ဘုရားကြိုက်နှလုံးသားမျိုးနဲ့ ရှင်​သန်​ကြည့်ပါချစ်မိတ်​​ဆွေ

DrKo Ko Gyi (Yangon)

ဘုရားကြိုက်နှလုံးသားမျိုးနဲ့ ရှင်သန်ကြည့်ပါချစ်မိတ်ဆွေ

ဘဝဆိုတာ တိုတိုလေးပါ
ချစ်မိတ်ဆွေ ….သေခြင်းတရားဟာ
ကျွန်တော်တို့ နဲ့ လက်တကမ်းမှာပါ
ကျွန်တော်တို့ အားလုံးဟာ ဒီလောကကြီးရဲ့
ဧည့်သည်စစ်စစ်တွေပါ အချိန်တန်ရင်
မရဏရထား အိမ်ရှေ့ဆိုက်လာမှာပါ
ဒီလောကကို ကျောမခိုင်းခင်
မိတ်ဆွေတို့ ကျွန်တော်တို့ ရင်ဘတ်ကြီးထဲမှာ
ချစ်ခြင်းမေတ္တာလေးထည့်ပြီး ရှင်သန်ကြည့်ကြပါစို့

Image may contain: one or more people, sky, ocean, outdoor and nature

ရက်ပေါင်း နှစ်သောင်းကျော်လောက်ပဲ
နေထိုင်ခွင့်ရကြတဲ့ ရခဲလှတဲ့ ဒီလူ့ဘဝမှာ
ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေတဲ့
လူသား အချင်းချင်းဖြစ်ပါရဲ့နဲ့တစ်ဦးနဲ့တစ်ဦး

အသားအရောင် မတူလို့ မုန်းတယ်
လူမျိုးဘာသာ မတူလို့ မုန်းတယ်
ဆင်းရဲချမ်းသာ မတူလို့ မုန်းတယ်
ယဉ်ကျေးမှု မတူလို့ မုန်းတယ်
ငါနဲ့ မတူလို့ မုန်းတယ်
နောက်ဆုံးတော့လည်း
အကြောင်းပြချက်မဲ့ မုန်းတယ်

ကျွန်တော်တို့ မိတ်ဆွေတို့ ရင်ဘတ်ကြီးထဲ
မင်းမူနေတဲ့ အမုန်းတရားတွေကို ခဝါချပြီး
နောင်တမလွန်ခရီးကို အမုန်းတရားကင်းကင်း
မေတ္တာ၊သစ္စာ၊ကြင်နာ၊သနား
လူသားတွေကိုချစ်တတ်တဲ့
ဘုရားကြိုက်နှလုံးသားမျိုးနဲ့
ပြန်နိုင်အောင်ကြိုးစားကြည့်ကြရအောင်လား
ချစ်မိတ်ဆွေ။

ကိုယ်တော်အသျှင်မြတ်ရဲ့ မေတ္တာတော်အားဖြင့်
မိတ်ဆွေများအားလုံး အိမ်အပြန်ခရီး လှနိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာကိုကိုကြီး (Yangon)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s