ဒီမှာ​ရေးထားတဲ့ ​လောဂျစ်​အတိုင်း လိုက်​စဉ်းစားရင်​​တော့ မကြာခင်​အသတ်​ခံရမယ့်​ ​နောက်​တစ်​​ယောက်​က ​နေဇင်​လတ်​ ​​ပေါ့​နော်

Nyo Nyo Thein

ဒီမှာရေးထားတဲ့ လောဂျစ်အတိုင်း လိုက်စဉ်းစားရင်တော့ မကြာခင်အသတ်ခံရမယ့် နောက်တစ်ယောက်က နေဇင်လတ် ပေါ့နော် 🙂 🙂 🙂
လှည့်ပတ်ကာ..ကာဆီးပါသော်လည်
အခုရေးတဲ့စာကတော့..

ရှည်ပါတယ်..

ဒါပေမဲ့ ရေးသင့်တယ်လို့ထင်လို့ရေးလိုက်တယ်..
သည်းခံဖတ်ကြစေလိုပါတယ်..

ဒေါက်တာနေဇင်လတ်ရဲ့ဆောင်းပါးကိုဖတ်ပြီး..
ကမ္ဘာနဲ့ချီတဲ့ ပေါ်လစီတွေကိုကစားတဲ့
စူပါနိုင်ငံရေးပရောဟိတ်တစ်ယောက်လို့..
သူ့ကိုအထင်ကြီးကြမှာစိုးလို့ပါ

အခုသုံးသပ်ချက်မှာ (၂)ပိုင်းရှိပါတယ်
(၁) ဦးကိုနီဘာ့ကြောင့်လုပ်ကြံခံရတာဖြစ်နိုင်သလဲ
(၂) ဘာ့ကြောင့် ဒေါက်တာနေဇင်လတ်ဒီဆောင်းပါးရေးတာဖြစ်နိုင်သလဲ..

အရင်ဖြစ်စဉ်နဲ့ချီပြီး..
မှတ်မိသလောက်စဉ်းစားမိတာကိုးသုံသပ်ကြည့်မယ်..
အပြတ်ပြောတာမဟုတ်ပါဘူး..

ယူဆချက် ၊ဖြစ်နိုင်ချေကို ပြောတာဖြစ်ပါတယ်
ပုရစ်ဟာ ဘာကောင်မှမဟုတ်တဲ့အတွက်
သိကြားမင်းမဟုတ်တဲ့အတွက်..
ကိုယ့်ရှေ့မှာမြင်နေရတဲ့ပုံစံမျိုး..
ယတိပြတ် အသုံးအနှုန်းမျိုး
မသုံးပါဘူး..

—————-

(၁)

ပထမကတည်းက တည်တဲ့ဇာတ်လမ်းက
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ စတယ်
အင်အယ်လ်ဒီဟာ ကုလားအားပေး
ဆိုတဲ့ဇာတ်လမ်း..

ဒီဇာတ်လမ်းနဲ့ ဥာဏ်နည်းတဲ့သူတွေကို
ပါအောင်ဆွဲနိုင်ခဲ့တယ်..ငွေအားလူအား
လမ်းလွဲဘုန်းကြီးတွေအားနဲ့..
ထေရ၀ါဒအနှစ်သာရကိုနားမလည်တဲ့
ဘာသာဝင်တွေကို သိမ်းသွင်းခဲ့တယ်..

အမှန်ဆိုရင်စစ်အာဏာရှင်ခေတ်ကတည်းက
ထေရ၀ါဒမဆန်တဲ့ဘာသာရေးစနစ်တွေ
ကျင့်သုံးလွမ်းခြုံခဲ့တာကို သံဃာတော်တွေအသိဆုံး..
ထေရ၀ါဒမပြောနဲ့ မင်းကျင့်တရာဆယ်ပါးတောင်
ဇောက်ထိုးအုပ်ချုပ်တဲ့သူတွေလေ..

အင်အယ်လ်ဒီ ကုလားအားပေးဇာတ်လမ်းကို
ပိုမို ထိရောက်စေဖို့ စတေးလိုက်ရတာက..
မြို့တစ်ချို့ပြာကျသွားတာနဲ့ လူတစ်ချို့သေသွားတာ.

