” လမ်းပေါ်နိုင်ငံရေး တဲ့ လားဗျာ “

Min Aung

” လမ်းပေါ်နိုင်ငံရေး တဲ့ လားဗျာ ”

အဲဒီ လမ်းပေါ်ထွက် ဆန္ဒပြ သွေးမြေကျခဲ့တဲ့ လူအုပ်ကြီးသာ မရှိခဲ့ရင်၊ ခင်ဗျာ့ နိုဘယ်လ်ဆု ရပြီး ကမ္ဘာကျော်ဖို့ မပြောနဲ့၊
မြန်မာပြည်ထဲတောင် လူတွေက ရှိမှန်းတောင် သိကြမှာ မဟုတ်ဘူး ဒေါ်ဒေါ်စု ရဲ့။

၈၈၈၈ သာ မရှိခဲ့၊ မပေါ်ခဲ့ရင် ခင်ဗျားလဲ အင်္ဂလန်မှာပဲ အင်္ဂလိပ်လင်ကြီးအနား ဝတ်ကြီးငယ်ပြုစုရင်း အိုမင်းသွားမှာပါ။

စစ်တပ်ကို အဲသလောက်ကြိုက်နေရင်လဲ အစကထဲက ခင်ဗျာ့အကိုနေသလို နေခဲ့ပါရော့လား။

ဘယ်နှယ့် နှစ်ပေါင်း ၆၀ ကျော် ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် သွေးမြေကျခံ တိုက်ပွဲဝင်ခဲ့တဲ့ “ပြည်သူ့တော်လှန်ရေး” တွေ ကို သေးသိမ်အောင် ပြောဆိုနေရတာလဲဗျ။

ဆဲဗင်းဇူလိုင်၊
မှိုင်းရာပြည့်၊
ဦးသန့်အရေးအခင်း၊
၈၈၈၈ အရေးတော်ပုံ၊
အကုန်လုံး ပြည်သူတွေ လမ်းပေါ်ထွက် တိုက်ပွဲဝင်ခဲ့ကြတာချည်းပဲ။

လမ်းပေါ်မှာ ပြည်သူတွေ ကျခဲ့တဲ့ သွေး ချွေး မျက်ရည်တွေ မခြောက်သေးဘူး။
ပြည်သူတွေဟာ ဘာတကိုယ်ရည် ရာထူး အာဏာမှ မျှော်ကိုး ထွက်ခဲ့တာ မဟုတ်ဘူး။ သူတို့ရဲ့ နင်းပြားနိမ့်ပါးလှတဲ့ ဘဝတွေက လွတ်မြောက်ဖို့၊ သူတို့ချစ်တဲ့ ဒီတိုင်းပြည်ကြီး ပိုမိုကောင်းမွန်ဖို့ သူတို့ ဖြူစင်စွာနဲ့ ပေးဆပ်ခဲ့ကြတာ။

အဲဒီလို ပြည်သူတွေရဲ့ သမိုင်း ကို စစ်အာဏာရှင်နဲ့ ပလဲနံပသင့်ဖို့ အရေး တခုထဲနဲ့ ” လမ်းပေါ်နိုင်ငံရေး” လို့ ခင်ဗျားမို့လို့ စော်ကား ပြောထွက်ပလေတယ်။

ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံယူသုံးပြီး ကျောင်းသားသမဂ္ဂပဋိညာဉ် ကိုလဲ ဖျက်ဆီး၊ စစ်အာဏာရှင် အလိုကျ ပြင်ဆင်ပြီးပြီ။
ခုတခါ ၈၈၈၈ အပါအဝင် လမ်းပေါ်ထွက် ခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူတရပ်လုံး ကို ဆူပူသောင်းကျမ်းသူတွေ လို့ တပ်မတော်ကယ်တင်ရှင်သမိုင်း ဖြစ်အောင် လုပ်နေပြန်ပြီလား။

