ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ

ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ

Dave 5 10
ရေးသူ မနှင်းဖြူ

ကျွန်တော်ဟာ လူမျိုးစွဲစိတ်ကို မေ့ဖျောက်ထားတဲ့ ကရင်စစ်စစ် တစ်ယောက်ပါ။ ကျွန်တော့် အဘွားဟာ ကျွန်တော် ငယ်ငယ်ကတည်းက အစ အခု အသက်အရွယ်ရတဲ့အထိ အမြဲချည်ထည် အပိုင်းကလေးတွေဆိုရင် လွှင့်မပစ်ဘဲ စောင်ကလေးတွေ၊ ခေါင်းအုံးအဖုံး ကလေးတွေ ချူပ်ချူပ်နေတတ်တဲ့ အကျင့်ရှိတယ်။

ငယ်ငယ်ကတော့ အဲဒီလို စပ်ထားတဲ့ အထည်ကလေးတွေကို ကျွန်တော် သိပ်သဘောကျတာပေါ့။ ဒါပေမဲ့ အသက်ကြီးလာတော့ အဘွားကို ပင်ပင်းနေမှာ ၊ အဲဒါတွေ ချူပ်မနေပါနဲ့တော့ ၊ ချူပ်စရာမလိုတော့ပါဘူးလို့ ပြောမိတဲ့အခါ အဘွားက မျက်ရည်ကလေးတွေဝဲလို့ ငါချူပ်ပါရစေ၊ ငယ်ငယ်တုန်းက အချိန်တွေကို သတိရလို့ပါဆိုတော့ လည်း ဘာမှ ထပ်မပြောရက်တော့ဘူး။

အဘွားတို့ ငယ်ငယ်က တစ်နိုင်ငံလုံး မငြိမ်းချမ်းဘူး၊ အဓိကတော့ KNU တွေနဲ့ စစ်တပ်ပေါ့။ ဘယ်သူတွေ ဘယ်လိုဆိုးတယ် ၊ ကောင်းတယ် ဘာမှ မသိနားမလည်ကြတဲ့ အဲဒီခေတ်အခါက စပ်တပ်လာပြီဟေ့ ဆိုတာနဲ့ ကရင်လူမျိုး ယောက်ျား၊ မိန်းမတွေဟာ တောင်ပေါ်ဘက်ကို တက်ပြေးရတာပဲ၊ မပြေးရင်သေမှာကိုး၊ တောင်ငူမှာ အခြေကျစပြုနေပြီဖြစ်တဲ့ အဘွားတို့ မိသားစုလည်း သံတောင်ဘက်ကို တက်ပြေးကြတယ်။ ရှိသမျှ ပစ္စည်းတွေ ထားခဲ့၊  ရွှေတွေ ၊ ငွေတွေဆိုတာလည်း ဘာမှ သုံးစားလို့ မရတဲ့ အခြေအနေမှ မဟုတ်တော့ဘဲ၊ ဆန်ပြုတ်ပြုတ်စားဖို့ ဆန်မရှိတော့ အခါ မျှစ်ချိုးတယ်၊ တောထဲက ရှိသမျှ အရွက်တွေ ပြုတ်စားတယ်။ စားစရာ မရှိတဲ့ အခါ ကလေးတွေ ဗိုက်ဆာလို့ ငိုကြရင် အမေတွေက မျက်ရည်တွေ ကျပြီ၊ ပါးစပ်ကို ပိတ်ထားရတယ်။ အသံဆူညံနေရင် နေရာကို ရိပ်မိသွားမစိုးလို့၊ အဲဒီအချိန်က စစ်ဒဏ်နဲ့ လူတွေအားလုံးက သွေးကြွနေကြတာ၊ ကရင်ဆိုတာနဲ့  သတ်ဆိုတာမျိုး၊ (နောက်ပိုင်း တောင်ငူမှာ အဓိကရုဏ်းဖြစ်ပြီး မွတ်စလင် ဘာသာဝငတွေ အစုလိုက် အပြုံလိုက် မိန်းမရော၊ ကလေးပါ မချန် အသတ်ခံရတာတွေဖြစ်တဲ့ အခါ အဘွားက မွတ်စလင် မိသားစုတွေ အများကြီးကို အိမ်ထဲမှာရော ၊ ခြံဝင်းထဲမှာပါ ဖွက်ထားခဲ့တာ၊ ငါတို့တုံးက ခံခဲ့ရတာကို ကိုယ်ချင်းစာလို့ တဲ့ )

