ရိုက်ရဲ တင်ပြရဲခဲ့ရင် PK တို့ My Nane Is Khan တို့ Oh My God တို့ကို ဗမာမူ့ ပြု ပြီး ပြန်ရိုက်ပေးပါလားဗျာ

Khin Mg Aye

ဗမာဇာတ်ကား အတော်များများကြည့်ဖြစ်သလို ကြိုက်လည်းကြိုက်ပါတယ် ၊ ခွေတော့ မဌားဖြစ်တာ မဝယ်ဖြစ်တာ နှစ်ပေါက်နေပေမယ့် free လိုင်းက လွှင့်သမျှဘာကားလာလာ ထိုင်ကြည့်ဖြစ်ပါတယ် ၊အဲ့လို အားပေးပါတယ် ၊

ဗမာ ကားတွေကရိုးရှင်းတယ် ၊ ပရိတ်သတ်ကို လှည့်တာပတ်တာ မပါဘူး ၊ ဇာတ်ကား အစ ၁၅ မိနစ်လောက်ဆို ဇာတ်သိမ်းကို ကြိုပြောနိင်တယ်လေ ၊( 90 % အပိုင် ပြောနိင်ပါတယ် ၁၀ ကားမှာ ၉ ကားလောက်တော့ အပီဘဲ) မင်းသမီး အန် နေရင် ကိုယ်ဝန်ရှိပြီ ၊ ဖိနပ်မှောက် ဖျော်ရည်ခွက်မှောက် ရင် မုဒိန်းကျင့် နေပြီ ၊(ကြိုက်သလို တခါဘဲ ကျင့် တန်းကိုယ်ဝန်ရှိတာ ) ဘုရားစင်က သောက်တော်ရေဘဲဖြစ်ဖြစ် ဓာတ်ပုံမှန်ဘောင်ဘဲဖြစ်ဖြစ် ကျကွဲရင် ကားတိုက် ကားမှောက် လူသေ ၊ ကုလားဆို မာလီ /ဒရိုင်ဘာ ( အသားမဲမဲ မျက်လုံးပြူးပြူး ဆံပင်လိမ်လိမ်နဲ့ တခါတလေ နဖူးမှာ တပျောက်ထည့်ပါါတယ် ) တရုတ်ဆို ငွေတိုးပေး/ခေါက်ဆွဲရောင်း/အပေါင်ခံ အစ ရှိတဲ့သူဌေး အဲ့ဒီ စကေးနဲ့ ဗမာ့ ဗမာ့ ရုပ်ရှင်ခေတ်ကတည်းက ခုချိန်ထိ နည်းတဲ့နှစ်လား ၊


တော်လှန်ရေးဆိုလည်း သတ်လိုက်ရတဲ့ ဂျပန်
ကုန် ကုန်နိင်ဘူး (ဂျပန် ဇာတ်ရုပ်ကလည်း ဘယ်ခါလာလာ ဒင်းတို့ ၇ ယောက်ဘဲ )
ပြောလိုက်တဲ့စကားကလည်း ဇာတိသွေး ဇာတိမာန်တွေ တက်လာပြီး အရိုးနဲ့စည်းရိုးထိုးချင်စိတ်တွေ တဖွားဖွား ( အရိုးနဲ့ စည်းရိုးထိုးမယ်ဆိုမှာ့တော့ ကာလနာတိုက် မသာပေါ်နေပြီပေါ့ လေ )အတွေးခေါ်တွေ တော်ကြတာ ပြောပါတယ် ။
ဇာတ်ကားတကားဆို အတော်ကောင်းတယ် အခု အရှင်ဘုရားဖြစ်သွားလို့ ဘုရားထူးနေရတဲ့ မင်းသားကြီးကျော်ဟိန်း ကားပေါ့ ၊ ကျော်ဟိန်း က လူဆိုး ၊ဂျပန် အလိုတော်ရိ ၊ အတော်ယုတ်မာတဲ့ဇာတ်ရုပ် ပေါ့ ၊ ရွာထဲမှာ လူတကာကို အနိင်ကျင့် ရိုက်နှက် အမျိုးကောင်းသမီးတွေကိုဖျက်ဆီး သူနဲ့မတည့်တဲ့သူဆို ချောက်တွန်း ပေါ့ ၊ သူ့ ဂျပန်အားကိုးနဲ့ပေါ့ ၊ ၁၅ မိနစ်လောက်နေတော့ ဂျပန် ၇ ယောက်လည်း သေရှာရော ၊ ကျော်ဟိန်းလည်း ရွာက ထွက်ပြေးရတာပေါ့ ၊
