အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်တွေမှာ ၀တ်ပြုခွင့် ပိတ်ပင်ထားခြင်းဟာ အင်မတန် ယုတ်ညံ့တဲ့ လူမဆန်တဲ့ လုပ်ရပ်သာဖြစ်တယ်

Ro Nay San Lwin

၂၀၁၂ ခုနှစ် ဇွန်လကစပြီး မောင်တောမြို့ပေါ်က ဗလီတွေမှာ ၀တ်ပြုခွင့် ပိတ်ပင်ထားခဲ့တာ အခုထိပါပဲ။

အခုတော့ နိုင်ငံတကာကို ပြဖို့ဆိုပြီး – ဇန်န၀ါရီလ (၁၈) ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့မတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မြို့နယ်ရုံးကို ဆင့်ခေါ်ပြီး၊ ဖေဇီဂျာမေဗလီနဲ့ မြို့မငါးခူရ သင်္ချိုင်းဗလီတွေထဲကို လူတွေ ခေါ်သွားပြီး နေ့လည်ပိုင်းမှာ ဇဟိုရ်နဲ့ အစွာရ် အချိန်တွေမှာဝတ်ပြုခိုင်း – ၀တ်ပြုနေတဲ့ အချိန်မှာ ဓါတ်ပုံရိုက်ပြီး အမြန်ဆုံး ပို့ပေးဖို့ မှာခဲ့တယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးတဲ့ အမိန့်ဆိုတော့ မလုပ်မနေရ လုပ်ပေးခဲ့တယ်လို့ သိရတယ်။

မြန်မာအစိုးရက နိုင်ငံတကာကို မျက်လှည့်ပြဖို့ အခုလို ဓါတ်ပုံရိုက်ခိုင်းတာပါ။

Ro Nay San Lwin

ဗလီဝတ်ကျောင်းတွေဆိုတာ အလ္လာဟ်အရှင်မြတ်ကို တသတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်တွေဖြစ်တယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး နိုင်ငံရေးအတွက် အသုံးချစရာ နေရာမဟုတ်ဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်တွေမှာ ၀တ်ပြုခွင့် ပိတ်ပင်ထားခြင်းဟာ အင်မတန် ယုတ်ညံ့တဲ့ လူမဆန်တဲ့ လုပ်ရပ်သာဖြစ်တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s