တရုတ်ပွဲတက်တာ အန်တီ့ အပြစ်မဟုတ်ဘူး ကုလားပွဲတွေ ဖျက်တာကို ထိုင်ကြည့်နေတာတော့ အန်တီ့ အပြစ်ဖြစ်သွားပြီ

Pyae Phyo

ဦးဖာမြေးသို့ အိတ်ဖွင့်ပေးစာ
_________________________

တရုတ်ပွဲတက်တာ အန်တီ့ အပြစ်မဟုတ်ဘူး
ကုလားပွဲတွေ ဖျက်တာကို ထိုင်ကြည့်နေတာတော့
အန်တီ့ အပြစ်ဖြစ်သွားပြီ။

စစ်တပ်နဲ့ ပူးပေါင်းတာ အန်တီ့ အပြစ်မဟုတ်ဘူး
စစ်တပ်က ကျူးလွန်နေတဲ့ ဂျီနိုဆိုဒ် မှုတွေ စစ်ရာဇဝတ်မှုတွေကို နှုတ်ဆိတ်နေတာတော့ အန်တီ့အပြစ် ဖြစ်သွားပြီ။ရထားတဲ့ ငြိမ်းချမ်းရေးဆုမှာ သွေးညှီ နံ့တွေ မွှန်ထူနေပြီ သတိလေးလည်းထားဦး။

Image may contain: 2 people, indoor

အမြှောက်ကြိုက်တာ အန်တီ့အပြစ်မဟုတ်ဘူး
အန်တီ့အကြိုက် မမြှောက်ပင့်လို့ အရည်အချင်းရှိတဲ့ လူတော်တွေကို တိုင်းပြည်တည်ဆောက်ရေးမှာ ချပ်လှပ်ထားခဲ့တာကတော့ အန်တီ့ အပြစ်ဖြစ်သွားပြီ။

အန်တီ့အကြိုက်ဖားပြီးတက်လာတဲ့ လူညံ့တွေကို
ရာထူးကြီးကြီးပေးမိတာ အန်တီ့အပြစ်မဟုတ်ဘူး
လူညံ့တွေ ကြောင့်တိုင်းပြည်ကို ပျက်စီးတော့မှာကို
သိလျက်နဲ့ လူတော်တွေနဲ့ ပြန်အစားမထိုးတာတော့
အန်တီ့ အပြစ်ဖြစ်သွားပြီ။

အသက်ကြီးလို့ မေ့တတ်တာ အန်တီ့အပြစ်မဟုတ်ဘူး
အာဏာမရခင်က မကြာခဏ ပြောတတ်တဲ့ လူ့အခွင့်အရေးနဲ့ ပတ်သတ်တဲ့ ရဲရဲတောက်အဆိုအမိန့်တွေကို
မှတ်တမ်းမှတ်ရာနှင့်တကွ သတိလည်လာအောင် ပြန်လည်တင်ပြပေးနေတာတောင်မှ အရူးကွက်နင်းပြီး
ဗြောင်လိမ်ဗြောင်စား လက်တလုံးခြား
လုပ်ပစ်နေတာတော့ အန်တီ့အပြစ်ဖြစ်သွားပြီ။
အတိတ်မေ့သလို ရွှေပျောက်သလို လုပ်နေတာတွေ
ရပ်ပါတော့ဗျာ။

“နင်တို့က အသက် ၇၀ ကျော် အဖွားကြီးဆီက ဘာတွေမျှော်လင့်ထားတာလဲ”လို့ အန်တီ့သားသမီးတွေ
အငေါ်တူးပြီး မေးကြတာ အန်တီ့ အပြစ်မဟုတ်ဘူး
“အသက် ၇၀ ကျော်ပေမယ့် ငါလုပ်နိုင်တယ်လို့
ကတိပေးခဲ့လို့၊ငါ့တို့ကို ခိုင်းပါလို့ပြောခဲ့လို့၊
ငါအာဏာရူးခဲ့လို့ သူတို့ကြီးကြီးမားမား မျှော်လင့်နေတာပါ”လို့ အန်တီ့သားသမီးတွေကို လိမ့်ပတ်လည်
အောင်ပြန်မရှင်းပြတာတော့ အန်တီ့အပြစ်ဖြစ်သွားပြီ။

