အိုင်အက်စ်တစ္ဆေဝေလေလေ

စတီဗင်

အိုင်အက်စ်တစ္ဆေဝေလေလေ

စာရေးဆရာမင်းဒင်တစ်ယောက် ဘန်ကောက်ကနေ မြန်မာပြည်အရေးစိုးရိမ်နေတယ်။ နောက်ပြီး နိုင်ဝင်းတစ်ယောက် လန်ဒန်ကနေ မြန်မာပြည်အရေးစိုးရိမ်နေတယ်။ စိုးရိမ်တယ်ဆိုတာထက် သွေးထိုးလှုံဆော်နေတယ်ဆိုရင်ပိုမှန်လိမ့်မယ်။ နိုင်ဝင်းကတော့ အရင်ကတည်းက စိတ်ဝေဒနာလေးရှိတယ်လို့ သတ်မှတ်ထားလို့ ဘာမှမပြောတော့ဘူး။ စာရေးဆရာမင်းဒင်ကို နည်းနည်းဝေဖန်ချင်တယ်။

မလေးရဲက အိုင်အက်စ်တွေမြန်မာပြည်ကို ထိုးဖောက်ဝင်ရောက်လာလိမ့်မယ်ဆိုပြီး သတိပေးလိုက်တာကို ကရင်ပြည်နယ်တစ်ဖက်ကမ်း ကမ်းနီရွာက မွတ်စလင်ကလေး ၁၀ ယောက် ဆင်တူအင်္ကျီဝတ်တာနဲ့ လှမ်းပြီးချိတ်ဆက်တယ်။ မန္တလေးအပါအ၀င် နယ်မြို့တွေမှာ ဒါမျိုးကိစ္စတွေအများကြီးရှိပါတယ်။ အင်္ကျီဆင်တူဝတ်တာတို့၊ ဆိုင်ကယ်အိတ်ဇောဖြုတ်မောင်းတာတို့အများကြီးပါ။ သူတို့ ယာဉ်စည်းကမ်းချိုးဖောက်ရင်ယာဉ်စည်းကမ်းနဲ့အရေးယူရမှာပါ။ မဆီမဆိုင် အိုင်အက်စ်နဲ့ ချိတ်ဆက်ပြီး သွေးထိုးလှုံဆော်တာကတော့ အတော်လွန်ပါတယ်။

အဲဒီ ၁၀ယောက်နဲ့ပတ်သက်ပြီး သတင်းမှန်လည်းထွက်ပြီးပြီ။ ၀ီရသူလှုံဆော်တာကို မင်းဒင်တို့က ဆွဲယူပြီး လှုံဆော်တာပါ။

ခေါ်စစ်ခံရတဲ့ ၁၀ ယောက်ထဲက မောင်စိုးဇေယျာဆိုသူပြောတာက ကျောင်းပိတ်ရက်အလည်သွားတော့ ဆင်တူဝတ်ဖို့ ဆိုင်ကယ်စတေကာမှာ စားလုံးရွေးတော့ New Dangerous ဆိုတဲ့စာလုံး ၁၂လုံးကို ရွေးလိုက်ကြောင်း၊ အင်္ကျီနောက်ကျောမှာ တစ်ယောက်တစ်လုံးကွက်တိဖြစ်ကြောင်း၊ ဘာအိုင်အက်စ်နဲ့မှမဆိုင်ကြောင်း၊ အိုင်အက်စ်အလံလည်းမဟုတ်ကြောင်းပါတဲ့။

သူတို့ကို အုပ်ချုပ်ရေးမှူးရုံးက ခေါ်စစ်ပြီး အင်္ကျီရဲ့ရည်ရွယ်ကိုမေးတော့ အထက်ပါအတိုင်းရှင်းပြလို့ ကျေနပ်ပြီး ပြန်တောင်လွှတ်ပြီးပြီ။ အဲဒါကိုမှ ထိုးချတာပါ။ မဆိုင်တာတွေနဲ့ ဆက်စပ်ပြီး လုပ်ကြံတာ။ စိတ်ဓာတ်တွေက အ၀ီစိထက်တောင် ချောက်နက်နေကြပါလား။