စတေးရဲတယ်လေ..
တစ်တိုင်းပြည်လုံးရောင်းစားရဲတဲ့စိတ်ဓာတ်ပိုင်ရှင်တွေ
ဒီလောက်တော့အပျော့ပေါ့နော်..
အပီအပြင်ရင်းတယ်..ပေါ့..
ပြာကျစမ်းဟဲ့မြို့တွေ..
သေစမ်းဟဲ့ဘာသူမတူလူတွေ..

ရင်းတဲ့အတိုင်း…
အမျိုးဘာသာ အမည်ခံပြီး..အင်အယ်လ်ဒီကို
ချောက်ထဲချမဲ့ ဗော်လံဒီယာ အုပ်စုတွေ
ပေါ်ပေါက်လာတော့တယ်..

————————

(၂)

ဒုတိယအဆင့်ကရှင်းတယ်..

သူတို့လုပ်နေတဲ့ဘာသာရေးအသုံးချ
နိုင်ငံရေးခြေထိုးတဲ့ပွဲမှာ ဘယ်သူဓါးစားခံထားမလဲ..
သူတို့ရှာတယ်….ရှာတယ်..
အိုကေ….တွေ့ပြီ..
ဒေါ်အောင်ဆန်းစုကြည်ကို တည်မယ်..
နိုင်ငံခြားသားကိုယူတယ်ဆိုတဲ့ခေါင်းစဉ်နဲ့
မဟုတ်သေးဘူး…သူတစ်ယောက်တည်းကို
တည်လို့မရသေးဘူး…သူကသြဇာကြီးလွန်းတယ်..
နောက်တစ်ယောက်..နောက်တစ်ယောက်..

ဟာ…တွေ့ပြီ…
ကသာဇာတိဖြစ်တဲ့ ရှေ့နေဦးကိုနီ..
မြန်မာပြည်ဖွားစစ်စစ်..
ဥပဒေအရမ်းကျွမ်းတယ်..
အခြေခံဥပဒေကို ပြုပြင်ဖို့အမြဲတမ်း
ထောက်ပြလေ့ရှိသူဖြစ်တယ်..
ဥပဒေနဲ့ပတ်သက်ရင် သူဟာ တဖက်ကမ်းခပ်တယ်..
သူဟာ အန္တရာယ်ရှိတယ်..
မျိုးချစ်နာမည်ခံတွေ..
ပြောလို့ကောင်းသွားတာက
သူဟာအစ္စလာမ်
ဒါ့ကြောင့် ဦးကိုနီကို…
လူရှေ့မထွက်ရဲအောင်ုလုပ်ရမယ်..
အကြိုက်ဆုံးပစ်မှတ်တစ်ခုတွေ့ပြီ..
သူတို့လုပ်ငန်းစတယ်..
ဦးကိုနီကုလားကို ဒေါ်စုက အကြံပေးခန့်ထားတယ်
ကုလားက ချယ်လှယ်နေတယ်..
စသဖြင့် ၀ါဒဖြန့်တယ်…

တစ်ချို့သော ဦးနောက်ငယ်သူအများစုက..
ဒီစကားကိုနားယောင်သွားတယ်..
ဘဘတွေရဲ့ အဆက်အသွယ် ..
နယ်စပ်က ပြောင်းရွှေ့ကြီးပွားလာတဲ့..
မကင်းရာမကင်းကြောင်း ဘင်္ဂလီတွေ..
ရိုဟင်ဂျာဘက်က ရပ်တည်နေတာကိုတောင်
ဘဘတွေမွေးထားတဲ့ မျိုးနှစ်တွေက..
မျက်လုံးထဲ ချေးဆို့နေလို့ ဘာမှမပြောကြပဲ
ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်..
ကသာဇာတိဖွား ဦးကိုနီပညာတတ်ကို
ငပိန်းလဒူတွေက သူများမြှောက်ပေးတဲ့အတိုင်း
ပုတ်ခတ်ကြတယ်.. ဘုမသိဘမသိ
ကုလားတံဆိပ်ကပ်ကြတယ်..

ပညာရေးအခြေခံနည်းတဲ့အချိန်မှာ
တစ်ဘက်ပိတ်တွေဖြစ်သွားတော့..
ဘာမှမသိပဲ လွဲကုန်ကြတာ..

