“သုံးနှစ်ပြည့်ချိန်ထိ ကိုယ့်အိမ်ကိုယ်ပြန်မရောက်သေးတဲ့ မိတ္ထီလာဒုက္ခသည်များ”

ဦးဦးပြောမယ်-နားထောင် a

သုံးနှစ်ကြာပြီးချိန်ထိအောင် ဖျက်ဆီးခံလိုက်ရတဲ့ ဗလီဝတ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်မရှိသေးတာကြောင့် ၀တ်ပြုဆုတောင်းဖို့ရာ အခက်တွေ့နေပါသေးတယ်။ သီရိမင်္ဂလာထဲက နှစ်ထပ်ဗလီ၊ ပါကစ္စတန်ဗလီ၊ မြို့ဦးဗလီ၊ ဈေးဗလီ၊ မြို့မဗလီ၊ စက်ပစ်တောင်ဗလီတွေက ပိတ်ခံထားရဆဲပါ။ အစ္စလာမ်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ သောကြာနေ့လို အထူးဝတ်ပြုဆုတောင်းရက်ဆိုရင် နှစ်ကြိမ်ခွဲပြီး ၀တ်ပြုရတတ်ပါတယ်။ အဲဒီလို နှစ်ကြိမ်ခွဲဖတ်ခြင်းအားဖြင့် လမ်းပိတ်ဆို့မှုတွေ၊ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဗလီကျောင်းတွေက ကားလမ်းနံဘေးမှာဆိုတော့ ဆိုင်ကယ်တွေ ကားတွေနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်လာပြီး မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဗလီပိတ်ခံထားရဆဲဖြစ်တဲ့ တချို့ရပ်ကွက်တွေမှာ ညပိုင်းဝတ်ပြုချိန်နဲ့ မနက်စောစော ၀တ်ပြုချိန်တွေမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေရဆဲပါ။

M1

Continue reading

All the races and religious groups had fought for Independence of Burma တိုင်းပြည်ကာကွယ်ရေး အတွက် ဟိုတုန်းက လူမျိုးစုံဘာသာစုံ တစ်သွေးတည်းတစ်သားတည်းစိတ်ဓာတ် နဲ့ ပါဝင် ခဲ့ကြဘူးတယ်

Lin Htet Thuya

Win Oo

၁၉၅၉ ခုနှစ်လောက်က ဓာတ်ပုံလို့ ယူဆ ရပါတယ်။ ဟိုတုန်းက မြန်မ့ာတပ်မတော်သား အရာရှိတွေ စုရိုက်ထားကြတဲ့ ဓာတ်ပုံတစ်ပုံပါ။ ဒီဓာတ်ပုံရဲ့ တစ်နေရာမှာ နာမည်ကျော် ရုပ်ရှင်မင်းသားမဖြစ်ခင် တပ်မတော်အရာရှိတစ်ဦြး ဖစ်ခဲ့တဲ့ ဗိုလ်ကြီးလှမြင့် (ခေါ်) ဦးဝင်းဦး ပါပါတယ်။ လွတ်လပ်ရေးအတွက် ၀ိုင်းဝန်းတိုက် ခိုက်ခဲ့ကြတဲ့၊ လွတ်လပ်ရေးရအပြီး လွတ် လပ်ရေးကို ထိန်းသိမ်းဖို့ ကျားကုတ်ကျားခဲ ခုခံခဲ့ရ တဲ့ မရေမတွက်နိုင်တဲ့ တိုက်ပွဲပေါင်းများ စွာထဲက ရှေးတုန်းက မြန်မာ့တပ်မတော် ဆိုတာမှာ ဒီပုံထဲမှာလိုပဲ လူမျိုးစုံ ဘာသာစုံ ပါ ကြပါတယ်။

ဒေါ် ဒေါ်(လူထု ဒေါ်အမာ) “လူတော်တွေဆိုတဲ့ ပုဂ်္ဂိုလ်များထဲမှာ ကိုအောင်ဆန်း ကိုဗဟိန်း ကိုရာရှစ် ဆရာကြီးဦးရာဇတ် ပါတယ်”

ဒေါ်ဒေါ်(လူထု ဒေါ်အမာ) က“ သြော်…..ငါတို့တိုင်းပြည် ကံကြမ်္မာကလည်း လူတော်တွေအတွက် တယ်ပြီး မျက်နှာသာမပေးလှဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှာရော၊ လွတ်လပ်ပြီးကာလမှာရော တိုင်းပြည်အတွက် အသက်စတေးကြရတဲ့ လူတော်တွေ အများကြီးပါကလား။ လူတော်တွေ ဒီလောက် စတေးခဲ့ကြပေမယ့် စတေးရသလောက်လည်း ထိုက်တန်လောက်တဲ့ အကျိုးမရှိတာက ပိုပြီးစိတ်မကောင်းစရာပဲကွဲ့” ဆိုတဲ့ စကားမျိုးကို သက်ပြင်းတချချနဲ့ ပြောလေ့ရှိတယ်။ ဒေါ်ဒေါ်ပြောတဲ့ လူတော်တွေဆိုတဲ့ ပုဂ်္ဂိုလ်များထဲမှာ ကိုအောင်ဆန်း အကြောင်းပါတယ်။ ကိုဗဟိန်းအကြောင်းပါတယ်။ ကိုရာရှစ်အကြောင်း ပါတယ်။ ဆရာကြီးဦးရာဇတ်အကြောင်း ပါတယ်။

Continue reading

Thai people, arts and culture in Myanmar

ဆူးငှက် (Sue Hnget)

