ဦးကိုနီ့ပညာ၊ သူ့သမ္ဘာ၊ သူ့တည်ကြည်မှုကို သတိထားမိခဲ့တယ်။ ဝတ်လုံတော်ရ ပီသသူ တယောက်ရယ်လို့ မြင်မိတယ်။ ဥပဒေကို ဒိုးလိုမွှေ ရေလိုနှောက်နိုင်တာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ဖွဲ့စည်းပုံအခြေခံနဲ့အညီ တီထွင်နိုင်ခဲ့တာနဲ့တင် ထင်ရှားပါတယ်

ထက် လွင် အောင် Credit ဆရာအတ္တကျော်

ဦးကိုနီနဲ့ နှစ်ကြိမ်၊ သုံးကြိမ် ဆုံဖူးပါတယ်။ တခါ စကားပြောဖူးတယ်။ သူ့ပညာ၊ သူ့သမ္ဘာ၊ သူ့တည်ကြည်မှုကို သတိထားမိခဲ့တယ်။ ဝတ်လုံတော်ရ ပီသသူ တယောက်ရယ်လို့ မြင်မိတယ်။ ဥပဒေကို ဒိုးလိုမွှေ ရေလိုနှောက်နိုင်တာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ဖွဲ့စည်းပုံအခြေခံနဲ့အညီ တီထွင်နိုင်ခဲ့တာနဲ့တင် ထင်ရှားပါတယ်။


ကြားရတဲ့ သတင်းက အထိတ်တလန့်နိုင်လှပေမယ့် အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ မအံ့သြမိတာက မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်မှာ စီးကျခဲ့တဲ့ သွေးတွေက ပင်လယ်သမုဒ္ဒရာတမျှ ရှိခဲ့ပါပြီ။ ပဒေသရာဇ်ခတ်ကလည်း သတ်လိုက်ကြတာ၊ သတ်လိုက်ကြတာ၊ မင်းအဆက်ဆက်။ နောက်ဆုံးမှာတော့ ထက်မြက်သူ၊ အလားအလာရှိသူတွေ အကုန်လုံးကို သတ်၊ သူတို့အလိုကျ သီပေါကို တင်လိုက်ပြီးသကာလ ဘာမှ တောင်မကြာလိုက်ချိန်မှာ သူ့ကျွန်ဘဝ ကျရောက်တော့တာပါပဲ။

အင်္ဂလိပ်တို့ နယ်ချဲ့လာတော့လည်း နှစ်ဖက် ကျခဲ့တဲ့ သွေးတွေ မနည်းပါဘူး။ ဂဠုန်တပ်နဲ့ ဆရာစံတို့ သွေးတွေ။ ဗိုလ်အောင်ကျော့် သွေးတွေ။ ဂျပန်နဲ့ အတူ ပူးပေါင်းပြီး အင်္ဂလိပ်အခက် ဗမာ့အချက်တုန်းကလည်း နှစ်ဖက်ကျခဲ့တဲ့ သွေးတွေ၊ ဂျပန်ခေတ်တုန်းကလည်း ကျခဲ့တဲ့ ဗမာ့သွေးတွေ၊ ဂျပန်ကို ပြန်တိုက်တော့လည်း ကျခဲ့တဲ့ သွေးတွေ၊ ဗိုလ်ချုပ်တို့ရဲ့ သွေးတွေ…

အဲဒီ့နောက်ရော… သွေးတွေ ခမ်းခဲ့လို့လား…. ရဟန်း၊ ရှင်လူ၊ ပြည်သူတွေရဲ့ သွေးတွေ။ တပ်ဖွဲ့ပေါင်းစုံက တူညီဝတ်စုံဝတ်တွေရဲ့ သွေးတွေ…

မနေ့တနေ့ကပဲ သာမန် ဆရာလေးတယောက်ရဲ့ သွေးတွေ…

အခု ဦးကိုနီရဲ့ သွေးလည်း သံမံတလင်းပေါ် ကျခဲ့ပြန်ပါပြီ။

အဲဒါ နိုင်ငံရေးပါပဲ။ ဗမာ့နိုင်ငံရေးပါပဲ။

ဘယ်သူပဲ လုပ်လုပ်၊ အကြမ်းဖက်တဲ့ လုပ်ရပ်မို့ ရှုံ့ချပါတယ်။

ဘယ်သူပဲ ထိခိုက်ဒဏ်ရာရရ၊ သေသေ၊ ကျွန်တော်တို့ နည်းတူ အသွေး၊ အသား၊ အသက်၊ ဝိဉာဉ်၊ မိသားစု၊ တွယ်တာမှု၊ ယုံကြည်ချက်၊ ကိုးကွယ်မှုတွေ ရှိသူ သေဆုံးတာမို့ ထိခိုက်ကြေကွဲ ဝမ်းနည်းမိပါတယ်။

ဗမာ့နိုင်ငံရေးမှာ သွေးမပါဘဲ အေးချမ်းညင်သာစွာ လုပ်ဆောင် ထွန်းပေါက်တာမျိုးကို ကျွန်တော့် တသက် မြင်ရတော့မှာ မဟုတ်တာ သေချာနေတဲ့အတွက်လည်း အလွန့်အလွန်ကို စိတ်ပျက်လက်ပျက် ဖြစ်မိရပါတယ်ခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
အတ္တကျော်
(ရန်ကုန် – ၂၉၀၁၁၇၊ ၁၈၅၁)

Advertisements

One thought on “ဦးကိုနီ့ပညာ၊ သူ့သမ္ဘာ၊ သူ့တည်ကြည်မှုကို သတိထားမိခဲ့တယ်။ ဝတ်လုံတော်ရ ပီသသူ တယောက်ရယ်လို့ မြင်မိတယ်။ ဥပဒေကို ဒိုးလိုမွှေ ရေလိုနှောက်နိုင်တာကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ဖွဲ့စည်းပုံအခြေခံနဲ့အညီ တီထွင်နိုင်ခဲ့တာနဲ့တင် ထင်ရှားပါတယ်

  1. BBC Burmese
    13 hrs ·
    ဦးဝင်းထိန်က ဦးကိုနီ လုပ်ကြံခံရတဲ့ အတွက် စိတ်မကောင်းဖြစ်ကြောင်း ပြော
    အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD ) ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ ဘီဘီစီကို ပြောရမှာ ဦးကိုနီ ဟာ အင်မတန် အစားထိုး လို့ မရတဲ့ ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ဥပဒေနဲ့ ပတ်သက် လို့ အင်မတန်အားကိုးရတဲ့ ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ စိတ်မကောင်းဖြစ်ရကြောင်း၊ လုပ်ကြံခံရမှုဟာ မကောင်းတဲ့ အစဉ်အလာ တခုဖြစ်သွားပြီ ဖြစ်ကြောင်း၊ ဒါလုပ်ကြံမှု ပဲလို့ ဘီဘီစီကို ပြောပါတယ် ။
    #ဘီဘီစီမြန်မာပိုင်း

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s