ဦးကိုနီနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတင်လို့ ပြသနာရှာနေကြတယ် – ဦးကိုနီက သူ့ကိုဓာတ်ပုံတွဲရိုက်ဖို့တောင်းဆိုလာတဲ့ သူတိုင်းနဲ့ဓာတ်ပုံတွဲရိုက်ခဲ့တယ်-ဘယ်သူ့ကိုမှမငြင်း ခဲ့ဘူး

Image may contain: 5 people

Maung Maung

လူတွေ လူတွေ
ဦးကိုနီနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတင်လို့ ပြသနာရှာနေကြတယ်

ဦးကိုနီက သူ့ကိုဓာတ်ပုံတွဲရိုက်ဖို့တောင်းဆိုလာတဲ့
သူတိုင်းနဲ့ဓာတ်ပုံတွဲရိုက်ခဲ့တယ်-ဘယ်သူ့ကိုမှမငြင်း ခဲ့ဘူး

ဦးကိုနီ အလုပ်တွေလုပ်နေတုန်းက သူ့လုပ်ငန်း
အနှောက်အရှက်ဖြစ်မှာစိုးလို့ ကိုယ်ရိုက်ခဲ့တဲ့ပုံတွေကို
မတင်ခဲ့ကြဘူး-ထိန်းသိမ်းခဲ့ကြတယ်

ဦးကိုနီဆိုတဲ့ သူဟာ
တိုင်းပြည်မှာရှိတဲ့ပြသနာတွေဖြေရှင်းရာမှာ အကြံပေး
နိုင်ဖို့အတွက် ပြသနာရပ်တိုင်းကို အရှိအတိုင်း အမှန်
အတိုင်းသိထားဖို့ လိုတယ်
ရှု့ဒေါင့်မျိုးစုံ ဘက်ပေါင်းစုံကစကားတွေကို နားထောင်ဖို့လိုတယ်
ဒါကြောင့် သူသွားလေရာမှာ လူတိုင်းနဲ့တွေ့တယ်
လူတိုင်းကို တိုင်းပြည်ရဲ့လက်ရှိအခြေအနေတွေ ကို
ရှင်းပြတယ်
တိုင်းပြည်အကျိုးအတွက် သူနဲ့တွေ့သူတွေဖက်က
ဘာတွေလုပ်သင့်တယ်ဆိုတာရှင်းပြတယ်

ဒါတွေကို ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တာမဟုတ်ဘူး
လူရှေ့သူရှေ့မှာ ပေါ်တင်လုပ်ခဲ့တာ ဗျောင်လုပ်ခဲ့တာ

သူ့အလုပ်သူလုပ်ခဲ့တာ

အခု သူ မရှိတော့ဘူး

ဒီအချိ န်ရောက်မှ အာဇာနည်တယောက်နဲ့ တွေ့ခဲ့
ဆုံခဲ့ တိုင်းပြည်အကျိုးအတွက် ဆွေးနွေးခဲ့ဘူးတယ်
ဆိုတာကို ဂုဏ်ယူလို့ ဦးကိုနီနဲ့အတူတွဲရိုက်ထားတဲ့
ဓာတ်ပုံတွေ တင်ခဲ့မိကြတယ် (ကျ နော်အပါအဝင်)

ဒါ ဘာပြသနာရှိသလဲ

ကျ နော်တို့ဟာ အကြမ်းဖက်သမားတွေမဟုတ်ဘူး
ရာဇဝတ်သားတွေမဟုတ်ဘူး
လက်ရှိတိုင်းပြည်ကို အုပ်ချု ပ်နေသူတွေနဲ့ သဘော
ထားကွဲလွဲသူတွေသာဖြစ်တယ်
မိမိ ကွန်မျူ နတီအတွက် တန်းတူအခွင့်အရေး ရဖို့
တိုက်ပွဲဝင်နေသူတွေသာဖြစ်တယ်
အဖိနှိပ်ခံ ပြည်သူအားလုံးအတွက် အရေးဆိုနေသူတွေသာဖြစ်တယ်
စစ်အစိုးရကို ဆန့်ကျ င်နေသူတွေသာဖြစ်တယ်

