“အပြောင်းအလဲလိုချင်ရင် ပြောင်းလဲရဲရမယ်”

အရေးအသား အတွေးအခေါ် အားလုံးအတွက် အထူးကျေးဇူးတင်မိပါတယ်
တဆင့် ဆင့်ပြန်သူကိုရောပေါ့

Bonny Oo

“အပြောင်းအလဲလိုချင်ရင် ပြောင်းလဲရဲရမယ်”
*-*-*-*-*-*-*-*-*-*-*-*-*-*-*
မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းက မူနဲ့လူ ဝါဒနဲ့ ဝါဒီ မကွဲတာရဲ့ သားကောင် ဖြစ်နေရချိန်မှာ ကိုယ်တွေ ကိုယ်တိုင်ကရော ကွဲရဲ့လားဆိုတဲ့ မေးခွန်းကို အရင်ဖြေဖို့လိုပါမယ်။

ကိုယ်တွေ social change ကိုတောင်းဆိုနေရာမှာ ကိုယ်တွေ ကိုယ်တိုင်ကရော ဘာတွေ ပြောင်းလဲတိုးတက်ဖို့လိုလဲဆိုတာ သုံးသပ်မိကြရဲ့လား။ သုံးသပ်မိတယ်ဆိုရင်လည်း အဲ့ဒီအချက်တွေကို ပြောင်းလဲရဲဖို့ သတ္တိရှိရဲ့လား၊ အစီအစဉ်ရှိရဲ့လား။

ဒီမေးခွန်းတွေကို မဖြေနိုင်သေးရင် ကိုယ်တွေရဲ့ တစ်ဖက်ကို တောင်းဆိုချက်တွေကလည်း အရာရောက်ဖို့ မရှိ ဖြစ်မြောက်အောင်မြင်လာဖို့ မရှိလို့ပါ။

ကျွန်တော်တို့ မွတ်စလင်မ် လူ့အသိုင်းအဝိုင်းမှာ ဘာသာရေးဆရာတွေရဲ့ အဆင့်ဟာ ထုံးတမ်းစဉ်လာအရ မြင့်ပါတယ်။ သက်ဆိုင်ရာ လူ့အစုအဝေးအတွက် ဘာသာရေး လူမှုရေးပိုင်းဆိုင်ရာမှာ သြဇာရှိပါတယ်။ လူစုလူဝေးကို သူ့အမြင်ကို တိုက်ရိုက်ဟောကြားပိုင်ခွင့် သွန်သင်ပိုင်ခွင့် ရှိပါတယ်။

အဲ့တော့ အဆိုပါ ဘာသာရေးဆရာတွေဟာ
ယနေ့ မြန်မာမွတ်စလင်မ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို သာသနာ ခိုင်လုံတဲ့ သင်ကြားမှုတွေနဲ့အညီ မျှတတဲ့ အမြင်နဲ့ သွန်သင်ပေးနိုင်တဲ့ အရည်အချင်းပြည့်မှီဖို့လိုပါတယ်။

ယနေ့ မြန်မာမွတ်စလင်မ်တွေအတွက် အကြီးဆုံး စိန်ခေါ်မှု ဖြစ်နေတဲ့ နိုင်ငံသား အခွင့်အရေး၊ လူမှုပေါင်းစည်းရေး၊သဟဇတဖြစ်ရေး၊ အမုန်းစကားနဲ့ လှုပ်ရှားမှုတွေရဲ့ပစ်မှတ်လုပ်ခံနေရမှု စတာတွေကို စစ်မှန်တဲ့ အစ္စလာမ်သင်ကြားမှုနဲ့ ဖွင့်ဆိုပြနိုင်ဖို့ လမ်းညွှန်ပေးနိုင်ဖို့ လိုပါမယ်။

ဒါမျိုးတွေကို ချပြသွန်သင်ပေးနိုင်ဖို့ အရည်အချင်းမပြည့်မှီသူတွေ ပိုဆိုးတာက အဖြေမထွက်ဘဲ ပိုဆိုးရာဘက်တွေကို ဆွဲခေါ်နေတဲ့ ဘာသာရေးခေါင်းဆောင်မှုတွေကို
ရဲရဲဝံ့ ပြု ပြင်ရမယ့် အချိန်ပါ။

ဒီနေ့ သောကြာတရား နာရပါတယ်။ မူနဲ့ လူ ဝါဒနဲ့ ဝါဒီခွဲပေးကြပါဗျာလို့ victim ဖြစ်နေလို့ပါ အော်နေကြရတဲ့ ကိုယ်တွေ အသိုင်းအဝိုင်းက လူရာချီ နာကြားနေတဲ့ တရားက…. New Year နှစ်ကူးမှုနဲ့ လူအချို့ရဲ့ မကောင်းမှုလုပ်ရပ်ကို မခွဲခြားဘဲ ပြောနေတဲ့ ဟာဖြစ်နေတယ်။

