10 style or arts of speech စကားကြီးဆယ်ခွန်း

စကားကြီးဆယ်ခွန်း

 ၁.ရေကူးညာတင်စကားပြောနည်း

ရေးကူးရာတွင် ရေညာမှ ကြိုတင်ကူးသွားမှ လိုရာ ရောက်နိုင်သကဲ့သို့ မိမိ ဆိုလိုချက်သို့ ရောက်အောင်ကြိုတင်ပြောဆိုခြင်း။

၂. ကောက်ပင်ရိတ်လှီးစကားပြောနည်း

ကောက်ပင်များကို လက်တဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ ကျန်လက်တဖက် မှ တံစဉ်ကိုကိုင်ကာ တိခနဲနေအောင်ရိတ်ဖြတ်သကဲ့သို့  သူတပါးပြောသော စကားကို မိအောင် ချုပ်မငုံမိအောင် ဖမ်းကိုပြီးမှ မိမိက ပိုင်ပိုင်နိုင်နိုင် ပြောဆိုခြင်း

Continue reading

တန်ဖိုး -မထား မသိ မရှိ – ၂၁ရာစု ဒုတိယပင်လုံ ညီလာခံ

တန်ဖိုး………မထားတာလား………..
တန်ဖိုး………မသိတာလား……….
တန်ဖိုး……..မရှိတာလား…………..

Because DASSK said ပြည်သူလူထုရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးမယ်………တဲ့……May be they are trying hard to get dreams!

Continue reading

လူမျိုးဘာသာမရွေး နိုင်ငံသားအခွင့်အရေး တန်းတူခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော

လူမျိုးဘာသာမရွေး နိုင်ငံသားအခွင့်အရေး တန်းတူခံစားခွင့်ရှိဟု ဘန်ကီမွန်းပြော

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ (MOFA)

Listen here @ VOA

Continue reading

နိုင်ငံခြားသားတွေကိုသာ လှိမ့်လို့ရမယ် ဦးရဲထွဋ်

Aung Tin

နိုင်ငံခြားသားတွေကိုသာ လှိမ့်လို့ရမယ် ဦးရဲထွဋ်

အာနန်ကော်မရှင်၊ အကျိုးအကြောင်း၊ အကောင်းအဆိုးဆိုပြီး ဦးရဲထွဋ်ရေးနေတာ လေးပိုင်းရှိနေပါပြီ။ ဆောင်းပါးကောင်းတွေမို့ တန်ဖိုးထား စောင့်ဖတ်နေပါတယ်။

သို့သော် လူဆိုတာ အကျင့်ဟောင်း စရိုက်ဟောင်းကို ဖျောက်နိုင်ခဲတာမို့ အပိုင်း(၃)ပါ သနားစရာဘင်္ဂလီဆိုတဲ့ အပိုင်းက ဦးရဲထွဋ်ရဲ့ လူမျိုးရေး အစွန်းရောက် သမိုင်းလိမ် အချက်အလက်တချို့ကို ကောက်နှုတ် ချေပချင်ပါတယ်။

ဦးရဲထွဋ်က (ကျွန်တော့်အနေနဲ့ နိုင်ငံခြားသားတွေကို ရခိုင်ပြည်နယ်အခြေအနေ ရှင်းပြတဲ့အခါ ပထမဆုံး ပြောပြရတာက ဘင်္ဂလီတွေက ရခိုင်ပြည်နယ် တစ်ခုလုံးမှာ အနည်းစုဖြစ်နေတာ မဟုတ်ဘူး။ ဘူးသီးတောင်၊ မောင်တောဆိုတဲ့ မြို့နယ်နှစ်ခုမှာ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ထဲက ဘင်္ဂလီတွေ တိုးတိုးလာလိုက်တာ အခုဆို ရခိုင်တိုင်းရင်းသားက ၂% ၊၃% လောက်ပဲ ကျန်တော့တယ်။ ရသေ့တောင်၊ စစ်တွေ ဒေသတွေဆိုရင် လူဦးရေအချိုးက ထက်ဝက်လောက် ဖြစ်နေပြီ။)လို့ ရေးထားပါတယ်။

Continue reading

အားလုံးပါဝင်ခွင့်မရသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေး အစီအစဉ် ခွန်ထွန်းဦး ပယ်ဖျက်

Myanmar Muslim Media

အားလုံးပါဝင်ခွင့်မရသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေး အစီအစဉ် ခွန်ထွန်းဦး ပယ်ဖျက်

သျှမ်းသံတော်ဆင့်
ဩဂတ်စ်လ ၃၀ ရက် ၂၀၁၆

ဩဂတ်စ်လ ၃၁ ရက် နက်ဖြန်တွင်စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးအမည်ရ ၂၁ ရာစု ပင်လုံညီလာခံသည် အားလုံးပါဝင်မှု All inclusive မရှိဟုဆိုကာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးက တက်ရောက် မည့် အစီအစဉ် ယနေ့ပယ်ဖျက်လိုက် သည်ဟုသိရသည်။

“ကျနော်တို့ဥက္ကဌ ခွန်ထွန်းဦးအနေနဲ့ ယူအန်အက်စီရဲ့တောင်းဆိုချက်အရ သူ့အနေနဲ့ ပါဝင်ဖို့ အဆိုပြုခံထားရတယ်။ ဒါမယ့် နဂိုကတည်းက ခွန်ထွန်းဦး က ကြေငြာထားတာ က All inclusive မဖြစ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါဝင်ခွင့် မရှိဘူးဆို လို့ရှိရင် သူ့အနေနဲ့လည်းဘဲ တက်ေ ရာက်ပြီး ဆွေးနွေးဖို့ လက်မှတ်ထိုးဖို့ဆိုတာတွေ မလုပ်နိုင် ဘူးပေါ့နော်။ အဲ့ကြောင့် မို့လို့ အခု ရခိုင် AA ကိုးကန့် MNDAA တအာင်း TNLA အစရှိအဖွဲ့ အစည်း ၃ ခုကျန်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ သူ့အနေနဲ့ နဂိုပြောထားတဲ့အတိုင်း ဒီညီလာခံ ကိုတက်ရောက်ဖို့မဖြစ်နိုင်ဘူး ဆိုတာကို ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်” – ဟု သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပြောခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြောပြသည်။

Continue reading