NVC trick to just reduce the mounting International pressure. NVC လှည့်ကွက်

Maung Maung

NVC လှည့်ကွက်
——————-

တကယ်တော့
ရန်ကုန်တိုင်း လဝကရုံးမှာ
၂၁-၁-၂၀၁၇ရက်နေ့က ကျ င်းပပြုလုပ်ခဲ့တဲ့
ဝန်ကြီးနဲ့ မြန်မာမွတ်စလင်တွေ တွေ့ဆုံပြီး NVC နဲ့
ပတ်သက်တဲ့ ရှင်းလင်းပွဲဟာ
လှည့်ကွက်တခုသာ ဖြစ်ပါတယ်

မလေးရှားမှာကျ င်းပခဲ့တဲ့ OIC အစည်းအဝေးက ပြောကြားခဲ့မှုတွေ
မစ္စရန်ဟီလီးရဲ့ ထုတ်ပြန်ကြေငြာချ က်တွေ
နိုင်ငံတကာရဲ့အထင်အမြင် တွေ့ရှိနေရမှုတွေကို
လိမ်ညာဖုံးကွယ်နိုင်မလားဆိုတဲ့ ရည်ရွယ်ချ က်နဲ့
မြန်မာအစိုးရက အစ္စလာမ်ဘာသာဝင်များအပေါ်
အလေးအနက်ထားသယောင်/ဖြေလျှော့မှုတွေလုပ်
ပေးနေသယောင်
ထင်ယောင်ထင်မှားဖြစ်အောင်
ကြားဖြတ် အပိုစကားပြော/အပိုအလုပ် လုပ်ပြလိုက်
တာ သက်သက်သာဖြစ်ပါတယ်

နိုင်ငံတကာ စံချိ န်စံညွှန်းနဲ့ ကိုက်ညီတဲ့
ကမ္ဘာကလက်ခံနိုင်တဲ့ ဥပဒေတခုကို သတ်မှတ်ပြဌာန်းပြီး
နိုင်ငံသားအားလုံး(အားလုံး)အပေါ် တပြေးညီ သတ်မှတ် ကျ င့်သုံးတယ် ဆိုရင်

ဘယ်သူကမှ ကန့်ကွက်ငြင်းပယ်ခွင့်မရှိ စောဒက တက်ခွင့် မရှိနိုင်တော့သလို
ဖြေလျှော့မှုတွေ ဟန်ဆောင်ပန်ဆောင်ပြောပြီး
နာမည်ကောင်းဝင်ယူလို့မရနိုင်ပါဘူး

အခုတော့ တိုင်းပြည်တခုထဲနေ နိုင်ငံသားချ င်း
အတူတူ
ကိုးကွယ်ရာ ဘာသာတရားကို အစွဲပြုပြီး မတူညီတဲ့
အခွင့်အရေးတွေနဲ့
ဥပဒေ စံ သတ်မှတ်ချ က်အတည်တကျ မရှိဘဲ
တာဝန်ရှိသူတဦးပြောင်းရင် ပုံစံတမျိုးပြောင်း
စိတ်ကူးရသလို တင်းကြပ်မှုတွေ ဖြေလျှော့မှုတွေ
လုပ်နေကြလို့ စကားတွေ အပိုပြောနေရတာပါ

၁၉၈၂ ဥပဒေကိုကျ င့်သုံးဖို့အရေး
၁၉၄၉ခုနှစ်ဥပဒေ/နည်းဥပဒေတွေကို ဆွဲသုံးလိုက်
၁၉၅၁ခုနှစ်ဥပဒေ/နည်းဥပဒေတွေကို ကိုးကားလိုက်
ဖြေလျှော့မှု (နှုတ်နဲ့ညွှန်ကြားမှု)တွေ ထည့်သုံးလိုက်နဲ့
ဈေးဆစ်တာတွေ/လျှော့တာ-တင်းတာတွေ လုပ်နေ
ကြတာဟာ
ဈေးထဲမှာ ကုန်စိမ်းရောင်းသလိုဖြစ်နေပါပြီ

မြန်မာအစိုးရရဲ့ လုပ်နေကျ အစဉ်အလာအတိုင်း

မီဒီယာတွေတက်ရောက်ခွင့်မရှိ
ကိုယ့်ဖက်က မှတ်တမ်းတင်ခွင့်မရှိ
တရားဝင်ထုတ်ပြန်ကြေငြာချ က်မရှိတဲ့ တွေ့ဆုံပွဲဟာ
ပွဲပြီးတာနဲ့
ပြီးပြီးပျောက်ပျောက် ဖြစ်သွားမှာပါ

တကယ်တော့
၂၁ရက်နေ့ လဝက ဝန်ကြီးနဲ့ တွေ့ဆုံပွဲဟာ
နိုင်ငံတကာကို လိမ်ညာ မျ က်စေ့လှည်ဖို့
ဖန်တီးလိုက်တဲ့
လှည့်ကွက်တခုသာဖြစ်ပါတယ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s