နောက်ပြီး သူ့ပိုစ်ထဲမှာ မဆီမဆိုင် မွတ်စလင်တွေကိုခြိမ်းခြောက်သွားတယ်။ အိုင်အက်စ်က တစ်ခုခုလုပ်ရင် နီးရာမွတ်စလင်တွေ အသားလွတ်ဆော်ခံထိလိမ့်မယ်ဆိုတဲ့ အောက်တန်းကျတဲ့ အတွေးအခေါ်မျိုးကို ထင်သာမြင်သာအောင် ဖော်ပြပေးသွားတယ်။ ဒါလည်းမထူးဆန်းပါဘူး။ ဘောလုံးပွဲတွေမှာဆိုလည်း ပြည်တွင်းဖြစ်ဖြစ်နိုင်ငံတကာပွဲဖြစ်ဖြစ် “နိုင်ရင်နိုင် မနိုင်ရင်ကိုင်” ဆိုတဲ့ စိတ်ဓာတ်လေးတွေ သိပြီးသားဆိုတော့ သိပ်လည်းထူးဆန်းမနေဘူး။

မြန်မာမွတ်စလင်တွေအပါအ၀င် ဘာသာရေးအဖွဲ့အစည်းအားလုံး၊ မွတ်စလင်အရပ်ဖက်အဖွဲ့အစည်းအားလုံးဟာ အကြမ်းဖက်မှုဆိုတဲ့ ရုတ်ရုတ်ရုတ်ရုတ်အသံကြားတာနဲ့ ရက်တောင်မကူးဘူး၊ စာထုတ်ပြီး ရှုတ်ချပြီးနေပြီ။ အဲဒါကိုမှ မွတ်စလင်တွေကို မဆီမဆိုင်ကြိမ်းဝါးနေတာ မရှက်ဘူးလား။ ဘာတဲ့ သူတော်ကောင်းလေသံက ဟစ်လိုက်သေးတယ်။ “ပြည်တွင်းမှာ အေးချမ်းစွာလုပ်ကိုင်စားသောက်နေတဲ့
ဘာသာခြားများရဲ့အသက်အိုးအိမ်စည်းစိမ်တွေအတွက် ပိုပြီးရင်လေးမိပါတယ်”တဲ့။ ဘယ်မလဲ တရားဥပဒေ။

ဒီမှာ … အိုင်အက်စ်ကြောင့် သွေးမြေကျရင် မြန်မာတွေက မဲမဲမြင်ရာတုံ့ပြန်ကြမတဲ့လား။ ရယ်တောင်ရယ်လိုက်ချင်သေး။ အိုင်အက်စ်ဘယ်ဆီနေမှန်းမသိတဲ့အချိန်မှာတောင် အဲဒီအောက်တန်းစားတွေက ဘာသာရေးအစွန်းရောက်စစ်သွေးတွေကြွပြီး မြို့ပေါင်းမြောက်မြားစွာက ဗလီပေါင်းမြောက်မြားစွာ မွတ်စလင်အိမ်နဲ့ဆိုင်ပေါင်းမြောက်မြားစွာ၊ ကျောင်းပေါင်းမြောက်မြားစွာ၊ အသက်ပေါင်းမြောက်မြားစွာကို ဖျက်ဆီးသတ်ဖြတ်ခဲ့ပြီးပြီ။

အခုမှ အိုင်အက်စ်ဆိုတဲ့ ရမယ်တစ်ခုရပြီး ၀ူးဝါးတွေမလုပ်စမ်းပါနဲ့။ ဘာကို အာရုံလွှဲချင်မှန်းတော့မသိဘူး။ ပိုစ်ကို like လုပ်သူက 5k ကျော်နေပြီ။ အံ့အားသင့်မိပါရဲ့။ ခများတို့တော်တော်များများမှာ အဲဒီလို ယုတ်ညံ့တဲ့စိတ်တွေကိန်းအောင်းနေတာကိုမြင်ပြီး တော်တော်ရွံတယ်။

(စတီဗင်)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s