ရခိုင်ပြည်နယ်အရေး ပူးပေါင်း ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ်နှင့် မြန်မာအထူးသံအဖွဲ့ တွေ့ဆုံဆွေးနွေးမည်

Ye K Htwe

ရခိုင်ပြည်နယ်အရေး ပူးပေါင်း ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ်နှင့် မြန်မာအထူးသံအဖွဲ့ တွေ့ဆုံဆွေးနွေးမည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံ အထူးသံအဖွဲ့သည် ရခိုင်ပြည်နယ် ကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ် ဖြစ်စဉ်များအပေါ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် မလေးရှားနိုင်ငံသို့ သွားရောက်၍ မလေးရှား ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

မြန်မာနိုင်ငံ အထူးသံအဖွဲ့သည် မလေးရှားနိုင်ငံသို့ ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းတွင် သုံးရက်ကြာ သွားရောက်မည်ဖြစ်သည်။

မြန်မာသံအဖွဲ့သည် ရခိုင်ပြည်နယ် ကိစ္စရပ်များအပေါ် မလေးရှားနိုင်ငံမှ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အတွင်းသို့ ဇန်နဝါရီလ ၁၀ ရက်တွင် ဝင်ရောက်မည့် မလေးရှားနိုင်ငံ ထောက်ပံ့ရေး ရေယာဉ်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

“နှစ်နိုင်ငံကြား ဆွေးနွေးမယ့် အကြောင်းအရာတွေက များစွာရှိတယ်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စရပ် များစွာရှိတယ်။ အဆိုပါ ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်တယ်”ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်များဖြင့် မြန်မာနိုင်ငံ အတွင်းသို့ ခွင့်ပြုချက်မဲ့ ဝင်ရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အစ္စလာမ္မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံ ကောင်စီက ဇန်နဝါရီ ၁၀ ရက်တွင် ထုက်ပြန်ထားသည်။

“ရခိုင်ပြည်နယ်ကို ထောက်ပံ့မယ်ဆိုတဲ့ ရေယာဉ်တွေ ဝင်ရောက်လာမယ်ဆိုတဲ့ ကိစ္စရပ်အပေါ်ကိုလည်း ဆွေးနွေးဖို့ ရှိတယ်”ဟု ဦးဇော်ဌေးက ဆက်လက် ပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အစိုးရက အစ္စလာမ် ဘာသာဝင်များကို သတ်ဖြတ်နေသည်ဟု စွပ်စွဲချက်များဖြင့် မလေးရုားနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးရှေ့၌ ဒီဇင်ဘာ ၄ ရက်တွင် လူထောင်နှင့်ချီ၍ ဆန္ဒပြရာတွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ကိုယ်တိုင် ဦးဆောင်ခဲ့သည်။

Advertisements

One thought on “ရခိုင်ပြည်နယ်အရေး ပူးပေါင်း ဆောင်ရွက်ရန် မလေးရှား ဝန်ကြီးချုပ်နှင့် မြန်မာအထူးသံအဖွဲ့ တွေ့ဆုံဆွေးနွေးမည်

  1. Maung Maung
    1 hr ·
    ရခိုင်ပြည်နယ်အရေးပူးပေါင်းဆောင်ရွက်ရန် မြန်မာအထူးသံအဖွဲ့ မလေးဝန်ကြီးချု ပ်နှင့်တွေ့
    ——————————–
    ဒီသတင်းလေးဖတ်ပြီး ပြောချ င်တာလေးတွေရှိတယ်

    ဟိုတနေ့က ဇော်ဌေးက ပေါက်လွှတ်ပဲစား စကားတွေပြော
    နေတုံးကထဲက ကျနော်ရေးခဲ့ပါတယ်
    သံခင်း တမန်ခင်းနဲ့လှလှပပလေးရှင်းလို့ရပါတယ်
    ပေါက်ကရတွေ လျှောက်မပြောပါနဲ့…လို့

    မလေးတွေဟာ စိတ်သဘောထားနူးညံ့ပျော့ပြောင်းကြပါ တယ်

    ကျ နော် မလေးရှားကို ရောက်လာတာ ၃နှစ်ခွဲ ရှိသွားပါပြီ
    ကျ နော်နေ့စဉ်ဘတ်စ်ကား၂ဆင့် အသွားရော အပြန်ပါ စီးပြီး
    အလုပ်သွားနေတာပါ
    မလေးလူမျိုးတွေ ကျ နော့်ရှေ့မှာ ရန်ဖြစ်တာမပြောနဲ့ ခွန်းကြီးခွန်းငယ် စကားများတာတောင် မတွေ့ဘူးပါဘူး
    စိတ်တိုင်းမကျ တာတွေ့ရင် စိတ်အနှောက်အယှက် သိပ်ဖြစ်
    လာရင် ဘုရားတလိုက်ကြတာဘဲ

