ဥက္ကဌဟောင်းဦးကျော်ခင်ကလည်း မွတ်စလင်၊ဒုဥက္ကဌဦးရာရှစ်ကလည်းမွတ်စလင်၊အတွင်းရေးမှူးနေရာမျာ ယှဉ်ပြိုင်ရာတွင်ထောက်ခံမှု့အလွန်များနေတဲ့ ကိုထွန်းစိန်ကလည်းမွတ်စလင်..

ဘိုး တော် ကြီး

၁၉၃၂ခုနှစ်ကျောင်းသားသမဂ္ဂဥက္ကဌရွေးချယ်ပွဲကိုသွားသတိရမိတယ်။ဒုတိယအကြိမ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ဒုဥက္ကဌတွေရွေးတော့ ဥက္ကဌဟောင်းဦးကျော်ခင်ကလည်း မွတ်စလင်၊ဒုဥက္ကဌဦးရာရှစ်ကလည်းမွတ်စလင်၊အတွင်းရေးမှူးနေရာမျာ ယှဉ်ပြိုင်ရာတွင်ထောက်ခံမှု့အလွန်များနေတဲ့ ကိုထွန်းစိန်ကလည်းမွတ်စလင်..

တကယ်နိုင်ငံအကျိုး၊ကျောင်းသားသမဂ္ဂအကျိုးကိုစွမ်းစွမ်းတမံစွမ်းဆောင်နိုင်သော ကျောင်းသားခေါင်းဆောင်သုံးဦးဟာ ပြောရဲ၊ဆိုရဲ၊လုပ်ရဲ၊ကိုင်ရဲဖြစ်မှုကိုလေးစားအားကိုးရမယ့်အစား၊နိုင်ငံအရေး၊ကျောင်းသားအရေးနဲ့ဘာမှမသက်ဆိုင်တဲ့ ဘာသာလူမျိုးရေးအယူသည်းမှု့ကိုထည့်သွင်းပြီး ကုလားတွေကိုနေရာမပေးရဘူး၊ကုလားတွေအုပ်ချုပ်ချယ်လှယ်ကုန်မယ်ဘာညာနဲ့ မျိုးချစ်တစ်စုက စတင်ပြဿနာရှာတာကိုသွားသတိရမိတယ်။

ဘာမှအကျိုးမဖြစ်တဲ့ဒီမျိုးညစ်တွေရဲ့လှုပ်ဆော်မှု့ကိုဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးနုတို့ကဆန့်ကျင်ပြီး အရည်အချင်းရှိတဲ့ဦးရာရှစ်တို့နဲ့လက်တွဲ ကျောင်းသားသမဂ္ဂကိုရအောင်ဖွဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တွေကိုဆန့်ကျင်ခဲ့ကြတယ်။

ဆရာဦးကိုနီလုပ်ကြံခံရတော့ မျိုးချစ်တော်တော်များများက ပျော်ကြတယ်။ပိုစ်တွေတင်ပြီးဂုဏ်ယူကြ မန့်တွေမှာအပြိုင်ရေးကြပေါ့..
ဘာလို့ဝမ်းသာလည်းမေးတော့ ဦးကိုနီက ကုလားဖြစ်လို့တဲ့။ဒီမှတ်ချက်တစ်ခုပဲတွေ့တယ်။ဘာမှမယ်မယ်ရရမသိကြဘူး။ ဒီလိုအဖြစ်အပျက်တွေကိုကြည့်ပြီး ဘာကိုသွားသတိရလည်းဆိုတော့..
၁၉၃၂ခုနှစ်ကျောင်းသားသမဂ္ဂဥက္ကဌရွေးချယ်ပွဲကိုသွားသတိရမိတယ်။ဒုတိယအကြိမ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ဒုဥက္ကဌတွေရွေးတော့ ဥက္ကဌဟောင်းဦးကျော်ခင်ကလည်း မွတ်စလင်၊ဒုဥက္ကဌဦးရာရှစ်ကလည်းမွတ်စလင်၊အတွင်းရေးမှူးနေရာမျာ ယှဉ်ပြိုင်ရာတွင်ထောက်ခံမှု့အလွန်များနေတဲ့ ကိုထွန်းစိန်ကလည်းမွတ်စလင်..တကယ်နိုင်ငံအကျိုး၊ကျောင်းသားသမဂ္ဂအကျိုးကိုစွမ်းစွမ်းတမံစွမ်းဆောင်နိုင်သော ကျောင်းသားခေါင်းဆောင်သုံးဦးဟာ ပြောရဲ၊ဆိုရဲ၊လုပ်ရဲ၊ကိုင်ရဲဖြစ်မှုကိုလေးစားအားကိုးရမယ့်အစား၊နိုင်ငံအရေး၊ကျောင်းသားအရေးနဲ့ဘာမှမသက်ဆိုင်တဲ့ ဘာသာလူမျိုးရေးအယူသည်းမှု့ကိုထည့်သွင်းပြီး ကုလားတွေကိုနေရာမပေးရဘူး၊ကုလားတွေအုပ်ချုပ်ချယ်လှယ်ကုန်မယ်ဘာညာနဲ့ မျိုးချစ်တစ်စုက စတင်ပြဿနာရှာတာကိုသွားသတိရမိတယ်။ဘာမှအကျိုးမဖြစ်တဲ့ဒီမျိုးညစ်တွေရဲ့လှုပ်ဆော်မှု့ကိုဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးနုတို့ကဆန့်ကျင်ပြီး အရည်အချင်းရှိတဲ့ဦးရာရှစ်တို့နဲ့လက်တွဲ ကျောင်းသားသမဂ္ဂကိုရအောင်ဖွဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တွေကိုဆန့်ကျင်ခဲ့ကြတယ်။

