မဟာ သာကီ

မဟာ သာကီ

ရိုဟင်ဂျာ ပြသနာ ဟာ လက်ရှိ ကမ္ဘာ့သတင်း တခု ဖြစ်နေပြီ ဖြစ်သည်။
ထောင်ပေါင်းများစွာသော လူသားများ ဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲမှာ မျောနေခြင်း ကို ဝမ်းသာသူများ ရှိနေသည် က အတော်အံသြမိပေသည်။ ကုလားတွေ သေပစေ လို့ပြောသူများ၊ဘင်္ဂါလီ လို့ခေါ်တာမကြိုက်ရင် ခေါတော လို့ခေါ်မည် ဆိုသော စစ်သားဟောင်း လွှတ်တော်အမတ်၊ ဘင်္ဂလီတွေ မြန်မာပြည်က မဟုတ်လို့မဆိုင်ပါ ဆွေးနွေးပွဲမတက်ပါဟု ပြောသော သမ္မတ ရုံး မှ ပုဂ္ဂိုလ်၊သိပ်ချစ်ရင်
မင်းတို့တိုင်းပြည်ခေါ်သွားပြောသူများ စသဖြင့် ရေးမကုန်စရာ ပုဂ္ဂိုလ် များရှိကြပါသည်။
မြန်မာပြည်တွင် သာကီဝင် ဆိုသော စကားလုံးများ တွင်တွင် သုံးသူများ ရှိလာကြသည်။
သာကီမျိုးသည် ဗမာ လူမျိုး ကိုဆိုလိုပုံရသည်။ တိုင်းရင်းသားနဲ့ ဘာသာခြားကို ဆိုလိုပုံမရပါ။
မဟာဗမာ ဝါဒ သမား များဖြစ်သည်။


ဆရာ ထင်လင်းဦး သည် သာကီဝင်ရှင်းတမ်း ဖွင့်ရာ သာသနာညိုးနွမ်းစေမူဖြင့် အချုပ်ထဲ ရောက်သွားပြီး မိန်းမ နှင့် ခလေး ဒုက္ခ ရောက်နေပြီဖြစ်သည်။
အစ္စ္စလာမ် ဘာသာ ကို ပယ်ပယ်နယ်နယ် ဝေဖန် ဆူပူမူ ဖြစ်အောင် ဖန်တီးသော နေမျိုးဝေ သည် လွတ်လပ်စွာ နိုင်ငံ အနှံ ဟောပြောပွဲများ ကျင်းပနေနိုင်သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ် အမျိုးသမီး အား ဖာသည်မ ဟုဆဲပြီး ကမ္ဘာမှ အစွန်းရောက်ဟု ဘွဲ့ပေးထားသော သင်္ဃန်းဝတ် ဝိရသူသည် ဘာမှ မဖြစ်သော်လည်း အစွန်းမရောက်ဖို့ ဟောကြားသော ရွှေညဝါ ဆရာတော် သည် တရားပွဲများပိတ်ခံရသည်။
မဟာသာကီဝင်တို့ သည် မလေးရှားမှ မဟာသီဟာလောက် တိုင်းပြည်ကို ချမ်းသာအောင် မလုပ်နိုင် သော်လည်း ကုလား မုန်းတီးရေးတရားများဖြင့် တိုင်းပြည် သိက္ခာကျအောင်တော့ လုပ်ကြသည်။
သင်္ဃန်းဝတ်မြင်ရင် ရှိခိုးခြင်သူများ များပြားခြင်းသည် မဘသ ၉၆၉ တို့ စားပေါက်ချောင်စေသည်။
ဆရာ ထင်လင်းဦးမှဘုရားလောင်းဆဒ္ဒန်ဆင်မင်း၏ အစွယ်ဖြတ်သော သောနုတ္တရမုဆိုး သည် သင်္ဃန်းခြုံပြီးအစွယ်ဖြတ်ကြောင်း ထောက်ပြသည်။
မဘသ တို့ တင်းကုန်ပြီး ဆရာအား ထောင်ထဲထည့်သည်။
