My father’s Ca Stomach was operated by Prof. Dr. Norman Hla

Ko Ko Gyi I don’t know sayargyi, although he tried, my father passed away on Ca stomach post op 8 days. Sometimes I felt that my father would be able to stay for few months if he just do palliative surgery. I am not blaming sayargyi as we accepted that life and death is in Allah’s hand and we all, including sayagyi had done the best we could at that time. My father passed away at 10.30 PM 12th. July 1991.

Image may contain: 1 person, eyeglasses

ဆရာသည် ခွဲစိပ်ကုသမှုတွင် ကျွမ်းလည်းကျွမ်း၊ အင်မတန်လည်း သတ္တိကောင်းလှပါသည်။ တော်ရုံခွဲစိပ်ဆရာဝန်တွေ မကိုင်ရဲမည့် ကင်ဆာရောဂါရှင်လူနာများကို radical surgery, heroic surgery များ လုပ်လေ့ရှိသည်။ carcinoma esophagus, lung cancer, carcinoma pancreas, hepatocellular carcinoma တို့လို ခက်ခဲသည့်လူနာများကို ဒါးစွမ်းပြလေ့ရှိသည်။ ဆရာ့ကျွမ်းကျင်မှုကြောင့် ခွဲစိတ်မှုအောင်မြင်လေ့ရှိသော်လည်း ရောဂါကိုယ်၌က ကျွမ်းနေပြီ ဖြစ်သဖြင့် လူနာခမျာ တခါတရံ “ငွေကုန်သံပြာ” ဆိုသလို ကြုံရသောကြောင့် ဒီလိုအခါမျိုးမှာ ဆရာ့အနေနှင့် စိတ်ထက်သန်လွန်ခြင်း (over-enthusiastic) ဖြစ်သည်ဟုတောင်ထင်မိသည်။

Image may contain: 4 people, people standing

Tint Zaw Oo added 2 new photos.

Professor Norman Hla, our mentor, former head of the Thoracic Surgical Department just passed away.
Feeling very sad for him, his family, his students, his patients and for the whole Myanmar surgical society.

Department of Thoracic Surgery
Yangon Specialty Hospital
University of Medicine 1, Yangon.

 

Hla Min 

ပါမောက္ခ ဦးနော်မန်လှ

ဆရာကြီး ဦးနော်မန်လှ၏ ပွင့်လင်းသောစိတ်ဓါတ်၊ ရဲရင့်သော သတ္တိုတို့ကို သိပြီးဖြစ်သဖြင့် ဆရာ့ကို အားနာနာနှင့် ဝန်ခံရပါဦးမည်။ Real lives, Real stories မဂ္ဂဇင်းထဲက ဆရာ့အင်တာဗျူးကို ဖတ်ပြီးကတည်းက ဆရာ့အကြောင်း ရေးဖို့စိတ်ကူးခဲ့ပါသည်။ စိတ်ကူးနေတုန်း ဆရာ့ကျန်းမာရေးအခြေအနေကို ကြားရသဖြင့် မေ၇းသေးဘဲ ခေတ္တ ဆိုင်းငံ့ထားခဲ့သည်။ ဘယ်လိုစိတ်ကူးနှင့် ဆိုင်းထားခဲ့သည်ကိုပြောမထွက်သဖြင့် စဉ်းစားသာ ကြည့်ကြပါ။ သို့သော် စိတ်ဓါတ် မာကြောသည့် ဆရာက ရောဂါတွေကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သည်ကတစ်ကြောင်း၊ မန္တလေး ခွဲစိပ်ပညာ ညီလာခံမှာ ဆရာပြောခဲ့သည့်စကားကို တစ်ဆင့်ကြားရပြီး မစောင့်နိုင်မအောင့်နိုင်တော့သည် တစ်ကြောင်း ကြောင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