မျိုးနှစ်အစီအစဉ်ချတဲ့သူ မဆိုးဘူး..
လူရွေးတတ်တယ်…
လက်ရှိ.. နာမည်ရနေတဲ့ မျိုးနှစ်တွေကို
တစ်ချက်လေ့လာလိုက်..
ဘယ်သူကမှသမိုင်းကြောင်းမကောင်းဘူး
မထွန်းပေါက်ခဲ့ဘူး…
ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ပညာမရှိဘူး..
တစ်ယောက်မှ အသုံးကျတာမတွေ့ဘူး..
ဒီလိုလူပိန်းမျိုးတွေကို ရအောင်ခိုင်းပြီး..
ပွဲထုတ်ထားခဲ့တာ…
ကျွန်တော်ပြောတာမလွန်ဘူး..

————————-

(၃)

တတိယအဆင့်..

ပထမဆုံးကစားတာက..
ဒေါ်အောင်ဆန်းစုကြည်ဘက်က..

ပုဒ်မ ၅၉(စ) ကိုပြင်မယ်ဆိုပြီး
ခင်းလိုက်တယ်…

ခင်းတဲ့ ဖျာကို ထုံးစံအတိုင်း..
ဝင်လာထိုင်ကြတယ်..
ဝေဘန်ကြတယ်..ပူညံကြတယ်
ပုတ်ခတ်ကြတယ်..

ပြီးတာနဲ့…ခဲတစ်ချက်ပစ်လိုက်တယ်..
သူတို့ရှေ့မှာပဲ..
၄၃၆ ပြင်မယ်..ပြည်သူတွေလက်မှတ်ထိုးပါ..
ပြည်သူတွေလက်မှတ်ထိုးကြတယ်..

လဒူတွေက ခဲပစ်တဲ့နောက်လိုက်ဟောင်တယ်
အပီအပြင် ပင်ပန်းသွားတယ်…
ဒူးတွေချောင် သွားရေတွေကျနဲ့…

အဲဒီမှာ….
အလှဆုံးတစ်ချက်ကစားတယ်..
စစ်တစ်ပိုင်းနဲ့ ကြံ့ဖွတ်လွှတ်တော်အတွက်..
ပုဒ်မ ၄၃၆ ပြင်ဖို့အဆိုတင်ပြီး..
ထောက်ခံတဲ့သူနည်းမယ်မှန်းသိရက်နဲ့
မထောက်ခံတဲ့သူ..ဘယ်သူဆိုတာကို..
ရအောင်ခွဲထုတ်သွားတဲ့အကွက်လေး..
စစ်တပ်ကိုယ်စားလှယ်တွေ..
ထီးထီးကြီးကျန်ခဲ့တယ်..
မိသွားတာတစ်ချက်ထဲ..

နောက်ဆုံး…..
၅၉ (စ) ဘက်ပြန်လှည့်လာတယ်..
ရွေးကောက်ပွဲအနိုင်ရလို့..
အစိုးရအသစ်..လွှတ်တော်အသစ်စတယ်..

တစ်ဘက်က စိုးရိမ်နေတာ ၅၉(စ)များ
အဆိုတင်မလား..ဆိုတာပဲ..
ငတတွေ..၅၉(စ) နဲ့ ထပ်မျှားခံရပြန်ပြီ..

ပြီးပြီ…
အဆိုတင်လိုက်တာက ပုဒ်မ ၂၁၇ တဲ့..

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့..
သြဇာက္ကတ္တိမ ကြီးမားလှတဲ့..
ပုဂ္ဂိုလ်တစ်ယောက်ကို စပြီး..
ဖေါက်ထွက်ဖန်တီးလိုက်တဲ့ပုဒ်မပဲ..

ဒေါ်အောင်ဆန်းစုကြည်…
အတိုင်ပင်ခံဖြစ်လာတယ်…
ပြည်သူတွေပျော်ကြတယ်..

အဲဒီမှာ…ဟိုဘက်ကမျက်လုံးပြူးကုန်တယ်..

ဟာ..ကိုနီ…ဒီကောင် မလွယ်ပါလား..
ဒီကောင်တော်တော်လေ့လာနိုင်တဲ့သူပဲ..
စသဖြင့် အညှိုးတွေထားပြီပေါ့..

