DVB – ဦးကိုနီ လုပ်ကြံခံရစဉ် အနီးကပ်ရှိခဲ့သူ သမီးဖြစ်သူ ပြောကြားချက်

DVB – ဦးကိုနီ လုပ်ကြံခံရစဉ် အနီးကပ်ရှိခဲ့သူ သမီးဖြစ်သူ ပြောကြားချက်

“ကျမအဖေ ဆုံးသွားလို့ ဒီအလုပ် လုပ်တာ မှားတယ်လို့ ကျမ မထင်ဘူး၊ ဒီအလုပ်လုပ်လို့ သေသွားတာလို့ နောင်တရတဲ့စိတ်က ခုချိန်ထိ ကျမ မဖြစ်ဘူး။ လုပ်ဖို့လိုလို့ လုပ်တယ်၊ သေဖို့ရှိလို့ သေသွားတယ်၊ လူတိုင်းဟာ သူရဲကောင်းဆိုတာ ဒီလိုပဲ သွားကြတာပဲ”
DVB TV – 29.01.2017

ဆရာရှေ့နေဦးကိုနီရဲ့
အရှင့်ထံပြန်မဲ့နောက်ဆုံးခရီး
30.1.2017 Monday

Credit: Khin Min Sett FB

 

Myanmar Muslim Media
လူတိုင်းအစွန်းရောက်ဖြစ်နိုင်တယ်

ဘာ…………………?
ဆရာ…..!
ဆရာမသေပါဘူး
အရူးတွေကသာ…သေတယ်လို့ပြောနေကြ
အာဇာနည်မျိုးက သေရိုးမှမရှိတာ…..။

ဘာ…………………..?
လုပ်ကြံခံရလို့…….!
ဆရာ့ရဲ့ ရုပ်ခန္တာသာကြွေတာ
ဆရာ့ဝိဥာဉ်က
လှလှပပ ကောင်းကင်ယံမှာ
ဝဲကာပျံကာ တွေ့နေသားဘဲ…..။

ဆရာဆိုတဲ့ ဆရာကလဲ
နောက်ထပ်အသက်တချောင်း
အပိုပါရင်တောင်
နောက်ထပ်တခါလဲ သေရဲအုံးမယ်ဆိုတာ
လူ နတ် တကာသိနေသား……။

နိုင်ငံ အတွက် ၊လက်နက်ဗလာ…..၊
ပြည်သူအတွက် ၊အသက်ဆက်ခါ
မျက်နှာမရ ခြေထောက်ဘဲရတာတောင်
ထောက်ကြွထောက်ကြွ နဲ့လုပ်ပြအုံးမှာဘဲ
ထောက်ပြ အုံးမှာဘဲမို့လား
သိနေမြဲပါ ဆရာ……။

သားတွေ သမီးတွေ
မြေးတွေ မြစ်တွေနဲ့
ချစ်နေလို့ ရလျှက်
အအိပ်ပျက် အစားပျက်
ဘ၀ပါပျက်…
အမေ့မျက်ခွက်ကိုတောင်မငှဲ့ ကွက်
နိုင်ငံ့တစ်မျက်ခွက် ကြည့်တတ်တဲ့ဆရာ
သြဘာပေးခြင်းမခံရရင်တော့
ရွာနာတာပေါ့ ဆရာရယ်……။

သူတို့က
NLD ဆို မုန်းကြတယ်…..
မွတ်ဆလင်ဆို မုန်းကြတယ်…..
ပညာရှင်ဆို မုန်းကြတယ်……
ဆရာ မမြင်လို့
နားထင်တေ့ပစ်ခံရတာ
အဲဒါတွေကြောင့်ဘဲဗျ…….။

ဆရာ့ကို သူတို့မုန်းတာ
တစ်တိုင်းပြည်လုံး သိသားဘဲ……။
ဒီမိုကရေစီ ကိုဘယ်သူတွေမုန်းတာ
တစ်တိုင်းပြည်လုံး သိသားဘဲ……။
မွတ်စလင်ကို နှိပ်ကွပ်တာ
တစ်ကမ္ဘာလုံးသိသားနဲ့ဆရာရယ်……။

ဆရာ
အာဏာအတွက်…..နဲ့
အသပြာအတွက်….နဲ့
ရက်စက်တဲ့ ခေတ်ထဲမှာ
ဆရာက
ရဲရဲကွန့်…သဲသဲလွန့်
အသက်ပါစွန့်သူမို့
အာဇာနည်လို့ ခေါ်ပြန်သတဲ့…ဗျာ……။
ကံထူးရှင်ဖြစ်ရပြန်သတဲ့…….ဆရာ….။

ထွန်းတောက်တဲ့ လူတစ်ယောက်ကို
အစွန်းရောက်တွေ သတ်သွားပြီ…..၊
ဥပဒေသမားကို ဥပဒေပ ပြုသွားကြပြီ….၊
အစီအရီမျက်ရည်ကျ
သံဝေဂ ရစရာကြီးကလဲ
အမှန်တွေမှမဟုပ်တော့
ရင်နာစရာကြီး ပါလားဆရာရယ်…..။

