သတင်းရယူခွင့်ကို တားမြစ်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂရဲ့ လုပ်ရပ် MCN ရှုတ်ချ

Myanmar Muslim Media

သတင်းရယူခွင့်ကို တားမြစ်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂရဲ့ လုပ်ရပ် MCN ရှုတ်ချ
May 30 2016

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့က လွတ်လပ်စွာ သတင်းရယူခွင့်အား တားမြစ်ခဲ့သည့်အပေါ် ရှုတ်ချကြောင်း MCN TV NEWS (Myanmar Cable News) (မြန်မာကေ ဘယ်လ်ရုပ်သံသတင်းဌာန) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်က ဆီဒိုးနားဟိုတယ်က ဟိုတယ်ဝန်ထမ်းတွေ ရိုးရာယဉ်ကျေးမှုဝတ်စုံ ဝတ်ဆင် ဧည့်ကြိုမှုပြုတဲ့ အပေါ် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂက သံဃာအချို့နဲ့ ဆီဒိုးနားဟိုတယ်က တာဝန်ရှိသူတွေ ဆွေးနွေးမှု ပြုလုပ်နေတဲ့ သတင်းရယူနေတဲ့ MCN TV NEWS သတင်းထောက် နေမင်းခကို သတင်းရယူခွင့် ပိတ်ပင်လျှက် ခြိမ်းခြောက်မှုပြုကာ ဗွီဒီယို ကင်မရာကို လုယူပြီး မှတ်တမ်းဗွီဒီယိုဖိုင်တွေကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ကြတဲ့အပေါ် အယ်ဒီတာအဖွဲ့ ဆုံးဖြတ်ချက်အရ အဲ့ဒီလို ထုတ်ပြန်လိုက်တာပါ။

Continue reading

Hari Raya festivities aimed at bringing S’poreans together စင်ကာပူနိုင်ငံသား အားလုံးကို အတူတကွ ပြန်လည်ဆုံစည်း စေမယ့် ဟာရီရာယာ ပွဲတော် (၀ါကျွတ် ပွဲတော်)

Myanmar Muslim Media shared Myanmar Muslim Club Singapore‘s post.

1 hr ·

စင်ကာပူနိုင်ငံသား အားလုံးကို အတူတကွ ပြန်လည်ဆုံစည်း စေမယ့် ဟာရီရာယာ ပွဲတော် (၀ါကျွတ် ပွဲတော်)
==================================

ခမ်းနားတဲ့ မလေးရွာ စတိုင် မုခ်ဦးဝင်ပေါက် အသွင်အပြင်၊ ဝါးနဲ့လုပ်ထားတဲ့ ရှေးအစဉ်အလာမီးတိုင်တွေ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကြည်းနဲ့လုပ်ထားတဲ့ မလေးရိုးရာ မောင်းတွေ စတာတွေဟာ စင်္ကာပူမလေးမွတ်စလင်တွေအများစုနေထိုင်ကြတဲ့ ဂေလန်း ဆာရိုင်း ကို လာလည်ပတ်ကြမယ့် ဧည့်သည်ခရီးသွာတွေကို စောင့်ကြိုနေတဲ့ ရှေးခတ်ဟောင်းက အမှတ်တရပစ္စည်းတွေထဲက တစ်ချို့ပါပဲ။

Hari Raya festivities aimed at bringing S’poreans together

An artist’s impression of the 2016 Hari Raya light-up in Geylang Serai. The colourful display of lights, inspired by traditional Malay batik, will feature weave motifs. PHOTO: Hari Raya Light Up

Continue reading

ဒုက္ခသည်များမှာ အန္တရာယ်ရှိသူမဟုတ်ဘဲ အန္တရာယ်ကျရောက်နေသူများဟု ပုပ်ရဟန်းမင်းကြီးပြော

ဒုက္ခသည်များမှာ အန္တရာယ်ရှိသူမဟုတ်ဘဲ အန္တရာယ်ကျရောက်နေသူများဟု ပုပ်ရဟန်းမင်းကြီးပြော

