ကိုကြည်လင်းကို မြင့်ဆွေက လူ (U Ko Ni) သတ်ခိုင်းတယ်
အပိုင်း(၅)တော့ရပြီ ..!
ကိုကြည်လင်းကို မြင့်ဆွေက လူသတ်ခိုင်းတယ် .. ဘယ်သူကို ဘာကြောင့်ဆိုတာ မပြောခဲ့ဘူး .. တကယ်လို့ အောင်မြင်အောင် မသတ်နိုင်ရင် ကိုကြည်လင်းရဲ့မိသားစုကို မြင့်ဆွေက ဒုက္ခပေးမယ်လို့ပြောခဲ့တယ် ..! အခင်းဖြစ်မဲ့နေ့က လေဆိပ်မှာ မြင့်ဆွေလဲပါတယ် .. မြင့်ဆွေက သတ်ရမဲ့လူကို မေးငေါ့ပြပြီး ကိုကြည်လင်းကို သတ်ခိုင်းလိုက်တယ် ..! သိရသလောက်တော့ ဒါပါဘဲ ..!
မှတ်ချက် ( တရားခံ၏ထွက်ဆိုချက်များသာဖြစ်ပါသည်)
(ဘသာ)
No automatic alt text available.
Advertisements
3 thoughts on “ကိုကြည်လင်းကို မြင့်ဆွေက လူ (U Ko Ni) သတ်ခိုင်းတယ်
  1. လူသတ်သမား ၂ ယောက်ဆိုသည့်ဘူးလတ်လှဆွေစကားမှန်နေပြီ
    Like
  2. Aung N Htwe
    10 hrs ·
    ကျနော်ရသော သဲလွန်စကို ဖေါ်လိုက်ပြီ
    ကျနော့်အကောင့် ထဲတွင် မျိုးချစ် အစွန်းရောက် ထို့အပြင် တိုင်းရင်းသား နှင့် ဘာသာကွဲများ များစွာရှိသော်လည်း ကျနော် ၄င်းတို့အား တရားမျှတခြင်း လုံခြုံအေးချမ်းခြင်းဆိုသော အယူဆဖြင့်သာ ချစ်နှစ်သက်ရပါသည်။ သို့ကြောင့် ဘက်မလိုက် ကျနော် ရေးသားတင်ပြလိုက်ရသည်။
    ကျနော်ပြောရမည်။
    အများပြည်သူ ရွေးကောက်တင်မြောက်ထားသော
    နိုင်ငံတော်အစိုးရအား ဘယ်သူသတ်တာလဲလို့ ဆိုတဲ့
    အစိုးရ၏ လုပ်ပိုင်ခွင့် ဆောင်ရွက်ပိုင်ခွင့် တာဝန်ယူပိုင်ခွင့်
    အုပ်ချုပ်ပိုင်ခွင့် တရားစီရင်ပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ပိုင်ခွင့်
    ငြိမ်းချမ်းစွာ ခိုင်မာသော အုပ်ချုပ်ရေးစနစ် ဖြစ်တည်ပိုင်ခွင့် အားလုံးတို့ကို သတ်လိုက်ခြင်း သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်
    ဦးကိုနီကို သတ်လိုက်လို့ ကျနော် အခုလိုရေးပါတယ်ဆိုတဲ့ အယူဆ တက်တက်စင် မှားပါမည်။
    ဦးကိုနီ အင်ဒိုနီးရှားသို့ မည်သူ၏ ညွန်ကြားချက် မည်သူ၏ ဦးဆောင်မှု မည်သူ၏ တာဝန်ပေးမှု မည်သူ၏ ရွေးချယ်မှု မည်သူများပါဝင်သော အစည်းဝေးဆုံးဖြတ်ချက်အရ သွားရောက်ပါသလဲကိုသာပင် အရင် စဉ်းစားကြည့်စေလိုသည်။
    ဦးကိုနီသတ်ဖြတ်ခံရမှုဆိုသော ကာလအချိန်သည်..တာဝန်ပြီးဆုံးခြင်းဆိုသော အချိန်ကာလ တစ်ခုမဟုတ်ပဲ တာဝန်ဆက်လက် ရှိနေဆဲ အဆိုပါတာဝန်ကိုလည်း အစိုးရမှ ပေးထားသော တာဝန်ဖြစ်သည့် အတွက်ကြောင့် ဦးကိုနီ သေဆုံးသည့် ပုံစံမှာ နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာဖြေရှင်း ကိုင်တွယ်ခြင်း လုပ်ထုံး လုပ်နည်းအရ ခေါင်းစဉ်တပ်ရမည့် စကားလုံးမှာ (U Ko Ni Killed on duty) ဖြစ်ပါတယ်။ အဆိုပါ ခေါင်းစဉ်အရ ဦးကိုနီအား နိုင်ငံတော် အစိုးရမှ စီစဉ်တာဝန်ပေးသော တာဝန်ဆောင်ရွက်မှုကာလမှာပင် သတ်ဖြတ်ခံရခြင်းကြောင့် နိုင်ငံတော် အစိုးရအား သတ်ဖြတ်ခြင်းလို့ အဓိပ္ပါယ် ထွက်ပါတယ်။
    ထိုသို့ ခေါင်းစဉ်သည်သာ ဦးကိုနီကိစ္စကို ဆက်လက် ဖေါ်ထုတ်ရန် နိုင်ငံတကာမှ ရာဇ၀တ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ပါဝင်ဆောင်ရွက် ပူးပေါင်း ဖေါ်ထုတ်ပေးဖို့ အဆင်ပြေနိုင်ပါတယ်။
    ဦးကိုနီအား သတ်ဖြတ်ရန် မည်သူ သတင်းပေးခဲ့သလဲ?
