည့်ပေးလိုက်ပါ။

သူတို့ တာဝန် သူတို့ယူတတ်ဖို့

သူတို့ ဘဝကို သူတို့

အမှန်တကယ် ကျေနပ်ကြဖို့

အခွင့်အရေး ပေးလိုက်ပါ။

‘ဘာမဆို ငါလုပ်နိုင်တယ် ‘

‘ငါ လုပ်တတ်တယ်ဆိုတဲ့’

ယုံကြည်မှုမျိုးကိုသာ ဖန်တီးပေးလိုက်ပါ။

ဒါဟာ

သူတို့အတွက် သင်ပေးနိုင်တဲ့

တစ်ဘဝလုံးစာ အကောင်းဆုံးလက်ဆောင်ပါ

အကောင်းဆုံးအမွေအနှစ်ပါ ။

Crd

Shukur Alhamdulillah..How the Merciful and Almighty Allah swt…push all the buttons so that we would get our house

Tim Htwe

ဒီအိမ်လေး အရမ်းလှတယ်နော်။အလ္လာဟ်အလိုတော်နဲ့နေခွင့်ရရင် ဘယ်လောက်ကောင်းမလဲ။

မြေးတွေနဲ့ဖြစ်လာတော့မယ်။စိတ်ကူးထား။အလ္လာဟ်ပေးရင်ရသွားမယ်။

အိမ်တွေ ၊ကျွန်တော်တို့ California,South Bay မှာ တစ်ချို့ရောင်းဖို့ကြေငြာထားရင် ကျွန်တော်က အရူးထပြီး ဝင်ဝင်ကြည့်တယ်။မိန်းမက ရူးပြန်ပြီးလားလို့ ခဏခဏ အပြောခံရတယ်။ကျွန်တော်က အိမ်ကြိုက်တယ်လေ။

အလ္လာဟ်အလိုတော်နဲ့ အခု နေနေတဲ့အိမ်နဲ့ surrounding က လည်းမဆိုးဘူးပေါ့လေ။ဒါကတော့ တန်ဖိုးပိုကြီးပြီးပိုလှတယ်။မြေးတွေကြီးလာရင် ကျွန်တော်တို့ အရှေ့တိုင်းသားတွေက ကလေးတွေနဲ့ပဲ အတူတူနေကြတာများတော့ တစ်မျိုးစဉ်းစားရမယ်ထင်ပါတယ်။ဒါက ကျွန်တော့် စိတ်ကူးပါ။

My comments under his post:

Salaam…In Sya Allah…To like, try and pray is our duty BUT Allah swt will decide. May you allow me to write how we got our present house which is not as beautiful and big like that picture but for our standardm we even dream, think or try but even refused to see when house agent pushed us. Last 25 yrs ago, we just got the PR. Wish to buy a house but during that circle of economic down turn, banks restricted the loan and government also jealously discourage the foreigners (yes the green card there or Red IC were treated like foreigners here). I rented an office space from the late Malaysian BONN actor who had built a big house near there, near the Indonesian settlement. I also dreamt to build a house there. So with the three children, my wife and I and for maids and guest room…I dreamt about 6-7 room with attached toilet and for about 5-6 car-parking space.

I was slight over weight and had Hypertension and my about 10 yr old youngest son was plump. So I used to call and push him to do jodging and swimming together. (Later he continue this, played basketball and Gym. And became a part time model with Digi once. He was in Med University so for a small amount of money he don’t wish to waste his time modeling.) In the even while jogging we noticed that there were few big double storey lsemi-detached houses seems to be like what I was dreaming which I definetly know that I could not afford. But I wished to take the measurings of width and length so I used to measure with my footsteps on that particular house. We understood that it is difficult to buy that agricultural land, to convert for housing, so we started searching ‘Houses for sale’ in the neighbourhood and in newspapers. At last I contacted an agent. One day he told me to follow him to see a Semi-D house. I refused to even see that house. But because he insists and asked me to just see, I followed him. I was shocked to see the interior of the house. Owner was a Malay Muslim, the Chairman of a Gov linked Bank group. He told me to talk with the agent and as a Muslim Professional, he will reduce the price. They were staying for decades and even renovated, extended for RM 100,000.00 a yr ago. Other non Muslims were giving good price but they were worried of bringing in non-halah food in their beloved house.