————————-

(၄)

ကြားထဲကအဖြစ်အပျက်တစ်ခု
ထပ်ရှင်းပြမယ်..
မှတ်မိကြမှာပါ..

အဲဒီလိုရွေးကောက်ပွဲအချိန်မတိုင်ခင်မှာ..

အရမ်းသိသာတဲ့အချက်..တစ်ချက်ဖြစ်ခဲ့တယ်..
ဦးသိန်းစိန်ရဲ့ အကြံပေးဆိုတဲ့..
ဂုဏ်ပုဒ်ကိုတောင် မလိုချင်တော့ပဲ..
သမ္မတအကြံပေးတစ်ယောက်ဟာ..
အမျိုးသားရေးပါတီထောင်လိုက်တယ်..
ဘယ်သူရှိမလဲ ဒေါက်တာနေဇင်လတ်ပဲ.

သမ္မတအကြံပေးဆိုတဲ့ ဂုဏ်နဲ့..
တစ်ထီးတစ်နန်းအဆောင်အယောင်နဲ့
နေလို့ရရက်နဲ့ ဂုဏ်မြင့်နေရက်နဲ့..
အမျိုးချစ်ပါတီထောင်တယ်ဆိုတာ..
ရည်ရွည်ချက် ရှိကိုရှိတာ..

သဘောက ဦးသိန်းစိန်သာ..
ပါတီဝင်ရွေးကောက်ပွဲဝင်မယ်ဆိုရင်
ဦးရွှေမန်းရဲ့လွှမ်းမိုးမှုအောက်မှာရှိနေတဲ့
ပြည်ခိုင်ဖြိုး အနေအထားမလှခဲ့သော်…
ဘုံပျောက်သွားမှာစိုးလို့…
ခိုအောင်းရာနေရာတစ်ခု…Backup
ကြိုလုပ်ပေးခြင်းပဲ..
ဒီတာဝန်ကို ဒေါက်တာနေဇင်လတ်က
ရှေ့ပြေးအဖြစ်ထမ်းဆောင်ခဲ့တဲ့သဘော.
အမျိုးသားရေးပါတီ..မျိုးချစ်ပါတီ..
အကုန်လုံး အစီအစဉ်တကျလုပ်တာ..

ဒီအချိန်မှာအားလုံးသတိထားမိကြလိမ့်မယ်..
ဖွတ်လော်ဘီတွေအကုန်လုံး မျိုးချစ်ပုံစံပြောင်းသွားတယ်
နာမည်ကြီးဖွတ်လော်ဘီတွေကအစ..
မျိုးချစ်ပါတီကို လော်ကုန်တယ်..
အမျိုးသားရေးစကားနှပ်ကြောင်းတွေပေးမယ်
ဦးသိန်းစိန်ပဲ အဲဒီကူးလာမလိုလို..
ကစားကွက်တွေစတယ်..
ယောင်ပြလိုလို အမှန်လိုလို..

ဒါပေမဲ့ဦးသိန်းစိန်ဟာ ဦးရွှေမန်းကို
ရှင်းထုတ်ပြီး သူ့လူဟောင်းတွေရှိတဲ့
ပြည်ခိုင်ဖြိုးကိုပြန်ထိန်းလိုက်ချိန်မှာ..
မျိုးနှစ်တွေ ကစဉ်းကလျှားတစ်ခါဖြစ်ခဲ့တယ်..
တစ်လလောက်..
ဘယ်သူ့ကိုအဖေခေါ်ရမှန်းမသိတော့ဘူး..

ဒေါက်တာနေဇင်လတ်ကိုယ်တိုင်
အဲဒီတုန်းက တ၀ဲဝဲတလည်လည်ဖြစ်နေတာ..

———————————-

(၅)

စတုတ္တအဆင့်ဆက်ရှင်းပါ့မယ်….

အင်န်အယ်လ်ဒီအစိုးရလက်ထက်..
၂၁ ရာစုပင်လုံညီလာခံစတယ်..

ထုံးစံအတိုင်း..
တိုင်းရင်းသားတွေဘက်က
လိုအပ်ချက်တွေများလာတယ်..
ဒါတွေကို ညှိနှိုင်းစီမံရမှာတွေအများကြီး..