အစ္စ္စလာမ်သည် တိရိစ္ဆာန် ဝါဒ ဟု စာတမ်းကိုင်ပြီး ဆန္ဒပြကြသော သင်္ဃန်းခြုံ အလုပ်မလုပ် ထမင်းအလကားစားပြီး ဟန်ဖုံး သုံးလေးလုံးကိုင်ပြီး အွန်လိုင်းမှ ဖွန်ကြောင်သော မဘသ များသည် ဘာပြစ်မူ မှ မမြောက်ပေ။ထူးဆန်းပေစွ။
မဘသ သည် ဗုဒ္ဓဘာသာ အရေခြုံများသာဖြစ်သည်။
ဗုဒ္ဓဘာသာသည် မွန်မြတ်ပြီး လူသားဝါဒကို အခြေခံသော ဒီမိုကရေစီကျသော ဘာသာဖြစ်ပြီး လူမျိုးကို အခြေမခံပါ။
မဘသ ၏ နံမည် သည် အမျိုး ဘာသာ သာသနာ ဖြစ်ပြီးအမျိုးက စရေးသည်။ဘာသာသာသနာ ကနောက်မှဖြစ်သည်။မျိုးစောင့် ဥပဒေ ကို ရေးဆွဲကြရာ လူ့အခွင်အရေးနဲ့ မညိီဟု ကန့်ကွက်ခံရသည်။တကယ်လည်းအစွန်းရောက် ပေါက်ကရ ဥပဒေ ဖြစ်သည်။
ကျောင်းအမကြီး ဝိသာခါ၏ ယောက်ကျားသည် ဘာသာခြားဖြစ်သည်။
မဘသသည် ဗုဒ္ဓမပြဌာန်းခဲ့သော ဥပဒေ များကို ပြဌာန်းရန် ကြိုးစားသော ဒေဝဒတ် ဂိုဏ်းဝင်များဖြစ်သည်။
၉၆၉ ကို အရေးယူမည်ဟု ဦးရွှေမန်း အမေရိကားတွင်ပြောသောအခါ လုပ်စားရန်မဖြစ်သောကြောင့်၉၆၉မှ မဘသ အဖြစ် နံမည်ပြောင်းလာကြသည်။
ကမ္ဘာမှ အစွန်းရောက် မြန်မာ ဘင်လာဒင်ဟု ခေါ်သော ဝိရသူ သည် ၉၆၉ ၏ အဓိက တာဝန်ခံဖြစ်သည်။
လူတဦးကဲ့သို့ ဆဲဆို ကုလားတွေကို နေစရာ စားစရာ မရှိအောင် လုပ်ရမည်ဟု ဟောပြောကာ လင်ယူသားမွေး တွင်ဝင်ရှူတ်၊အုပ်ချုပ်ရေး တရားဥပဒေပြုရေး တရားစီရင်ရေး တွင် ဝင်ပါ သော ဝိရသူ နှင့် အပေါင်းပါများသည် အီရန် ဘာသာရေးခေါင်းဆောင်များစတိုင်ဖမ်းလာပြီး ပုဂံခေတ် အရည်းကြီးများ၏လမ်းစဉ်ကျင့်သုံးမည်ကို စိုးရိမ်ရသည်။
ကုလားမုန်းတီးသူများ မွတ်စလင်အားကြည့်မရ သောဗုဒ္ဓဘာသာ အတုများသည် ဝိရသူကို ထောက်ခံကြသည်။
ဗုဒ္ဓတရားဆိုသည်မှာမေတ္တာပို့အမျှဝေ ကာ သူတပါး အကျိုးပျက်စီးအောင်လုပ်ခြင်းကို တားမြစ်သည်။
ကုလားဆိုင်တွေမှာ ဈေးမဝယ်နဲ့ စီးပွားပျက်အောင်လုပ်တို့ ကုလားတွေကို သတ်ပစ် ဆိုသော အစွန်းရောက်ဝါဒများ၊ကုလားတွေက ဆိုးလို့ ဒီလို ဖြစ်တာ ဆို သော ထောက်ခံဝါဒများသည် ဗုဒ္ဓဝါဒ မဟုတ်ပေ။
မဟာသာကီဝင် တို့သည် ဗုဒ္ဓသည် ကုလား မဟုတ် သာကီဝင်သာဖြစ်ပြီး သာကီဝင်တို့ ၏ ရုပ်ရည်သည် ဗမာ ရုပ်ဖြစ် သည်ဟု ဆိုကြသည်။
