Maung Maung “ငါဟာ ဘယ်တုန်းကမှ အကြမ်းဖက်မှု မလုပ်ခဲ့ ဘူးဘူး… ဘယ် အကြမ်းဖက်သမားကိုမှ ထောက်ခံအားပေးမှု မလုပ်ခဲ့ဘူးပါဘူး”

Maung Maung

ငါဟာ ဘယ်တုန်းကမှ အကြမ်းဖက်မှု မလုပ်ခဲ့ ဘူးဘူး…
ဘယ် အကြမ်းဖက်သမားကိုမှ ထောက်ခံအားပေးမှု မလုပ်ခဲ့ဘူးပါဘူး….
မြန်မာနိုင်ငံမှာနေခဲ့ စဉ်ကလဲ…အကြမ်းဖက်မှု ဆိုတာတွေနဲ့ မပတ်သက်ခဲ့ဘူး

ကိုယ်တိုင်တောင် ၉၆၉ အဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေက အကြမ်း
ဖက်ခံရမယ့် အခြေအနေကြောင့် …ထွက်ပြေးတိမ်းရှောင်လာခဲ့ရတာ…

လက်ရှိ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံ(မလေးရှား)မှာနေတယ်…..
ဒီနိုင်ငံမှာလဲ အကြမ်းဖက်သမားတွေကို အမြဲတမ်း ရှာဖွေဖေါ်ထုတ် အရေးယူနေတာဘဲလေ
အကြမ်းဖက်မှုလုပ်ဖို့ မပြောနဲ့…အကြမ်းဖက်သမားတွေနဲ့ အဆက်အဆံရှိတယ်…
ဆိုရင်တောင်…ပြေးမလွတ်ပါဘူး…..

အခုတော့ သူခိုးက လူ လို ဟစ်နေတယ်….

အကြမ်းဖက်သမားတွေ…ဘုန်းကြီးတုတွေ…စစ်ခွေးတွေက..ငါ့ကို အကြမ်းဖက်
သမားလို့ စွတ်စွဲနေကြတာ တွေ့ရတယ်….

အကြမ်းဖက်သမား ဆိုတာဘယ်သူတွေလဲ…
အကြမ်းဖက်အဖွဲ့အစည်းဆိုတာ ဘယ်ဟာတွေလဲ….

မင်းတို့ သိအောင် ပြောပြမယ်….

တောင်ကုတ်မှာ…..ဘာသာရေးခရီးသွား မြန်မာမွတ်စလင်(၁၀)ယောက်ကို ရက်ရက်စက်စက် မသေမချ င်း လမ်းပေါ်မှာရိုက်သတ်ပြီး သေးနဲ့ပန်းခဲ့တဲ့…မင်းတို့

ရခိုင်ပြည်နယ် တနံတလျား အမျိုးသမီးတွေ…ကလေးသူငယ်တွေ…သက်ကြီး ရွယ်အိုတွေ…လေဖြတ်နေတဲ့သူတွေပါမရှောင်…သတ်ဖြတ်/လုယက်/ မုဒိန်းကျ င့်
ခဲ့တဲ့……မင်းတို့

မိတ္ထီလာမှာ အမျိုးသမီးတွေ…ကလေးသူငယ်တွေ…သက်ကြီးရွယ်အိုတွေကို
လုယက်/ရိုက်နှက်/သတ်ဖြတ်ပြီး အရှင်လတ်လတ် မီးရှို့ခဲ့ကြတဲ့…..မင်းတို့

ဧရာဝတီအနောက်ဖက်ခြမ်းက မြို့တွေ…နယ်တွေမှာ…လားရှိုးမှာ…ဆိုင်းတောင် မှာ…သူရဲသမိန်မှာ….မြန်မာပြည် တနံတလျားမှာ…အစ္စလာမ်ဘာသာဝင်တွေကို အကြမ်းဖက် လုယက် သတ်ဖြတ်ခဲ့တဲ့…..မင်းတို့…

