မိုင်ယသ် လိုက်ပို့သူ ဗုဒ္ဓဘာသာဝင် တယောက် အမြင်

Tin Tun Win

မိုင်ယသ် လိုက်ပို့သူ ဗုဒ္ဓဘာသာဝင် တယောက် အမြင်

ကျမ ဗုဒ္ဓဘာသာပါ
ချစ်တဲ့သူငယ်ချင်းကြောင့်church လဲ ရောက်ဘူးတယ်
အခြားဘာသာတော့ မရင်းနှိးခဲ့ပါ
…..
ဦးကိုနီ..နောက်ဆုံး ခရီး ..
.နိုင်ငံအတွက် ပေးဆပ်သွားသူအတွက် နိုင်ငံသား
တစ်ယောက်အနေနဲ့ သွားသင့် တယ်ထင်လို့

TrThida နဲ့အတူ သွားဖြစ်ခဲ့တယ်

တစ်ခါမှ ဒီဘာသာကို မရင်းနှီးလို့ ဘယ်လိုထုံးစံရှိတယ်ဆိုတာ မသိခဲ့ဘူး

သူတို့ဆုတောင်းတွေ ကြားရတာ
ရင်ထဲမှာဆို့နင့်တယ်

ကြည့်စမ်း သေဆုံးသူဟာ ဒို့ဘာသာမဟုတ်
ဒီနိုင်ငံ အတွက် အလုပ်တွေ အများကြီးလုပ်
ရဲရဲရင့်ရင့်ရပ်တည်သွားခဲ့တယ်

သူတို့ဆုတောင်းတွေက
..မြန်မာပြည် ငြိမ်းချမ်းပါစေ..
အာမင်

..လူသားများအကြားသံသယဖြင့် ဆက်ဆံခံရမှုများ ကင်းရှင်းပါစေ..
အာမင်

မြန်မာပြည်ငြိမ်းချမ်းအောင် အလာ အရှင် စောင့်ရှောက်ပေးပါ..
အာမင်

ဂုဏ်သိက္ခာရှိသော မြန်မာနိုင်ငံဖြစ်ပါစေ..
အာမင်

ကိုယ်နေတဲ့နိုင်ငံကို ချစ်တတ်ကြပါစေ..
အာမင်

…..အတွေ့အကြုံ မရှိဘူးလို့ သူတို့ဆီက ဒီလို ဆုတောင်းတာကို မသိဘူး..
နားနဲ့ဆတ်ဆတ်ကြားရတဲ့အခါ ကြက်သီးလဲထ
အံ့သြတဲ့အပြင်
ရင်ထဲမှာ ဝမ်းလဲနည်းမိတယ်

..သူတို့ ဆုတောင်းက ဒီထက်များတယ်
ကျမ အကုန် ရေးမပြနိုင်တာ ခွင့်လွှတ်ပါ

ဗမာလူမျိုးတေလဲ အများကြီးလာ ပို့ကြတယ်
အားလုံးရဲ့ရင်ထဲမှာ ကြေကွဲနေကြတာပါ

..မြန်မာနိုင်ငံကောင်းကျိုးကို ဆောင်ရွက်နိုင်ပါစေ..
အာမင်

..များစွာသော ဆုတောင်းတွေ အပြီး နောက်ဆုံးမှာ
ဦးကိုနီ ဘယ်တော့မှ မသေပါ ဆိုတဲ့
ခွန်အားရှိသောဆုတောင်းစကားနဲ့ အဆုံးသတ်တယ်

နောက်ရောက်လာတဲ့ အစစကူညီကြတဲ့
ပရိသတ်ပြည်သူတေကို ကျေးဇူးတင်တဲ့အကြောင်းနဲ့
သေဆုံးသူရဲ့မိသားစုဘက်က လိုအပ်တာလေးတွေရှိရင်နားလည်ပေးဘို့ တောင်းပန်စကားနဲ့ အဆုံးသတ်ပါတယ်

ဈာပနမှာ လူတွေ အများကြီးပါ ဘာသာမတူတဲ့သူတွေ
အတူတကွ တက်ရောက်ကြတာ တမလွန်က ဦးကိုနီ ..
ကြေနပ်နိုင်ကောင်းပါရဲ့

ရေသန့်ဘူးတွေလဲ ဝေတာတွေ့တယ်

ဘေးက အမကိုမေးမိတယ် ဘာသာမတူတော့
ဗမာတွေဆို ကူငွေ လက်ခံတယ် တစ်ခုခုလုပ်ပေးချင်တယ် ဆိုတော့ ကူငွေ လက်မခံဘူးတဲ့ ဦးကိုနီကိုရည်စူးပြီး
မိဘမဲ့ကျောင်းမှာလှုတာလိုမျိုးကုသိုလ်ကောင်းမှု
လုပ်ပေးလို့ရတယ်..တဲ့

…ကျမတို့နှလုံးသားတွေဟာ…
ချစ်ခြင်း ကို မေတ္တာ နဲ့ပေါင်းစပ်လို့
..အနီးဆုံးတွေ မဝေးဘို့…
ဆို့နင့်နေတဲ့ရင်ထဲမှာ…
ကြားယောင်နေမိတာ…
….မြန်မာပြည်ငြိမ်းချမ်းဘို့..အလာ ..စောင့်ရှောက်နိုင်ပါစေ..တဲ့

credit Htay Htay Swe

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s