    စာရေးသူတို့ နှင့် ပတ်သက်နေသော နိုင်ငံတကာ ရာဇ၀တ်မှု စုံးစမ်းရေးဆိုင်ရာ သတင်းထောက် များ (International Investigative journalists) ဆိုသူနဲ့ ဆက်သွယ်ကြည့်သောအခါ အဆိုပါ ဂျာနယ်လစ်တစ်ဦး၏ လေ့လာ စုံးစမ်းမှုထဲမှ သဲလွန်စရခဲ့ပါတယ်။
    လက်ရှိ လုပ်ကြံ စီစဉ် သတ်ဖြတ်လိုက်သော ဦးကြည်လင်း အား အရှင်လတ်လတ်ဖမ်းမိထားသော်ငြာ အဓိကဆောင်ရွက်ရမည့် ဆက်စပ်မှုများကို နိုင်ငံတော် စသုံးလုံးနှင့် ရဲဝန်ထမ်းအရာရှိများမှ ဆောင်ရွက်မှုများ အားနည်း လျော့၇ဲဖြစ်နေကြတာ ပေါ်လွင်လာပါတယ်။
    သတ်ဖြတ်သူ တရားခံအား တိကျခိုင်မာသော အခြေနေ ဖြင့် အရှင်ဖမ်းဆီးထားနိုင်သော်ငြားလည်း အဆိုပါ တရားခံ၏ နေရပ်လိပ်စာ မှတ်ပုံတင်ကိစ္စနှင့် ယခင် ဖြစ်ခဲ့ဘူးသော ရာဇ၀တ်မှု ဆိုင်ရာများကိုသာ ထုတ်ဖေါ်မေးမြန်းနေခြင်းမှာ “ယုန်မမိပဲ တောရှင်းနေခြင်း” ဆိုသော စကားပုံနဲ့ တူနေပါတယ်။ ယခု ကိစ္စ၀ယ် ယုန်ဖမ်းရင်း တောနင်းရမည့် ကိစ္စသာဖြစ်ပါတယ်။
    သို့ကြောင့် ဦးကိုနီအား သတ်ဖြတ်ရန် တိုက်ရိုက် အသေးစိတ် မည်သူမျှမသိပဲ ခရီးစဉ် အစီစဉ် ပြန်လည်ရောက်ရှိလာမည့် အချိန် နေ့ရက် အစစအရာရာ အားလုံးတို့အား ပေးခဲ့သူမှာ ….( ပြန်ကြားရေးဝန်ကြီးဦးဆောင်၍ လိုက်ပါသွားကြလေသော လူပေါင်း ၂၀ ကျော်အဖွဲ့တွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်နေတာကို တွေ့ရပါတယ်)။ သူက ပြန်လာမည် နေ့ရက်မှာပင် အဆိုပါ သတ်ဖြတ်မည့် အဖွဲ့တွင်းမှ တာဝန်ခံ ကို တည်းခိုရာနေရာမှ ဆက်သွယ်ခဲ့ကြောင်း အထောက်ထားနှင့် ၄င်း အသုံးပြုခဲ့သော တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းများကို နိုင်ငံတော်မှ သက်ဆိုင်ရာ နိုင်ငံတကာ အင်တာပို ပုလိပ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ အရမ်းလိုလာပါတယ်။
    ကျနော် ရရှိသော အင်ဒိုနီးရှားမှ အသွယ်တစ်ခုအရ ပြောရလျင်
    အင်ဒိုနီးရှားတွင် ၄င်းတို့ နေထိုင်ခဲ့သော သက်ဆိုင်ရာ နေရာများမှ CCTV ရုပ်သံမှတ်တမ်း နှင့် တယ်လီဖုန်း အသုံးပြုခဲ့ပုံများကို ပြန်လည် ရရှိရန် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ဖို့ လိုလာပါတယ်။
    နောက်တစ်ခု ကျနော်ပြောချင်တာက လေးဆိပ် ၀င်ရောက်တန်းစီချိန်မှာ ကိုမြအေးသည် ၄င်းတို့ အဖွဲ့တွင်းမှ ပဉ္စမမြောက် လူသာ ဖြစ်ပြီး ကိုမြအေး၏ အရှေ့တွင် ထွက်သွားသော လူလေးဦး အဖွဲ့ဝင်မှ မထင်မတ်သော အချက်ပြမှု များပြုလုပ်ကြောင်း ၄င်းတို့နှင့် အတူ လေယာဉ်အတူစီး ခရီးစဉ် တိုက်ဆိုင် လိုက်ပါလာသော ခရီးသယ် အမျိုးသားတစ်ဦးမှ ( စကိုက်အကောင့်မှ မက်ဆေ့ဖြင့် ပေးပြီး ပြောပြပါတယ်)