ဦးကိုနီဟာ..
ဖက်ဒရယ်ပုံစံပေါ်တဲ့..
လုပ်ငန်းစဉ်စည်းမျဉ်းတွေကို..
သေချာလေ့လာရတယ်..
ဆွေးနွေးရတာတွေရှိတယ်..

အကယ်၍ ကြားဖြတ်ရွေးကောက်ပွဲအပြီး
အခြေခံဥပဒေပြင်ဆင်ခဲ့သော်..
ဒီလို..အစီစဉ်မျိုးတွေ
ဖြစ်လာနိုင်တဲ့အတွက်..အဲဒီအတွက်လဲ
အများကြီးလေ့လာနရတာတွေရှိမှာ

ဦးကိုနီဟာ..ခြေဥနဲ့ပတ်သက်တာတွေ
ဖက်ဒရယ်နဲ့ပတ်သက်တဲ့ဆွေးနွေးချက်အင်တာဗျူးတွေကို..
ပြည်သူတွေသိအောင် မျှဝေပေးတယ်..

ဒီလိုအခြေအနေမှာပဲ..
တစ်ဘက်မှာ နယ်စပ်အရေးစလာတယ်..

မောင်တောအကြမ်းဖက်မှုတွေဖြစ်တယ်
အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်က
ပြတ်သားစွာကိုင်တွယ်တယ်..
နိုင်ငံတကာကိုတုန့်ပြန်တယ်..
စွပ်စွဲမှုတွေကို..ပြတ်သားစွာငြင်းဆန်တယ်..

တရားဥပဒေစိုးမိုးရေးကြောင့်..
ဒီဒေသကို စစ်တပ်က ၀င်ရောက်ထိန်းချုပ်ရပါတယ်
ဆိုတဲ့ စကားကို ကမ္ဘာသိအောင်ချပြတယ်..

ကဲ..ဒီလိုမျိုးဖြေရှင်းချက်တွေကို..
ကမ္ဘာက လက်ခံလာချိန်မှာ..
ဘယ်ကမှန်းမသိတဲ့ ဗွီဒီယိုဖိုင်တစ်ခု..
ဟိုဘက်ကသတင်းဌာနကို..
တိုက်ရိုက် ရောက်သွားတယ်..
ကမ္ဘာ့အလည်မှာ ကြိုးစားထားသမျှ
အချည်းအနှီးဖြစ်တယ်…
မနည်း ပြန်အဖတ်ဆည်ရတယ်..

ဒီတစ်ချက်ကို သတိထားမိရင်..
အခုဖြစ်လာတဲ့လုပ်ကြံမှုကိုပါ..
ရိပ်ဖမ်းသံဖမ်းနားလည်လာမယ်..

အတွင်းစည်းပေါက်တဲ့ကိစ္စက
ခုတစ်ခါမှမဟုတ်ဘူးဆိုတာလေး..

ဒေါ်စုဘီးတပ်ကုလားထိုင်နဲ့
ထိုင်ပြီးပြန်လာတာကိုခိုးရိုက်တဲ့ဓာတ်ပုံပေါက်တယ်
အခုနကမောင်းတောကိစ္စဗီဒီယိုဖိုင်ပေါက်တယ်..
အခု ဦးကိုနီလေယာဉ်အပြန်ခရီးစဉ်သတင်းတွေ
ပေါက်ကုန်တယ်..
ဒါသာဓကတွေလေ…

——————

(၆)

နောက်ပိုင်းအဆင့်..

ကြားဖြတ်ရွေးကောက်ပွဲစတော့မယ်..

ပြီးတော့ ပင်လုံညီလာခံလဲစတော့မယ်..

ဒီလိုအနေအထားမျိုးမှာ..
ပင်လုံမှာ ဘာတွေဆွေးနွေးမလဲ..
ဖိုရမ်တွေဘာခေါင်းစဉ်နဲ့လုပ်မလဲ..
ဒါဟာအရေးပါလာပြီ..

တနည်းအားဖြင့်..ဖက်ဒရယ်..
ဖက်ဒရယ် အတွက် ပြောကြဆိုကြမယ်..
တစ်ဘက်နဲ့တစ်ဘက် အပေးအယူကစားကြမယ်..
ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို..
ထောက်ပံ့ကျားကန်ပေးနိုင်သူက..
ဘယ်သူလဲ… ဦးကိုနီပဲ..

