DVB TV – မာမာအေးရဲ့ အသဲနာကမ္ဘာမကြေသီချင်ရုပ်သံမှတ်တမ်း

Khin Win to သက်နှင်း သုန္ဒရီ
၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပါတ်လည် …. မြန်မာ အာဏာပိုင်တွေ ယနေ့  သံဃာဂိုဏ်းကို နှစ်ခြမ်းခွဲ ဘို့  ဘာသာရေးကို ဘာကြောင့်အသုံးချ နေသလဲ ဆိုတာ ဒီဗွီဒီယိုက ပြောပြနေပါသည် ===

ရွှေညဝါဆရာတော်နဲ့ တွေ့ဆုံမေးမြန်းခြင်း

Myanmar Muslim Media
ရွှေညဝါဆရာတော်နဲ့ တွေ့ဆုံမေးမြန်းခြင်း

၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ပြည်သူတွေ မဲပေး နိုင်တဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံး မခံသင့်ဘူးလို့ ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်ပါတယ်။

VOA

SNW

Myanmar Muslim Media

မစိုးရိမ်တိုက်သစ်သည် မဘသ မဟုတ်

Myanmar Muslim Media

မစိုးရိမ်တိုက်သစ်သည် မဘသ မဟုတ်ဟု ဆို

K.W.M စက်တင်ဘာ ၂၉

MSY

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မဟုတ်ဟု မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတစ်ပါးက မိန့်ကြားခဲ့ကြောင်း နာယက ဆရာတော် အရှင်ခန္တီစရာဘိဝံသ ကမိန့်ကြားခဲ့သည်။

“ မဟာနာယက ဆရာတော်ဘုရားကြီးက ဟိုတစ်နေ့မှာ NLD အမတ်တွေနဲ့တွေ့ဆုံစဉ်မှာ မိန့်ကြားခဲ့တာပါ။ သူ့အနေနဲ့ကလည်း တခြားရည်ရွယ်ချက်တော့မဟုတ်ပါဘူး။ အားလုံးက မစိုးရိမ်တိုက်သစ်က မဘသ အဖွဲ့လားဆိုပြီး ဒကာ၊ ဒကာမတွေလျှောက်ထားတာ တချို့လည်းရှိနေတဲ့အတွက် ပြန်ရှင်းပြချင်တဲ့သဘောနဲ့ မိန့်ကြားခဲ့တာပါ။ မစိုးရိမ်တိုက်သစ်ဆိုတာက တိုက်တာရဲ့ ပင်မပဓာန စာသင်/စာချ လုပ်ငန်းကိုပဲ အဓိက လုပ်ဆောင်နေတာပါ။ ကျန်တာတွေ မလုပ်ဆောင်ပါဘူး “ ဟု အဆိုပါ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် မဟာနာယက ဆရာတော်ဘုရားကြီးအား ဖူးမြော်မှုတွင် ပါဝင်ခဲ့သည့် မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးဖြစ်သော အရှင်ခန္တီစရာဘိဝံသက မိန့်ကြားခဲ့သည်။

Continue reading

နိုင်ငံရေးတွင် ဘာသာရေးအသုံးချမှုအတွက် ဘာသာကြီးလေးခုမှ ခေါင်းဆောင်များ၏သဘောထား

Yangon Media Group

နိုင်ငံရေးတွင် ဘာသာရေးအသုံးချမှုအတွက် ဘာသာကြီးလေးခုမှ ခေါင်းဆောင်များ၏သဘောထား

ဟာဂျီဦးညွန့်မောင်သျှိန်(ဥက္ကဋ္ဌ)
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

1
************************************
နိုင်ငံရေးမှာ ဘာသာရေး အသုံးချတယ်ဆိုတာကို ဘယ် လိုအဓိပ္ပာယ်မျိုး ဖွင့်ချင်ပါသလဲ။

နိုင်ငံရေးလို့ ပြောပြီဆိုရင် နိုင်ငံရေးနဲ့ ဘာ သာရေးနဲ့ တခြားစီပဲ။ နိုင်ငံရေးနဲ့ ဘာသာရေးနဲ့ ရော လို့ကို မရဘူး။ အဲဒါကြောင့်လည်းပဲ နိုင်ငံရေးအလုပ် မှ ဘာသာရေးကို သုံးလို့မရဘူးလို့ နိုင်ငံရေးအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အဲဒီလိုလုပ်ထားတယ်။ နိုင်ငံရေးနဲ့ ဘာ သာရေးရဲ့ မူသဘောကလည်း မတူဘူး။ နိုင်ငံရေးက ရံဖန်ရံခါကြည့်မယ်ဆိုရင် အင်မတန်ကြမ်းတမ်းတယ်။ အကွေ့အကောက်တွေ များတယ်။ ပရိယာယ်တွေ များ တယ်။ လှည့်ကွက်တွေ များတယ်။ နိုင်ငံရေးနဲ့ ပတ် သက်လို့က အင်မတန်ရှုပ်ထွေးပွေလီတဲ့ ကိစ္စဖြစ်တယ်။

Continue reading