ခင်ဗျားဗျာ
အင်မတန်မှ ပက်စက်လှချီ။

ကျနော့်မျက်စိထဲ လမ်းပေါ်က လူအုပ်ကြီးတွေ ခုထိ ဖျောက်မရသေးဘူး။
မောင်းပြန်သေနတ်နဲ့ အပစ်ခံရချိန်မှာ ခင်ဗျားသိသလား၊ ကျောင်းသားကျောင်းသူလေးတွေ၊ ပြည်သူတွေဟာ ကြောက်ရွံ့စွာ ငိုကြွေးခဲ့ကြတယ်။ ငိုကြွေးရင်းနဲ့ပဲ ချီတက်ခဲ့ကြ၊ ပြေးလွှားခဲ့ကြ၊ လက်ထဲက အလံကို ကိုင်ဆောင်ခဲ့ကြ၊ ကျဆုံးခဲ့ကြတယ်။
သူတို့ထဲ တယောက်မှ ဧရာမသူရဲကောင်းကြီးတွေလို တိုက်သွားတဲ့သူ ကျနော်မတွေ့ဖူးဘူး။ ဧရာမနိုင်ငံရေးသမားကြီးတွေလို ရင့်ကျက်ခဲ့ကြတာလဲ မရှိခဲ့ကြဘူး။

သာမန် ပြည်သူတွေဟာ ရိုးသားဖြူစင်စွာနဲ့ သူတို့ဆန္ဒတွေ ထုတ်ဖေါ်ခဲ့ကြတာ။ အဲဒါကိုပဲ အာဏာအတွက် ဘီလူးသရဲစိတ်ဝင်နေခဲ့တဲ့ စစ်အာဏာရှင်တွေက အတုံးအရုံးပစ်သတ်ခဲ့တာ။
ဘာမှ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားမပါဘဲ၊ ပရဟိတစိတ်သက်သက်နဲ့ သေကြေပေးဆပ်ခဲ့ကြသူတွေကို ခင်ဗျားမို့လို စော်ကားပြောထွက်ပလေတယ်။
ခင်ဗျားမို့လို့ သူတို့သမိုင်း သေးသိမ်အောင် လုပ်ရက်ပလေတယ်။

တော်တန်ရုံပဲ ဖေါက်ပြန်ပါဗျာ။
လူတွေအားလုံး မြိုသိပ်ပြီး နေနေကြတာပါ။
စက်ဆုတ်စရာကောင်းအောင် အသားထဲကနေ လောက်တွေ ထွက်ပြမနေပါနဲ့တော့။

ချိုတူးဇော်

” ပြောရုံမက၊ က ပြပြ ”

ပြောချင်တာပြော၊
ကြိုက်သလို ပြော
ပြောရုံမက က ပြပြ၊
စန်း မကျမချင်း
လုပ်ချင်တာ လုပ်သွား၊

သေပြီး ကျန်ခဲ့တာ အမှိုက်ပုံဟောင်းကြီးပဲ ဆိုရင်
သမိုင်း ရဲ့ ဆဲရေးငြိုငြင်မှုကတော့
မလွဲမသွေ ခံရမယ်။

မသိလိုက်မိုက်သား
အန္ဓလက်ခုပ်သံတွေ နဲ့ သာယာနေပုံများ က။

ချိုတူးဇော်

” ခံရဲ တာနဲ့ ခံကို ခံချင်နေတာ မတူပေါင်လေ ”

“လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊
ခံရဲတာ သတ္တိ”

ဗိုလ်ချုပ်အောင်ဆန်း

ဂျေအက်ဖ်ကနေဒီ လေးစားသော ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်များ စာအုပ်ကလေး ရှိတယ်။ Leader and Courage ဆိုတဲ့ နာမည်နဲ့ တူပါတယ်။ အဲဒီစာအုပ်ထဲမှာ မြန်မာပြည်က အောင်ဆန်း ကို သူ့အနေနဲ့ လေးစားစရာခေါင်းဆောင်တယောက်အဖြစ် ကောက်နှုတ်ဖေါ်ပြခဲ့တယ်။
အောင်ဆန်း ရဲ့ အဲဒီစကား ကို ကိုးကားရေးသားခဲ့တယ်။