ဆရာဦးနော်မန်လှအကြောင်းကို ကျွန်တော်ဆေးပညာမဟာသိပ္ပံသင်တန်း တက်ရောက်စဉ် ၁၉၉၀ ခန့်က စတင်ကြားဖူးခဲ့ပါသည်။ ကျွန်တော်နှင့် သင်တန်းတက်ဖက် ကိုခင်ဇော်မှာ မကွေးဆေးရုံကြီးတွင် ဆရာနော်မန်၏ လက်အောက်၌ လက်ထောက်ဆရာဝန်အဖြစ် လုပ်ခဲ့ဖူးရာ သူပြောပြသဖြင့် ကြားဖူးရခြင်း ဖြစ်ပါသည်။ ဆရာသည် လက်ထောက်ဆရာဝန်များကို ခွဲစိပ်ပညာ အခြေခံများ သင်ပေးသည်။ ထို့နောက် အခြေခံခွဲစိပ်မှုများကို ကိုယ်တိုင် လုပ်ခွင့်ပေးသည်။ လုပ်ခွင့်ပြုသည်ဆိုရာမှာ တပည့်များ ဆရာအရှိန်ကြောင့် ရှိုးတိုးရှန့်တန့်မဖြစ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိဖြင့် လုပ်နိုင်ရန် သူကအနားမှာမနေ။ “ရဲရဲတင်းတင်း လုပ်ကြ၊ မင်းတို့ အခက်အခဲတွေ့ရင် အပြင်မှာ ငါအချိန်မရွေး အသင့်ရှိတယ်။” လို့ မှာထားပြီး လုံခြုံမှုကိုလည်း ရစေသည် ဆိုသည့်အကြောင်းကို ကိုခင်ဇော်က ပြောပြပါသည်။

ကျွန်တော် ဆေးတက္ကသိုလ်(၁) ရောက်တော့မှ ဆရာ့ကို မြင်ဖူးသည်။ ဆရာ့ပုံစံမှာ ကျွန်တော်တို့ငယ်စဉ် ကျောင်းသားဘဝက အတန်းဖော်တွေထဲမှာ ပါတတ်သော “ လူသွက်ကလေး” ပုံစံရှိသည်ဟု ထင်ပါသည်။ စကားပြောရာမှာ ကျယ်ကျယ်လောင်လောင် ပြတ်ပြတ်သားသားနှင့် ဟောဟောဒိုင်းဒိုင်း ဖြစ်ပါသည်။
တစ်ရက်မှာ ထိုစဉ်က ကျန်းမာရေးဝန်ကြီး ဦးစောထွန်းက ဆေးတက္ကသိုလ် သင်ကြားရေးဆ၇ာများကို တွေ့ဆုံပါသည်။ ထိုပွဲမှာ ဆရာနော်မန်က ရှေ့တန်းတွေမှာမထိုင်ဘဲ နောက်နားကျကျ ပြူတင်းပေါက်နားက အစွန်နေရာမှာ ထိုင်နေသည်။ ဝန်ကြီးမိန့်ခွန်းပြီး၍ ပြန်လည်ဆွေးနွေးခွင့်ပြုသောအခါ ဆရာနော်မန်ကထပြီး ကျွန်တော်တိုင်းပြည်အတွက် လုပ်ပေးခဲ့တာ နှစ်အတော်ကြာပါပြီ။ ယခု နိုင်ငံခြားမှာ တလှည့်သွားပြီး အလုပ်လုပ်ချင်လို့ ထွက်ခွင့်ပြုဖို့ တင်ပြပါတယ် ဟု ပြောလိုက်ရာ အံ့အားသင့်သွားကြပါသည်။ ဝန်ကြီးက ကျွန်တော်တို့လုပ်ငန်းတွေအတွက် ဆ၇ာမရှိလို့ မဖြစ်သေးတာမို့ ခဏ သည်းခံပါဦးဟု ဆိုသည်။ ဆရာက “ကျွန်တော့်တပည့်တွေထဲမှာ ကျွန်တော့်လိုဘဲလုပ်နိုင်တဲ့လူတွေ ရှိနေပါပြီ။ ကျွန်တော်မရှိရင် မဖြစ်ဘူးလို့ မဆိုနိုင်ပါဘူး” လို့ ထပ်ပြီး စောဒကတက်ပါသည်။ ဝန်ကြီးက ခုတော့ နေပါဦးဆရာရယ်။ နောက် အချိန်ကျလို့ရှိရင် ကျွန်တော် ခွင့်ပြုပါ့မယ်လို့ စကားဖြတ်လိုက်ပါသည်။ ဒီတစ်ချက်တော့ဝန်ကြီး ဦးစောထွန်း၏ အဆုံးအဖြတ် မှန်သည်ဟုဆိုရမည်။ ဆရာ့အဖို့ မြန်မာနိုင်ငံ၏ အသည်းအစားထိုးကုသမှုမှာ ရှေ့ဆောင်လမ်းပြ ဖြစ်လာရသည် မဟုတ်ပါလား။ သည်အချိန်ကတည်းက ဆရာ၏ တပည့်တွေအပေါ် အမြဲတမ်း အုပ်စီး မထားလိုသောစိတ်၊ တပည့်တွေအပေါ် ယုံကြည်သောစိတ် ကို သတိပြုမိပါသည်။ (ထိုအချိန်မှာ ဆရာက နိုင်ငံခြားသို့ ထွက်ဖို့ရည်ရွယ်ပြီး USMLE စာမေးပွဲကို ဖြေဆိုထားပြီးပြီ ဟု ကြားသိရသည်) ထို့နောက် ဆရာ့ဘဝမှာ ရင်ခေါင်းခွဲစိပ်ဌာနမှူး၊ ခွဲစိပ်ကုပညာ ပါမောက္ဓ၊ ထို့နောက်တဖန် ရင်ခေါင်းခွဲစိပ်ပညာပါမောက္ဓ၊ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုး ခွဲစိပ်မှုပြုလုပ်သည့် ဆရာဝန်ကြီးစသည့် မှတ်တိုင်များကို စိုက်ထုခဲ့သည်။

