ဒီနေ့မြန်မာ့တပ်မတော်ဆိုတာ ဖက်ဆစ်ဂျပန်ကမွေးထုတ်လိုက်ပြီး ဖက်ဆစ်နည်းနာကိုခံယူကျင့်သုံးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုပါဘဲ

Khin Maungoo

ကျောင်းသားမောင်အောင်ဆန်းနဲ့အဖွဲ့ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်သွယ်ဖို့သွားကြတဲ့အခါမှာ ဂျပန်ကတရုတ်ကိုသိမ်းလိုက်တဲ့အချိန်ဖြစ်နေတော့ကာ ဂျပန်စစ်တပ်ကဖမ်းလိုက်တယ်။ ဂျပန်က အင်္ဂလိပ်ပိုင် ဗမာပြည်ကို တရုတ်ပြည်နဲ့ထိုင်းနိုင်ငံကနေတဆင့် ၀င်တိုက်ဖို့ အစီအစဉ်ရှိနေတယ်။
ပထမကမ္ဘာစစ်အပြီးနိုင်ငံပေါင်းချုပ်အသင်းရဲ့ ကမ့္ဘာငြိမ်းချမ်းရေးစာချုပ်မှာ ဂျပန်ကလည်းတခြားအင်အားကြီးနိုင်ငံတွေနဲ့အတူ ပါဝင်လက်မှတ်ထိုးထားတယ်။ ဒီသဘောတူညီချက်တွေအရ ဘားမားဟာ အင်္ဂလိပ်ပြည်ရဲ့ တိုင်းဒေသတခုဖြစ်တာမို့ ဂျပန်က ၀င်တိုက်ရင် စာချုပ်ဖေါက်ဖျက်မှုဖြစ်မယ်။စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ ၀ိုင်းဖျင်တာကိုခံရဖို့ရှိတယ်။ ဒီစာချုပ်ဖေါက်ဖျက်မှုမဖြစ်ရအောင် ဂျပန်က ၀င်တိုက်တာမဟုတ်ဘဲ မူလပိုင်ရှင် ဗမာတွေကလာပြန်တိုက်တာဖြစ်အောင်ဇာတ်ခင်းဖို့လိုတယ်။

No automatic alt text available.


ဒီဇာတ်လမ်းအတွက် ဖမ်းမိထားတဲ့ ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းနဲ့ ဘော်ဒါ ၂၉ယောက်ကို မြန်မာပြည်နယ်စပ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် ထောင်ပေးလိုက်တယ်။ ထိုင်းမှာလာထောင်ရတာက စာချုပ်ဖေါက်ဖျက်ရာကျနေသေးရင် ဂျပန်နဲ့အတူ ထိုင်းနိုင်ငံလည်းပါတယ်ဆိုတဲ့ အားတခုထပ်ရဖို့ဖြစ်တယ်။
အဲဒိကာလဟာ ထိုင်းနိုင်ငံမှာ တက်လာမဲ့ဘုရင်လောင်းကို ထိုင်းစစ်တပ်က လုပ်ကြံလိုက်ပြီး စစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့ကာလဖြစ်တယ်။ ထိုင်းစစ်အုပ်စုဟာ
နာဇီအုပ်ချုပ်ရေးစနစ်ကို အတုယူပြီးနိုင်ငံအုပ်ချုပ်နေတဲ့ကာလဖြစ်တယ်။
ဒီတော့ အရောင်အသွေးတူတဲ့ဂျပန်နဲ့ထိုင်းက ၃-၄ရက်လောက်တိုက်ကြပြီး ငြိမ်းချမ်းရေးလုပ်ကြရာကနေ စစ်မဟာမိတ်အဖြစ်ကိုရောက်တယ်။ ဘားမားကိုတိုက်ဖို့ တရုတ်ပြည်အစား ထိုင်းကို စစ်ထောက်စခန်းလုပ်ဖြစ်သွားတယ်။ ထိုင်းတပ်က ရှမ်းပြည်နယ်အရှေ့ပိုင်းကရင်နီပြည်နယ်နဲ့တနသာင်္ရီဒေသကို သိမ်းပိုက်ရေးနဲ့ ဂျပန်တပ်တွေက ကျန်ဒေသအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ရေး သဘောတူညီချက်ရသွားကြတယ်။
ဒါဟာ မောင်အောင်ဆန်းတို့အဖွဲ့ကို ဘန်ကောက်နာမယ်ယူပြီး ဟန်ပြဗမာ့လွတ်လပ်ရေးတပ်မတော်ကိုထူထောင်ပေးလိုက်တဲ့ဇာတ်လမ်းပါဘဲ။ ဂျပန်ကဘားမားကိုဝင်သိမ်းနိုင်တဲ့အခါ ဗမာ့လွတ်လပ်ရေးတပ်မတော်ကနေပြီး အင်္ဂလိပ်အမှုထမ်းဟောင်းတွေဖြစ်တဲ့ ကရင်တွေကို ဖက်ဆစ်နည်းအတိုင်းမြေလှန်ဖမ်းဆီး ညှင်းပမ်း သတ်ဖြတ်ရင်း စစ်အတွေ့အကြုံလေးတွေ စရလာကြတယ်။ အရင်းစစ်တော့ ဒီနေ့မြန်မာ့တပ်မတော်ဆိုတာ ဖက်ဆစ်ဂျပန်ကမွေးထုတ်လိုက်ပြီး ဖက်ဆစ်နည်းနာကိုခံယူကျင့်သုံးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုပါဘဲ။ ဒီတပ်ကခေါင်းဆောင်တွေကို လက်ရှိမြန်မာပြည်ရဲ့ သူရဲခေါင်းတွေအဖြစ်အသုံးချမြောက်စားခြင်းဟာ ပြည်သူလူထုက ဖက်ဆစ်ဝါဒကို ခံယူတယ်ဆိုတဲ့ သဘောသဘာဝဖြစ်နေတာပါ။
ဒီတော့ ငြိမ်းချမ်းရေးကိစ္စက ဘလချီးနန်း ပြဇာတ်တခုအဖြစ်ကိုရောက်သွားတော့တာပါဘဲ။

