ခေါ်ရင်ထူး ခိုင်းတာလုပ် ခံမပြောနဲ့ဆိုတဲ့ တသွေးတသံ အမိန့်နာခံမှုတစ်ခုအောက်မှာ အများညီရင် “ဤ ကို ကျွဲ ´´လို့ လက်ခံဖို့ အလွန်လွယ်ကူသည်

Nyo Thet Lwin

ဆင်ခြင်တုံတရားနဲ့အညီ
နေကြတဲ့ သူတွေကြားမှာ
သဘောထားမတူညီမှုတွေ
သဘောထားကွဲလွဲမှုတွေဆိုတာ
အကြောင်းအရာ တစ်ခုမဟုတ်တစ်ခုမှာ
ရှိနေကြမှာပဲ။

ဘာဖြစ်လို့လဲဆိုတော့
ဆင်ခြင်တုံတရားနဲ့အညီ
နေကြတဲ့အခါကျတော့
တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ
ဆင်ခြင်တွေးခေါ်စဉ်းစားပုံတွေမှာ
မတူညီတဲ့အမြင် ကွဲပြားမှုတွေရှိနေကြမှာပဲ။

ဒါကို
တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ
အပြန်အလှန် ဆောက်တည်ရာမရဖြစ်ကြပြီး
ဆဲဆိုပုတ်ခတ်ဝေဖန်
ကလော်တုတ်နေကြစရာမလိုပဲ
အပြန်အလှန် ကောင်းကောင်းမွန်မွန်ဝေဖန်
ထောက်ပြကြဖို့ပဲလိုပါတယ်ခင်ဗျား။

နောက်ဆုံးဘယ်လိုမှထောက်ပြဝေဖန်
ဆွေးနွေးလို့အဆင်မပြေကြရင်(ပိုဝေးသထက်ဝေးမယ့်အခြေအနေမျိုးဆို)
ဥပေက္ခာပြု ပြီး ကိုယ့်လမ်းကိုယ်
ဆက်လျှောက်ကြစေချင်ပါသည်ခင်ဗျား။

ခေါ်ရင်ထူး ခိုင်းတာလုပ် ခံမပြောနဲ့ဆိုတဲ့
တသွေးတသံ အမိန့်နာခံမှုတစ်ခုအောက်မှာ
ညွှန်ကြားချက်အတိုင်း . . . ရိုက်သွင်းထားတဲ့အတိုင်း . . . သံပတ်ပေးထားတဲ့အတိုင်း . . .
ဆင်ခြင်တုံတရားမဲ့ နေကြသူတွေကြားမှာတော့ တနည်းအားဖြင့် ဒီကနေ့ fbမှာမြင်တွေ့နေကြရတဲ့ အနေအထားမျိုးနဲ့ ဥပမာပေးရမယ်ဆိုရင် . . .
ဝိုင်းဆဲဆိုဆဲ . . .
ဝိုင်း like ဆို like . . .
ဝိုင်း share ဆို share . . . နေကြတဲ့
သူတွေကြားမှာတော့ အများညီရင်
“ဤ ကို ကျွဲ ´´လို့ လက်ခံဖို့ အလွန်လွယ်ကူသည်ပဲ မဟုတ်ပါလားခင်ဗျား။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s