အဲဒီတော့ ဦးကိုနီကို..ဘာလုပ်မလဲ..?

ဘာ့ကြောင့်လုပ်ရတာလဲ..?

အဖြေကမရှင်းဘူးလား..?

သတ်ပစ်လိုက်တယ်လေ..

လူယုတ်မာတွေဟာ..

တရားဥပဒေစိုးမိုးရေးကို..
သွယ်ဝိုက်ပြီးသတ်လိုက်တာအပြင်
ပင်လုံ ဒေါက်တိုင်တစ်ခုကိုပါ..လွှနဲ့တိုက်လိုက်တာမျိုး
လုပ်သွားတယ်..

ဒီလောက်ရှင်းနေတဲ့အခြေအနေမှာ..
ဒေါက်တာနေဇင်လတ်ပြောသလို..
နိုင်ငံတကာနဲ့ချီပြီး ပြောစရာကိုမလိုသေးတာ..

အမေရိကန် တရုတ်ဒေသတွင်းအားပြိုင်မှုဆိုတာမျိုးကို
ဦးနေဇင်လတ်ရေးသလို..
အတိအကျရေးကြေးဆိုရင်..
စစ်အာဏာရှင်ခေတ်က
တာဝန်ရှိသူတွေအားလုံး…
တရုတ်စပိုင်တွေဖြစ်ကုန်မယ်..

တရုတ်ရဲ့စီးပွားရေးမဟာဗျူဟာ
လူမျိုးရေးနဲ့ စစ်ရေးမဟာဗျူဟာတွေကို
တိုက်ရိုက်ရော သွယ်ဝိုက်ပါ ပံ့ပိုးတာတွေ…
ပြီးတော့..
တရုတ်ရဲ့သယံဇာတ အရံနယ်မြေအဖြစ်..
မသိမသာ..ပေးဆပ်ထားတာတွေ..
အမျိုးသားလုံးခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို
တစ်ချက်မှမငဲ့ပဲ..တစ်တိုင်းပြည်လုံး..
လည်စင်းပေးနေတဲ့အထိ..
လုပ်ခဲ့ကြတာတွေကိုသာ အလင်းပြလိုက်ရင်
ဘယ်သူဘာဖြစ်သွားမလဲ…သိစေချင်တယ်..

ဧရာဝတီကိုပေး၊ အရန်ဓာတ်ငွေ့တွေရောင်း
ကျောက်မျက်ကျောက်စိမ်းကအစ..
ဆက်သနေရတာတွေကိုသာ
ထိထိရောက်ရောက်သုံးသပ်လိုက်ရင်
တကယ့် လက်ပါးစေက..
ဘယ်သူလဲဆိုတာ..
ဦးနေဇင်လတ်ဖြေပေးစေချင်တယ်…

ကဲနောက်ဟာတွေကျန်သေးတယ်..
သေချာလေ့လာကြည့်ဖို့ပါ..

ဂျော့ဆိုးရော့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့
အခုမှရင်းနှီးတာမဟုတ်ဘူးဆိုတာကိုလဲ
လေ့လာစေချင်တယ်…

တရုတ်အမေရိကန်ရေချိန်ဟာ..
ပထမ၀ီနိုင်ငံရေးအရအရေးပါတဲ့..
ကျွန်တော်တို့နိုင်ငံတင်မက..
တောင်တရုတ်ပင်လယ်အရေးကလဲ
အဓိကကျတယ်ဆိုတာကိုလဲ သိစေချင်တယ်..

ထရန့်ရဲ့ပေါ်လစီကဘယ်လောက်ပဲပြောင်းပြောင်း
အထက်နဲ့အောက် လွှတ်တော်တွေနဲ့ထိန်းညှိလို့ရတဲ့..
အမေရိကန် အစိုးရရဲ့ မူဘောင်နဲ့ သူတို့ရဲ့
အခြေခံဥပဒေကတော့ ဒီအတိုင်းပဲရှိနေမှာဆိုတာကိုလဲ
နားလည်စေချင်တယ်..

