ကုလားမဆန်ပဲ ဗမာဆန်လို့ရသလား။ ကုလားမရှိရင် ဗမာရှိသလား

Aung Tin

ကုလားမဆန်ပဲ ဗမာဆန်လို့ရသလား။ ကုလားမရှိရင် ဗမာရှိသလား။

မွတ်စလင်အချင်းချင်း ကုလားပုံ မဖမ်းကြနဲ့လို့ ပြောသံတွေ အခုတလော ခပ်စိပ်စိပ်လေး ကြားနေရတယ်။ ဗမာတွေပြောနေ၊ အပြစ်တင်နေတာကတော့ ကြာပါပြီ။

ဒါနဲ့ ကုလားပုံဆိုတာဘာလဲလို့ ဆက်စပ်စဉ်းစားမိတယ်။

ပုဂံခေတ်က ဗမာတွေ ကုလားပုံ ဒိုတီဝတ်၊ ဆာရီဝတ်၊ မုတ်ဆိပ်ထားခဲ့တယ်။ နောက်ပိုင်းမှာလည်း ကုလားပုံ လုံချည်(လုံချည်ဆိုတာကလည်း ကုလားစကားဖြစ်တယ်။) ဝတ်ကြတယ်။

ကုလားကြောင့် ဗမာတွေ ယဉ်ကျေးလာတယ်။ ဝတ်တတ်၊ စားတတ်၊ နေတတ်၊ နိုင်ငံကို အုပ်ချုပ်တတ်၊ ဆေးပညာ၊ သင်္ချာပညာ၊ နက္ခတ္တပညာ၊ ဗေဒင်ပညာ၊ အက၊ ဂီတ၊ စာပေ၊ ကဗျာ၊ စစ်ဆင်စစ်ထိုး၊ ကိုယ်ခံပညာ၊ လောကနီတိတွေ တတ်မြောက်လာတယ်။

ဗမာစာတောင် ကုလားစာကို အတိအကျလောက်နီးပါး ထပ်တူကူးချထားတယ်။

ဗမာဆိုတဲ့ နာမည်ကလည်း ဗရမာ(ဗြဟ္မာ)ဆိုတဲ့ ကုလားအမည်ဖြစ်တယ်။ ကုလားပေးထားတဲ့ အမည်ဖြစ်တယ်။

ကုလားပဲ စားတယ်။ ကုလားအော်သီး ကြိုက်တယ်။ ကုလားတက်ခေါက်တယ်။ ကုလားထိုင်မှာ ထိုင်တယ်။ ကုလားကျောင်းကို အထင်ကြီးတယ်။ ဗုဒ္ဓဘာသာ ဗမာတွေရဲ့ အိမ်တိုင်းမှာ ကုလားပုံ ဗုဒ္ဓပုံတော် ရှိတယ်။

အံမယ်။ ဘုန်းဘုန်းတွေက လုပ်လိုက်သေးတယ်။ ပါဠိထဲက ဗုဒ္ဓဘာသာဆိုင်ရာ စကားလုံးတွေကို ကုလားတွေ မသုံးပါနဲ့တဲ့။ ပါဠိစကားက ကုလားစကား မဟုတ်လို့ ဗမာစကားလား။ ဒီလောက်တောင် အချောင်လိုက်ချင်နေကြတာ မရှက်ဘူးလား။

မြန်မာပြည်မှာ ပထမဆုံး ပါဠိပါမောက္ခက ခရစ်ယာန်ကြီး ဦးဖေမောင်တင်၊ ဒုတိယ ပါဠိပါမောက္ခက မွတ်စလင် ဦးကာစင်။ ဗမာမဟုတ်ဘူးဆိုတာလည်း မသိကြဘူး။

ဒါဆို ကုလားဆီကလာတဲ့ ဗမာစာကို ရိုမန်အက္ခရာနဲ့ ပြန်ပြင်ရေးမလား။ ဒါလည်း ကုလားဖြူပုံဖမ်းတယ် ပြောအုံးမယ်။

ကုလားစကားဖြစ်တဲ့ ဗမာဆိုတဲ့အမည်ကို ဗမာဆန်ဆန် ပြောင်းလဲပစ်မလား။ ဒါလည်း ဗမာဆန်ဆန်ဆိုတာ ဘာလဲဆိုတာ မှန်ဘီလူးနဲ့ ရှာရမယ်။ တွေ့မယ် မထင်။