ဂျပန်က ဘားမာိးကုသိမ်းလိုက်ပြီးတဲ့နောက်မှာ မူလကဖွဲ့စည်းပေးထားတဲ့ ဟန်ပြ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ရုပ်သေးဘမော်အစိုးရရဲ့ စစ်တပ်ဗမာ့အမျိုးသားတပ်မတော်ဆိုပြီး ပေါင်းစပ်ဖွဲ့စည်းကြိုးကိုင်ပြီး 1 August 1943 မှာ State of Burma နာမယ်နဲ့လွတ်လပ်ရေးနေ့အဖြစ်သတ်မှတ်ပေးလိုက်တယ်။ 1945 မတ်လ ၁ရက် ဂပန်ခေတ်အလွန်မှာ ဦးနုဥက္ကဌအဖြစ်ခေါင်းဆာင်တဲ့ ဖဆပလ တပ်ပေါင်းစုပေါ်ထွက်လာပြီး ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး ကမ်ပိန်းတွေအကြိးအကျယ်လုပ်ကြတယ်။
(အင်္ဂလိပ်ခေတ်ပြန်ရောက်မှ ဂျပန်ဆန့်ကျင်ရေးလုပ်ကြတာကို နိုင်ငံရေးအရ ဘယ်လိုနားလည်ပေးကြမလဲ။ သူရဲခေါင်းလို့သတ်မှတ်နိုင်မလား။ အင်္ဂလိပ်ပေးမယ့်လွတ်လပ်ရေးကို ပြည်တွင်းအဖွဲ့အစည်းအသီးသီးက နိုင်ငံတော်လူသတ်မှုကြီးဖြစ်ကြတဲ့အဆင့်အထိသူရကိုယ်ရ လုနေကြချိန်မှာ အင်္ဂလိပ်ကိုဆန့်ကျင်တာမဟုတ်ဘဲ စစ်ရှုံးလို့အာဏာလက်လွတ်သွားပြီဖြစ်တဲ့ ဂျပန်ကို ဆန့်ကျင်ပြတာဟာ ဂျပန်ဆန့်ကျင်ရေးမဟုတ်ပါဘူး။ မရှိတော့တာကို ဆန့်ကျင်တယ်ဆိုတာက စိတ်ဓါတ်အရ သဘောတရားအရဘဲဆန့်ကျင်ဖို့လိုတာပါ။ လက်တွေ့နိုင်ငံရေး ကမ်ပိန်းတွေလုပ်ဖို့ လုံးဝမလိုအပ်ဘူး။ နိုင်ငံရေးအရ အဓိပ္ပါယ်ထုတ်မယ်ဆိုရင် ဦးနုနဲ့ဗိုလ်ချုပ်အောင်ဆန်းပါဝင်တဲ့ ဖဆပလ ရဲ့လုပ်ဆောင်ချက်တွေဟာ ဂျပန်ဆန့်ကျင်ရေးမဟုတ်ဘဲ အင်္ဂလိပ်ချစ်အောင်ဘောမရေးသာလျှင်ဖြစ်နေခဲ့တာပါ။
သဘာဝလွန် မိတ်ကပ်သမိုင်းတွေသာစာအုပ်စင်မှာအပြည့်ရှိနေကြတဲ့ သမိုင်းလေ့လာသူတွေဟာ နိုင်ငံရေး မာစတာမိုင်းတွေ၊ နိုင်ငံရေးဝါဒဖြန့်သမိုင်းဆရာတွေ ကနေပြီး အဲလို ဟန်ချက်ညီညီ
လုပ်ကြံဖြစ်စွက်ချဲ့ကား လှီးလွှဲရေးသားကြတဲ့ ကိုယ်ပိုင်စာအုပ်စင်ပေါ်က စာအုပ်ပါအချက်အလက်တွေကို အမျှိုက်သရိုက်ဖြစ်နေတဲ့ အဆင့်က လွတ်အောင် သဘ၀တ္တလောဂျစ်သဘောတရားကိုအခြေခံပြီး သံသယနဲ့ ပြန်လည်စီစစ်ကြဖို့လိုပါတယ်။ လက်ရှိ မိးမောင်းထိုးပြပြီး ချိန်ရွယ်ပေးထားတဲ့ရှုထောင့် တွေကနေ တခြားသော၃၆၀ ဒီဂရီရှုထောင့်စုံကနေပြန်လည်စီစစ်တတ်ကြဖို့လိုပါတယ်။ ဒီလိုမှမလုပ်နိုင်ရင် ဒီနိုင်ငံမှာသမိုင်းအတုတွေက အစစ်တွေဖြစ်ကုန်ပြီးတကမ္ဘာလုံးကိုပြန့်သွားမယ်။
