အစ္စလာမ်ဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ အခွင့်အရေးရရင် ရသလို စော်ကားမော်ကား လုပ်နေကြတဲ့ ၉၆၉/မဘသတွေ-စစ်ခွေးတွေ-ဗမာမီဒီယာ တွေ ရှိပါသေးတယ်-မှန်ကန် တရားမျှတတဲ့ စီရင်ဆုံးဖြတ်မှုမရနိုင်တော့ဘူးလို့ နစ်နာသူတွေဖက်က/အစော်ကားခံရတဲ့သူတွေဘက်က ယုံကြည်သွားပြီဆိုရင်

Maung Maung

မှန်ကန် တရားမျှတတဲ့ စီရင်ဆုံးဖြတ်မှုမရနိုင်တော့ဘူးလို့ နစ်နာသူတွေဖက်က/အစော်ကားခံရတဲ့သူတွေဘက်က ယုံကြည်သွားပြီဆိုရင် ဒီကနေ့ ပြင်သစ်မှာဖြစ်တဲ့ အဖြစ် အပျက်မျိုးဟာ မလွဲမသွေ ဖြစ်လာမှာပါ-

ဒီအဖြစ်အပျက်မှာ အပြစ်မဲ့သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ ရမှုတိုင်းအတွက် ၀မ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်-

ဒီကနေ့ ကမ္ဘာ့မီဒီယာလောကမှာ ဟစ်တလာကိုချီးမွမ်း ထောပနာပြုပြီး ဂျူးတွေကို ရှုံ့ချထားတဲ့ စာ တပုဒ်လောက် ရေးရဲကြပါသလား-

ကမ္ဘာကျော် အားကစားသမားတွေ နာဇီတွေရဲ့စင်္ကြာတံဆိပ်ပါတဲ့ တီရှပ် ၀တ်ရဲပါသလား- ၀တ်လို့ရပါသလား-

အင်္ဂလန်က မင်းသားတပါး Nigh club တက်တဲ့အချိန် နာဇီတံဆိပ်တီရှပ်ဝတ်လိုက်မိလို့ ပြသနာတက်ခဲ့တာကို မှတ်မိကြပါသလား-

ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်လူဦးရေဟာ အများကြီးရှိ နေတာ အားလုံး အသိပါ-

အစ္စလာမ်ဘာသာဝင်တိုင်းက တမန်တော်မြတ်(ဆွ)ကို ချစ်မြတ်နိုးကြတဲ့သူတွေချည်းပါဘဲ-

ဒီလို လူသား သန်းပေါင်းများစွာက ချစ်မြတ်နိုးတဲ့ တမန်တော်မြတ်(ဆွ)ကို စော်ကားမော်ကားပြုခြင်းဟာ အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာကို စော်ကား မော်ကားပြုခြင်း မခန့်လေးစားပြုခြင်းဘဲဖြစ်ပါတယ်-

အလုပ်တခုကိုလုပ်ရင် ဘာအကျိုးဆက်တွေဖြစ်လာနိုင် တယ်ဆိုတာ ပထမဆုံး စဉ်းစားဆင်ခြင်သင့်ပါတယ်-

ဒါကြောင့် သွေးထွက်သံယိုမှု အကြမ်းဖက်ခံရမှုတွေ အတွက် စိတ်မကောင်းဖြစ်ရပေမဲ့ တဖက်သပ် အပြစ်တင် မှုကိုတော့ လက်မခံနိုင်ပါဘူး-

ကျွန်တော်တို့ တမန်တော်မြတ်(ဆွ)ကို စော်ကားမှုပြုသူတွေဟာ ပြသနာကိုစတင်မီးမွှေးသူတွေအဖြစ် အဓိက တာဝန်ရှိပါတယ်-

နောက်- ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ အခွင့်အရေးရရင် ရသလို စော်ကားမော်ကား လုပ်နေကြတဲ့ ၉၆၉/မဘသတွေ-စစ်ခွေးတွေ-ဗမာမီဒီယာ တွေ ရှိပါသေးတယ်-

အချိန်မနှောင်းမှီမှာ အသင်တို့လုပ်ရပ်တွေ ရပ်တန်းက ရပ်ကြဖို့- တာဝန်ရှိသူတွေက အရေးယူတားဆီးမှုတွေလုပ်ကြဖို့ လိုအပ်ပါတယ်-

မှန်ကန်တရားမျှတတဲ့ စီရင်ဆုံးဖြတ်မှုမရနိုင်ဘူးလို့
အစ္စလာမ်ဘာသာဝင်တွေဘက်က/နစ်နာသူတွေဘက်က/အစော်ကားခံရသူတွေဘက်က- ယုံကြည်သွားပြီဆိုရင်…

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s