Because of recession, Banks were refusing to give loan above RM 300,000.00. But with our saving and withdrawl from Pension fund, with Allah swt mercy and will, we managed to get that NEVER DARE TO DREAM HOUSE. Now the this house price is 5-6 times increased. I had goose bumps when the wife of the owner told us why they sell. Their new house finished. Their daughter studying in Canada with Gov. Scholarship need to pay back the fees because stop studying and married. ….And as rich people, they were worried about robbery and someone used to go and see and measured the house, may be to rob at night. They mad a police report, and even police made a letter box on the gate to go regulary for checkup and sign. She was so scared of possible robbery and could not sleep…Shukur Alhamdulillah..How the Merciful and Almighty Allah swt…push all the buttons to sell the house. That was my son and me who like the house and just measured. AllahhuAkbar..Allah is Great.

UN က ရိုဟင်ဂျာတွေကို သနားတာ မဟုတ်ဘူး။ မျောက်ပြပြီး ဆန်တောင်းဖို့ အတွက် စာနာသနားသလို လုပ်ပြတာပါ။

Bo Min Naing

UN က ရိုဟင်ဂျာတွေကို သနားတာ မဟုတ်ဘူး။ မျောက်ပြပြီး ဆန်တောင်းဖို့ အတွက် စာနာသနားသလို လုပ်ပြတာပါ။ UN ရဲ့ Policy Maker တွေ အရမ်းလည်တယ်။ နိုင်ငံထဲက ရိုတွေအသာထား၊ ဒုက္ခသည် ဖြစ်နေတဲ့ ရိုတွေ အပေါ်မှာတောင် မသိမသာနဲ့ ယုတ်မာခဲ့တာတွေ အများကြီး ရှိပါတယ်။

မလေးရှားမှာ ၂၀၀၃ ခုတုန်းက ရိုဟင်ဂျာ တွေကို UN card ထုတ်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ လျှို့ဝှက်ပြီး ဒီ ဒုက္ခသည်တွေကို တတိယ နိုင်ငံကို ပို့မရအောင် status ကို Refugee မလုပ်ပေးဘဲ၊ Asylum Seeker အနေနဲ့ဘဲထားခဲ့တယ်။ နှစ်ပေါင်း (၂၀) လောက်နေပြီးမှာ Status တွေကို Refugee အဖြစ်ပြောင်းပေးခဲ့ပြီး တစ်ချို့ကို တတိယ နိုင်ငံတွေကို ပို့ခဲ့တယ်။ ရိုဟင်ဂျာတွေကို ပေါ်လစီနဲ့ နှစ်ပေါင်း (၂၀) ပစ်ထားချိန်မှာ မြန်မာနိုင်ငံက တက်လာတဲ့ မလေးရောက်

တိုင်းရင်းသားတွေကို တတိယ နိုင်ငံပို့ပေးခဲ့တယ်။

ဒုတိယ အနေနဲ့ ၂၀၁၃ မှာ ရောက်လာပြီး UN

မှာ မှန်ပုံတင်ထားတဲ့ သူတွေကို ပြန်ယုတ်မာခဲ့တယ်။ သူတို့တွေရဲ့ Status တွေကို ၂၀၁၉ မှာတောင်ချိန်းမပေးလို့ အခုလက်ရှိ ရှိနေတဲ့ အမြဲတမ်း ဌာနေ ကိုယ်စားလှယ်ရှေ့မှာ တင်ပြခဲ့တော့၊ မှတ်ပုံတင်ရေးဌာနက အန္ဒိယ နွယ်ဝန်ထမ်း အကြီးအကဲတွေက လိမ်ဖို့ လုပ်တယ်။

အခုလက်ရှိအကြီးအကဲက ပြောတယ်။ ရိုဟင်ဂျာတွေအတွက် ယူအန်ရဲ့ ပေါ်လစီက တိုက်ရိုက် Refugee status ပေးဖို့ ညွှန်ကြားထားတာ မဟုတ်လားဆိုပြီးပြောတော့ မှတ်ပုံတင်ရေးဌာနက မလေး-အန္ဒိယ အကြီးအကဲတွေက သူတို့မအားလို့ Status ပြောင်းပေးလို့မရတာပါတဲ့။

၆နှစ်၊၇ နှစ်နေပြီးတော့တောင် သူတို့မအားကြတာကိုက အံ့ဩဖို့ကောင်းပါတယ်။