ပြုစားခြင်းအတတ်အပါအ၀င် ပထမဆုံးမှော်ပညာသင်တန်းကျောင်း ရန်ကုန်တွင်ဖွင့်လှစ် Wizardry School of Myanmar

Kyaw Nanda Ko

ပြုစားခြင်းအတတ်အပါအ၀င် ပထမဆုံးမှော်ပညာသင်တန်းကျောင်း ရန်ကုန်တွင်ဖွင့်လှစ်
—— —— —— —— ——
အာဖရိကအောက်လမ်း ဗူးဒူး (Voodoo) ပညာရပ်နှင့် အရှေ့တိုင်း ရုပ်သွင်းနာမ်ထားပညာရပ်များကို လူတိုင်း ၏ ကောင်းကျိုးအတွက် အသုံးပြုနိုင်ရန်နှင့် အန္တရာယ်ကာကွယ်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း Wizardry School of Myanmar မှော်ကျောင်းတော် (မြန်မာပြည်)မှ ဆရာလင်းညှို့တာရာက News Watch သို့ ပြောသည်။

Image may contain: 1 person

Image may contain: 1 person

အရုပ်အပ်စိုက်ခြင်း ဗူးဒူးပညာရပ်သည် အများအားဖြင့် အောက်လမ်းပညာဟု အယူစွဲနေခြင်းကြောင့် ဂမ္ဘီရ မှော်ပညာ အမှန်တကယ်ရှိကြောင်းနှင့် အရုပ်အပ်စိုက်ခြင်းနှင့် ဗူးဒူးဆိုင်ရာ အခြားပညာများသည် ကောင်းသည့်ဘက်တွင် အသုံးပြုနိုင်ကြောင်းနှင့် အဆိုပါ ပညာများကို လက်ဆင့်ကမ်းသဘောဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

”လူအများစုက ဗူးဒူးလို့ခေါ်တဲ့ ပညာရပ်ကိုအောက်လမ်းပညာလို့ အယူစွဲနေတယ်။ ဒါက ပညာရပ်တခုပါ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်နိုင်ပါတယ်။ သင်တန်းမှာတော့ မကောင်းတဲ့နည်းလမ်းကို သင်ပြတယ်။ သူ့ရဲ့ဆိုးကျိုးတွေပါ ရှင်းပြတယ်။ လက်ရှိမှာ သင်ပေးနေတာကတော့ အာဖရိကမျိုးနွယ်စုရဲ့ ဗူးဒူးပညာရပ်နဲ့ အခြားပညာရပ်တွေကို သင်ကြားပေးနေတယ်” ဟု ဆရာလင်းညှို့တာရာက ပြောသည်။

Image may contain: one or more people and people sitting

ဗူးဒူးပညာရပ်သည် မမြင်ရသည့် ၀ိညာဉ်များဖြင့် စီမံလုပ်ကိုင်ရခြင်းဖြစ်သောကြောင့် စီမံမှုလုပ်ချိန်တွင် သက် သတ်လွတ်သာ စားသုံးရန်သင့်ပြီး အဆိုပါ ပညာဖြင့် သူတပါးထိခိုက်နာကျင်မှုကို နုတ်ယူနိုင်စွမ်းရှိသော စီရင်ထုံးပညာရပ် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။

”သင်တန်းကို မှတ်ပုံတင်တော့ မတင်ရသေးဘူး။ အသေးစားဖြစ်နေလို့။ နောက်ပိုင်းမှာတော့ ဆောင်ရွက် သွားမှာပါ။ လုပ်တာကြာပါပြီ။ လာရောက်ပိတ်ပင်ခြင်း၊ တားမြစ်ခြင်းနဲ့ အခြားပြဿနာတွေ မကြုံတွေ့သေးဘူး။ အုပ်ချုပ်ရေးမှူးလည်း သိတယ်”ဟု ၎င်းက သင်တန်းဖွင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

