” ပြန်လာ လာလာ၊ မလာ လာလာ၊ ကိုယ်ကရေးဦးမှာ ” စစ်ဗိုလ်တွေ ဒီလောက် ဖမ်းနေ၊ သတ်နေတာ မြင်နေရရဲ့ ကျုပ်က ဘယ်နှယ့်ပြန်လာရမလဲ ကိုယ့်လူတို့ရယ်။ အရူးမှ မဟုတ်တာ။

Min Aung

” ပြန်လာ လာလာ၊ မလာ လာလာ၊ ကိုယ်ကရေးဦးမှာ ”

ကျနော့်ကို ကွန်မန့်ထဲကနေ ပြည်ပက ရေးနေတာတို့၊ ပြန်မလာရဲဘူး မလား တို့ လာ တိုက်ခိုက်ကြတဲ့ ဦးနှောက်ပိန်စစ်ဗိုလ်လေးတွေ ရှိတယ်။
မနေ့က တယောက်ကလဲ ဒီဘိတ်လုပ်မယ်။ နေပြည်တော်မှာ တဲ့ ဟားဟားဟား။

မောင်တို့စစ်ဗိုလ်တွေ ဒီလောက် ဖမ်းနေ၊ သတ်နေတာ မြင်နေရရဲ့ ကျုပ်က ဘယ်နှယ့်ပြန်လာရမလဲ ကိုယ့်လူတို့ရယ်။ အရူးမှ မဟုတ်တာ။


ကျည်ကွယ်မျက်ကွယ်က ရေးနေတာ အထင်မကြီးဘူး ဆိုတော့ မောင်တို့ကော စစ်တိုက်ရင် ဘယ်လိုတိုက်တုန်း။ လက်ဗလာ အကာအကွယ်မယူဘဲ ကျား ဆိုပြီး ရန်သူဆီ ပြေးတက်သွားသလား။
ပြန်လာပြီး ဘာလုပ်ရမတုန်း။ အဖမ်းခံရမလား။ အဖမ်းခံ၊ ထောင်ထွက်၊ သူရဲကောင်းဖြစ်။ ပြီးတော့ ဘာတလုံးမှ မထွက်တော့တဲ့ သူရဲကောင်း ‘သူရဲကောင်း တေမိ’။

ကျုပ် က အဲလိုသူရဲကောင်းဖြစ်ချင်တာ အဓိက မဟုတ်၊ မောင်တို့ မတရားလုပ်နေတာတွေကို ပြန်လှန်ရေးရဖို့ အဓိက သမားပါ။

ခုလို လွတ်ရာ ကင်းရာကနေ အားရပါးရ ဆဲလိုက်၊ ရေးလိုက် လုပ် နေရတာ အရသာ ရှိလွန်းလို့၊ တခြားဘဝအမောတွေကိုတောင် မေ့သဗျ။
ပြည်သူတွေကိုယ်စား ခုလို ဆဲပေးမယ့်၊ ရေးမယ့် လူ တယောက်လောက်တော့ ရှိသင့်သပေါ့ နော့။

အရင်နအဖပြန်ဝန်ဂျပုလက်ထက်ကထဲက မဟုတ်တမ်းတရားတွေ စင်ပေါ်တက်ပြောပြောနေတာ ကြားရ နာရ အူထဲဝမ်းထဲ ယားပြီး ပြန်လှန်ချေပခဲ့ချင်တာ ကိုးဗျ။

ပြည်တွင်းမှာရေးတော့ ဖမ်းရင်၊ သတ်ရင် ဘယ်ဆက်ရေးနိုင်ပါ့တော့မလဲ။

ဒေါ်ဒေါ်စု ပြောဖူးသဗျ။ ( ခုတော့ သူလဲ ဒါတွေ မေ့လောက်ပါချေပြီ)
” မိမိရဲ့ လွတ်လပ်မှုကို အသုံးချပြီး၊ မလွတ်လပ်သေးသူတွေ အတွက် ကူညီပေးပါ” တဲ့။

လောက မှာ’ဆာမူရိုင်း’ တွေ လို သတ္တိပြောင်ပြောင်နဲ့ တိုက်တဲ့ သူရဲကောင်းတွေ ရှိသလို၊ သာမန်ပြည်သူတယောက်အနေနဲ့ပဲ ကြောက်ကြောက်လန့်လန့်နဲ့ပဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်တဲ့သူတွေ ရှိသင့်သပေါ့။
ရော်ဘင်ဝီလျံ ရဲ့ လူလိမ်ဂျေကော့ဗ် Jacob the liaer တို့၊ ဂျက်ကီချန်း ရဲ့ A little soldier တို့၊ ဒပ်စတင်ဟော့ဖ်မင်း ရဲ့ သူရဲကောင်း Hero တို့ ကြည့်ကြည့်ရင် “အညတြတိုက်ပွဲဟန်” တွေဟာ ဆာမူရိုင်းသူရဲကောင်းတွေ လို မထည်ဝါ လူသားဆန်တာ တွေ့လာ သဘောပေါက်လာပါလိမ့်မယ်။

