CNN က State Counsellor Information Committee Facebook Page လို အပေါစား သတင်းဌာန မဟုတ်ဘူး

Ro Nay San Lwin

CNN က State Counsellor Information Committee Facebook Page လို အပေါစား သတင်းဌာန မဟုတ်ဘူး။

Rohingya Alan Kurdi လေးရဲ့ ဖခင်ဖြစ်သူ Zafor Alam ရဲ့ အင်တာဗျူးကို စတင်ခဲ့တာ CNN ကပါ။

စက်လှေတွေကို သေနတ်နဲ့ ပစ်လို့ စက်လှေမှောက်ပြီး လူ ၃၀ နီးပါးသေတဲ့ ကိစ္စကို ပထမဆုံး အတည်ပြုခဲ့တာက AFP သတင်းဌာန။

CNN က Zafor Alam ကို အင်တာဗျူးထားတဲ့ ထဲမှာ ဦးရှည်ကျရွာကလို့ ပြောထားတာ တစ်ခွန်းမှ မပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အနေနဲ့ ဗြောင်လိမ်ပါ။

ရှုပ်ထွေးအောင်လုပ်ပြီး မလိမ်ပါနဲ့။

Zafor Alam က ရေခဲချောင်းခွဆုံရွာက ဆိုတာ CNN က သိတယ်။ နိုင်ငံတကာသတင်းဌာနတွေ အနေနဲ့ ရွာနာမည်၊ မြို့နယ် နာမည်ကို ထည့်သုံးလေ့ မရှိဘူး။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတယ်ဆိုရင် ပြည့်စုံတယ်။ အဲဒါကြောင့် ရွာနာမည်ကို မသုံးခဲ့တာ။

ပြီးတော့ Zafor Alam ရဲ့ ဖခင်က မလေးရှားမှာ ဆိုတာ မှန်ပေမယ့် .. သူ့ရဲ့ အမေကတော့ ကြက်ရိုးပြင်ရွာမှာ မိသားစုတစ်စုလုံးကို စစ်သားတွေက လည်လှီးသတ်တာကြားပြီး နှလုံးရပ်ပြီး သေဆုံးသွားခဲ့တယ်။

Zafor Alam ရဲ့ အဖိုးနဲ့အဖွားကို စစ်သားတွေက ရေခဲချောင်းခွဆုံရွာမှာဘဲ မီးရှို့သတ်ပစ်ခဲ့တယ်။

အဲဒါတွေ အားလုံးကို မြင်ပြီးတော့ Zafor Alam က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားပြီး မိသားစုကို လိုက်လာဖို့ ခေါ်ခဲ့တယ်။ အဲဒီမှာ နောက်ဆုံးတော့ သူ့ရဲ့ မိသားစု၊ ယောက္ခမ အပါအ၀င် ၃၄ ဦး စီးနင်းလာတဲ့ စက်လှေ နှစ်စီးကို နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ ပစ်လို့ စက်လှေမှောက်ပြီး အကုန်သေသွားခဲ့တယ်။

ရွာကလူတွေကို အတင်းအဓမ္မ မသိဘူး၊ မကြားဘူး၊ ဒီလိုပါ .. ဟိုလိုပါ ဆိုတာတွေ ပြောခိုင်းပြီး သတင်းလုပ်တင်နေတာတွေက အရမ်းကို အပေါစားဆန်တဲ့ အလုပ်တွေပါ။

Ro Nay San Lwin

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s