ကမ္ဘာ့သမိုင်းဝင် လူလိမ်ကြီးများ

ကမ္ဘာ့သမိုင်းဝင် လူလိမ်ကြီးများ

AAS

Soe Thu Moe

နယ်ခြားစောင့်ခေါ် ဂျီနိုဆိုဒ် အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ရဲများက နိုဝင်င်္ဘာလ ၅ ရက်နေ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျးရွာတွင် အပြစ်မဲ့ ရိုဟင်ဂျာရွာသားများအား လူမဆန်စွာ စုပြုံထားပြီး ရိုက်နှက် နှိပ်စက်ခဲ့တယ်။

၎င်းတို့ကို ခိုးဝင်ဘင်္ဂလီများအဖြစ် နိုင်ငံတော်က ဦးဆောင်ပြီး လိမ်လည်ဝါဒဖြန့်ကြတယ်။ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ပြီး ၂၀၁၂ မှ ယနေ့အထိ ရိုဟင်ဂျာလူမျိုးတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်များကို မီးရှို့ဖျက်ဆီး လုယက်သတ်ဖြတ်နေကြတယ်။

နယ်ခြားစောင့်ခေါ် ဂျီနိုဆိုဒ် အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ ရဲများက နိုဝင်င်္ဘာလ ၅ ရက်နေ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျးရွာတွင်  အပြစ်မဲ့ ရိုဟင်ဂျာရွာသားများအား လူမဆန်စွာ စုပြုံထားပြီး ရိုက်နှက် နှိပ်စက်ခဲ့စဉ်

အပြစ်မဲ့ရိုဟင်ဂျာလူမျိုးကို မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်နေကြတယ်။ ၎င်းတို့အားလုံးကို နာဇီအကျဉ်းစခန်းများတွင် ပိတ်လှောင်ထားပြီး စီးပွားရေး အလုပ်အကိုင် ကျန်းမာရေး ပညာရေး စတဲ့ လူတို့အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်သမျှကို ပိတ်ပင်တားဆီးပြီး ငတ်ဖြတ်သေကြေကြရန် နိုင်ငံအဆင့် စီမံကိန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်နေကြတယ်။

ကမ္ဘာ့ခေါင်းဆောင်များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာတို့အား ဖိနှိပ်နေတာ ဂျီနိုဆိုဒ် လုပ်နေတာ ရပ်တန့်ရန် တောင်းဆိုတိုင်း ဆင်းရဲမွဲတေမှုကြောင့် လူမျိုးရေး ပြဿနာဖြစ်နေကြတာပါ။ လူမျိုးစုနှစ်ခုကြား ပြဿနာဖြစ်နေတာပါလို့ ကမ္ဘာသိ လိမ်လည်နေကြတယ်။ ပြီးတော့ အရှက်မရှိတဲ့လူမျိုးများပမာ နိုင်ငံတကာအကူအညီတောင်းခံပြီး ရိုဟင်ဂျာအတွက်ပေးတဲ့ အကူအညီတွေကို နိုင်ငံတော်အကြီးအကဲများ မတရား စားကြတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအားလုံးကို ခေါ်ပြီး လူသားချင်းစာနာတဲ့ အကူအညီများပေးကြပါလို့ မေတ္တာရပ်ခံခဲ့တယ်။ မလေးရှားက တောင်းဆိုတဲ့အတိုင်း အကူအညီပေးလိုတဲ့အခါ အချုပ်အခြာကို ထိပါးနေတယ်လို့ ပြောပြန်တယ်။ မတရားစားနိုင်တဲ့ အကွက်တွေ ပျောက်သွားကို စိုးရိမ်ကြတယ်။ မုဒိန်းမှု လုပ်ခဲ့တာ မရှိဘူးလို့ ဗြောင်လိမ်ပေမဲ့ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ အသံကို တကမ္ဘာလုံး ကြားခဲ့ပြီ။

ညှင်းပန်းနှိပ်စက် မလုပ်ပါဘူးလို့ လိမ်ပေမဲ့ လူတိုင်းမြင်နိုင်တဲ့ အထောက်အထားတွေ ရှိနေပြီ။ ဂျီနိုဆိုဒ် မလုပ်ပါဘူးလို့ ငြင်းနေပေမဲ့ ဂျီနိုဆိုဒ် လုပ်နေတဲ့ အထောက်အထားများ UN အထိရောက်သွားပြီ။ နိုင်ငံတကာ diplomatic ဆန်ဆန်ပြောနေတာကို လူရိုင်းနဲ့ သူခိုးဓါးပြများပမာ ကမ္ဘာ့အရိုင်းဆုံး လူသားများပမာ ဗြောင်လိမ်ကြတယ်။ ဗြောင်ငြင်းပယ်နေကြတယ်။ ဒီတော့ ကမ္ဘာ့ မှတ်တမ်းများတွင် မြန်မာ့ခေါင်းဆောင်ဆိုသူများ လူလိမ်ကြီးများအဖြစ်သာ ကမ္ဘာ့တည်သရွေ့ ကျန်ရှိနေအုံးမယ်။

 

 

Advertisements

One thought on “ကမ္ဘာ့သမိုင်းဝင် လူလိမ်ကြီးများ

  1. Nyo Thet Lwin
    10 mins ·
    ဟုတ်လို့ကျော် ၊ ပုပ်လို့ပေါ်သွားတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အရေးယူမယ်ဆိုပဲ။
    ဒါဆို . . . သေချာတယ်။ နိုင်ငံတော် လျှို့ဝှက်မှုကြီးကို ပေါက်ကြားစေတဲ့အပြစ်နဲ့ပဲ ဗီဒီယိုရိုက်သူ/ ဖြန့်သူရဲတွေတော့ အရေးယူခံရဖွယ်ရှိပြီး။နှိပ်စက်တဲ့ ရဲတွေတော့ ရားထူးတက်ကြဖွယ်ရှိတယ်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s