ဒါပေမဲ့ မမေ့ဖို့က မလွှဲမရှောင်သာ ရင်ဆိုင်ရမယ့်၊ ပေးဆပ်ရမယ့် အခြေအနေမှာ ရင်ဆိုင်တဲ့၊ ငုံ့ခံရဲတဲ့ သတ္တိ ဆိုတာ အသလွတ် လိုက် ‘ခံ’ နေတာမျိုး မဟုတ်ဘူးဗျ။
အောင်ဆန်း ဟာ ဓားမတို တချောင်း လက်ထဲ မရှိခင် တပ်ဖွဲ့တိုက်ဖို့ အားထုတ် တိုက်ခဲ့တာ မမေ့ပါနဲ့။

တိုက်စရာရှိ မတိုက်ဘဲ၊
တိုက်လို့ရရဲ့သားနဲ့ မတိုက်ဘဲ၊
လူတွေ သိန်းသန်းချီ ကို စုစည်းဦးဆောင်ပြီး၊
အားလုံး ‘ခံ’ ကြ၊
နဂို က ခံ နေရတာ မခံနိုင်လို့ စု လာတဲ့ လူတွေကို
ဆက် ‘ခံ’ ကြ၊
‘ခံ’ ရဲတာ သတ္တိ လို့ ပြောရင်တော့
အဲဒါ သတ္တိ မဟုတ်လောက်ဘူး။
‘ခံ’ ရတာကို သာယာနေ၊ ကြိုက်နေတာပဲ ဖြစ်မယ်။

‘ လုပ်’ ရဲရင် ‘ခံ’ ရဲရမယ် ဆိုတဲ့
စကား ဟာ
အလကားမဟုတ်ဘူး။
လုပ်ရဲတာနဲ့ ခံရဲတာ ညီမျှ ရတယ်။

လုပ်သင့်တာဖြင့် မလုပ်ဘဲ
ထစ်ခနဲရှိ ခံဖို့ချည်းပဲ စဉ်းစားနေရင်
ဟိုဘက်က ချ နေရတဲ့ကောင်တွေ က
သားစဉ်မြေးဆက်
တဆွေလုံး တမျိုးလုံး
ချ ဖို့ တန်းစီ နေမှာပဲ။

ချိုတူးဇော်

“NLD က လမ်းပေါ်ထွက် ဆန္ဒမပြခဲ့ဖူးဘူး” ဟုတ်လားဗျ။

‘ဆီးသီးသည်မဗျိုင်း’ ဆိုတာ
ပုံပြင်ထဲပဲ ရှိ အောင့်မေ့ခဲ့မိတာ ဒေါ်ဒေါ်စုရယ်
မကြီးမငယ် ကမ္ဘာကျယ် ခဲ့ပြီးမှ
ပေါက်တပ်ကရတွေ
မပြောပါနဲ့
နားရှက် လို့ပါ။
ခွပ်ဒေါင်းအလံ ယူသုံးထားပြီး
မျက်နှာပြောင် တိုက်ဝံ့ပလေတယ်။

အနီးအပါးက ဝန်းရံသူကြီးများ
ခင်ဗျာ့တို့အမေကို
ဆေးရုံဆေးခန်း လိုက်ပို့လိုက်ကြပါဦး။
စိတ်ရောဂါအထူးကု ပြဖို့လိုပြီ။

ကြည့်လဲ လုပ်ကြဦး

ဗိုလ်စောမောင်လို
ဆေးမိသွားပြီလား မသိ။

ချိုတူးဇော်

” ဗိုလ်ချုပ်အောင်ဆန်း သာ သက်ရှိထင်ရှားရှိရင်
ဇက်ပိုးကို ဖြောင်းခနဲ အအုပ်ခံရမယ့် စကား ”

ခွီး တဲ့မှ
လွှတ်တော်ဥက္ကဌ က ပြောလိုက်သေးတယ်။
“ဒီအခြေအနေ ရ အောင် ခရောင်းတောလမ်း ဖြတ်ခဲ့ရတာ” ဆိုပဲ။

