လ၀ကရုံးတွေမှာချိတ်ထားတဲ့ “မြေမျို၍ လူမျိုးမပြုတ်၊လူမျိုမှလူမျိုးပြုတ်မည်”ဆိုတဲ့ စာတမ်းတွေဖြုတ်ပစ်လိုက်စေချင်ပါတယ်

z1

Zaw Min Latt

ပြောကြည့်ချင်တယ်(၁)
**********************
ပွင့်ပွင့်လင်းလင်းပြောပါဆိုလို့ ပြောကြည့်ချင်ပါတယ်။
လ၀ကရုံးတွေမှာချိတ်ထားတဲ့
“မြေမျို၍ လူမျိုးမပြုတ်၊လူမျိုမှလူမျိုးပြုတ်မည်”ဆိုတဲ့
စာတမ်းတွေဖြုတ်ပစ်လိုက်စေချင်ပါတယ်။


အဲဒီစာတမ်းက အမိုက်ခေတ်၊အမှောင်ခေတ်က
အာဏာရှင်စနစ်ဆိုးရဲ့သွေးခွဲဝါဒဖြစ်နေလို့ပါ။
အင်္ဂလိပ်အစိုးရလက်ထက်က လူမျိုးအချင်းချင်း
သွေးခွဲအုပ်ချုပ်တဲ့နယ်ချဲ့ပေါ်လစီကိုအတုယူပြီး၊
အာဏာရှင်တွေ လူထုကိုနားမျက်စေ့ပိတ်ပြီး
ထင်တိုင်းကြဲဖို့ သွေးခွဲထားတာပါ။
ဒီစာတမ်းဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့
ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကြား
စည်းခြားလိုက်တာပဲဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်မဟုတ်ရင်ဘဲ၊
ဒီနိုင်ငံသားမဟုတ်တော့သလို၊
ဒီနိုင်ငံနဲ့မဆိုင်တော့သလို
ခွဲခြားလိုက်တာပဲဖြစ်တယ်။
နိုင်ငံသားအချင်းချင်းကြားမှာ
သူရယ်၊ငါရယ် စည်းခြားသွားရတယ်။
ဒီမြေ၊ဒီရေအပေါ်မှာထားတဲ့
ဘာသာခြားတို့ရဲ့သံယောဇဉ်ကို
နိုင်ငံသားအချင်းချင်ကြားမှာ
နင်ရယ်၊ငါရယ် စည်းခြားသွားရတယ်။
ဒီမြေ၊ ဒီရေအပေါ်မှာထားတဲ့
ဘာသာခြားတို့ရဲ့သံယောဇဉ်ကို
မျက်ကွယ်ပြု၊ စော်ကားလိုက်တာပဲဖြစ်တယ်။
ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ
ပြောင်းလဲချိန်တန်ပြီလို့ကြွေးကြော်ပြီး
စစ်မှန်တဲ့ဒီမိုကရေစီကို
ပြောင်းလဲဖော်ဆောင်နေတာအမှန်ဆိုရင်
လ၀ကရုံးတွေမှာချိတ်ထားတဲ့
“မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်”
ဆိုတဲ့ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့စာတမ်းတွေကို
ဖြုတ်ပစ်လိုက်စေချင်ပါတယ်။
#myOewynn_27Jan2017

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s