နိုင်ငံသားအခွင့်အရေးပေးဖို့ တောင်းဆိုတာ ပြည်တွင်းက မွတ်စလင်တွေကို အနေကြပ်စေတယ်လို့ ပြောတဲ့ ငမြွေဒိုးတွေကို တော်တော်ချဉ်နေပြီ

Moe

cd Nyein Chan Aung

ခင်ဗျားတို့ ပြည်ပကနေ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ဗမာပြည်မှာ နှစ်ပေါင်း သိန်းသန်းကုဋေချည်ပြီး နေတဲ့ သူတွေကို နိုင်ငံသားအခွင့်အရေးပေးဖို့ တောင်းဆိုတာ ပြည်တွင်းက မွတ်စလင်တွေကို အနေကြပ်စေတယ်လို့ ပြောတဲ့ ငမြွေဒိုးတွေကို တော်တော်ချဉ်နေပြီ။

ကျနော်တို့ ပြောလို့ ပြည်တွင်းက မွတ်စလင်တွေ ဒုက္ခရောက်တာမဟုတ်ဘူး။

အစိုးရအဆက်ဆက်က အစ္စလာမ်ဘာသာဝင်တွေကို နှိမ်နေလို့ ခင်ဗျားတို့ ဒုက္ခရောက်တာ၊ ခင်ဗျားတို့ မွတ်စလင်တွေထဲက သစ္စာဖောက်လို့ ခင်ဗျားတို့ ဒုက္ခရောက်နေတာ။ နောက်ဆုံး ကုန်ကုန် ပြောရင် ISIS လို နာမည်ခံ ဘာသာဝင်တွေကြောင့် ဒုက္ခရောက်နေတာ။

ကျနော်တို့ ပြောနေတာက ခင်ဗျားတို့ ဗမာပြည်မှာနေ၊ ဗမာပြည်မွေး၊ ဗမာပြည်မှာ ကြီးရင် ဗမာနိုင်ငံသားတွေ တန်းတူ အခွင့်အရေး ရ ရမယ် ပြောနေတာ။

နားမလည်တာကို နားလည်အောင် ပြောနေတာ၊ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိတဲ့ နေရာမှ ကြီးပြင်းရလို့၊ ဗမာဖြစ်ပြီး တခြားနိုင်ငံမှာလည်း တခြားနိုင်ငံသားတွေနည်းတူ အခွင့်အရေးတွေ အပြည့်အ၀ရလို့ ကိုယ်ချင်းစာတရားနဲ့ ဗမာအစိုးရအဆက်ဆက် မတရားတာတွေ လုပ်နေတာကို ပြောနေတာ။

ကိုယ်ချင်းစာတရား ရှိတဲ့သူတွေကို ပြဿနာမရှာနဲ့ ငါတို့ ဗမာမွတ်စလင်တွေ ပဲ ငါတို့ အခွင့်အရေးကို တိုက်ယူမယ်ဆိုပြီး လာမလုပ်နဲ့။

ခင်ဗျားတို့ နေတဲ့ နိုင်ငံမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေတာ။ ကိုယ်ချင်းစာတရား အပြန်အလှန်ရှိဖို့၊ ချစ်ချစ်ခင်ခင် နေဖို့နဲ့

အမှန်တရား နဲ့ အခွင့်အရေးတန်းတူ ရဖို့ အတွက်က လူတိုင်းပါမှ ရမှာ။

သတ္တိရှိရင် ငါ ဗမာနိုင်ငံသား မွတ်စလင်တွေ၊ ငါတို့ မွတ်စလင်အခွင့်အရေး ငါတို့ပဲ တိုက်ယူမယ် အာမခံ လိုက်။ တခွန်းမှ အမုန်းခံပြီး ၀င်မပြောဘူး။

အခုက ဗမာနိုင်ငံသာ အစ္စလာမ်ဘာသာဝင်တွေ ပြည်သူတွေ အကုန် အနှိမ်ခံနေရတာကို မေ့ထားပြီး

အမေနဲ့ ခင်တယ်၊ အဘ နဲ့ ခင်တယ်ဆိုပြီး မွတ်စလင်နာမည်ခံထားတဲ့ လူလိမ်တွေကြောင့် ပြောစရာတွေ ပိုပို ဖြစ်နေတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s