ရခိုင်မှ လူအခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ရန် ကုလ စဉ်းစားနေ

ရခိုင်မှ လူအခွင့်အရေးချိုးဖောက်မှု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတင်ရန် ကုလ စဉ်းစားနေ

ဖေဖော်ဝါရီ ၄၊ ၂၀၁၇ M-Media

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ဘင် အလ်-ဟူစိန်

ရခိုင်မြောက်ပိုင်းက အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာအတွက် မိမိအနေနဲ့ စုံစမ်းစစ်ဆေးပေးမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိပေးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ဘင် အလ်-ဟူစိန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလဆန်းပိုင်းက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံရိုဟင်ဂျာတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး အစုလိုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေပါအ၀င် စစ်တပ်ဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း ၆၆၀၀၀ လောက်ရှိသွားခဲ့ပြီး အလ်-ဟူစိန်ကတော့ ကျူးလွန်ခံရသူတွေ၊ သက်သေတွေကို သူတို့အနေနဲ့ တွေ့ဆုံမေးမြန်းထားကာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့လိုမျိုး လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး သူတို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ကို တင်သွားဖို့အထိ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခဲ့ရာမှာတော့ ဒီစစ်ဆင်ရေးကို အဆုံးသတ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း ဟူစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

OHCHR က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာဟာ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေထဲက ၂၂၀ လောက်ကို တွေ့ဆုံမေးမြန်းထားတာပါ။

အလ်-ဟူစိန်ကတော့ မိမိတို့အနေနဲ့ ဒီစစ်ဆင်ရေးတွေ ရပ်တန့်ဖို့ တိုက်တွန်းနေပြီး အကောင်ဆုံးနည်းလမ်းအတွက် တောင်းဆိုလာရင် လုံခြုံရေးကောင်စီ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးသွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref: VOA, BBC

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s