မျက်စိရှေ့မှာ သွေးသားရင်းတွေ ရက်ရက်စက်စက် အသတ်ခံနေရတာကို မြင်ခဲ့တွေ့ခဲ့ရတဲ့ ကရင်လူမျိုးသက်ကြီးရွယ်အို တချို့ရဲ့ နာကျည်းမှုတွေဟာ အခုအချိန်ထိ မပြေပျောက်နိုင်ကြသေးဘူး။  ကျွန်တော် အသက်ကြီးတဲ့ အချိန် ဒီအမုန်းတရားတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားကြည့်ပေမယ့်လည် ကျွန်တော့် မိသားစုထဲက လူတချို့တောင် ကျွန်တော့် အပြောအဆိုနဲ့ တွေးခေါ်မှုတွေကို ဘယ်လိုမှ နားလည်မပေးခဲ့ကြဘူး။ ကမ္ဘာမှာ ပြည်တွင်းစစ် အရှည်ကြာဆုံး ဟာ မြန်မာနိုင်ငံပဲ ဖြစ်မယ်ထင်ပါရဲ့။

ပူပူလောင် ကွင်းပြင်ထဲ မိုးကာဖျင်ခေါ်မလား၊ တာလပတ်စခေါ်မလား အစကြီးတွေကို အမိုးလုပ်လို့ ဝါးကြမ်းခင်း ကလေးတွေပေါ်မှာ နေရချိန် အေးချမ်းတဲ့ ဒေသတွေက တိုင်းရင်းသားစစ်ပြေး ဒုက္ခသည်တွေ အပူဒဏ်မခံနိုင်ဘဲ ဖျားနာကြတဲ့အခါ ၊ မိသားစုအတွက်ပူပန်ရင်းတိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်တွေကို မြင်နေရတဲ့အခါ ဆေးလိပ်နဲ့ စားစရာ လေး အနည်းအပါးအတွက် နှစ်သိမ့်ကျေနပ်တဲ့ မျက်ဝန်းတွေနဲ့ အဝေးက မိသာားစုကို လွမ်းနေတဲ့ စစ်သားတချို့ရဲ့ စကားတွေကိုကြားရတဲ့အခါ၊ ဘယ်ဘက်ကိုမှ မတွေးနိုင်ဘဲ နာကျင်နေရတာ ချည်းပါပဲ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ဆိုတဲ့စားသားအောက်မှာ ကလေးတွေနဲ့ အမေတွေ ငတ်နေကြတာ နယ်မြေကာကွယ်လိုစိတ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သေနေရတာ အထက်အမိန့်ကလွဲလို ဘာမှမရတဲ့ အောက်ခြေစစ်သားတွေ လွင့်ကြွေနေရတာ ဥာဏ်မမှီဘူးဘဲ ဆိုချင်ဆိုပေါ့၊ တကယ်တော့ စစ်ဆိုတဲ့ အရာကို ကျွန်တော်ဘယ်လိုမှ နားလည်မပေးနိုင်သလို စစ်သွေးကြွနေကြသူတွေကိုလည်း မလိုလားတာတော့ အမှန်ပါပဲ။

ဒီလှိုင်းဂျာနယ် အမှတ်(၅) အတွဲ(၁၀)မှ ကူးယူဖော်ပြသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s