ကျွန်တော်တို့က အခွင့်ထူးခံ လူတန်းစားလည်း
ဘယ်တော့မှ မဖြစ်ချင်ခဲ့ဘူး၊သူများတွေထက်
ထူးပြီး အခွင့်အရေးပိုလိုချင်လို့
ပြောနေတာလည်း မဟုတ်ဘူး။
ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက်က
ရရှိလာတဲ့ မရမဖြစ် ရဖို့လိုအပ်တဲ့ ကိုယ်ပိုင်
အခွင့်အရေးလေးကိုပဲ တောင်းဆိုနေကြတာပါ။
လုံးဝ ပစ်ပယ်လို့ မရတဲ့ ဘယ်သူ့ကိုမှ ထိခိုက်မှုမရှိတဲ့ ဘာသာရေးပွဲတော်တွေကို အခြေခံဥပဒေမှာ အတိအလင်းထည့်သွင်းခွင့်ပြုထားတဲ့
“နိုင်ငံသူ/သားတိုင်း လွတ်လပ်စွာ
ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိရမယ်”ဆိုတဲ့
ခေါင်းစဉ်ထဲကအတိုင်း လွယ်လင့်တကူ
ဆောင်ရွက်နိုင်ဖို့ တောင်းဆိုနေရခြင်းပဲ ဖြစ်တယ်။
ခုတော့ ဘာသာရေးကိစ္စတိုင်းမှာ ရည်ရွယ်ချက်ရှိရှိ
ကဖျက်ယဖျက် လုပ်နေကြတဲ့ လူတစ်သိုက်ကို
အရေးမယူတဲ့ အပြင် ဘာသာရေးကျမ်းစာ
တွေကို လည်းစော်ကားသေး ဘာသာရေးပွဲတွေကိုလည်း နောက်ဆုတ်အလျှော့ ပေးခဲ့ရတဲ့ အထိ လွှတ်ပေးထားသေးတယ်ဆိုတော့ကာ
တဖြည်းဖြည်းနဲ့ အထက်က လူတွေကိုပါ အလိုတူအလိုပါလို့ နိုင်ငံတကာက စွပ်စွဲ
ပြောဆိုနေကြပြီ။ကျွန်တော်တို့လည်း အိမ်ထဲက ကိစ္စကို အိမ်ပြင် မသယ်ချင်ပါဘူး ကိုယ့် အစိုးရဆီမှာပဲ သိုသိုသိပ်သိပ်လေး တောင်းဆိုလာကြရာက တဖြည်းဖြည်းနဲ့
အပြင်လူတွေ ရိပ်မိကုန်ပြီ။နောက်ဆုံး နိုင်ငံတကာက ဖိအားတွေပေး ကိုယ့်နိုင်ငံထဲက လူများစုကလည်း
ကိုယ့်ကိုပဲလှိမ့်မဲ သူများတွေ ကိုယ့်အတွက် ပြောပေးနေတာကို ငြိမ်ပြီးမကန့်ကွက်ရကောင်းလားလို့ ပြန်မေးတဲ့ ခပ်ကြောင်ကြောင် အန်တီ့သားသမီးတွေကလည်း
ရှိသေး။လူသားတိုင်း ငတ်မွတ်တောင့်တနေတဲ့
ဒီမိုကရေစီဆိုတဲ့ အရသာကို
နောင်မြိုချဖို့ ကြောက်အောင် ခါးသက်တဲ့ အရသာနဲ့
ဆေးခါးကြီး တစ်ခွက် လုပ်မပစ်ကြပါနဲ့ဗျာ။ပြည်သူတွေ ဒီမိုကရေစီကို ကြောက်တာဟာ တိုင်းပြည်အတွက် အလားအလာမကောင်းနိုင်ဘူး ဆိုတာကိုအန်တီက ပိုသိမှာပေါ့။ဒီမိုကရေစီကို ကြောက်ရင် လက်နက်နဲ့ အနိုင်ကျင့်တတ်တဲ့ စစ်တပ်နဲ့ နောက်ထပ်
အနှစ် ၆၀ ပြန်နေရလိမ့်မယ်။အဲဒီစစ်တပ်ဆိုတာ
အန်တီနဲ့ ခုသင့်မြတ်နေတဲ့ အန်တီ့ကို နှစ်ပေါင်းများစွာ အကျဉ်းချခဲ့တဲ့ လူယုတ်မာတွေရဲ့ တစိတ်တပိုင်းဆိုတာကိုတော့ ပြန်ပြောပြဖို့ လိုမယ်မထင်ဘူး။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့
ကျွန်တော်တော့ မခေါ်ပါဘူး အန်တီ့ကို အဲ့ဒီ စစ်တပ်အသိုင်းအဝိုင်းက လူတွေ အန်တီ့ အဘိုးနာမည်တပ်ပြီး
ခေါ်နေခဲ့တာကြာပြီ အန်တီရေ ဘာစုဆိုလား။
ဒါပဲအန်တီရေ နေရတဲ့ ဘဝက ခြောက်ပူးတွေ
ွဘာတွေကိုလည်း သိပ်ပြီး
ဂရုစိုက်မနေနိုင်တော့ဘူး မပြောမပြီး
မတီး မမြည်ဆိုသလို ဖိနှိပ်မှုတွေအလိုမကျ မှုတွေကို
အပြင်မှာပြောခွင့်မရတော့ FB လိုနေရာကို ဟစ်တိုင်သဘောမျိုးနဲ့ စာရေးပြီး လာဖွင့်ချတာပါ။ရင်ထဲမှာ သိမ်းထားရတာတွေ များလွန်းလို့် ပွင့်ထွက်တော့မယ်။ဒီနေရာလည်း သိပ်လုံခြုံတာ မဟုတ်တော့ ထောင်နှုတ်ခမ်း တော့ နင်းထားရတာပေါ့။ပြောမယ်သာပြောရတာ
အိပ်ချင်ဟန်ဆောင်သူကိုနှိုးရခက်တယ် မဟုတ်ပါလား။

MH(Pyae Phyo)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s