ရှက်လဲ မရှက်ကြဘူး။

ခံ ရ ဖို့များ အဲသလောက် ခရောင်းတောလမ်းဖြတ်စရာလား လေ။
ရွှေမန်းတင်မောင် ဇာတ်ထဲက ဘကဘိုးဘိုးကြီးလောက်တောင် ဉာဏ်မရှိကြပုံများ က။
ကပ္ပိလဝတ်မှာ နေခဲ့လဲ အသတ်ခံရ၊
ဒေဝဒဟ လိုက်လဲ အသတ်ခံရမယ် ဆိုတော့
သေမယ့်အတူတူ ခြေညောင်းမခံတော့ဘူး လို့ ပြောတယ်။

ခင်ဗျာ့ တို့ကျမှ
‘ခံ’ရဖို့များ
ခရောင်းတောလမ်းကြီးတောင် ဖြတ်ခဲ့ရသတဲ့။

ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ
” ခရောင်းတောလမ်းဖြတ်၍
မြိန်ရည်ယှက်ရည် ခံကြသူများ ”
လို့ တွင်စေဗျား။

ချိုတူးဇော်

” အန္တိမနိုင်ငံရေးရည်မှန်းချက် ဆိုတာ ”

မြန်မာတပြည်လုံး ဘုန်းကြီးပါးစပ်မှာ လမ်းဆုံးနေတော့၊ အဲဒီကျမ်းတွေပဲ ကိုးပြီး နားလည်အောင် ရေးပါ့ဦးမယ်။

သာသနာပ ကာလ ဆိုတာ ဗုဒ္ဓစာပေမှာ ရှိသဗျ။ အဲသည်ကာလမှာ လူတွေရဲ့ အသက်ဟာ သိန်းတမ်းထိ ရှည်၊ အနာမဲ့၊ ရောဂါကင်းကြ ပါသတဲ့။ အတတ်ပညာတွေလည်း တဘက်ကမ်းခတ်တတ်၊ မြေလျှိုး၊ မိုးပျံ ယန္တရားတွေ နဲ့ နေကြပါသတဲ့။
အဲဒီခေတ်မှာ လူတွေဟာ ဘယ်ဘုရားမှ မကိုးကွယ်၊ ဘာသာသနာ မှ မထွန်းကားပါဘူး တဲ့။ လူတိုင်းလူတိုင်း ခိုက်ရန်ဖြစ်ပွားခြင်းတောင် မရှိ၊ စစ်မက်ဆိုတာ ဝေလာဝေး၊ အခြေခံသီလတွေလဲ ပြည့်စုံကြပါသတဲ့။ ပီဘိငြိမ်းချမ်းသောခေတ်ကြီး ပါ တဲ့။

တခါ ဗုဒ္ဓစာပေကျမ်းဂါန်တွေထဲ ‘မြောက်ကျွန်း’ ဆိုတဲ့ အရပ်ဟာ ဘယ်တော့မှ ဘုရားမပွင့် ဘာသာသနာမှ မထွန်းကားသော်ငြား၊ သီလပြည့်စုံကြသူတွေချည်းသာ၊ ငြိမ်းချမ်းသောအရပ် လို့ ဆိုပြန်တော့ ယခုခေတ် စကန်ဒီနေးဗီးယန်း နိုင်ငံတွေကိုများညွှန်းသလား တွေးမိပြန်တယ်။

ပြောချင်တာ နိုင်ငံရေးသမား လုပ်နေပြီး ” အမျိုး၊ ဘာသာ၊ သာသနာ” လို့ ရူးပေါပေါကြွေးကြော် မနေပါနဲ့။
တကယ့်နိုင်ငံရေးစစ်စစ်က သာသနာ ဆိုတာတွေ မြန်မြန်ကွယ်ပြီး၊ တကယ့်ငြိမ်းချမ်းသော ခေတ်ကြီး ရောက်အောင် အားထုတ်ကြရမှာ ပဲ ဖြစ်ပါတယ်။
သေချာတာကတော့ ဘယ်ဘာသာတရားကမှ ကမ္ဘာကြီး ငြိမ်းချမ်းအောင် မစွမ်းဆောင်နိုင်။