မေ ၃၀၊ ၂၀၁၆ M-Media

pp 2

– နိုင်ငံအတွင်း ဒုက္ခသုက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူ ဒုက္ခသည်များမှာ အန္တရာယ်ရှိသောသူများ မဟုတ်ဘဲ အန္တရာယ်ကျရောက်နေသောသူများသာ ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီ ဖရန်စစ်က ပြောကြားလိုက်သည်။

Continue reading

မတူကွဲပြားခြားနားနေခြင်းကို အမျိုးသားစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်တွေ ထပ်ထည့်ပြီး ခွဲခြားနေသရွေ့ကာလပတ်လုံး စစ်မှန်တဲ့ငြိမ်းချမ်းမှု မည်သည့်အခါမှ ဖြစ်လာမှာ မဟုတ်ဘူး

Yangon Media Grou

Dis

မတူကွဲပြားခြားနားနေခြင်းကို အမျိုးသားစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်တွေ ထပ်ထည့်ပြီး ခွဲခြားနေသရွေ့ကာလပတ်လုံး စစ်မှန်တဲ့ငြိမ်းချမ်းမှု မည်သည့်အခါမှ ဖြစ်လာမှာ မဟုတ်ဘူး

ရန်ကင်းတောင်ဆရာတော် ဦးဇောတိကနှင့် တွေ့ဆုံခြင်း

ရန်ကင်းတောင်ဆရာတော် ဦးဇောတိကသည် ပုသိမ်ကြီးမြို့ ရန်ကင်းတောင်ဥယျာဉ် ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် တစ်ပါးဖြစ်သည်။ ဆရာတော်သည် M.A(Sri Lanka), Ph.D(Thesis) ဘွဲ့ရရှိထားပြီး ပြည်ပနိုင်ငံများမှ ဖိတ်ကြား သော ‘ဘာသာပေါင်းစုံ ညီညွတ်ရေး ဆွေးနွေးပွဲ’များသို့လည်း အခါအားလျော်စွာ တက်ရောက်ခဲ့သူ ဖြစ်သည်။ ဆရာတော် နောက်ဆုံး တက်ခဲ့သော ဆွေးနွေးပွဲမှာ နော်ဝေနိုင်ငံ အော်စလိုမြို့ ငြိမ်းချမ်းရေးသင်တန်းခန်းမတွင် ပြုလုပ်သော နိုင်ငံပေါင်းစုံမှ ဘာသာရေးခေါင်း ဆောင်များ တက်ရောက်ခဲ့သည့် ‘ဘာသာပေါင်းစုံညီညွတ်ရေးဆွေးနွေးပွဲ’ ဖြစ်သည်။

Continue reading

အခြားဘာသာများကို ရှုံ့ချပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင်း သံဃာတော်များ မိန့်ကြားခဲ့

The Myanmar Times

အခြားဘာသာများကို ရှုံ့ချပုတ်ခတ်ခြင်းသည် ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ကြောင်း သံဃာတော်များ မိန့်ကြားခဲ့
===================================================
အိအိသူ

အခြားဘာသာများကို ရှုံ့ချပုတ်ခတ်သော သံဃာများအား ဆန့်ကျင်ကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ဘာသာ ပေါင်းစုံညီလာခံသို့ တက်ရောက်ပြီး ပြန်အလာတွင် နိုင်ငံတော်သံဃနာယကကော်မတီ အတွင်းရေးမှူး ဦးစန္ဒိမာဘိဝံသ က မြန်မာတိုင်းမ်သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

BBB

Continue reading

မြန်မာ့စိတ်ဓါတ် နိုင်တိုင်း အနိုင်မကျင့်ကြနဲ့။ စိတ်ဒါဏ်ရာတွေ သိပ်မပေးကြနဲ့။ အနိုင်ကျင့်လွန်းရင် အနိုင်ကျင့်သူက ရှုံးသူဖြစ်သွားမယ်