ဖြစ်ချိန်တန်ရင်ဖြစ်
ပျက်ချိန်တနိတော့လဲပျက်ရတာ
ဓမ္မတာ ဆိုပေမဲ့
စိုသောလက် မခြောက်ခင်မို့
ရင်စို့ကြရပေမဲ့
ဆရာ့အတွက်
ကျုပ်တို့အားလုံး ဂုဏ်ယူလျှက်ပါ……။

ပြင်စရာတွေမပြီးသေးဘူးဆရာ
တမင်ကလာအပြီးပြေးသွားတာတော့
တွေးလို့တောင်မယုံချင်မိဘူး……
ပုံပြင်မဟုပ်လို့
ကျုပ်တို့လဲ…..ခင်များလိုသေချင်တယ်……
ကျုပ်တို့လဲ….ဥပဒေပညာရှင်ဖြစ်ချင်တယ်…..
ကျုပ်တို့လဲ….NLD ပါတီဝင်ဖြစ်ချင်တယ်…….
ကျုပ်တို့လဲ…..မွတ်စလင်ဖြစ်ချင်တယ်……..
ဒါမှ…အာဇာနည်ဖြစ်ရမှာလေ….ဆရာရဲ့…….။

ခုတော့လေ….ဆရာက
မြန်မာ့ရူ့ ခင်း ထဲ
ခံပြင်း အသဲနာစရာ
ထိလွယ်ရှလွယ် သမိုင်းစာမျက်နာတန်ခိုးနဲ့
ရာဇ၀င်ရန်ငြိုးထဲ
ရှောင်တခင် လူတစ်ယောက်တိုးလိုက်ပြန်ပြီနော်…..။

အတုခိုးသင့်တဲ့ဆရာ
လူဆိုးမဖြစ်ခဲ့တာတော့….သိခဲ့ပါပြီ
ဒါပေမဲ့….
ဆရာတခုတော့မှတ်သွားလိုက်ပါ
လူတိုင်း…လူတိုင်းဟာ
တခါတလေမှာ
အစွန်းရောက်တွေဖြစ်နိုင်ကြောင်း..ကို……

လေးလူ ရေးသည်။

Image may contain: one or more people

Image may contain: one or more people

Image may contain: 6 people

Image may contain: one or more people and outdoor

Image may contain: one or more people and people standing

သွေးစွန်းတိုက်ပုံအနက်တစ်ထည်သို့

အကို.. ရေ
ဒီခရီး ဒီနေရာမှာ
နားခိုကာနေ . . . နေခဲ့ပါတော့
အကိုနဲ့ကျနော်အတူ
ပခုံးထက်ကျလာတဲ့ တိုင်းပြည့်ဝန်ထမ်း
ဒီလမ်းကိုအတူလျောက်ခဲ့ကြ
ဒီပန်းတိုင်ကို ရှေးရှုလှမ်းခဲ့ကြ
လမ်းခုလတ်မှာ
ကြမ္မာရိုင်းလေတော့
ဘိုင်းဘိုင်းလဲကျ
အကို့ကို ကျနော်ထားခဲ့ရပြီ
နားနေခဲ့တော့ ကျနော့အကို
ဝန်ထုတ်ကိုချ ခေါင်းကိုချ
စိတ်ချလက်ချနားပါတော့
ခင်ဗျားချထားခဲ့ရတဲ့
တိုင်းပြည်ရဲ့ဝန်တထမ်း အတွက်
တချက်မှ နောက်ဆံမတင်းပါနဲ့
အဲဒီဝန်ကို ကောက်ယူသယ်ထမ်းဖို့အတွက်
ကျနော့်ရဲ့ ပုခုံးတဖက်အားပါသေးတယ်
ကျနော့်ရဲ့ခါးတွေ ခိုင်ပါသေးတယ်
ကျနော့်ရဲ့ သလုံးတွေ သန်ပါသေးတယ်
ညီ ညီမတွေကို အားပေးရင်း
အကို အမတွေနဲ့ သွေးစည်းရင်း
အဖျက်အမှောင့်တွေကို ကျော်လွှား
ဒီမိုကရေစီပန်းတိုင်ဆီ မရပ်မနား
ကျနော်တို့ အရောက်သွားကြမယ်
တကယ်လို့များ
အဲဒီခရီးအကြားမှာ
အကို့လိုပဲ ကျနော် နားခဲ့ရရင်ကော တဲ့
မပူပန်နဲ့ အကို
မစိုးရိမ်နဲ့အကို.. ရေ
ကျနော်တို့ ညီတွေ ကျနော်တို့ညီမတွေက
ကျနော်တို့ပြုတ်ကျတဲ့ ဝန်ကိုထမ်း
ဒီလမ်းကိုဆက်လျောက်ကြလိမ့်မယ်
ကျနော်တို့သားသမီးတွေ လက်ဆင့်ကမ်း
ဒီဝန်ကို ဆက်ထမ်းကြလိမ့်မယ်
ဒီပန်းတိုင် မရောက်မချင်း
ဒီစခန်းသာ မရောက်မချင်းပါ အကို
အကို နားတော့နော်
စိတ်ချလက်ချနားခဲ့တော့
ဘဝသစ်မှာ ချမ်းမြေ့ပါစေ.. အကို ရယ် ။ ။
#အကို ဆရာဦးကိုနီသို့
ထင်လင်းဦး (Wisdom Villa)
29.1.2017
10:30pm

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s