Our father, U Aung Min @ Seik Mohd Zafrudin

Khin Maung Htwe

ကျွန်တော်ဆရာဝန်ဖြစ်ခါစ ကျွန်တော်ရဲ့အဖေ အစာမျိုရင် ရင်ဝကနာတယ်၊ ကောင်းကောင်းမမျိုနိုင်ဘူး။ Barium မျိုချပြီး ဓာတ်မှန်ရိုက်တယ်။ ဓာတ်မှန်ကြည့်ပြီး ကျွန်တော်က ကင်ဆာလို့ ဆုံးဖြတ်တယ်။ ဓာတ်မှန်ဆရာဝန်ကြီးက ကျွန်တော်နားမလည်တဲ့အကြောင်းပြချက်တွေနဲ့ ကင်ဆာမဟုတ်၊ မယုံရင် တစ်လနေပြီး ပြန်ရိုက်လို့ပြောတယ်။
အတွေ့အကြုံများ ပညာပိုတတ် အသက်ပိုကြီးတဲ့ဆရာ့စကားကို နားထောင်လိုက်ရတယ်။
တစ်လနေပြန်ရိုက်တော့ မူလအတိုင်းပဲပြန်တွေ့တယ်။ ဒီတစ်ခါတော့ ငါပြောတာလက်မခံရင် ခွဲစိတ်ဆရာဝန်ပြကြည့်တဲ့။


ပြတော့ အစာမျိုပြွန်ထဲပိုက်ထည့်ကြည့်တယ်၊ ကင်ဆာမဟုတ် ယောင်နေတာ ဆေးတစ်နေ့ ၄ကြိမ် တစ်လခွဲသောက်တဲ့။
တစ်ခွဲပြည့်မသက်သာဘူး။ ပြန်ပြရအောင်ပြောတော့ အဖေက ဥပုဒ်လ ဥပုဒ်စောင့်ခြင်လို့ တစ်နေ့ကို ၄ကြိမ်ဆက်ပြီးဆေးသောက်ခိုင်းမှာစိုးလို့ မပြခြင်ဘူးတဲ့။
အစ်နေ့မှာ စိုးစိုးဝါးဝါးခံရလို့ ခွဲစိတ်ဆရာဝန်ကြီးကို ပြန်ပြခိုင်းတယ်။ ရန်ကုန်မြို့သွားပြီး ပါမောက္ခဦးနော်မန်လှနဲ့ပြပါ။ သူကဒီလိုရောဂါမှာအတော်ဆုံးတဲ့။
အဲ့ဒီည ရထားနဲ့ ရန်ကုန်သွားပြီး နေ့၁၂နာရီ ဆရာကြီးနဲ့ပြတယ်။
လွန်ခဲ့တဲ့ ၄လ ပထမဆုံးရိုက်ခဲ့တဲ့ဓာတ်မှန်တွေကိုကြည့်ပြီး
” ငါ့တပည့် မင်းမှန်တယ်တဲ့ ”
ပညာရှိများနဲ့တွေ့သော်လည်း အလ္လာအသျင်မြတ်ရဲ့အစီအမံ (ကံမှာပါလာတော့) အားလုံးရဲ့အတွေး အမြင်တွေ ပိတ်ကုန်ပါတယ်။ ရောဂါက လွန်နေပြီ။ ခွဲပြီး ၁၂ရက်မြောက်နေ့ မှာ အလ္လာအသျင်မြတ်ရဲ့ အမိန်တော်ခံယူ ကွယ်လွန် ဘဝပြောင်းသွားပါတယ်။ ဒီ ဇူလိုင်ဆိုရင် ၂၆နှစ်ပြည့်ပါမယ်။
…….
…….
ပေးခြင်တဲ့ Message ကတော့………
……..
၁ ။ ။
ဖြစ်ချိန်တန်/ပျက်ချိန်တန်လာရင် ဘယ်လောက်ပညာရှိရှိ ထိုသူတို့ရဲ့ အတွေးအမြင်များကို အလ္လာအသျင်မြတ်က ပိတ်ထားလိုက်တာခံရပါပြီ။
…..
၂ ။ ။
အလ္လာနှစ်သက်သူကိုတော့ မပျက်ခင် ပြန်လည် ခေါ်ယူတော်မူပါတယ်။
……
ကျွန်တော်တို့ ဘယ်ထဲပါခြင်ကြပါသလဲ။ ၁ လား၊ ၂ လား။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s