ရိုဟင်ဂျာတွေ Safe Zone သီးသန့်ဒေသ တောင်းဆို

Myanmar Muslim Media

ရိုဟင်ဂျာတွေ Safe Zone သီးသန့်ဒေသ တောင်းဆို

30.12.2016

ဥရောပအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း ၁၁ ခုက မြန်မာ့အိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအတွက် လုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် သီးသန့်ဒေသ Safe Zone တစ်ခု
ထူထောင်ပေးရေးအတွက် ပါဝင်ကူညီကြဖို့ တိုက်တွန်းတဲ့စာတစ်စောင်ကို မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်မှာ ပါဝင်တဲ့အဖွဲ့တွေထဲက Burmese Rohingya Organization UK (BROUK) ခေါ် ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာ အစည်းအရုံးခေါင်းဆောင် ဦးထွန်းခင်က

“ရိုဟင်ဂျာလူမျိုးတွေကို တင်းတင်းကြပ်ကြပ် သုတ်သင်ရှင်းလင်းနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နည်းနည်း စစ်တပ်ကို အကာအကွယ်မပေးပဲနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ အထူသဖြင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံတကာကနေ Safe Zone တစ်ခုပေါ့၊ ရိုဟင်ဂျာတွေအတွက် ဖန်တီးပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီကိစ္စကို ကျနော်တို့ တောင်းဆိုနေပါတယ်”

အဲဒီ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်တဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေးချိုးဖေါက်ကြောင်းလည်း
စွပ်စွဲဖေါ်ပြထားပါတယ်။

ဒီကြေညာချက်ကို ဒိန်းမတ်နိုင်ငံ အက်စ်ဂျာ့ဂ်မြို့မှာ (ဒီဇင်ဘာ ၂၈ နဲ့ ၂၉) ၂ရက်ကြာ ကျင်းပခဲ့တဲ့ ဥရောပတိုက် ရိုဟင်ဂျာ ညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မူရင်း – RFA Burmese