    မလေးမှာနေတဲ့ ၃နှစ်ခွဲအတွင်း မလေးလူမျိုးတယောက်
    စိတ်ရောကိုယ်ပါ ဒေါသနဲ့ စကားပြောတာဆိုလို့
    ပြီးခဲ့တဲ့လက ဆန္ဒပြပွဲမှာ ဝန်ကြီးချု ပ်နာဂျ စ်ပြောသွားတာ
    ကိုဘဲ ကြားဘူးတယ် မြင်ဘူးတယ်

    အခု ရိက္ခာထောက်ပံ့ရေးသင်္ဘောအစီအစဉ်ကို ဦးဆောင်
    စီစဉ်နေတဲ့ MAPIM အဖွဲ့ ဥက္ကဌ ဆရာကြီးမစ္စတာအာဇမီး
    ဆိုရင် ကျ နော် သူ့ရုံးမှာ တနှစ်နီးပါး လုပ်အားပေးခဲ့တုံးက
    နေ့စဉ်လို မြင်တွေ့ဆက်ဆံဘူးပါတယ်
    အတူဆန္ဒပြခဲ့ကြပြီး မြန်မာသံရုံးရှေ့အထိ အတူလက်တွဲ
    ချီ တက်ခဲ့ဘူးပါတယ်

    သူဒေါသနဲ့စကားပြောတာတခါမှမတွေ့ဘူးပါဘူး
    အလွန်အင်မတန် နူးညံ့သိမ်မွေ့တဲ့ လူကြီးလူကောင်း တယောက်ဖြစ်ပါတယ်
    ဘယ်လိုကိစ္စမျိုးကိုမဆို အေးဆေးစွာ ညှိနှိုင်းဆောင်ရွက်
    တတ်သူတယောက်ပါ

    အခု မြန်မာအစိုးရက အထူးသံအဖွဲ့ စေလွှတ်လိုက်ပြီ ဆိုတော့ အားလုံးပြေပြေလည်လည်ဖြစ်သွားမှာပါ

    သူ့မှာ အင်အားရှိလို့ သူ လုပ်လို့ရလို့ ကိုယ့်နားရွက် တံတွေး
    လာဆွတ်မယ်လို့ပြောတာဘဲဗျာ

    အင်အားရှိရင်တော့ ပြန်ချ ပေါ့

    အင်အားမှမရှိရင်တော့ “အစ်ကိုကြီးရယ်…မလုပ်ပါနဲ့…တံ တွေးနဲ့တော့ မဆွတ်ပါနဲ့…ရေနဲ့ ဆွတ်ချ င် ဆွတ်ပါ…
    နားရွက်ဆိုတာ အတူတူပါဘဲဗျာ…ဒီမှာကြည့်ပါလား…
    အစ်ကိုကြီး နားရွက်…ကျ နော့် နားရွက်…”….ဘာ ညာနဲ့
    ပတ်ချွဲ နပ်ချွဲ ပြောပြီး သူ့နားရွက်တောင် မလှိမ့်တပတ်နဲ့
    ကိုင်ခဲ့ ဆွဲခဲ့လို့ ရသေးတယ်

    နပ်စမ်းပါဗျာ…မအူစမ်းပါနဲ့

    ဟော အခုလိုလာလိုက်တော့
    သင်္ဘောနဲ့လိုက်လမဲ့လူတွေ တရားဝင်သွာအောင် ဗီဇာ ထု
    ပေးပါမယ်လို့ပြောလိုက်
    (လူစါရင်းပါအတိအကျ ရသွားပြီး…နောက် ဘလက်လစ် သွင်းလို့ ရသွားမယ်)

    သွားရေးလာရေးအဆင်ပြေအောင် စီစဉ်ပေးပါ့မယ်လုပ်လိုက်
    (ဘယ်နေရာမှာ ဘာတွေပေးခဲ့တယ်ဆိုတာ စါရင်းရသွားပြီး-
    နောက်မှ လိုက်သိမ်းလို့ လုလို့ရသွားမယ်)

    ပြည်တွင်းကိုရောက်တော့ မြန်မာအစိုးရက သဘောထားကြီး
    လိုက်တာပါ-အာစီယံ စည်းလုံးမှုမပျ က်စေချ င်လို့ပါတို့-
    အကူအညီပေးခွင့်ပြု ပါမယ်ဆိုတဲ့ ဂတိ မပျ က်အောင် လိုက်
    လျောလိုက်တာပါတို့-စိုသောလက်မခြောက်အောင် ခြောက်
    သောလက်မစိုအောင် လုပ်လိုက်တာပါတို့

    လျှာအရိုးမှမရှိတာ လျှောက်အကြောင်းပြ ချွေးသိပ်လိုက်
    ကြတာပေါ့

    ရလာမယ့် ပစ္စည်းစာရင်းကြေငြာပြီး ဒါတွေကို ဒို့ဘက်လဲရမှာ
    လို့ပြောလိုက်ရင်

    ပစ္စည်းတွေ ရမှာတွေးပြီး ပြည်တွင်းက အသံတွေလဲ တိတ်
    သွားမှာပါ

    ပါးရည်နပ်ရည်ရှိကြစမ်းပါ
    ဇော်ဌေးလိုလူမျိုးနဲ့ အလုပ်မဖြစ်ပါဘူး

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s