တိုင်းရင်းသားနယ်မြေဒေသတိုင်းမှာ….မတရားတဲ့ စစ်ဆင်ရေးတွေလုပ်ပြီး… လူတွေသတ်…ရွာတွေမီးရှို့…ပေါ်တာဆွဲ…မုဒိန်းကျ င့် နေတဲ့ …..မင်းတို့

လက်ရှိလဲ တချိ န်လုံး…အစ္စလာမ်သာသနာကိုစော်ကားလိုက်…ခရစ်စယန်သာ
သနာကိုစော်ကားလိုက်…သူတပါးယုံကြည်ကိုးကွယ်ရာ…ဝတ်ပြု ရာ အဆောက်
အဦတွေကို ရန်စ ကျူးကျော် ဖျ က်ဆီး မီးရှို့နေတဲ့…..မင်းတို့

မြန်မာနိုင်ငံမှာ…မင်းတို့လို ၉၆၉/ မဘသ/ မျိုးချ စ်-မျိုးညစ်တွေ…. ဘုန်းကြီး
တုတွေ….တပ်မတော်..လို့ခေါ်တဲ့ ဗမာ စစ်တပ် ဆိုတာတွေကသာ အကြမ်းဖက်
သမားတွေ…အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်တယ်…ဆိုတာ…နားလယ်ထား…

လက်ရှိအချိ န် အထိတော့…ငါတို့က…အကြမ်းမဖက်တဲ့ နည်းနဲ့..မတရားမှုတွေ ကို တွန်းလှန်ဖယ်ရှားနိုင်ဖို့…ကြိုးစားနေတုန်းဘဲ……

မင်းတို့က…ငါတို့ကို ….အစွန်းရောက်အောင် တွန်းပို့ နေတာ အချိ န်အတော်ကြာ
သွားပြီ….

သည်းခံတယ်ဆိုတာ….အတိုင်းအတာတော့ ရှိလိမ့်မယ် ဆိုတာ သဘောပေါက်..

တကယ်လို့………အဲ့ဒီ အတိုင်းအတာ ကျော်သွားလို့…….

ငါက လက်တုန့်ပြန်တော့ မယ်ဆိုရင်လဲ……မပူပါနဲ့….

တိတိကျကျ ကြေငြာပြီးမှ လက်တုန့်ပြန်မှာပါ…

မင်းတို့လို …ထမိန်ခြုံ လိုက်….သင်္ဃန်းခြုံ လိုက်နဲ့…ခိုးကြောင်ခိုးဝှက် မလုပ်ပါဘူး

ရင်ဆိုင်နိုင်ဖို့ သတ္တိတော့…အခုကထဲက ကြို မွေးထားကြဖို့ လိုလိမ့်မယ်….

ဘာဖြစ်လို့လဲဆိုတော့…..မင်းတို့နဲ့ မင်းတို့ တပ်မတော်..မင်းတို့ အစိုးရအဖွဲ့က
သွေးပျ က်တတ်လွန်းလို့ပါ…

ဟိုး….ရခိုင်ပြည်နယ်အစွန်အဖျားမှာ…ရိုဟင်ဂျာလေး ၅၀/၁၀၀ လောက်က
ဒုတ်ကလေး…ဒါးကလေးတွေနဲ့…လက်နက်ကိုင် နယ်ခြားစောင့် စခန်းလေး
ဝင်စီးတာကိုတောင်……..သွေးပျ က်ပြလို့ မပြီးကြသေးတဲ့ ကောင်တွေမို့ပါ..

အဲ့ဒီတော့ အဓိကပြောချ င်တာက

ငါ……အကြမ်းဖက်သမားမဟုတ်ဘူး…အကြမ်းဖက်တဲ့ အလုပ် မလုပ်ဘူး…

သေချာအောင်ထပ်ပြောမယ်….

ငါ…အကြမ်းဖက်သမား မဖြစ်သေးဘူး……
အကြမ်းဖက်တဲ့ အလုပ်…မလုပ်သေးဘူး…..

ငါ့ကို အကြမ်းဖက်သမား ဖြစ်သွားအောင် တွန်းမပို့ပါနဲ့

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s