Image may contain: one or more people and people sitting

သင်တန်းကို ဆရာလင်းညှို့တာရာနှင့် ဆရာလပြည့်ဝန်းတို့မှ ဦးဆောင်သင်ကြားပြသပေးလျက်ရှိပြီး အရှေ့တိုင်းရုပ်သွင်းနာမ်ထားသင်တန်းအောက်တွင် (၁) ရုပ်သွင်းနာမ်သွင်းပညာ၊ (၂) မြန်မာ့ရိုးရာ ဓာတ်တိုက်နှင့် နတ်ပညာအချို့(၃) မြန်မာ့အရုပ်ပညာ (၄) အရုပ်အပ်စိုက်ပညာ (၅) နာမ်သွင်းဆေး အတတ်ပညာ (၆) နာနာရုပ် အတတ်ပညာ (၇) သပြေချိုး အပင်ခုတ် ပညာ (၈) အကာအကွယ်ပညာ (၉) ပြုစားခြင်း အတတ်ပညာရပ်များ သင်ကြားပေးသွားမည်ဖြစ်သည်။

ဗူးဒူးပညာရပ်အောက်တွင် (၁) ရိုးရာ အာဖရိက ဗူးဒူးသမိုင်း၊ (၂)ဗူးဒူးဆိုင်ရာ စိတ်ပညာ၊ (၃) ဗူးဒူးဆိုင်ရာ ဖယောင်းတိုင် မှော်ပညာ၊ (၄) ဗူးဒူးဆိုင်ရာ မန္တန် အတတ်ပညာ၊ (၅) ဗူးဒူးဆိုင်ရာ အင်းစမ အတတ်ပညာ၊ (၆) ဗူးဒူးဆိုင်ရာ အတိုက်အခိုက် အနက်ရောင် မှော်ပညာ၊ (၇) ဗူးဒူးရုက္ခအပင် မှော်ပညာ၊ (၈) ၀ိညာဉ် လောကနမ်ပညာ၊ (၉) အနာဂတ်ဟော ပညာနှင့် အဆောင်ပြုလုပ်ခြင်း ပညာများကို သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအပတ်စဉ် (၁) ပြီးမြောက်ခဲ့ပြီး သင်တန်းအပတ်စဉ် (၂) စတင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ အပတ်စဉ် (၁)တွင် သင်တန်းသား ၂၀ ကျော်ဖြင့် သင်တန်းဆင်းခဲ့ကြောင်းနှင့် အသက်အရွယ် အပိုင်းခြားအရ အသက် ၂၀ ကျော် အရွယ်များ လာရောက်သင်ကြားမှုများကြောင်း သိရသည်။

သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပေါက်တောဝအနီး ဖန်ချက်စက်ရုံလမ်း (၁၅/က)၊ မုဒိတာ အိမ်ရာ(၂) အမှတ် ၂ဗ-၁၇၂ တွင် ဖွင့်လှစ်ထားပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ရက်သတ္တ လေးပတ်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကြေးအဖြစ် သုံးသောင်းကျပ်သာ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်#TZO

ဒီပညာကို တရားဝင် လူသိရှင်ကြားဖြစ်အောင် သင်တန်းဖွင့်နေပြီဆိုတော့…..ဘာသာရေးအရ ဆရာတော်ကြီးများ ဩဝါဒကို ကြားသိလိုပါတယ် ဘုရား…လွတ်လပ်စွာ ယုံကြည်ခွင့်မှာ ဒီလို အတတ်ပညာနဲ့ လွဲမှားစွာ အသုံးပြုရင် ဒါမှမဟုတ် မကောင်းတဲ့သူတွေ လက်ထဲ ဒီပညာ ရောက်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ???

ဒီပညာကို တတ်ရင်တော့ ကောင်းကျိုးအတွက်..သုံးကြမယ် မထင်ဘူး…ကိုယ်ကြည့်မရသူကို ဒုက္ခရောက်အောင် လုပ်ကြမှာပဲ….

သာသနာတော်ကြီးကတော့ မကွယ်ပါဘူး..လူတွေသာ သာသနာနဲ့ဝေးရာကို ရောက်သွားတာဆိုတာ လက်တွေ့ အမှန်ပဲ…..တရားစစ် တရားမှန် ရှိနေတဲ့ အချိန်မှာ အခုလို ပညာတွေက လိုအပ်လို့လားလို့ တွေးစရာတွေ ဖြစ်လာသလို သာသနာရေး အနေနဲ့ မိုးပြာလို အရေးယူဖို့ ရှိ/မရှိ သိလိုတယ်

သခင် ခက်ထန်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s