    “အကို ကျနော် သူတို့ တန်းစီနေတုံး သူတို့ အဖွဲ့တွေနဲ့ အတူတူ
    ကိုမြအေးက ရှေ့ဆုံးက မဟုတ်ပါဘူး
    သူတို့ အဖွဲ့တွေက သာမန် ခရီးသယ်ပုံစံမျိုးနဲ့ မတူပါဗျာ
    သူတို့ ၀တ်စားပုံက သိသာလှပါတယ်
    ကျနော်က သူတို့ အဖွဲ့တစ်ခု အဖြစ် ခရီးစဉ်တူတာတော့ ဖြစ်မယ်လို့ စဉ်းစားမိတယ်
    နောက်တော့ ကျနော့အနောက် ၃ ယောက် အကျော်လောက်မှာ ဦးကိုနီ ကိုတော့ သတိထားမိတယ်
    သိပ်တော့ မမှတ်မိဘူး အင်တာနက်မှာ မြင်ဘူးတဲ့ လူနဲ့ တူတယ်လို့လောက်ပါ
    ကိုမြအေးကိုတော့ အသေချာ မှတ်မိပါတယ်
    ပြီးတော့ ကျနော်တို့အရှေ့က သူတို့ အဖွဲ့တွေ စာအုပ်တင်ပြီး ပြန်ယူ ထွက်သွားကြနဲ့
    ကျနော်လည်း အနောက်က တဖြေးဖြေးလိုက်တန်းစီရင်း
    ထွက်လာတယ် ကျနော်က လေဆိပ်မှာ တက္ကစီငှားနေတုံးပါ
    သေနတ်သံကြားလို့ အုပ်အုပ်သဲသဲဖြစ်လို့ လက်ဆွဲခရီးဆောင်အိပ်နဲ့ ဆွဲပြီးလှမ်းကြည့်တာ
    မသိဘူး နောက်မှ ပုံတွေမှာ ကျနော့် အနောက်က တန်းစီနေတဲ့ အင်တာနက်ပေါ်က ကျနော်မြင်ဘူး လူဗျာ
    ကျနော့အရှေ့က တန်းစီနေတဲ့ လူထဲက တစ်ယောက်အကျော်မှာပဲ အရပ် မြင့်သူ တစ်ယောက်ပါတယ်
    သူက စာအုပ် ကောင်တာမဟုတ်ပဲ ဘာတွေကို လက်ထောင်ပြလိုက်
    ကျနော်တို့ ဘက်ကို ကြည့်လိုက် နဲ့ နောက်ဆုံး လက်ညှိးနဲ့လက်မ နှစ်ခုကို ၀လုံးပုံနဲ့ ပြတယ်
    ကျနော်တော့ ဒီလူ ကြောင်ကြောင်ကောင်ဖြစ်နိုင်ပါတယ်လိုတယ်တာ
    သူလက်ပြနေတဲ့ဘက်ကို ကျနော စပ်စု လှမ်းကြည့်တာ ဘယ်သူမှလည်းမတွေ့ဘူး
    သူက ကျနော့်အရှေ့က ထွက်တယ် ကျနော် အပြင်ရောက်တော့ သူက တက္ကစီမဟုတ်ဘူး အိမ်ကားတစင်း အပေါ်တက်ပြီ ကျနောက နောက်ကျတယ် သူ့နောက်က
    အဲဒီလက်ပြသူ ကာားပေါ်တက်တာတော့ ကျနော်မှတ်မိတယ်
    လေဆိပ်က လုံခြုံရေးကင်မရာမှာ အားလုံးပြန်ကြည့်ရင် သူလုပ်တာ ကျနော်သိတယ် ထင်ထင်ရှားရှားကို ပါတယ်။
    ကောင်တာစာအုပ်တန်းစီတာ သူ့ကို တမိနစ်လောက်ပဲကြာပဲ စစ်တယ် ပြန်ပေးလိုက်တယ် သူက အနောက်ကလူတွေကို ပြောသွားတယ် ရုံးရောက်မှပဲ ဆက်သွယ်မယ် နားအုံးမယ်..လို့…
    ကျနာ် အဲဒါ သူတို့ ကိုမြအေး ဦးကိုနီတို့ တဖွဲ့တည်းပါလာကြတာ ကျနော် အခုမှ ခန့်မှန်းမိတယ်။”
    အဖြေ၏ သဲလွန်စ အားလုံးတွင် အင်ဒိုနီးရှားမှ ပြန်လာသော အဖွဲ့တွင် အသေးစိတ် ကြိုတင် သတင်းပေးမှု ဆိုက်ရောက်ချိန်တွင် အရိပ်ခြေပြမှုတို့အား မင်္ဂလာဒုံလေဆိပ်တွင် တပ်ဆင်ထားသော လုံခြုံရေး ကင်မရာ မှတ်တမ်းများက အတိကျ သက်သေ ခံပါလိမ့်မည်။
    သတ်ဖြတ်သူ ဦးကြည်လင်း ကွင်းဆက်များအားလုံးကို ဖေါ်နိုင်မလား..?
