ဂျေရုဆလင် မြို့သား ယုဒ ဟာ ခရစ်တော်ကို ရောမတွေဆီမှာ ငွေနဲ့အလဲအလှယ် လုပ်ခဲ့ပါတယ်

Aung Myin Htoo

ဂျေရုဆလင် မြို့သား ယုဒ ဟာ ခရစ်တော်ကို
ရောမတွေဆီမှာ ငွေနဲ့အလဲအလှယ် လုပ်ခဲ့ပါတယ် ။
ယုဒ ချစ်တဲ့! ယုံကြည်တဲ့! သန့်စင်တဲ့ ခရစ်တော် !

ခရစ်တော်ကို ဖမ်းဆီးဖို့လာတဲ့ ရောမစစ်သားတွေကို
ခရစ်တော်ဟာ ဘယ်သူဘယ်ဝါမှန်း သိဖို့
နည်းလမ်းလည်း ရှာပေးခဲ့ပါတယ် !

ဒါဗင်ချီ ရေးဆွဲခဲ့တဲ့ ” ခရစ်တော်ရဲ့ နောက်ဆုံးညစာ ”
ပန်းချီကားကို အပိုင်းဆက် ပေးရမယ် ဆိုရင်တော့
ယုဒ ဟာ ရောမစစ်သားတွေရောက်ရှိလာချိန်မှာ
ခရစ်တော်ကို နမ်းလိုက်ပါတယ် .

ကြိုတင်စီစဉ်ထားပြီး ဖြစ်လို့ ယုဒ နမ်းလိုက်တဲ့ သူကို
ခရစ်တော်မှန်း သိရှိပြီး ရောမစစ်သားတွေက
ဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ် !

ထိုအနမ်းကို နောင်မှာ ကဗျာဆရာတွေက
” ပဉ္စမံ အနမ်း ” လို့ အမည်ပေးခဲ့ပါတယ် ။
မာယာတွေနဲ့ ပြည့်နေတဲ့ သေတွင်းကို ရောက်စေတဲ့
ကောက်ကျစ်တဲ့ အနမ်း !

လက်ရှိ လူမှုဘဝတွေမှာလည်း
လူသားတွေအတွက် မက်မောစေပြီး
ဆိုးရွာခြင်းကို ပို့ဆောင်နေတဲ့ ” ပဉ္စမံ အနမ်း ” .
ကျွန်တော် တို့သိပ်ကြောက်ပေမယ့်
မက်မောနေမိတဲ့ ” အနမ်း ” .

ခရစ်တော် အဖမ်းခံရပြီး ချိန်မှာ
ယုဒဟာ သူ့လုပ်ရပ်အတွက် နောင်တတွေနဲ့
ပြည့်နှက်လာပါတော့တယ် !

သူဟာ ခရစ်တော်ကို ယုံကြည်တယ် !
ချစ်တယ် ! ။သို့ပေမယ့် ချစ်ရတဲ့ ခရစ်တော်ကို
ငွေကြေးနဲ့ ရောင်းစားခဲ့မိပြီ !
ရောမတွေပေးလိုက်တဲ့ ငွေ၁၃ကျပ်ကို ကိုင်ပြီး
ယုဒ ဟာ ဂျေရုဆလင် မြို့ပေါ်မှာ
ခြေဦးတည့်ရာသွားနေမိပါတော့တယ် .

ဒီငွေတွေဟာ မက်မောစရာ မရှိတော့ပါဘူး ! .
ခရစ်တော် ကို နှလုံးသားထဲက စူးနစ်စွာ
ချစ်ခင်ယုံကြည်မိပေမယ့်
သူ့ရဲ့ နှလုံးသားကို သူကိုယ်တိုင် ရောင်းစားမိပါပြီ !.

နောက်ဆုံးမှာတော့ နောင်တရဲ့ နာကျင်မှုဒဏ်ကို မခံနိုင်တော့ပဲ
” စိန်ပန်းပြာ ” ပင်မှာ မိမိကိုယ်ကို
ကြိုးဆွဲချသတ်သေသွားပါတော့တယ် ! .

ထိုသတ်သေသွားတဲ့ စိန်ပန်းပြာပင်ကို နောင်မှာ
” ယုဒသစ်ပင် (ဝါ) ဝိဥာဉ်ထင်လင်းမရှိသော သစ်ပင် ” လို့ အမည်ပေးခဲ့ပါတယ် ! .

သိပ်လှပတဲ့ နာမည်ပေးမှုပါပဲ !
ယုဒ ဟာ ခရစ်တော် မရှိတော့အချိန်မှာ
သူကိုယ်တိုင်လည်း မနေနိုင်တော့ ပါဘူး !