ဖရိန်ချား ၊ ဘော်ကြယ်..နှင့် နနွင်းမကင်း

ပန်းမြိုင်လယ် သာနယ်ဘွေမျှော်လေတိုင်း
ပြာခြေဆိုင်း ဝေမှိုင်းမြူမှောင်ခြယ်…
အိုး…ဘယ်ဝယ်၊တောင်စွယ်မှော်ရုံကြော..
လွမ်းသာမောဖွယ့် တောစုံယံမှာ..
ရွှေလျှံဝင်းမှည့်ထုံမှုန်ကြွေ..
ရီဝေပြာပြာ လွမ်းဖွယ်စေ..တဲ့။ ပြင်စည်မင်းသားကြီးက ပန်းမြိုင်လယ် ဖရိန်းချားကြီးကို ရေးသားခဲ့သည်။ ရာမဇာတ်ထွက် ယိုးဒယားတဲ့..။ မြန်မာရာဇ၀င်၌ ဆင်ဖြူရှင်မင်းတရားကြီး လက်ထက် ထောင်ချီ၍ ရောက်ရှိလာသော ယိုးဒယား(ထိုင်း) အနုပညာရှင်များသည် တစ်ရပ်တစ်ကွက် တစ်စုတစ်ဝေးကြီး ရှိခဲ့သည်ဆို၏။

Continue reading

ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ

ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ

Dave 5 10
ရေးသူ မနှင်းဖြူ

ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ။ ကျွန်တော့် အဘွားဟာ ကျွန်တော် ငယ်ငယ်ကတည်းက အစ အခု အသက်အရွယ်ရတဲ့အထိ အမြဲချည်ထည် အပိုင်းကလေးတွေဆိုရင် လွှင့်မပစ်ဘဲ စောင်ကလေးတွေ၊ ခေါင်းအုံးအဖုံး ကလေးတွေ ချူပ်ချူပ်နေတတ်တဲ့ အကျင့်ရှိတယ်။

Continue reading

တပ်ချုပ်ကြီးကို ပြောတာပါ….အာစီယံ ကာ/ချုပ်တွေစုံစုံညီညီမှာ…သွားပြီး မတော်တရော်တွေပြောနေတယ် ဘင်္ဂါလီ ဆိုလဲ ဘင်္ဂါလီပြသနာ…အစိုးရ တရပ်က ဖြေရှင်းသလို…အဆင့်အတန်း ရှိရှိ ဖြေရှင်းလေ….အစိုးရကသာ…မှန်မှန်ကန်ကန်…သမာသမတ်ကျကျဖြေရှင်း ပေးလိုက်ပါလား….ဘယ်နိုင်ငံတကာက…ဘာလာစွက်ဖက်လို့ ရမှာလဲ…

Maung Maung

ကျား အမှန်တကယ်မလာဘဲ….ကျားလာနေပါတယ်…ကျားလာနေပါတယ်လို့

အလကားနေရင်း…လိမ်ညာပြောနေသူဟာ…ကျားတကယ်လာတဲ့အချိန်မှာ
ကျားလာပါတယ်လို့အော်လဲ ဘယ်သူကမှ မယုံတော့ အကူအညီမပေးတော့ဘဲ
ကျားအစားခံသွားရတဲ့ပုံပြင်လေးကို ငယ်စဉ်က ဖတ်ခဲ့ဘူးကြမှာပါ….

ရခိုင်မြေပေါ်က သယံဇာတတွေကို ထင်သလို တရုတ်လက်အပ်နိုင်ဖို့အတွက်
ရခိုင်တွေကို လူဆိုးလုပ်ပြီး…ဘာသာရေးလူမျိုးရေးပြသနာဖြစ်အောင် လုပ်လိုက်ကြတာ…စစ်အစိုးရနဲ့…ကြံ့ဖွတ်တွေ…သူတို့လက်ပါးစေ..အနောက်ကျွန်းသားတွေ….

Continue reading

စာရိတ္တကောင်းတဲ့ ဘာသာခြား ဒုသမ္မတ ဖြစ်လို့ တိုင်းပြည် မနစ်နာဘူး။ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် စာရိတ္တ မကောင်းတဲ့ သူခိုး ဒုသမ္မတ ဖြစ်ရင်သာ တိုင်းပြည် နစ်နာတယ်

Phyo Ko Ko Naing

ဘာသာခြား သုံးယောက် အုပ်ချုပ်တဲ့ နိုင်ငံ
*****************************************
(၂၀၀၂ – ၂၀၀၇) ကာလမှာ အိန္ဒိယရဲ့ သမ္မတက သိပံ္ပပညာရှင် အဗ္ဗဒူကလမ်။ သူ့ ကို အိန္ဒိယ လူထုက သိပ်ချစ်ကြတယ်။ သူက ပါကစ္စတန်ရဲ့ အဏုမြူ ခြိမ်းခြောက်မှု အန္တရာယ်ကို မျှခြေလုပ်ဖို့ (Pokhran – II nuclear tests) ကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်။ ဒုံးကျည် လူသားလို့ တင်စားတယ်။ အိန္ဒိယ (Vision 2020) စီမံကိန်းကို ဖန်တီးခဲ့တဲ့ အဓိကလူ လည်း ဖြစ်တယ်။ သမ္မတ ဖြစ်တော့ အိမ်တော်ကို စာအုပ်သေတ္တာ နှစ်လုံးနဲ့ တက်လာပြီး တာဝန်က နားတော့ ဒီသေတ္တာ နှစ်လုံးပဲ ပြန်ယူဆင်းသွားတယ်။

Continue reading