State Counsellor Information Committee page မှာ ဓါတ်ပုံအတု၊ ဗီဒီယိုအတုတွေကို နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့အစိုးရတွေဆီပို့ပြီး မြန်မာအစိုးရကို နားလည်မှုလွဲအောင်လုပ်နေတယ်လို့ မြန်မာလို ရေးသားပြီး ၀ါဒဖြန့်တာလောက်က ပြဿနာ မရှိသေးဘူး

Ro Nay San Lwin

State Counsellor Information Committee page မှာ ဓါတ်ပုံအတု၊ ဗီဒီယိုအတုတွေကို နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့အစိုးရတွေဆီပို့ပြီး မြန်မာအစိုးရကို နားလည်မှုလွဲအောင်လုပ်နေတယ်လို့ မြန်မာလို ရေးသားပြီး ၀ါဒဖြန့်တာလောက်က ပြဿနာ မရှိသေးဘူး။ နိုင်ငံတွင်းမှာ racist တွေ အလွန်ပေါတဲ့အတွက် ထောက်ခံအားပေးမယ့်သူတွေ အများကြီးရှိနေမယ်။

အဲဒီသတင်းကို အင်္ဂလိပ်လို ဘာသာပြန်တင်တာကတော့ ကိုယ့်အရှက်ကိုယ်ခွဲလိုက်တာနဲ့အတူတူပါပဲ။ နိုင်ငံတကာကလူတွေက stupid တွေမဟုတ်ကြဘူး။ ဓါတ်ပုံတစ်ပုံရတာနဲ့ google image မှာထည့်လိုက်ရင် အဲဒီဓါတ်ပုံက ဘယ်ကလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ဗီဒီယိုတွေကိုလည်း အလွယ်တကူ verify လုပ်လို့ရတဲ့ နည်းတွေ အများကြီး .. အရမ်းခက်ခဲနေပြီ ဆိုရင်တောင် satellite ကနေ အကုန် verify လုပ်လို့ရတယ်။

အဲဒီတော့ နိုင်ငံတကာကလူတွေကို ဘယ်လိုနည်းနဲ့မှ ညှပ်ချလို့မရဘူး။

အခု ရဲတပ်သား ဇော်မျိုးထိုက် ရိုက်ထားတဲ့ ဗီဒီယိုက ပါးပါးလေးသာ ရှိသေးတယ်။ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တဲ့ အဆင့် ဗီဒီယိုလေးပါ။

တကယ်တမ်းမှာ လောင်ချာနဲ့ ပစ်သတ်တာတွေ၊ စက်သေနတ်နဲ့ ပစ်သတ်တာတွေ၊ လည်လှီးပြီး သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တာတွေ၊ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာတွေ .. စတဲ့ အလွန်ရက်စက်ကြမ်းကြုတ်တာတွေ အများကြီး ရှိပါတယ်။

မီးရှို့သတ်ဖြတ်ထားတဲ့ ဗီဒီယိုတွေ ကျွန်တော်တင်ထားလည်း ရှိပါတယ်။

ဇော်မျိုးထိုက်ရဲ့ ဗီဒီယိုက ရာဇ၀တ်မှု ပြေးလွတ်ရိုး ထုံးစံမရှိတဲ့ ဆိုရိုးစကားကို သတိရအောင် သတိပေးလိုက်သလိုပါပဲ။ နောက်ထပ် ဗီဒီယိုတွေလည်း ထွက်လာချင် ထွက်လာမယ်။ ဒါကတော့ ထုတ်ပေးတဲ့လူအပေါ် မူတည်တယ်။

မုဒိမ်းကျင့်နေတဲ့ အချိန် ရိုက်ထားတဲ့ ဗီဒီယိုတစ်ခု ထွက်လာမယ်လို့ သတင်းတွေ အတော်လေး ကြားနေရတယ်။ ထွက်လာရင်တော့ ကျွန်တော့်ရဲ့ Whatsapp ပေါ်မှာ ရှိနေတဲ့ နိုင်ငံတကာ မီဒီယာများရဲ့ ဗီဒီယိုပရိုဂျူဆာအားလုံးဆီကို click တစ်ချက်တည်းနှိပ်ပြီး ပို့ပေးဦးမှာပါ။

မြန်မာအစိုးရအနေနဲ့ မဆိုင်တဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေတင်ထားတဲ့ screenshot တွေပြပြီး ကိုယ့်အရှက်ကိုယ်ခွဲမယ့် အစား .. ရာဇ၀တ်မှုကျူးလွန်ထားသမျှကို ၀န်ခံပြီး၊ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံယူလိုက်ပါ။

ခင်ဗျားတို့ လိမ်နေတာကို လိမ်နေတယ်လို့သာ ပြောကြမှာ .. ခင်ဗျားတို့က ခေတ်အဆက်ဆက် လိမ်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိခဲ့တယ်လေ။ ခင်ဗျားတို့ကို ယုံတဲ့ နိုင်ငံတကာ အဖွဲ့အစည်း၊ မီဒီယာ၊ အစိုးရ ဆိုတာ မရှိပါဘူး။

Ro Nay San Lwin

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s