အဲ့ ၁၀ မိနစ်လောက်နေတော့ ကျော်ဟိန်း ရွာကို ပြန်လာပြီဆိုပြီး ထုံးစံ အတိုင်းအားယျားနေတဲ့ ရွာထိပ်ကတယောက်က အော်ပြီး ပြေးလာပြောတာပေါ့ ၊ ရွာသူ ရွာသားတွေလည်း ငါတို့ကို ဒီလောက်နှိပ်စက်တဲ့ကောင် ရိုက်မယ် သတ်မယ် ဆိုပြီး ဒုတ်ဆွဲ ဓားဆွဲ နဲ့ ရွာဝင်လမ်းက စောင့်နေကြတာ ပေါ့ ၊ မကြာပါဘူး ကျော်ဟိန်းကို တွေ့လည်း တွေ့လိုက်ရော တုတ်တွေ ဓားတွေ ချပြီး လက်အုပ်ကလေးတွေ ချီ လို့ ၊ ကျော်ဟိန်းက သင်္ကန်းကြီးနဲ့လေ မထေ့ပြုံးလေးတောင် ပြုံးလိုက်သေး ၊ ဇာတ်ကားနံမည်တော့ မေ့တေ့တေ့ဘဲ ၊ မိုက်ချက်က ကန်းကုန်လား မောင်ရင် ငတေ လား မသိတော့ဘူး ၊
အဲ့ ကား အတော် ပေါက်တယ် ဗျ ၊ အခုချိန်ထိ အချို့ဆို အရှိန် မသေသေးဘူး အဟက် smile emoticon
နောက် ရဟန်းစားရသော ဆွမ်တနပ် ၊ မပြပါနဲ့တော့ ဘဘ ခင်ဗျား အပြင်မှာ ဘဘ ပြောတဲ့ရဟန်းမျိုး တပည့်တော်တို့ ရှာရဖွေရ ခက်လို့ပါ ခင်ဗျား ဆိုပြီး ဆက်မပြဘို့ တားယူရတဲ့ ဇာတ်ကားမျိုး smile emoticon
ထားပါတော့ ၊ ပြောချင်တာက တနေ့က အုတ်ကြားမြက် ဆိုပြီး ထုံးစံ အတိုင်း ဇာတ်ကား တကားရိုက်တယ် တဲ့ ၊ ထုံးစံ အတိုင်း ကုလားကို ဗီလိန် ဆန်ဆန် နဲ့ ကားပေါက်ဘို့ ရင်းတယ်ဆိုလားဘဲ ၊ ဖရီးလိုင်းက မလာသေးတော့ မကြည့်ရသေးဘူး လေ ၊
ကုလားဒုက္ခ ရောက်လာတော့ အိမ်ဦးခဏ်းတင်ကြွေးထားတာ ကုလားက ငွေရတဲ့အလုပ်အကုန်လုပ်ပြီး အိမ်ပါသိမ်းလိုက်တယ် ဆိုလား ဘာလား မသိပါဘူး ၊ ကိုယ်တွေက ရင်တောင်မခုန်ဘူး ဒီထက် ဇာတ်နာအောင် ရိုက်ပြရမှာ