အရက်မူး အိမ်ထောင်ပြင်ပ ကာမမှု ရန်ဖြစ် စတာတွေဟာ လူတွေရဲ့ လုပ်ရပ်ပါ။ အစ္စလာမ်က အဲ့ဒီ့ လုပ်ရပ်ကို လုံးဝလက်မခံပေမယ့်၊ ၂၀၁၇ နှစ်ကူးမှာ အလ္လာဟ် အရှင်ကို ကျေးဇူးတင်မယ်၊ အရှင်နှစ်သက်မယ့် နည်းလမ်းတွေနဲ့ နှစ်ကို ကြိုဆိုမယ် ဥပမာ လိုအပ်နေသူတွေကို လှူဒါန်းမယ်ဆိုရင် ဖြစ်နိုင်တာပါပဲ။ အဲ့ဒီမှာ လူအချို့ရဲ့ လုပ်ရပ်ကို အကြောင်းပြုပြီး ဒီနှစ်ကူးဟာ ဂိုင်ရ်ကောင်ရ်တွေရဲ့ ပွဲ၊ တရားတော်က တားမြစ်ထားတဲ့ လုပ်ရပ်တွေလုပ်တဲ့ နေ့ရက်လို့ လုံးသုပ်တာက တစ်ခုခုမှားနေတယ်လို့ ခံစားမိတယ်။

တစ်ခုရှိတာက အစ္စလာမ့် လပြက္ခဒိန်မှာ နှစ်ကူးရှိနေတာပဲဆိုတဲ့ အချက်။ မြန်မာနိုင်ငံ လို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တိုင်းမှာကို ဂရီဂိုးရီယာန်းပြက္ခဒိန်ကို တွဲဖက် သုံးနေတုန်းပါ။

ဒီမှာ ဆိုလိုချင်တဲ့ အချက်က မွတ်စလင်မ်တွေကို
New Year လုပ်ကြဖို့ ပြောနေတာ မဟုတ်ဘဲ နေ့ရက်နဲ့ လူဆိုးအမူအကျင့်ကို မခွဲခြားဘဲ ဝါးလုံးရမ်း သွန်သင်နေမှု ကို ပြောချင်တာပါ။

နောက်ဒီထက်ဆိုးတာက လွတ်လပ်ရေးနေ့ နဲ့ပတ်သက်တာ။ လွတ်လပ်ရေးနေ့ဟာ ဘာသာတရားနဲ့ တိုက်ရိုက်မပတ်သက်တဲ့ နိုင်ငံသားအားလုံးနဲ့ ဆိုင်တဲ့ နေ့ပါ။ အဲ့ဒီနေ့မှာ ပျော်ပွဲရွှင်ပွဲလုပ်တာဟာ လုပ်သင့်တဲ့ လုပ်ရပ်ပါ။
နိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။ အားလုံးပျော်ရွှင်ကြတယ်။ အဲ့ဒီပျော်ပွဲ ရွှင်ပွဲကို အစ္စလာမ့်နည်းမကျ အရှက်မရှိကခုန်တာ အကြောင်းပြ အရက်သောက်တာက လူတွေရဲ့ လုပ်ရပ်ပါ။ တကယ်တမ်းက နိုင်ငံသားတိုင်းနဲ့
ဆိုင်တဲ့ လွပ်လပ်ရေးနေ့ကို အစ္စလာမ့်နည်းကျ တရားနည်းလမ်းကျ ဘယ်လို ပြောရွှင်လို့ရမယ် ဘယ်လိုပါဝင်ရမယ်ဆိုတာ ဟောပြောရမှာပါ။

လူတွေရဲ့ လုပ်ရပ်ဆိုးတွေကို အကြောင်းပြုပြီး ဒီနေ့ရက်မှာ ပါဝင်ဆင်နွဲရင်ကို မကောင်းဖြစ်သွားနိုင်တယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတာမျိုးဟာ
တော်တော် စိတ်ပျက်စရာပါ။

ဒီထက် ပိုဆိုးတာက အဆိုးဆုံးက အာဇာနည်နေ့ နဲ့ပတ်သက်တာပါ။ မြန်မာမွတ်စလင်မ်တွေ ဖိနှိပ်ခံနေရလို့ အာဇာနည်နေ့ ဟာ မွတ်စလင်မ်တွေနဲ့ အရမ်းမပတ်သက်ပါဘူးဆိုတဲ့ သင်ကြားပြမှု မျိုးဟာ တော်တော်လွဲနေပါပြီ။