ကျနော်တို့အတွက်နဲ့ ဦးကိုနီ သိက္ခာကျ စရာမရှိဘူး

ဘယ်သူကမှလဲ ဦးကိုနီကို သိက္ခာကျ အောင်လုပ်လို့မရဘူး

မျိုးမစစ်တဲ့သူတွေက ပေါက်ပန်းသေးပြောနေတာ
တွေဟာ ဘာဂရုစိုက်စရာမှမရှိပါဘူး

ဒါပေမဲ့ ကိုယ့်လူတွေ ဆန်းဆန်းတင့်ဖြစ်နေတာ
စဉ်းစားလို့မရဘူး

ဂေါင်းလေးတွေ သုံးကြစမ်းပါဗျာ

Advertisements

7 thoughts on “ဦးကိုနီနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတင်လို့ ပြသနာရှာနေကြတယ် – ဦးကိုနီက သူ့ကိုဓာတ်ပုံတွဲရိုက်ဖို့တောင်းဆိုလာတဲ့ သူတိုင်းနဲ့ဓာတ်ပုံတွဲရိုက်ခဲ့တယ်-ဘယ်သူ့ကိုမှမငြင်း ခဲ့ဘူး

  1. Mohammed Naeem လုပ်စားတွေ ခွင်ပျောက်မှာ ကြောက်နေကြတာ ဖြစ်မှာ ကျာကျာ။ အသိဥာဏ်ရှိတဲ့ လူတိုင်း ဆရာဦးကိုနီရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားကြသူတွေချည်းပါပဲ။ တွဲရိုက်တဲ့ ဓာတ်ပုံကြောင့် အထင်မှားကြကြေးဆို ဦးတင်ဦးလို ပုဂ္ဂိုလ်​ ၀ီရသူလို အယုတ်တမာကို လက်ဆယ်ဖြာမိုးပြီး ရှိခိုးတာကို ဘာပြောကြမလဲ သိချင်မိတယ်။
    Cademon Saw NSL ကမသိရင်အယုတ်တမာကြီးကျနေတာဘဲ…ဟို အစွန်းရောက်တွေကညစ်ပတ်ပြီးလုပ်ထာတဲ့ဟာ…အနောက်ကနေသံယောင်လိုက်နေတယ်…တကယ်ငတုန်းတွေ…
    Mohammed Naeem အေးဗျာ..ကိုယ့်အထဲမှာ အဲ့လောက် ကျပ်မပြည့်တာတွေရှိနေသေးတာ အံ့သြပါရဲ့..

    Like

  2. Maung Myomyint မလိုအပ်ဘဲပူပန်ကြတာက
    တရားလွန်ပါဘဲကိုမောင်ရယ်
    စစ်ခွေးနဲ့ဖွတ်ခွေးကအမြဲဟောင်နေ
    ရမှစားဝင်အိပ်ပျော်ကြတာမသိကြလေ
    သလားတော့မသိဘူး ဒီတိုင်းဘလိုင်းကြီး
    လဲခုထိဟောင်နေကြတုန်းပါဘဲ
    မတရားသတ်ခံရလို့လဲအကောင်းမမြင်
    ကြတဲ့မျိုးချစ်ခွေးတသိုက်ကိုကြောက်နေ
    ကြတဲ့အပ္ပနားတွေတော့သနားမိပါရဲ့
    Maung Myomyint မလိုအပ်ဘဲပူပန်ကြတာက
    တရားလွန်ပါဘဲကိုမောင်ရယ်
    စစ်ခွေးနဲ့ဖွတ်ခွေးကအမြဲဟောင်နေ
    ရမှစားဝင်အိပ်ပျော်ကြတာမသိကြလေ
    သလားတော့မသိဘူး ဒီတိုင်းဘလိုင်းကြီး
    လဲခုထိဟောင်နေကြတုန်းပါဘဲ
    မတရားသတ်ခံရလို့လဲအကောင်းမမြင်
    ကြတဲ့မျိုးချစ်ခွေးတသိုက်ကိုကြောက်နေ
    ကြတဲ့အပ္ပနားတွေတော့သနားမိပါရဲ့
    Thet Htut Win ရိုနေဆန်းလွင်ကို မဟုတ်တန်းတရား ပြောနေသူတွေဟာ မျိုးချစ်ဘောမတွေ ၊ အရေခြုံဒီမိုတွေပါ ။ ပိုအံ့ဩတာက အပ္ပနားတချို့ပါ လိုက်ယောင်နေတာတွေ့ရတယ်။ ကျနော်ကတော့ ရိုနေဆန်းလွင်ဘက်ကပဲ ရပ်ပါတယ်။ သူ့ဘာသာ ဂုဏ်ယူပြီးရိုးရိုးသားသား တင်တာပါ။

    Like

  3. Nay S. Lwin
    13 hrs ·
    I have no reason to deactivate my account which I run for advocating persecuted minorities, mostly for Rohingya.