မိမိစိတ်ရဲ့ ယုံကြည်မှု ! နှလုံးသား ကို
မိမိကိုယ်တိုင် ဖျက်ဆီးခဲ့မိပါပြီ !
ငွေအတွက်ပါ !.

လူသားတွေရဲ့ သဘာဝကို အကောင်းဆုံး
ပြသပေးထားတဲ့ ဖြစ်စဉ်ပါပဲ !
ခေတ်တိုင်း အချိန်တိုင်းမှာ
ယုဒ တွေအများအပြား ထွက်ပေါ်နေပါတယ် !.

ငွေကြေးအတွက် မိမိချစ်ခင်တဲ့ သူကိုစွန့်လွှတ်ခဲ့သူ!
သူ့ချစ်သူဟာ အဝေးကနေ သူ့ကို ငေးကြည့်နေပေမယ့်
ခေတ်သစ် ယုဒ တွေဟာ အမှုမထားပါဘူး !

အောင်မြင်မှု ! အာဏာ ! ငွေ
ပြောမယ် ဆို ပြောမကုန်တဲ့ အလဲအလှယ် လုပ်မှုတွေ !
ပတ်ဝန်းကျင်နဲ့ အခြေအနေတွေ လွှမ်းမိုးမှုအောက်က
မိမိစိတ်ရဲ့ တဒင်္ဂ အလိုဆန္ဒတစ်ခုအတွက်
ယုဒ တွေဟာ မိမိရဲ့ စိတ်ဝိဥာဉ်ကို တစုံတစ်ခုနဲ့
အလဲ အလှယ် လုပ်နေကြပါတယ် ! .

အဆုံးပြောရရင် ချစ်သူ မြတ်နိုးသူ တွယ်တာသူ
တန်ဖိုးထားသူ ကို ဘေးနားထားကာ
တန်ဖိုးမဲ့တဲ့ social network တခုကို သုံးစွဲနေရင်း!
အရေးမပါတဲ့ စကားတွေကို အခြားသူတစ်ယောက်နဲ့
ပြောဆိုနေရင်း သူ့ချစ်သူဟာ သူ့နံဘေးက
ပျောက်ကွယ်သွားပါတယ် !.

ထိုအချိန်ကျတော့မှ မိမိသိပ်ချစ်ရတဲ့ !
မိမိစိတ်ရှင်သန်စေတဲ့ အရာတွေကို
ဘာမဟုတ်တာနဲ့လဲလှယ်မိစေမှန်း သိချိန်မှာ
နောင်တရကြပါတော့တယ် !

မိမိစိတ်နှလုံးသားရဲ့ ဆန္ဒကို သွေဖယ်ပြီး
ငွေ ! အာဏာ ! အောင်မြင်မှု ! သာယာမှု ! like စတဲ့
အဆုံးမရှိတဲ့ မက်မောမှုတွေကို ဖက်တွယ်ပြီး
မိမိရဲ့  စိတ်က တကယ်စိတ်ခံစားချက်ကို စွန့်ပယ် ကာ
ဝိဥာဉ်မရှိတဲ့ ယုဒသစ်ပင် အများအပြား
ပေါက်ဖွား ရှင်သန်နေပါတော့တယ် !

ယုဒ သစ်ပင်တွေများလာချိန်မှာတော့
ထိုအရာတွေက သက်ဝင်လှုပ်ရှားမှု ဖြစ်လာပါတယ် !

မြို့ပြရဲ့ အခန်းကျဉ်းလေးမှာ နေထိုင်နေရတဲ့
ကျွန်တော် ဟာ စိုက်စရာမြေမရှိလို့
” စိန်ပန်းပြာ “ပင် ပုံတစ်ခုကို ကျွန်တော်အိပ်ရာရဲ့
မျက်နှာကျက်မှာ ကပ်ထားခဲ့ပါတယ် !
ရူးသွပ်မှုဆန်တယ် ဆိုပါစေ !
ဒီ အပင် လို ကျွန်တော် မဖြစ်အောင် နေထိုင်ချင်ပါတယ် !

ဒီအပင် လို စိတ်ဝိဥာဉ်မရှိသူတွေနဲ့ မဆုံတွေ့
မိအောင်လည်း အမြဲဆုတောင်း နေပါတယ် !

” ပဉ္စမံ အနမ်း ” တွေကိုလည်း မမက်မောမိတဲ့
စိတ်ထားမျိုးရရှိချင်ပါတယ် ! .

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s