Advertisements

One thought on “ရိုဟင်ဂျာတွေ Safe Zone သီးသန့်ဒေသ တောင်းဆို

  1. July Yeyint
    16 hrs ·
    ဒီညအတွက် ကျနော့် ဖောင်ပိတ် status
    “““““““““““““
    ၁။ NVC
    ———
    National Verification Card နဲ့ပတ်သက်ပြီး ကျနော့်ဆီ မေးမြန်းမှုနဲ့ အမြင်တောင်းခံမှုအချို့ ရှိတယ်။ public တင်တာပဲကောင်းမယ်ထင်လို့ ရေးတင်ပါတယ်။ သက်ဆိုင်ရာကို မေးခွန်းအနည်းငယ် ပြန်မေးချင်ပါတယ်။ ဒီမေးခွန်းထဲ ယေဘူယျအဖြေပါပြီး ဖြစ်ပါလိမ့်မယ်။
    – ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရက မည်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အုပ်ချုပ်နေပါသလဲ
    – ဥပဒေဖြစ်စေ၊ ဥပဒေကဲ့သို့ အတည်ဖြစ်သော လုပ်ထုံးလုပ်နည်းဖြစ်စေ ၀န်ကြီးဋ္ဌာနတစ်ခုခုက စိတ်ကြိုက် ပြဋ္ဌာန်းဆောင်ရွက်ခွင့် ရှိပါသလား၊ ထိုသို့ပြုခြင်းကို တရားဝင်ပါတယ်လို့ သတ်မှတ်နိုင်ပါသလား၊ တိုင်းပြုပြည်ပြုလွှတ်တော်အဆင့်ဆင့်ကို ကျော်လွန်ပြီး ချမှတ်ဆောင်ရွက်ခွင့် ရှိပါသလား
    – ၁၉၈၂ နိုင်ငံသားဥပဒေမှာ မိဘနှစ်ဦးနိုင်ငံသားဖြစ်ပြီးရင် သားသမီးများသည်လည်း အလိုအလျောက် နိုင်ငံသားဖြစ်တယ်ဆိုပြီး ထင်ရှားစွာ ဖော်ပြထားပြီးသားပါ။ တနည်းအားဖြင့် အချက်အလက်အထောက်အထား ခိုင်လုံစွာနဲ့ နိုင်ငံသားဖြစ်ပြီးတဲ့သူရဲ့မျိုးဆက်များကို နိုင်ငံသားဖြစ်မဖြစ် ထပ်မံ စိစစ်ဖို့ မလိုအပ်တဲ့သဘောလို့ အဓိပ္ပာယ်ထွက်ပါတယ်။ အဲ့ဒီပြဋ္ဌာန်းမှုမှာ လူမျိုး၊ ဘာသာ၊ လူနည်းစုဝင်၊ လူများစုဝင်ဆိုပြီး မခွဲခြားထားပါဘူး။ ဒီတော့ လက်ရှိ ခါတော်မှီ NVC ဟာ လက်ခံကျင်းသုံးဆဲအခြေခံဥပဒေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်မနေဘူးလားဗျာ
    – သို့သော် မြန်မာနိုင်ငံထဲမှာ ယနေ့ထက်ထိ “နိုင်ငံသားကတ်ပြား” ဆိုတာ မတွေ့ရသေးဘဲ နိုင်ငံသားစစ်စစ်ပါလို့ ကြွေးကြော်နေသူတိုင်း/သတ်မှတ်ခံထားရသူတိုင်းရဲ့ ပန်းရောင်သက်သေခံကတ်ပြားကိုကြည့်ရင် “နိုင်ငံသားစိစစ်ရေးကတ်ပြား” လို့သာ ဖော်ပြထားကြောင်းတွေ့ရတယ်။ သန်း ၅၀ သော ပြည်သူများဟာ ယနေ့ထက်ထိ စိစစ်ခံရဆဲဖြစ်နေတော့ နိုင်ငံသား အမှန်တကယ်ဟုတ်မဟုတ် မသေချာသေးတဲ့သဘော ဖြစ်နေပါတယ်။ ဘယ်အချိန်ကျမှ citizenship ဆိုတာ ပီပြင်စွာ တွေ့ရတော့မှာလဲ
    – Verify ဆိုတာကလည်း အယူခံဝင်တဲ့သဘော၊ ခွင့်ပြုဖို့ လျှောက်ထားတဲ့သဘောဖြစ်နေတော့ NVC ကိုင်တာနဲ့ ကျနော်/ကျမသည် နိုင်ငံသားတစ်ဦး မဟုတ်ပါလို့ ၀န်ခံရာရောက်နေပါပြီ။ နိုင်ငံခြားသားဖြစ်တယ်လို့ သွယ်ဝိုက်သတ်မှတ်ခံရသလို ဖြစ်သွားပါတယ်။ ဒီတော့ကာ ဒီလူတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့် အစရှိသဖြင့်မှာ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးရှိမနေဘူးဆိုပြီး အခြေခံလူ့အခွင့်အရေးကို ပယ်ချသလိုဖြစ်နေပါတယ်။ သူတို့တစ်တွေရဲ့ နဂိုမူလ တရားဝင် မြေယာပိုင်ဆိုင်မှု၊ လုပ်ငန်းစီးပွား စတာတွေဟာ အလိုအလျောက် တရားမ၀င်ဖြစ်သွားနိုင်ပါတယ်။ ဦးနေ၀င်းအစိုးရတက်စဉ်က ပြုလုပ်ခဲ့တဲ့ ပြည်သူပိုင်သိမ်းစနစ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာလားလို့ လူမျိုးခြား၊ ဘာသာခြားနဲ့ လူနည်းစုဝင်တွေဖက်က အတွေးဝင်နေကြပါပြီ။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားစာရင်းဟာ ယနေ့ထက်တိုင် ၁၃၅ မျိုးလို့ သတ်မှတ်ဖော်ပြနေဆဲဖြစ်တာကြောင့် လူဦးရေနည်းပါးပြီး လူသိနည်းတဲ့ တကယ့်တိုင်းရင်းသားတချို့တောင် တိုင်းရင်းသားအဖြစ် စာရင်းအသွင်းမခံရသေးပါဘူး။ ဒီ ၁၃၅ မျိုးစာရင်းထဲမပါတာနဲ့ ဒုတိယတန်းစားနိုင်ငံသားဘ၀ ရောက်ရတော့မှာလား
    – နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို လူမျိုး၊ ဘာသာ၊ လူနည်းစု၊ လူများစုဆိုတဲ့ အမြင်နဲ့သတ်မှတ်ဖို့ ကြိုးပမ်းတာဟာ ကမ္ဘာ့တစ်ဝှန်းလုံးရဲ့ စံနှုန်းနဲ့သော်လည်းကောင်း၊ ဒီမိုကရေစီစံနှုန်းနဲ့သော်လည်းကောင်း ကိုက်ညီမှုရှိပါသလား
    – သတ်မှတ်ချက်ဘောင်ထဲ အမှန်တကယ်မ၀င်လို့ NVC ပေးလိုက်ခြင်းကို ကန့်ကွက်စရာ စိုးစဉ်းမျှ မရှိပါဘူး။ အထောက်အထားပြည့်စုံစွာ ဘောင်ဝင်နေပါလျက် လူမျိုးမတူ၊ ဘာသာကွဲတာနဲ့ NVC ကို လက်ခံစေခြင်းဟာ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖြောင့်ဖြောင့်ကြီး ရိုက်ချိုးနင်းချေဆန့်ကျင်ရာ ရောက်နေပါတယ်။ ဒါကြောင့် မူလရှိပြီးသား ဥပဒေစည်းမျဉ်းများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း ပြုပြီးမှသာ NVC ကို အတည်ပြုကျင့်သုံးနိုင်မှာဖြစ်တဲ့အတွက် အဆိုပါသတ်မှတ်ချက်တွေကို ဖျက်သိမ်းမှာလား သို့မဟုတ် အသစ်ရေးဆွဲမှာလား

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s