တောင်ငူမှာ စစ်အစိုးရလက်ထက်ဖြစ်ပွားခဲ့တဲ့ မွတ်စလင်တို့ကို အကြမ်းဖက်မှု့မှာ ပျက်ဆီးသွားခဲ့ရတဲ့ ဗလီဝတ်ကျောင်း၊ အိုးအိမ်ခြံမြေတို့ကို ပြန်လည်နေထိုင်ခွင့်

Khinmg Tun Mdy

မေးခွန်းက တောင်ငူမှာ စစ်အစိုးရလက်ထက်ဖြစ်ပွားခဲ့တဲ့ မွတ်စလင်တို့ကို အကြမ်းဖက်မှု့မှာ ပျက်ဆီးသွားခဲ့ရတဲ့ ဗလီဝတ်ကျောင်း၊ အိုးအိမ်ခြံမြေတို့ကို ပြန်လည်နေထိုင်ခွင့်ရှိမရှိပါတဲ့၊ မေးသူ..တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်၊ပါ

ကြယ်ပွင့်မပြတဲ့ မေးခွန်းဆိုတော့ စာနဲ့ရေး၊ စာနဲ့ဖြေရတာတဲ့၊ ပြည်သူသိခွင့်မရလိုက်ဘူးတဲ့၊
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီလိုဖြေသတဲ့

No automatic alt text available.

မီးလောင်မြေများကို ကန့်သတ်နယ်မြေအဖြစ် ယခင်အစိုးရက ပိတ်ပင်ထားပါတယ်တဲ့၊ ၁၉၆၃ ခုနှစ် မီးသတ်ဥပဒေအရ အစိုးရက စီမံခန့်ခွဲနိုင်တဲ့ မြေဖြစ်ပါတယ်တဲ့၊ ဒါ့ကြောင့် ပြန်မပေးနိုင်ပါတဲ့၊

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးမှာ မေးမြန်းခဲ့တာပါတဲ့၊
ပထမအကြိမ်လွှတ်တော်မှာ အဓိက စိုးမိုးခြယ်လှယ်ခဲ့တာ ပကဖ ပါတီပါတဲ့၊

အကြမ်းဖက်သူတွေ အကြမ်းဖက်တယ်၊ အထက်က ဥပဒေကလည်း အကြမ်းဖက်သူတွေကို ကာကွယ်ထားတယ်၊ ထားပါတော့လေ၊မပြောတော့ဘူး၊

ကျွန်တော်ပြောချင်တာက အဲ့ဒီအကြောင်းကို ဘယ်ဂျာနယ် ဘယ်စာစောင်မှာမှ မကြားသိရ၊ မဖတ်ရပေမယ့်၊ ဒီနေ့ထုတ် မြန်မာတိုင်းမ်း သတင်းစာမှာမှ ဆောင်းပါးရှင် နိုင်ရှန်းလွန်း(တောင်ငူ) ၊ ရေးသားမှ သိရတာပါ၊သူက ဒီအဖြေကို ကန့်ကွက်ရေးသားထားပါတယ်၊ အကြမ်းဖက်မီးရှို့ခံထားရတာဖြစ်ကြောင်း၊ မီးသတ်ဥပဒေမှာလည်း ပုဒ်မ၃မှာ အကြမ်းဖက်မှု့ကြောင့် ၊ ထိုမြေနှင့် ပစ္စည်းများကို အစိုးရပိုင်ဆိုင်သည်ဟု မကြေညာရလို့ ပါကြောင်း၊ ပုဒ်မတွေကို အလွဲညွှန်းဖြေဆိုထားကြောင်း၊ “ကျားကျား မီးယပ်”ဆိုသလို ဥပဒေနဲ့အညီ မဟုတ်ဘဲ ဖြေချင်တိုင်းဖြေနေမည်ဆိုပါက နစ်နာသူက နိုင်ငံသားများဖြစ်သလို ကြယ်ပွင့်မပြမေးခွန်း ဖြစ်သောကြောင့် အများမသိနိုင်ဘဲ လွှတ်တော်မှတ်တမ်းမှာလည်း ဥပဒေနှင့်မညီသောအဖြေအဖြစ် အကျည်းတန်နေတော့မှာတဲ့၊ ဒီလောက်ဆို ဆောင်းပါးရှင်ရဲ့ သိမြင်တင်ပြတတ်မှု့ပညာနဲ့ မြန်မာတိုင်းမ်းရဲ့ အဆင့်အတန်း မြင့်မားကြောင်း မှတ်ချက်ပြုလို့ရပြီလို့ ကျွန်တော်ထင်ပါတယ်၊ အရင်ကတည်းက တောက်လျှောက်ဖတ်လာခဲ့တာပါ၊ ကျွန်တော် ဆက်ဖတ်နေဦးမယ့် ဂျာနယ်နဲ့သတင်းစာတစောင်ဆိုတာ ပြောလိုရင်းပါ၊ အခွင့်အရေးတို့ နစ်နာမှု့တို့ကတော့ မ မျှော်တာပဲကောင်းပါမယ်၊ ဘယ်ခေါင်းဆောင်ကိုမှ ပြောမနေတာ ကောင်းပါတယ်၊ သူတို့ အလုပ်တွေများတယ်လေ၊ ဟုတ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s