ကိုယ့်နိုင်ငံကရေးထုတ်လိုက်တဲ့ သမိုင်းလိမ်တွေကိုဘဲ နိုင်ငံခြားစာနယ်ဇင်းတွေမှာတွေ့ရှိပြီး တခါ ဗမာလိုဘာသာပြန်ကြရာကနေ ကိယ်ကဘဲရေးခဲ့တာကို မသိကြတော့ပြန်ဘူး။ ကြည့်ကြပါလား နိုင်ငံခြားကတောင် အဲလို သိနေကြတယ်ဆိုပြီး သမိုင်းအထောက်အထားလုပ်ကြပြန်တယ်။အင်တာနက်ခေတ်ဆိုတော့ ပိုမြန်တယ်။ သမိုင်းအတုဘဲရှိနေရင် လက်ရှိနိုင်ငံရေးအခြေနေအမှန်တွေကို ပြောင်းပြန်နားလည်ကြလိမ္မယ်။ ဒီတော့ ပြသနာအမှန်ကိုမသိဘူး။ မသိတာထက် ပြောင်းပြန်နားလည်တာတွေဖြစ်မယ်။ ဒီလိုဖြစ်နေရင် ဒီနိုင်ငံအတွက် အမှန်တရားဖြစ်ပေါ်လာဖို့ ရေခံမြေခံတွေခြောက်သွေ့တဲ့ မိုးခေါင်ရေရှားအရပ်ဒေသတခုသာလျှင် ဆက်ဖြစ်နေမယ်။ ဒီနည်းနဲ့ ဘယ်နိုင်ငံမှမတိုးတက်ဘူး။မငြိမ်းချမ်းဘူး။ နိုင်ငံတိုးတက်ရေးဟာ ငှက်ပျောသီးအခွံနွှာသလိုလွယ်တယ်လို့ထင်နေရင် နိုင်ငံတော်မှာ True data fact တွေရှိနေဖို့မလိုဘူး။ခုက လူအများစုက အဲလိုထင်နေကြတဲ့ လမ်းကြောင်းပေါ်မှာဆင်ကန်းတောတိုးနေကြတဲက ကာလပါဘဲ။
(ဂျပန်ပေးသည့်လွတ်လပ်ရေးအရ ပေါ်ပေါက်ခဲ့သည့် State of Burma အလံပုံ။ထိုခေတ်တွင် ယနေ့ဆက်လက်အသုံးချနေသည့် ဂျပန်ဘာသာဖြင့် ခီမိငါယော့ ခေါ်ကမ္ဘာမကျေသီချင်းကို ဖက်ဆစ် ဂျပန်အစိုးရကအသိအမှတ်ပြုခဲ့သည်)credit-Agga Poechit
*Flag of the State of Burma (1943- 45)
If you don’t like please untag or unfriend or block me.I also don’t know real or not.
**‎Agga Poechit‎
With the fake political history knowledge Burma still have no any trustworthy signals to react the changing.
The major ethic people of Burma have the full right to learn their own histories and they shall free from the fake history of Burmese chauvinism doctrine and propaganda.

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s