-ငြိမ်းချမ်းရေး အတွက် ဖန်ခွက်တွေ ထိခက်လိုက်ချိန် ချိုးဖြူ ငှက်လေး ထ ပျံသွားတယ်။ ကျောင်းတွေ ပိတ်လိုက်တယ်။ -ကောသလမင်း ဆက်မအိပ်တာကို ကျေးဇူးတင်တယ် အိမ်မက် ၁၆ ခုနဲ့တင် လုံလောက်နေပြီ

Ko Htoon Tdo

– စစ်ဒဏ်ခံရတဲ့ ကလေးလေး က မေးတယ်။
စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မှာလား

– ငွေကြေးပြည့်စုံတဲ့ ကလေးလေး က မေးတယ်။
ဘယ်တော့ ကျောင်းပိတ်မှာလဲ မေမေ

– ရိုးရာ ယုံကြည်တဲ့ အမေက ပြောတယ်။
ကျမ ကလေး ပယောဂ ဝင်ပူးနေတာတဲ့

– ဘုန်းတော်ကြီး က ခေါင်းငြိမ့်တယ်
နဂါးတွေ အလုအယက် ပူးကြတယ်။

– ကလေး လုပ်သားပပျောက်စေဖို့ လက်ဖက်ရည်ဆိုင်မှာဆွေးနွေးတယ်
စားပွဲထိုးကလေး က ပုံမှန်ဝမ်း ကျဆိမ့်တူး လို့ အော်တယ်

– အသွင်ယူပျော်ပါးခံရတဲ့ ပြည့်တန်ဆာ မလေး ငိုတယ်
စပွန်ဆာ ယူထားတဲ့ နာမည်ကြီး ကောင်မလေးက ပြုံးတယ်။

– သာမန်အိမ်ထောင်ကွဲ တစ်ယောက်ကိုအထင်သေးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တယ်
နာမည်ကြီး အနုပညာရှင် အိမ်ထောင်ကွဲတော့ သနားတယ်။

– အိမ်ဖော်တွေ နှိပ်စက်ခံရတော့ ဝမ်းနည်းတယ်ဆိုပြီး
အိမ်က အိမ်အကူကို ခေါင်းခေါက်ရင်း ရှင်းပြလိုက်တယ်။

– ဘုရားပေါ်မှာ အရှက်မဲ့တဲ့ စုံတွဲကို မရှက်ဘူးလားမေးတယ်။
ငါတို့ဆို Hotel မှာပဲ တွေ့တယ်လို့ ဖြေတယ်။

– ဒဏ္ဍာရီ ထဲမှာ ချစ်သူတွေ သတ်သေကြတယ်
နည်းပညာခေတ်မှာလဲ လက်ဦးသူ သတ်ကြတယ်။

– ငွေကြေးက ဒုတိယ ဘုရားသခင်ဖြစ်လာတဲ့အခါ
မိန်းမ နဲ့ ယောက်ျားတစ်ချို့ကို ဝယ်လို့ရသွားတယ်

– လောဘတွေ တင်ဆောင်လာတဲ့ အခါ
အနာဂါတ် ဆရာမတွေကို ဆွဲမြှုပ်ပစ်လိုက်တယ်

-ငြိမ်းချမ်းရေး အတွက် ဖန်ခွက်တွေ ထိခက်လိုက်ချိန်
ချိုးဖြူ ငှက်လေး ထ ပျံသွားတယ်။
ကျောင်းတွေ ပိတ်လိုက်တယ်။

-ကောသလမင်း ဆက်မအိပ်တာကို ကျေးဇူးတင်တယ်
အိမ်မက် ၁၆ ခုနဲ့တင် လုံလောက်နေပြီ။

– တစ်နှစ်တစ်ခါ နွားတွေ သနားစရာကောင်းတယ်
ကြက်တွေ ငါးတွေက တစ်နှစ်လုံး စားစရာဖြစ်သည်။

– တလွဲ ဆံပင်ကောင်းနေသူများ
ကျွန်တော်နဲ့ အနီးတဝိုက်တွင် နေထိုင်ကြသည် ။ ။ ။

#Oo_Nyo .
Credit to Thaw Zin Aung

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s