ပြောချင်တာက နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့လူတစ်စုဟာ ဒီလူမျိုးရေးဇာတ်ထုတ်နဲ့ပဲ လူထုကိုသွေးခွဲ တန်ဖိုးရှိတဲ့ခေါင်းဆောင်တွေကို လုပ်ကြံခဲ့တာ သမိုင်းတွေရှိခဲ့တယ်။ယနေ့ထိလည်းဒီအတိုင်းပဲ။ဒီနည်းနဲ့ပဲ နိုင်ငံရေးထဲမှာ သူတို့ရည်ရှည်သီသန့်နေတယ်။အောက်ခြေကပြည်သူတွေရဲ့ခေါင်းထဲမှာ ထိုသူဟာ တိုင်းပြည်အတွက် ဘယ်လောက်တန်ဖိုးရှိလည်း၊ဘယ်လောက်ထိအကျိုးပြုနိုင်လည်းဆိုတာ စဉ်းစားနိုင်တဲ့အသိဥာဏ်မရှိကြဘူး။လူထုကိုစည်းရုံးနိုင်တာလည်း ဒီလူမျိုးရေးကိုအခြေခံလို့ပဲဖြစ်တယ်။ဒါကိုကျနော်တို့ အမြစ်ကနေလှန်ပစ်ရမယ်။ပညာရှင်တွေ အသိတရားဖွံဖြိုးတဲ့သူတွေ အမှန်တရားကိုချစ်တဲ့သူတွေ တိုင်းပြည်ကိုတိုးတက်ပြောင်းလဲချင်တဲ့သူတွေ မိမိပတ်ဝန်းကျင်မှာ စကားတွေအများကြီးပြောဖို့လိုတယ်။ယောင်ဝါးဝါးလူတွေကို ရှင်းပြနိုင်မှ သူတို့နဲ့အတူပြောဆိုဆွေးနွေးနိုင်မှ ဒီမုန်းတီးမှု့တွေ သံသယတွေကို
ပြေလျော့ပေးနိုင်မှာဖြစ်တယ်။

တိုင်းပြည်အတွက်အရေးကြီးတဲ့ဦးကိုနီတစ်ယောက်တော့ဆုံးရှုံးသွားပြီး။နောက်ထက် ကျန်ရှိတဲ့ခေါင်းဆောင်တွေမဆုံးရှုံးအောင်၊အမြစ်သွယ်နေတဲ့လူမျိုးရေးမုန်းတီးမူ့တွေလျော့သွားအောင် ဘာတွေလုပ်သင့်တလည်း၊ဘာတွေပြင်ဆင်သင့်လည်း စဉ်းစားပါ။အမှန်တရားကိုလည်းများများပြောပါ၊ပြောရဲအောင်လည်းသတ္တိမွေးပါ။အကျိုးပြုတဲ့သူတွေကိုလည်း သတ္တိရှိရှိဂုဏ်ပြုပါ။ဒါမှလည်း အမှန်တရားကို လူတိုင်းသိမယ်။လူလူချင်း လေးစားတတ်လာမယ်။

နောက်ထက်ဦးကိုနီလိုပုဂ္ဂိုလ်တွေ အဆုံးရှုံးမခံပါရစေနဲ့…
ခံနိုင်ရည်မရှိတော့လို့ပါ….။အရေးကြီးတော့ ဘယ်ပုဂ္ဂိုလ်ကိုမဆို လုံခြုံရေးအပြည့်အဝပေးပါ။

Copy & Credit To : Nurhad
#CD

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s