ဆရာပင်စင်ယူပြီး၍ ပင်လုံဆေးရုံမှာ ပင်တိုင်ခွဲစိပ်ဆရာဝန်ကြီးအဖြစ် လုပ်ကိုင်နေရာ၊ သမားတော်ကြီး ဦးစောနိုင်၏ လူနာများကို ကူညီကြည့်ရှုရင်း ဆရာဦးနော်မန်၏ လူနာတချို့ကို ကျွန်တော် ပူးတွဲကြည့်ရှုခဲ့ရပါသည်။ ဆရာသည် ခွဲစိပ်ကုသမှုတွင် ကျွမ်းလည်းကျွမ်း၊ အင်မတန်လည်း သတ္တိကောင်းလှပါသည်။ တော်ရုံခွဲစိပ်ဆရာဝန်တွေ မကိုင်ရဲမည့် ကင်ဆာရောဂါရှင်လူနာများကို radical surgery, heroic surgery များ လုပ်လေ့ရှိသည်။ carcinoma esophagus, lung cancer, carcinoma pancreas, hepatocellular carcinoma တို့လို ခက်ခဲသည့်လူနာများကို ဒါးစွမ်းပြလေ့ရှိသည်။ ဆရာ့ကျွမ်းကျင်မှုကြောင့် ခွဲစိတ်မှုအောင်မြင်လေ့ရှိသော်လည်း ရောဂါကိုယ်၌က ကျွမ်းနေပြီ ဖြစ်သဖြင့် လူနာခမျာ တခါတရံ “ငွေကုန်သံပြာ” ဆိုသလို ကြုံရသောကြောင့် ဒီလိုအခါမျိုးမှာ ဆရာ့အနေနှင့် စိတ်ထက်သန်လွန်ခြင်း (over-enthusiastic) ဖြစ်သည်ဟုတောင်ထင်မိသည်။