    မဖြစ်နိုင်ပါ
    ဦးကြည်လင်း ဖေါ်နိုင်သူမှာ သူ့အား ခိုင်းစေသူ လိုက်ပို့သူလောက်သာ ဖြစ်ပါမည်။
    နိုင်ငံတော်မှ အလိုရှိသော ကွင်းဆက်သည် ဦးကြည်လင်း ထုတ်ဖေါ်ချက်မှ နောက်ကြောင်းလိုက်၍ မင်္ဂလာဒုံးလေဆိပ် စာအုပ်ကောင်တာ တန်းစီခြင်း အရှေ့မှ ပုံရိပ်များနှင့် ၄င်းတို့ (ဂျကာတာ အင်ဒိုနီးရှားတွင်) နောက်ဆုံး ဆက်သွယ် သတင်းပေးခဲ့သော မှတ်တမ်းများအရ သာ တိကျခိုင်မာသော နောက်ကွယ်လက်မဲကြီး ဖမ်းဆီး၍ အများပြည်သူ လိုလားနေသည့် တရားမျှတသော ခုံရုံးတွင် တရားစီရင် အပြစ်ပေးနိုင်မည် ဖြစ်ပါကြောင်း…………..
    ထိုခရီးစဉ်တွင် လိုက်ပါခဲ့သော ကိုမြအေး ရှေ့မှ ထွက်သွားပြီး နောက်ပိုင်းပြသနာများကို သူက မသိလိုက်ပဲ ဖြစ်ရပါတယ်။
    ဂိုလ်ရှယ်လေး
    Like
  3. Theinmin Aung ဦးသိန်းစိန်တစ်ချိန်တုန်းကပြောခဲ့NLDအာဏာ
    ရခဲ့ရင်တိုင်းပြည်မငြိမ်မသက်ဖြစ်လိမ့်မယ်ဆိုတဲ့
    ပြောဆိုချက်နဲ့ဦးသိန်းစိန်လက်ထက်မှာရာဇဝတ်
    သားတွေကိုအကြိမ်ကြိမ်လွတ်ငြိမ်းခွင့်ပေးခဲ့တာ
    တိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး။ အခုဖြစ်စဉ်က
    လက်တွေ့ပဲလေ။ ဘာပဲဖြစ်ဖြစ်ဗျာ ကိုယ့်နိုင်ငံ
    တိုးတက်ဖို့ ငြိမ်းချမ်းဖို့ ကြွယ်ဝချမ်းသာဖို့
    စည်းလုံးညီညွတ်ဖို့အစိုးရရဲ့လုပ်ဆောင်ချက်
    တွေကိုအဟန့်အတားတွေဖြစ်အောင်မနှောင့်
    ယှက်ပဲ စေတနာရှေ့ထါးကူညီပေးကြဖို့လို
    အပ်ပါတယ်။ပြောရမယ်ဆိုရင် ဆယ်သက်စား
    မကုန်အောင်ကြွယ်ဝချမ်းသါတဲ့လူတွေက
    ဆင်းရဲမွဲတေနေတဲ့သူတွေကူညီရာရောက်ပါ
    တယ်ဗျာ။နောက်ကွယ်ကအဖျက်အမှောင့်
    အတားအဆီးတွေကိုရပ်တန်းကရပ်ပေးကြ
    ပါလို့တောင်းဆိုချင်ပါတယ်။
    Like
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s