ကုရ်အာန်သည် မငြိမ်းချမ်းသည့်တရားဖြစ်ကြောင်းနှင့် မွတ်စလင်မ်များသည် မုဒိန်းကောင်များဟု မဘသ လိုလားသူ Khwe Thar ဦးသုစိတ္တပုတ်ခတ်

Myanmar Muslim Media

ကုရ်အာန်သည် မငြိမ်းချမ်းသည့်တရားဖြစ်ကြောင်းနှင့် မွတ်စလင်မ်များသည် မုဒိန်းကောင်များဟု မဘသ လိုလားသူ ဆရာတော် ဦးသုစိတ္တပုတ်ခတ်

ဟိန်းအောင်
Myanmar Muslim Media
ဇန်န၀ါရီ ၇၊ ၂၀၁၇

အစ္စလာမ်ဘာသာဝင်များယုံကြည်မြတ်နိုးသည့်ကျမ်းမြတ်ကုရ်အာန်တွင်မငြိမ်းချမ်းသည့်တရား များအတိအလင်းပြဌာန်းထားပြီးအစ္စလာမ်ဘာသာဝင်များသည်မုဒိန်းကောင်များဖြစ်သည်ဟု မဘသ လိုလားသှူဆရာတော် ဦးသုစိတ္တက ပုတ်ခတ်မိန့်ကြားလိုက်သည်။

Image may contain: 3 people

“မငြိမ်းချမ်းတဲ့တရားတွေ အစ္စလာမ်မှာ ကုရ်အာန်မှာအတိအလင်းပြဌာန်းထားတာ ရှိနေတယ်”
ဟု မျိုးချစ်ရဟန်းတော်များသမဂ္ဂ ဦးဆောင်ဆရာတော် ဦးသုစိတ္တက မိန့်ကြားခြင်းဖြစ်သည်။

ဘာပေါင်းစုံဓမ္မသဘင်ကို ကန့်ကွက်ခဲ့သည့် အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ ကို်ယ်စား ကန့်ကွက်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည့် ဦးသုစိတ္တက အစ္စလာမ်ဘာသာဝင်များ၏ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲကိုလက်ခံသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည်လည်း “လူမိုက်ကိုမပေါင်းသင်းရ”ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမကိုပယ်ရှားသူများဖြစ်သည်ဟုလည်း ဝေဖန်ခဲ့သည်။

“ချစ်ကြည်ရေးပါလို့ပြောတဲ့ အစ္စလာမ်တွေကပဲ ရန်ကုန်တိုင်းအတွင်းမှာပဲကြည့်ပါ တခြားကိုကြည့်စရာမလိုဘူး နှစ်နှစ်သမီး၊ ၂တန်းကျောင်းသူ ၈ နှစ်သမီး ကအစအဓမ္မကျင့်နေတာ”ဟု ဆရာတော်ဦးသုစိတ္တက အစ္စလာမ်ဘာသာဝင်များကျုးလွန်ခြင်းမရှိသည့် မုဒိန်းမှုများကို ရည်ညွန်းကာ မွတ်စလင်မ်များပြုကျင့်သည်ဟုလည်းစွပ်စွဲပြောကြားခဲ့သေးသည်။

အတန်းပညာ သင်ကြားဖူးခြင်းမရှိသည့် ဦးသုစိတ္တ သည် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းကလည်း ရွှေတိဂုံဘုရားအနီး ဈေးရောင်းသည့် အစ္စလာမ်ဘာသာဝင် ဈေးသည်တစ်ဦးကို ဘင်္ဂလားကျောင်းတိုက်အတွင်းဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ခြင်း၊ကာလတန်ဖိုး ၄သိန်းကျော်တန်ဖိုးရှိ ရောင်းကုန်ပစ္စည်းများကို သိမ်းဆည်းခြင်းစသည့် ပြစ်မှုများကိုကျူးလွန်ခဲ့သော်လည်း တရားဥပဒေအရ အရေးယူခြင်းမခံခဲ့ရသူဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s