ဤစာကိုရေးဖြစ်သည်မှာ ဆရာ့ခွဲစိပ်ပညာကို ချီးမွမ်းရန် မဟုတ်ပါ။ ကျွန်တော် မြင်းထိမ်းငတာ မဖြစ်လိုပါ။ သို့သော် ဆရာ၏ စိတ်ဓါတ် ခံယူချက်တစ်ချို့ကို ဖတ်ရှုကြားသိရသည့်အခါ မချီးမွမ်းဘဲ မနေနိုင်တော့သဖြင့် ခုလိုရေးလိုက်ရခြင်း ဖြစ်ပါသည်။ နောက်ထပ်ဝန်ခံစရာရှိသည်မှာ ဆရာ၏စရိုက်မှာ extrovert စရိုက်ဖြစ်သဖြင့် ခပ်ပေါ့ပေါ့ “ပျော်ပျော်သာနေ ကိုယ့်လူရေ” သမားဟု ထင်ခဲ့မိသည်။ သို့သော် Real lives, real stories အမည်ရှိ မဂ္ဂဇင်း၏ အင်တာဗျူးမှာ ဆ၇ာပြောကြားထားတာ ကို ဖတ်ရပြီးနောက် ဆရာ့ကို အထူးလေးစား သွားမိပါသည်။ ဆရာက သူ့တွင်လူမှုရေးနှင့်ပတ်သက်ပြီး အားနည်းချက် တစ်ခုရှိသဖြင့် တပည့်များ၏ ပူဇော် ကန်တော့ခြင်းကို ခံထိုက်သော ဂုဏ်အင်္ဂါနှင့် မပြည့်စုံဟု ယူဆသောကြောင့် တပည့်များဖိတ်ကြားသော အာစရိယ ပူဇော်ပွဲ များသို့ တက်ရောက်ကန်တော့ခံခြင်း မပြုခဲ့ပါဟု ပြတ်သားပွင့်လင်းစွာ ပြောကြားခဲ့ပါသည်။ ဒါတင်မက တပည့်တွေကို သူ့ကိုတုပြီး လိုက်မလုပ်ကြဖို့ ၊ သူတောင်မှ အလူးအလဲ ရုန်းကန်ခဲ့ရကြောင်း သတိပေး ဆုံးမသည်ဟုလည်း ပြောကြားခဲ့သည်။ ဆေးလောကမှာ ကျဉ်းကျဉ်းလေးဖြစ်သဖြင့် ဆရာ့ကိုယ်ေ၇းကိုယ်တာများကို နားစွန်နားဖျား ကြားမိပါသည်။ သို့သော်ကိုယ်ရေးကိုယ်တာသာဖြစ်ပြီး ဆရာ့ကျင့်ဝတ်နှင့် မဆိုင်သဖြင့် တော်ရုံလူဆိုလျှင် ခပ်မိန့်မိန့်ထိုင်ပြီး ကန်တော့ခံမည်သာဖြစ်ပါသည်။ ဆရာ၏ ကိုယ့်အားနည်းချက်ကို ထုတ်ဖော် ရဲသောစိတ်၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သောစိတ်၊ အာစရိယတို့၏ ပူဇော်ခံထိုက်သော ဂုဏ်ကို မထိပါးစေလိုသောစိတ် တို့ကို မလေးစားဘဲ မနေနိုင်တော့ပါ။

တပည့်တွေ၏ ကန်တော့ပွဲကို တက်လေ့မရှိသော ဆရာသည် တစ်ခုသောကန်တော့ပွဲသို့ စာတစ်စောင်ကို ထူးထူးခြားခြား ရေးသားပေးပို့ပြီး အမှာစကား ပါးခဲ့ပါသည်။ အခန်းအနား အစီအစဉ်အတွင်း တပည့်တစ်ဦးက ဆရာ့စာကို ဖတ်ကြားပြပါသည်။ ဆရာက သူ့မှာ ဆီးကျိတ်ကင်ဆာ ခံစားနေရပြီဖြစ်ကြောင်း၊ ရောဂါကို ကြံ့ကြံ့ခံရင်း မကြာမီ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး targeted therapy ခံယူတော့မှာ ဖြစ်သဖြင့် တပည့်များနှင့် လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်လိုက်ပါကြောင်း ရဲရင့်တည်ငြိမ်စွာ ဖော်ပြထားရာ ဆရာ့စာဖတ်ပြတာကို နားထောင်ရင်း မျက်ရည်ဝိုင်းမတတ် စိတ်ထိခိုက် ခံစားရပါသည်။

စိတ်ဓါတ်ခိုင်မာလှသည့် ဆ၇ာကတော့ သည်တောင်ကို အောင်မြင်စွာကျော်နိုင်ခဲ့ပါသည်။ ဆ၇ာနာလံထပြီး ခွဲစိပ်မှုများပင် ပြန်လုပ်နိုင်ပြီဟု ကြားရသဖြင့် ဝမ်းသာရပါသည်။ သို့သော်ဝမ်းသာလို့ မဆုံးသေးမီ ဆရာနောက်ထပ်ခွဲစိပ်မှု ခံယူရသည်ဟု ကြားရပြန်ပါသည်။ သည်တစ်ခါတော့ အသည်းတဲ့။ နိုင်ငံခြားမှာ ခွဲစိပ်ခံယူဖို့ တိုက်တွန်းသည်ကို ဆရာငြင်းပယ်ခဲ့ပြီး သူလေ့ကျင့်ပေးခဲ့သည့် တပည့်အသည်းခွဲစိပ်ဆ၇ာဝန်များလက်ထဲသို့ ယုံကြည်စိတ်ချစွာ အပ်နှံလျက် ခွဲစိပ်မှု ခံယူခဲ့ပါသည်။