ကျနော်က ပေါ့ပေါ့ပါးပါး ရယ်ဟယ် မောဟယ် စ ဟယ် နောက်ဟယ် နဲ့ နေတတ်တဲ့ စာပေအနုပညာသမားပါ။
သူရဲကောင်း ဆိုပြီး ရုပ်တုစာရင်းဝင် ခံရဖို့၊ ရုပ်တည်ကြီးနဲ့လဲ မနေနိုင်။ အဲသလိုနေတတ်ရင် ပွင့်လင်းတွေနဲ့ လုံးနေမပေါ့ ဟဲဟဲဟဲ။
နိုင်ငံရေးကိုလဲ မလုပ်ချင်၊ ဘာလုပ်ချင်သလဲ ကိုယ့်ဝမ်းထဲ မညာတမ်းမေးတော့ ပြည်သူကို ဖိနှိပ်ညှင်းပမ်းဒုက္ခပေးနေတဲ့ အဲသည့်စစ်ဗိုလ်တွေကိုပဲ ချချင်၊ ထုချင်၊ နှက်ချင်၊ တောက်တောက်စင်းချင်တာပါပဲ။
ကိုယ့်လက်ထဲမလဲ သည်ကလောင်ပဲရှိ၊ တသက်လုံးလဲ သည်ကလောင်ပဲ ကိုင်ဖူး ဆိုတော့ ကလောင်နဲ့ပဲ ချရ၊ ထုရ၊နှက်ရ၊ ပါသောကော။

ကာလီဖိုးနီးယားမှာ ကားမောင်းလိုင်စင်ဖြေတော့ လမ်းလေးခွဆုံမှာ ဟိုဘက်က Stop Sign၊ ကျနော့်လမ်းက ဦးစားပေးအလွတ်လမ်း၊ အရှိန်လျှော့ပြီး ရပ်ပြီးမှမောင်းတော့ ဘေးက စစ်တဲ့ မိန်းမကြီးကမေးတယ် “မင်းက ဦးစားပေးလမ်းရပ်စရာ မလိုဘူး ဆိုတာ သိလား ” တဲ့။ ” သိတယ် ဒါပေမဲ့ ငမိုက်သားတကောင် မောင်းလာရင် ဘယ်လိုလုပ်မလဲ”
” I know, but how about if a stupid’s coming” လို့ ပြောလိုက်တော့ ရယ်တာဆို ခွက်ထိုးခွက်လှန်ပဲ။ ပြီးတော့ Super cautious driver ဆိုပြီး အအောင်ပေးလိုက်တယ်။

မင်း တို့တပ်မတော် ကို ငါက ‘တဘဝစားငမိုက်သား’ တွေ လို့ပဲ မြင်လေတော့။

ချိုတူးဇော်

They used to challenge my brother Maung Maung and me also like that. Even few days ago former president’s adviser Dr Nay Zin Latt challenged my brother like that. တရုတ်ကြီးနေဇင်လတ်
ခင်ဗျားက ကျ နော့်ကို “မင်းပြန်လာခဲ့” လို့ပြောတယ်
ဟုတ်လား

လူတယောက်ကို လူလိုတန်ဘိုးထားမဆက်ဆံတတ်
တဲ့ ခင်ဗျားတို့အုပ်စု လုပ်ပိုင်ခွင့်တွေရှိနေသေးတဲ့
အချိ န်မှာ ခင်ဗျားနဲ့အတူတူ အစစ်ခံဖို့ ပြန်လာရမယ်….

ရူးနေလား ပေါက်ဖော်ကြီး

ခင်ဗျားအကြံပေးလုပ်နေစဉ်က ခင်ဗျားရဲ့အစိုးရ
က…ကိုပါကြီးကို ဘယ်လိုစစ်ပြီး ဘယ်လိုသတ်ခဲ့သလဲ
ဆိုတာကို လူတွေ မေ့သွားပြီလို့များထင်နေလား

ကိုပါကြီးကို လုပ်ခဲ့သလိုမျိုး ခင်ဗျားတို့မတော် မတရားလုပ်မှာကို မခံချ င်လို့
တရားဝင် နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာနဲ့ မင်္ဂလာဒုံ
လေဆိပ်ကနေ ရင်ကော့ပြီး ထွက်လာခဲ့တာပါ

ခင်ဗျားတို့ လေဆိပ်မှာတားဆီးနိုင်ဖို့ ကြိုးစားခဲ့ကြ
သေးတယ်လေ…..မရခဲ့တာ မဟုတ်လား

ကျ နော်ကို လေဆိပ်က ထွက်နိုင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သတင်းထောက်ကလေး
မိုးသူအောင်ကိုတောင် ခင်ဗျာတို့ရဲ့ မျိုးချ စ်အဖွဲ့
တွေ လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့သေးတယ်လေ

ဘယ်လိုလုပ် အခုချ က်ချ င်းပြန်လာလို့ရဦးမှာလဲ

ပြန်တော့လာမှာပါ
ခင်ဗျာတို့အစိုးရဟောင်း လူသတ်သမားတွေ ဘာလုပ်
ပိုင်ခွင့်မှမရှိအောင် ကြိုးစားရဦးမှာလေ


အရူးချီးပန်းတွေလျှောက်မရေးပါနဲ့ဗျာ READ ALL @ https://www.facebook.com/permalink.php?story_fbid=1835025903432467&id=100007752259144

Leave a comment