    It is completely weird showing as if deactivated. I can’t even catch the screen it shows session expired and immediately disappeared.

    I am closely observing who are backbiting in this case. Will promptly kick out from my account once I can log in.

    I have just consulted with a security specialist from an organization. Hopefully I will get back my account in next 72 hours.

    Nay San Lwin
    Thet Htut Win ဟုတ်တယ် ကျနော်လည်းရှာတာမတွေ့တော့ဘူး ။ သူဟာ အစိုးရက လိမ်ပြီးပြောတာတောင် ပြန်ရှင်းရဲတဲ့သူပါ ။ ဘာမဟုတ်တဲ့ သူတွေကြောင့် မဒီပါဘူး 😀

    Like

  4. Yes…even though Sitkhwes and DemoKhwes report on my FB account, as FB admins knew me (I complaint repeatedly to their biggest boss) MashaAllah they could not destroy my account. But sometimes, my hard hitting post by name: MAH, ASSK, Than Shwe were disappeared (because of numerous reports) from my timeline but not from the groups and my WP posts.

    Like

  5. Arif Kassim အဲဒီ ကျော်စွာ ဆိုတဲ့
    အကောင့်ပိုင်ရှင်၊ ကျော်ဝင်းမောင်
    ဆိုတဲ့ အကောင့်ပိုင်ရှင်တွေက အခု
    ကိစ္စ လျှောက်ဖွာနေသူတွေ အားလုံး
    ထောက်ပြုတ်အုပ်စု၊ ရဲမိုးတို့ အုပ်စု၊
    ပြီးတော့…
    ကျနော် မေးချင်တယ်။ ၀ီရသူ နှင့်
    ဦးတင်ဦး၊ ခင့်ညွန့် နဲ့ ဝီရသူ၊ ၀ီရသူ
    နှင့် ဒီကေဘီအေ ဓါတ်ပုံတွဲ ရိုက်တုန်း
    ကလည်း ဒီလူတွေ အဲလိုဘဲ အန်အလ်ဒီ
    ပါတီထဲက လူတွေ အစွန်းရောက် အတွေး
    အခေါ်သမားတွေနဲ့  ပူးပေါင်းသွားတယ်
    ဆိုပြီး ပွားဖူးလို့ လား။ စဉ်စားကြည့်ပါ။
    သူတို့  လျောက်ပြောတိုင်း ကျနော်တို့ က
    လက်ခံရမှာလား။ ဘယ်သူ ဘာလုပ်တယ်ဆိုတာ
    ဘိုင်တို့ လည်းမြင်နေကြတာဘဲ။ ဒီလောက်လေး
    တော့ ဘိုင် တို့ လည်း တွေးခေါ်တတ်မှာပါ။
    Like · Reply · 1 · 9 hrs
    Aung Zaw Htet
    Aung Zaw Htet မွတ်စလင်အားလုံး သိကြပါတယ်ဗျာ။ ခုက ကိုယ့် community ထဲက ဘယ်သူက ဘာပြောနေကြလို့တုန်းဗျာ ?
    Like · Reply · 1 · 9 hrs
    Arif Kassim
    Arif Kassim ဦးကိုနီနဲ့ ဓါတ်ပုံ
    တွဲရိုက်တာကို တင်ပေးလိုက်လို့ 
    ရို နေဆန်းလွင်က ပြစ်မှုအကြီး
    ကြီး ကျူးလွန်ထားသလိုလို၊ အဲဒီ
    ဓါတ်ပုံက ဦးကိုနီရဲ့ ဂုဏ်ကို နိမ်အောင်
    အကြံအစည်နဲ့ တင်လိုက်သလိုလို
    ကိုယ့် ကွန်မြူနိတြိထဲက တစ်ချို့  လူကြီး
    လူကောင်းဆိုသူတွေ အစ ပြောနေ ဆိုနေ
    တာတွေ့ရလို့ ပါဘိုင်။
    ပြီးတော့ ရိုနေဆန်းလွင်က
    ရှောင်ပြေးသလိုလို၊ ပြစ်မှူးကြီး ကျူးလွန်ပြီး
    ပုန်းနေသလိုလို ရေးနေတာတွေ ရှိပါတယ်