သည်တစ်ကြိမ်တွင်လည်း အောင်မြင်စွာ နာလံထလာပြန်သည်။ စိတ်ကူးကောင်းလှသော တပည့်များက မန္တလေးမြို့မှာ ကျင်းပသည့် ခွဲစိပ်ကုဆ၇ာဝန်ညီလာခံမှာ ကင်ဆာနှစ်ခါဖြစ်ဖူးသူ အစီအစဉ်ဖြင့် ဆရာကြီးကို ပွဲထုတ်ခဲ့သည်ဟု ကြားရပါသည်။ ထိုပွဲမှာ ဆရာကြိးပြောကြားခဲ့သည်ဆိုသော မှတ်ချက်ကို facebook မှာ ဖတ်လိုက်ရသောအခါ ကြက်သီးမွေးညှင်း ထမတတ်ပင် ဖြစ်ရပါသည်။ ကိုယ့်ပြည်တွင်းမှာ ကိုယ်သင်ပေးခဲ့တဲ့ ခွဲစိပ်ဆရာဝန်တွေ ခွဲတာကိုဘဲ ခံချင်တယ်။ ကျုပ်လူနာတွေကို သူတို့လက်ထဲ အပ်ရဲတယ်ဆိုရင် ကျုပ်ကကော သူတို့ခွဲတာကို ဘာဖြစ်လို့ မခံရဲရမှာလဲ- တဲ့။ ကိုယ်ဆောက်တဲ့တိုက်မှာ ကိုယ်မနေရဲသော အင်ဂျင်နီယာတွေနဲ့ မကွာလား။

ကိုယ်သင်ပေးခဲ့တဲ့ တပည့်များ၏ အရည်အသွေးကို ကိုယ့်အသက်နှင့် ကြေးထပ်ပြီး အာမခံရဲသော ဆရာ့စိတ်ဓါတ်ကဖြင့် ဆရာဝန်တွေမွေးထုတ်ခဲ့ မွေးထုတ်ဆဲ မွေးထုတ်ဦးမည့် ကျွန်တော်တို့လို အာစရိယ ဂိုဏ်းဝင်များအတွက် လမ်းပြ မီးရှူးတန်ဆောင်သဖွယ် ဖြစ်ပါတော့သည်။
Credit Prof. Myo Lwin Nyein

Inna lillahi wa inna ilayhi raji’un (انا لله وانا اليه راجعون)  Sura Al-Baqara, Verse 156. The full verse is as follows: الذين اذا اصابتهم مصيبة قالوا انا لله وانا اليه راجعون “Who, when a misfortune overtakes them, say: ‘Surely we belong to Allah and to Him shall we return’.”

ကွယ်လွန်သူအပေါ် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ကရုဏာတော်အဖြာဖြာ၊ မင်္ဂလာအဖြာဖြာ ကျရောက်ပါစေသား။

အင်နာ လစ်လာဟိ ဝ အင်နာ အိလိုင်းဟိ ရားဂျိအူးန်

မုချဧကံ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့သာ ဖြစ်၍ ဧကန်အမှန် ထိုအရှင်မြတ်၏ ထံတော်သို့သာ ပြန်လည် သွားကြရမည့်သူများ ဖြစ်ကြပါသည်။

Advertisements

One thought on “My father’s Ca Stomach was operated by Prof. Dr. Norman Hla

  1. Maung Maung
    1 hr ·
    Professor Norman Hla, our mentor, former head of the Thoracic Surgical Department just passed away.
    Feeling very sad for him, his family, his students, his patients and for the whole Myanmar surgical society.
    Abul Faiz>>> Is he not the husband of a Muslim doctor?

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s