Yes, once their godfathers: Than Shwe, Min Aung Hlaing, Thein Sein, top Military Generals and SPDC ex-generals are announced as wanted criminals @ ICC these Ma Ba Thas would disappear from earth.
ကာချုပ်တို့ဘက်က
မြှောက်မပေးရင် တနည်းအားဖြင့် မီးစိမ်းမပြရင်၊
မျက်ကန်းမျိုးချစ်တွေအနေနဲ့ တိုင်းပြည်မှာ၊ လူထုကြားမှာ၊ အရပ်ထဲ ရွာထဲမှာ၊ လုံးဝ၊ လုံးဝ၊
မရမ်းရဲပါဘူးခင်ဗျား။
မြန်မာပြည်မှာ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမှန်တကယ်ဖြစ်လာမှာကို သေမလောက်ကြောက်နေကြတာ၊ပြည်ထောင်စုကို မောင်ပိုင်စီးခွင့် ဆုံးရှုံးခံရမှာကို သေမလောက်ကြောက်နေကြတာ၊နိုင်ငံသားအချင်းချင်း လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အပြန်အလှန်နားလည်ကြရင်း ချစ်ခင်စည်းလုံးညီညွတ်သွားကြမှာကို သေမလောက်ကြောက်နေကြတာ၊ လက်ရှိကာချုပ်အပါအဝင် လက်သစ် လက်ဟောင်း ဗမာစစ်ခေါင်းဆောင်အများစုကြီးသာဖြစ်ပါတယ်ခင်ဗျား။
ဒါ့ကြောင့် ကျနော်ကတော့ ခိုင်ခိုင်မာမာ ယုံကြည်တယ်။
ကာချုပ်တို့ဘက်က
မြှောက်မပေးရင် တနည်းအားဖြင့် မီးစိမ်းမပြရင်၊
မျက်ကန်းမျိုးချစ်တွေအနေနဲ့ တိုင်းပြည်မှာ၊ လူထုကြားမှာ၊ အရပ်ထဲ ရွာထဲမှာ၊ လုံးဝ၊ လုံးဝ၊
မရမ်းရဲပါဘူးဆိုတာ တိတိကျကျကို ယုံကြည်တယ်ဗျာ။