    Like

  6. Nyo Thet Lwin
    15 hrs ·
    ဦးသိန်းစိန်တို့လို ရဟန်းရှင်လူ ပြည်သူလူထုကို ရက်ရက်စက်စက် မတရားဖမ်းဆီးနှိပ်ဆက် သတ်ဖြတ်ခဲ့ကြတဲ့သူတွေ၊ တနည်းအားဖြင့် ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက အလွန်ရွံရှာမုန်းတီးခဲ့ကြတဲ့ တိုင်းပြည်ကိုဂုတ်သွေးစုပ်ခဲ့ကြတဲ့ သူတွေနဲ့တောင် မင်းတို့ဂုဏ်ယူပြီး ဓါတ်ပုံတွဲရိုက်ကြ ကြွားဝါကြ။အားရပါးရ ပင့်ကြ မ,ကြပြီး ဖဘမှာ ပုံတင်ကြသေးတာပဲကွာ . . . ။

    လူချစ်လူခင်များတဲ့သူတွေ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပေးဆပ်သွားသူတွေ၊ ဘာရာထူးနေရာ စည်းစိမ်မှမမက်မောတဲ့အပြင် မတရားဖမ်းဆီးအနှိပ်ဆက်ခံ(နောက်ဆုံးတော့ သတ်ပစ်ကြတာပဲ မဟုတ်လား)ရမှာကိုမကြောက်မရွံ၊ မင်းဆိုးမင်းယုတ် စနစ်ဆိုး စနစ်ယုတ်ကြီးကို ဒူးမထောက်လက်မမြှောက် အရှုံးမပေးပဲ ကြံကြံခံရင်ဆိုင်နေကြ/သွားကြတဲ့ လူထုသူရဲကောင်းတွေနဲ့ လူမျိုးအစုံ ဘာသာအစုံက ကျယ်ဝန်းတဲ့နယ်ပယ်အသီးသီးက နိုင်ငံတကာက လူပေါင်းစုံက ဓါတ်ပုံတွဲရိုက်ပြီးတင်ကြ သြဘာပေးကြ ကောင်းချီးပေးကြတာ မှားသလားကွ နာစရာလားကွ . . . ။

    ရှက်ရမှာက သွေးစွန်းလက်တွေကို သောက်ရှက်မရှိလျှက်နေကြတဲ့ နှုတ်သီးတွေ. . . ပြင်ရမှာက ရှက်သင့်တာကိုမရှက်တတ်ကြတဲ့ သောက်ကျင့်တွေပဲ။

    Like

  7. Nyo Thet Lwin
    14 hrs ·
    ဘာသာရေးအရေခြုံပြီး
    ရန်လိုသွေးဆာ ကလော်တုတ်နေကြတဲ့
    စိတ်ဓါတ်တွေကိုရှက်ကြ။

    ဘာသာရေးအရေခြုံပြီး
    ကိုယ်ကျင့်တရားနှစ်ပြားမတန်တဲ့
    စိတ်ဓါတ်တွေကိုရှက်ကြ။

    ဘာသာရေးအရေခြုံပြီး
    မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်ဖောက်ကား
    ဖြန်ချီနေတဲ့ စိတ်ဓါတ်တွေကိုရှက်ကြ။

    ဘာသာရေးအရေခြုံပြီး
    သိမ်းကျုံးရမ်းကားအပြစ်မြင်တတ်ကြတဲ့
    စိတ်ဓါတ်တွေကိုရှက်ကြ။

    ဘာသာရေးအရေခြုံပြီး
    အသိပညာမဲ့ အတတ်ပညာမဲ့
    ဆင်ခြင်တုံတရားမဲ့ အမျှော်အမြင်မဲ့
    အတွေးအခေါ်မဲ့ တရားတွေ
    ဟောနေပြောနေကြတဲ့
    စိတ်ဓါတ်တွေကိုရှက်ကြ။

    ဘာသာရေးအရေခြုံပြီး
    ကျမ်းစာစစ်တွေကိုသွေဖီ
    လူ့အဖွဲ့အစည်းကို ဇောက်ထိုးဆင်းနေစေတဲ့
    ဝါဒမှိုင်းတိုက်နေကြတဲ့
    စိတ်ဓါတ်တွေကိုရှက်ကြ။

    ရှက်သင့်တာတွေကိုမရှက်ကြရင်
    မရှက်ရမှာတွေကို ရှက်နေကြရမယ်။

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s