ဘာလို့ မဆိုင်ရမှာတုန်း နိုင်ငံအတွက် ဗိုလ်ချုပ်နဲ့အတူ အသက်ပေးလှူသွားတဲ့ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေး၊ လူမသိ မကျော်ကြား အသက်စွန့်သွားတဲ့ အညတရ မြန်မာမွတ်စလင်မ်တွေက ဘယ်သွားနေရမှာလဲ။

ဒီမြေမှာ မွေး၊ ဒီရေ ဒီလေနဲ့ ကြီးပြင်းတဲ့ နိုင်ငံသားတိုင်းအတွက် ဘယ်ဘာသာမရွေး သက်ဆိုင်တဲ့ နေ့မြတ်ပဲ။

ညစ်ပတ်တဲ့ နိုင်ငံရေးအင်အားစုနဲ့ အမျိုးသားအစွန်းရောက် အင်အားစုတွေက ဖိနှိပ်တာနဲ့ ကိုယ်တွေရဲ့ ရင်ထဲက နိုင်ငံချစ်စိတ်နဲ့
ဘာမှ မပတ်သက်။

နိုင်ငံသားဆိုတာ လဝကက ထုတ်ပေးတဲ့ ပန်းရောင်ကဒ် သူတို့ အသိအမှတ်ပြု မှ နိုင်ငံသားဖြစ်တယ်လို့ ထင်မှတ်မှားနေသရွေ့ ဘယ်တော့မှ ဒီနိုင်ငံသားအခွင့်အရေးတိုက်ပွဲ အောင်မြင်ဖို့ မရှိ။

ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ ဖြစ်နေရမှာက ဘယ်သူ အသိအမှတ်ပြု မပြု အရှင့်ကိုတိုင်တည် ငါတို့ ဒီနိုင်ငံမှာ မွေးတယ် ဒီနိုင်ငံကို ချစ်တယ် ငါတို့ဟာ ဒီနိုင်ငံသားတွေလို့ နှလုံးသွင်းနေရမယ်။ ကိုယ်တွေကိုယ်တိုင်က sense of belonging အပြည့်ရှိနေရမှာ။

အဲ့ဒီတရားမျိုးကို ကလေးတွေ အပါအဝင် လူရာချီက နားထောင်ခေါင်းငြိမ့်ပြီး ပြန်ဆွေးနွေးခွင့်လည်း မရှိပြန်သွားရတယ်။ အဲ့လို အခြေအနေမျိုးနဲ့တော့ ကျွန်တော်တို့ ခင်ဗျားတို့တောင်းဆိုနေတဲ့ civil rights, social integration နဲ့ religious harmony ရွှေပြည်တော် မျှော်တိုင်းဝေးပဲ။ ကိုယ့်ကိုယ်ကို မဆန်းစစ်ဘဲ တစ်ဖက်သတ် အော်
နေတာပဲ ဖြစ်မယ်။

အဲ့ဒီလို တွေးခေါ်နေတဲ့ သူမျိုးက ဘာသာရေးဆရာဖြစ်နေတဲ့၊
အဲ့ဒီလို တွေးခေါ်တတ်သူမျိုးကို ဘာသာရေးခေါင်းဆောင်အဖြစ် မွေးထုတ်ထားတဲ့ သင်ရိုးနဲ့ အသိုင်းအဝိုင်း၊ အဲ့ဒီလို လူမျိုးက ဟောပြောတာကို နှုတ်ဆိတ်နားထောင်ရတဲ့ လူ့အသိုင်းအဝိုင်း ကျွန်တော်တို့ ကိုယ်တွေကိုယ်ကို
ရဲရဲ သုံးသပ်ဖို့လိုအပ်နေပြီ။

ဘာသာရေးဆရာတွေ ခေါင်းဆောင်တွေ အားလုံး လူ့အသိုင်းအဝိုင်းတစ်ခုလုံး အဲ့လိုဖြစ်နေတာ မဟုတ်ပေမယ့် အဲ့လိုလူတွေ ဒုဒေးရှိနေတာကို သတ္တိရှိရှိလက်ခံဖို့လိုနေပါပြီ။

ရဲရဲဝံ့ လူမှုပြောင်းလဲရေးလုပ်ဖို့ အလျင်အမြန် လိုအပ်နေပါပြီ။စစ်မှန်ခိုင်လုံတဲ့ အစ္စလာမ့်သင်ကြားမှုတွေနဲ့ လက်ရှိ စိန်ခေါ်မှုတွေကို အလင်းပြဖို့ လိုအပ်နေပါပြီ။

(လူတစ်ယောက် လူအစုတစ်ခုကို ညွှန်းဆိုမှုမဟုတ်ဘဲ လူအဖွဲ့အစည်းတစ်ခုလုံးကို ရည်ရွယ်ဆွေးနွေးတာပါ ခင်ဗျာ)

Cd – အတွေးတူတဲ့ ညီလေး Min Thu

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s