တချက်လိုသွားတာ ငွေရရင် ဘာမဆို လုပ်တဲ့နေရာမှာ ကုလား အစား ကျနော်တို့ဗမာရဲ့ကျေးဇူးရှင် တရုတ်လူမျိုးထည့်ရိုက်ရင် ပို သဘာဝကျနိင်တယ် (ကေတီဗီ /မာဆက်/ဘိန်းခဏ်း/အတိုး/အပေါင်အနှံ/လောင်းကစား/ဘီယာ အရက်ဆိုင်/ဖာဘိ– အစ ရှိတာတွေကို မွတ်စလင်က ဘာသာရေးဥပဒေနဲ့တားထားလေတော့ ၊ နဖူးတပျောက် ကုလားတော့ မပြောတတ်ဘူးရယ် ) အကြံတောင်ပေးမိသေးတယ် ညွန့်ဗမာ ညီညီအောင် ကို )
နောက် ရခီးနေတိုး ပြောသွားတာ
အဲ့ဒါကတော့ ရှင်းပါတယ် ၊ ကိုခင်မောင်ထွန်း ပြောသလို အိမ်ရှင် ဧည့်သည် ပေါ့ ၊
ကျနော့် အမြင်ကတော့ ဒါ သူ့ရဲ့လူမျိုးရေး လေ
ရခိုင်တွေ ဧည့်သည် ဘဝ ရောက်နေတာ နှစ်ထောင်ချီ ကြာနေလေတော့ ဗမာတွေ အပေါ်အမြင်မကြည်ရှာဘူးလေ ၊ ထားလိုက်ပါ ၊တောင်ပံချိုးပြီး ပင်လယ်ဘက် ပစ်ပစ် ချက်စားစား မွေးကတည်းက လဥ ဒါးနဲ့ ဖြတ်ထားတဲ့ အမျိုးတွေ အပေါ်မှာတော့ ငဲ့စောင်းလို့တောင် မကြည့်ရဲရှာပါဘူး ၊ မင်းသားဆိုတာ အပြော မလျော့ဘို့ လိုတယ် ဗျ ၊ အဲ့သာက သူရဲ့ လူမျိုးရေး အမြင်တွေ ပါ ၊
နောက်ရှိသေးတယ် ဟိုးအရင်ခေတ်ကတည်းက အခုချိန်အထိ မင်းသားတွေ မင်းသမီးတွေ လူပျက်တွေ ခဏ ခဏ ခလုပ်တိုက်တဲ့ကိစ္စ ၊
မသိတဲ့သူဆို ဒါသက်သက် အတွင်းစိတ်ထဲကကိုယ် မနာလို လို့ ထင်ကြမှာ smile emoticon
ထားပါ ၊ ပြောချင်တာက ဆက်ရိုက်ပါ ဆက်တင်ပြပါ ၊
စကားမဆပ် သတိထားဘို့တခု
အရက်သမားနေမျိုးဝေဆိုတဲ့ ကောင်တကောင်ကြောင့် ဒီကနေ့ ကုရ်အာန်ဘာသာပြန်ကို ဘာသာခြားအတော်များများလေ့လာဖြစ်သွားကြသလို ဘယ်သူမှာ့ နေမျိုးဝေ ပြောတာ မှန်ကြောင်း ဟုတ်ကြောင်း ထောက်ခံကြောင်း တရားစွဲသင့်ကြောင်းဆိုတာမျိုးလည်း မကြားမိကြောင်းပါဗျာ ။
ကဲပါ ကျနော်တို့ ပြည်သူတွေအတွက်လည်း ဒါရိုက်တာမင်း များအနေနဲ့ ရိုက်ရဲ တင်ပြရဲခဲ့ရင် PK တို့ My Nane Is Khan တို့ Oh My God တို့ကို ဗမာမူ့ ပြု ပြီး ပြန်ရိုက်ပေးပါလားဗျာ smile emoticon smile emoticon smile emoticon
ဝါဇီ လှမြင့်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s