ယူအက်စ် ဟာ…ဘာ့ကြောင့်စူပါပါဝါဖြစ်လာသလဲ
ထရန့်က ဒီပုံရိပ်ကို ကျဆင်းလိုစိတ်ရှိမလား..
ထရန့်ဟာ..ဟစ်တလာမဟုတ်ပါ..
ဦးသန်းရွှေလဲမဟုတ်ပါ…
ရှင်းပါသလား…

နောက်ဆုံးတစ်ခုက..စီအိုင်အေပါ..
စီအိုင်အေဟာ…
ထရန့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်လို့
ယုံကြည်ရင်.. ထရန့်ရဲ့ မဲမသမာမှုတွေ ဖေါ်ထုတ်စရာ
အကြောင်းမရှိပါဘူး..
ဒါကို..သဘောပေါက်သင့်ပါတယ်

နောက်ဆုံးပြောရရင်..
ရုရှားနဲ့ အမေရိကန်က IS ကိုအမြစ်ဖြတ်မယ်လို့
ကြေငြာတဲ့အချိန်မှာ..
မောင်တောဒေသမှာ ရှိတဲ့အကြမ်းဖက်မှုကိုတောင်
ဝေဘန်သံတစ်ချစ်က်မှမထွက်ခဲ့တဲ့..
အာဏာရှင်ရဲ့ပေါက်ဖေါ်တရုတ်နိုင်ငံက
အစွန်းရောက်ကမ္ဘာ့အကြမ်းဖက်အဖွဲ့တွေကို
အခုထိ သွားဖိအားပေးတာမျိုးမတွေ့သေးတာလဲ
ထူးဆန်းနေပါတယ်..

—————–

(၇)

နောက်ဆုံးတစ်ခုကို
အရမ်းသိချင်လာတယ်..

ဦးသိန်းစိန်လက်ထက်အကျဉ်းသားတွေလွှတ်တဲ့ကိစ္စ
ဘယ်သူအကြံပေးတာလဲ..

အဲဒီလွှတ်တဲ့အကျဉ်းသားထဲမှာ..

၁ သာမန်..လွှတ်ပေးတဲ့သူဘယ်နှစ်ယောက်ပါလဲ

၂ ညှိပြီးတော့မှ လိုအပ်ရင်ခိုင်းမယ် လို့ကတိခံဝန်ယူပြီးမှ
ပြန်လွှတ်ပေးတဲ့ လုပ်ရဲကိုင်ရဲပြီးပါးနပ်တဲ့..
အကျဉ်းသားဘယ်နှစ်ယောက်ပါလဲ

၃ မင်းကတော့အပြင်ရောက်ရင်ဘာလုပ်ဘာလုပ်ဆိုပြီး
တာဝန်တစ်ခါတည်းပေးပြီး Plan ချပေးပြီးတော့မှ
တစ်ခါတည်း မွေးလိုက်တဲ့ ထောင်ထွက်
ဘယ်နှစ်ယောက်ပါလဲ..

ဒေါက်တာနေဇင်လတ်အနေနဲ့..
ဒါတွေကိုသိနိုင်ပါတယ်..

ဒါမျိုးလေးတွေရေးတာမျိုးလဲ
မြင်စေချင်ပါတယ်..

ဦးကိုနီကိစ္စကို..
ကိုယ့်ဘိုးတော်ဘက်မလှည့်အောင်..
နိုင်ငံတကာနဲ့ချီပြီး..
လမ်းကြောင်းလွဲနေကာခါမှ…

မြေလှန်ပြီးမွှေမဲ့သူတွေ
ရှိနေတယ်ဆိုတာကို..
သတိထားစေချင်ပါတယ်..

အရင်ခေတ်အကြံပေးဖြစ်ပြီး
တိုင်းပြည်မတိုးတက်ပေမဲ့..
အခွင့်အရေးရတဲ့အဆင့်တစ်ခုအထိ
ရှိနေမှတော့..
ဘာတွေအကြံပေးခဲ့လဲဆိုတာ..
ရိပ်မိပြီးသားပါ..

ဘာပဲဖြစ်ဖြစ်…

စုံထောက်ဝတ္တုဆန်တာတွေ
မရေးသင့်တော့ပါ..

ဒါပါပဲ…

(Pa Yit)ါ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s