မြန်မာ့စိတ်ဓါတ်

ရမည်းသင်းက နှစ်၅၀၀သက်တမ်းရှိတဲ့ မွတ်စလင်တွေရဲ့ သမိုင်းဝင် ကံကြီးဗလီကိုတော့ ပါမစ်မရှိလို့ဆိုပြီး ဘုန်းကြီးတွေ ဦးဆောင် ဖျက်ဆီးပစ်လိုက်ခဲ့ရုံမက အဲဒီနေရာမှာ ဘုရားတောင်တည်လိုက်ကြသေးတယ်။ လွန်ခဲ့တဲ့ နှစ်၅၀၀မှာ ဘယ်က ဗိုလ်ချုပ်က ပါမစ်ပေးမှာလဲ။ ဘုရင်ခွင့်ပြုလို့ တည်ခဲ့တာပေါ့ဗျာ။

ထိုင်းဘုရင်ဟောင်းရဲ့ အုတ်ဂူထင်လို့ ပြင်ဆင်နေတဲ့ အဲဒီလင့်ဇင်ကုန်းသုသန်မှာပဲ မြန်မာ့ပထမဆုံး ခရီးသွားစာဆိုတော်၊ ဘိုးတော်ဘုရားရဲ့ သမုဒ္ဒရာသူရဲကောင်းလို့ အဓိပ္ဗါယ်ရတဲ့ ရွှေတောင်သာဂသူဘွဲ့ အပ်နှင်းခံ၊ ဗုဒ္ဓသာသနာပြန့်ပွါးရေးလည်း ဆောင်ရွက်ခဲ့သူ၊ မွတ်စလင်သူတော်စင်ကြီး ရမ်းဗြဲမြို့ဝန် (အခုတော့ မွတ်စလင်ကင်းစင်တဲ့ ရမ်းဗြဲမြို့ဖြစ်သွားပြီ။) စာဆိုတော်ကြီး ဦးနုရဲ့ ဂူဗိမာန်ကိုတော့ စောင့်ရှောက်မွမ်းမံဖို့အသာထား၊ အဖျက်ဆီးမခံရအောင် မွတ်စလင်တွေက မျက်ရည်ခံထိုး တောင်းပန်ခဲ့လို့ စုတ်စုတ်ပြတ်ပြတ် ငုတ်တုတ်ကျန်နေလေရဲ့။

နိုင်တိုင်း အနိုင်မကျင့်ကြနဲ့။

စိတ်ဒါဏ်ရာတွေ သိပ်မပေးကြနဲ့။

အနိုင်ကျင့်လွန်းရင် အနိုင်ကျင့်သူက ရှုံးသူဖြစ်သွားမယ်။

သတိတရား ရကြတော့။

ရပ်တန်းက ရပ်ကြတော့။

မှတ်ချက်။ ။ ရခိုင်ပြည်နဲ့ မြန်မာပြည်အနှံ့မှာ သက်တန်း ၇၀၀ကျော်အထိရှိတဲ့ ဗလီများအပါအဝင် သမိုင်းဝင်ဗလီပေါင်း ရာချီပြီး အဖျက်ဆီးခံခဲ့ရတယ်။

Continue reading

၁၉၈၂ နိုင်ငံသားဥပဒေ ရေးဆွဲခြင်း၏ အဓိကရည်ရွယ်ချက်သည်ပင် Genocide ကြံစည်မှုတည်း

အောင်အောင် – စစ်တွေ 

၁၉၈၂ နိုင်ငံသားဥပဒေ ရေးဆွဲခြင်း၏ အဓိကရည်ရွယ်ချက်သည်ပင်
Genocide ကြံစည်မှုတည်း

(29-5-2016)

နိုင်ငံတိုင်းမှာ ဥပဒေကို မရှိမဖြစ်ရေးဆွဲရသည်။ကိုလိုနီလက်အောက်မှ လွတ်မြောက်သမျှ နိုင်ငံများသည် British Common Law ပေါ်အခြေခံ၍ ဥပဒေရေးဆွဲ၍ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများထူထောင်လျက် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကြိုပမ်းခဲ့ကြသည်။မြန်မာနိုင်ငံတွင်လည်း အလားတူလုပ်ခဲ့သည်။၁၉၄၇တွင် တိုင်းပြည်ပြည်ပြုလွှတ်တော်မှာရိုဟင်ဂျာနှစ်ယောက် ကို ပါဝင်စေပြီး ဥပဒေရေးဆွဲခဲ့သည်။

NLaw