ကုလားသာသနာဖြစ်တဲ့ ဗုဒ္ဓဘာသာကို ပယ်ပြီး ဗမာတွေရဲ့ ကိုယ်ပိုင်သာသနာ တည်ထွင်ကြမလား။ ဒီအခါမှာလည်း မင်းကြီးမင်းလေးတို့၊ မနှဲလေး၊ ကိုကြီးကျော်တို့က တစခန်းထလာကြအုံးမလား။

နောက်ပွင့်မယ့် ဘုရားတွေမှန်သမျှကလည်း ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်းတဲ့ ကုလားပြည်ကပဲ ပွင့်ကြမယ် ဆိုထားတော့ ဗမာတွေက ကုလားနဲ့ကင်းအောင် နေကြမယ်ဆိုရင် သာသနာပက မလွတ်၊ မကျွတ်မဲ့ သနားစရာကောင်း ကံမွဲတဲ့ သတ္တဝါတွေ ဖြစ်ကုန်ကြမလား။

ဗမာဆိုတာ တရုတ်ဘိန်းစားနဲ့ လေလွင့်ကုလားမတို့ ဇရပ်ပေါ်မှာ သံဝါသပြုရင်း မွေးလာတဲ့လူမျိုးဖြစ်တယ်လို့ ဗမာပါမောက္ခ ဒေါက်တာအောင်ခင်ကလည်း ပြောထားပြန်တယ်။

ဗမာပြည်ကို ဗမာတွေ မရောက်ခင်ကတည်းက ကုလားတွေက အရင်ရောက်နေတယ်။ ဟိန္ဒူသာသနာက ဗုဒ္ဓသာသနာထက်စောတယ်လို့ ဗမာပါမောက္ခ ဒေါက်တာသန်းထွန်းကလည်း ရေးထားတယ်။

ဗုဒ္ဓဘာသာနဲ့ ဗမာလူမျိုးက အိမ်ရှင်ဖြစ်တယ်လို့ ပြောနေကြသူတွေ စာမဖတ်၊ စာမတတ်တဲ့ လူတုန်းတွေပါ။

ယဉ်ကျေးမှုဆိုတာ ကူးလူးတတ်ပါတယ် ဆြာတို့။

ကမ္ဘာပေါ်မှာ သွေးမနှောတဲ့ လူဆိုတာ မရှိပါဘူး။ သွေးမနှောဘူး။ သွေးသန့်သန့်လေးဆိုတဲ့ အကောင်တွေကို လူမဟုတ်ဘူးလို့သာ မှတ်လိုက်ပါ။

မြန်မာပြည်က တိုင်းရင်းသားတွေ အားလုံးထဲမှာ ကုလားသွေး အပြစ်ခဲဆုံး၊ ကုလားသွေး အများဆုံးက ဗမာနဲ့ ရခိုင်ပဲ ရှိပါတယ်။

မွတ်စလင်တွေကို ဗမာမဆန်လို့ အပြစ်တင်နေချိန်မှာ ဗမာယောင်္ကျား၊ မိန်းမတွေ ဗမာမဆန်တာကျတော့ မသိချင်ယောင်ဆောင်နေတာကလည်း ကြည့်မကောင်းပါဘူး။

ကြိုက်သလို ဝတ်ကြပါ။ ကြိုက်တာ စားကြပါ။ မုတ်ဆိပ်ထားချင် ထားကြပါ။ မွတ်စလင်မှ မုတ်ဆိပ်ထားတာ မဟုတ်ဘူး။ ကျော်သူလည်း ထားပါတယ်။

ကနေ့ ကမ္ဘာပေါ်မှာ လူငယ်လူရွယ်တိုင်းလိုလိုက မုတ်ဆိပ်ကို ခေတ်မှီတဲ့ ဖက်ရှင်သဘောမျိုး အပြိုင်အဆိုင် ထားလာကြနေပြီဆိုတာကိုလည်း မျက်စေ့ဖွင့်ပြီး ကြည့်ကြအုံး ကိုရွှေဗမာတို့။ နိုင်ငံခြားအထင်ကြီးတဲ့ ကိုရွှေဗမာတွေ တော်ကြာ မုတ်ဆိပ်အပြိုင်အဆိုင် ထားလာကြအုံးမယ်။

အရေးကြီးတာက ကိုယ်ကျင့်တရား ကောင်းဖို့၊ မိမိလူ့အဖွဲ့အစည်း၊ မိမိနိုင်ငံ အကျိုးဆောင်ဖို့၊ နိုင်ငံသားကောင်း သမီးကောင်းတွေဖြစ်ဖို့ပါဗျာ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s