ဇော်ဝင်းထွဠ်၏ မဟာ သီချင်းတွင် မင်းတရားအနော်ရထာ အကြောင်းပါသည်။ မဟာသာကီ များအနေဖြင့် အနော်ရထာ ၏ဒီအန်အေ အစကို စုံးစမ်း သင့်သည်။
ပထမ မြန်မာနိုင်ငံသားများ ၏ဥပဓိရုပ်သည် တိဘက် ခမာ အနွယ်ဝင်များနှင့် ခြားနားကြောင်း နံရံပန်းချီ များဖြင့် သိနိုင်သည်။
ဗမာထက်စောသော ပျူများ ဗိသာနိုးခေတ်လူတို့၏ ဒီအန်အေ သည် မည်သည့် နိုင်ငံမှ ဆင်းသက်သည်ကို စစ်သင့်သည်။
ပန်တြွာ ဘုရင်မ ဒိီအန်အေ သိခြင်သည်။
ဒဲ့ ပြောရလျှင် ဗမာအစ ကို ရှာသင့်သည်။
မဟာသာကီတို့ ထုတ်ဝေသော သာကီသွေး ဂျာနယ်ကို အဓိက ဖဲ့သော ဆရာ ထင်လင်းဦး နှင့် ဆရာ စည်သူအောင်မြင့်တို့ကဲ့သို့ ပုဂ္ဂိုလ်များရှိနေခြင်း သည် မြန်မာပြည်အတွက် ဂုဏ်ယူစရာဖြစ်သည်။
ဂျပန် နိုင်ငံ၏ အခြေခံဥပဒေသည် နိုင်ငံရေးနှင့် ဘာသာရေး ရောထွေးခြင်းကို တားမြစ်ထားသည်။
ယခု ဖြစ်ပွားနေသော လှေစီးဒုက္ခသည်များအရေး အပေါ် ကမ္ဘာ့အသိုင်းအဝိုင်း မှ လူသားခြင်းစာနာထောက်ထားရန် ပြောနေခြင်းဖြစ်သည်။
အိုးဘားမား ရန်ကုန်တက္ကသိုလ် တွင်ပောာပြောခဲ့သော စကားတခွန်းမှာ ခင်ဗျားတို့မှာလူ့အခွင့်အရေး ရှိ သလို ရိုဟင်ဂျာတွေမှာလည်း လူအခွင့်အရေးရှိတယ် ဆိုတာပဲ ဖြစ်သည်။
အထူးသဖြင့် ပြည်ပနေ မဟာသာကီဝင်များအား ပြောခြင်သည်မှာ ခင်ဗျားတို့သည် မြန်မာ ပြည်တွင် မနေခြင် သဖြင့် ပြည်ပသို့ ပြေးလာသူများသာ ဖြစ်သောကြောင့် ဘင်္ဂလီများ ရိုဟင်ဂျာများ ၏ ဘဝကို စာနာရန်လိုသည်။ ဘူဘူ ခြင်းအတူတူဖြစ်ပါသည်။
ငါတို့ က ပြည်ပမှာ အေးအေး နေတာရိုဟင်ဂျာလို တိုင်းရင်းသားမတောင်းဖူးပြောသူများ ကို ပြောခြင်သည်မှာ လူသားတိုင်းသည် ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု မိမိသည် ဘာလူမျိုး ဖြစ်သည်ကို လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ ထိုသည်မှာ လူသား၏ မွေးရာပါ အခွင့်အရေးဖြစ်ပေသည်။တားမြစ်ပိုင်ခွင့်မရှိပေ။
ထိုလူသားအား ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်း အနိုင်ကျင့်ခြင်း မပြုသင့်ပေ။။
အောင်မြတ်ဝင်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s