ဗုဒ္ဓဘာသာ ဟုတ်စ။
မြန်မာထေရဝါဒီဘုန်းကြီးတွေက ဗုဒ္ဓဘာသာ ကိုလဲ အကြမ်းဖက်လူသတ်သာသနာဖြစ်စေခဲ့ပြီးပြီ။

imagine no heaven, no hell, no religion လို့ John ဆိုခဲ့တာ အမှန်ပါလေ။

ချိုတူးဇော်

Advertisements

3 thoughts on “” လမ်းပေါ်နိုင်ငံရေး တဲ့ လားဗျာ “

  1. Nyi Nyi
    5 hrs ·
    အဟုတ်မှတ်လို့ လိုက်သွားတာ ရိုက်ပေါက်ပဲ။
    ကိုယ်လွန်ရုန်းထွက်ပြေးခဲ့ရတာ။
    သားလူမိုက်အတွက် မိန်းမတောင်း ဟိုအရှေ့မြောက်ဘက်က ရွာသွားတာ ။ ဇွတ် လိုက်ခဲ့ရမယ်ဆိုလို့ပါသွားတာပေါ့။
    ဟိုကမေးရော ။
    ကလေးက ကင်းကင်းရှင်းရှင်းလား ။
    အကျဥ့်စာရိတ္တ ရော ဘယ်လိုလဲ။
    ဘယ်မှာနေ ဘယ်လိုထား ဘာစီးပွားရေး လုပ်စားမလဲဆိုတော့
    ရှင်တို့ ရဲရင့်တယ်ဆိုရင်ခုမင်္ဂလာစာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ။
    စာချုပ်မှာ လက်မှတ်မထိုးရဲတာ မရိုးသားခြင်းပါ ဘာညာ နဲ့
    မော်ဒဲန် အန်တီ လေသံတွေလုပ်ပြတာဗျာ
    ရွာသားတွေ ဓါးဆွဲကြလို့ အမြန်ပြန်ပြေးလာရတယ်။

    Like

  2. Ye Min Nyi Nyi
    January 30 at 9:20pm ·
    မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း တဲ့
    သာသနာကိုချစ်ကြပုံများ
    ဘာသာခြားကို သတ်တဲ့
    ဘုရားသူခိုး ထောင်ထွက်ကို
    ဘုရားသား ဆိုသူတွေက
    သူရဲကောင်း တဲ့
    ဗိုလ်ချုပ် ရေ
    ခင်ဗျားသာရှိနေသေးရင်
    ဘယ်လို ဖရုဿဝါစာ တွေနဲ့များ သူ
    ကင်ပွန်းတပ် လိုက်လေမလဲ တွေးမိပါရဲ့
    အော် အမှန်တရား ……
    လက်နက်နဲ့ ဖုံး
    သင်္ဃန်း နဲ့ ဖုံး
    အကြောက်တရားနဲ့ဖုံး နဲ့
    ဘယ်လိုမှ ဖုံး မရတော့ သတ်ပစ်သတဲ့
    ငွေတိုးပေးစား ရင် အဖေခေါ်တယ်
    အရက်ဆိုင်ဖွင့်ရင် မာဆတ်ဖွင့်ရင်
    ကျေးဇူးရှင် သတ်မှတ်တယ်
    မုသာဝါဒဟောရင် လက်ခုတ်တီးတယ်
    အမှန်တရား ပြောရင် အသတ်ခံရတယ်
    အဲ့ဒါ ပဲ
    လူအများစု ကျွန် ဖြစ်နေရ တဲ့ အကြောင်းရင်းက
    အဲ့ဒါပဲ

    Like

  3. Thun Sit Nay
    11 hrs ·
    အပြန်အလှန်ယုံကြည်မှု မတည်ဆောက်နိုင်သေးဘဲ
    လက်မှတ်အတင်းထိုးခိုင်းနေတာ
    ညအိပ်ဖို့တခုပဲ စိတ်စောနေတဲ့
    သတို့သားလောင်းနဲ့ တူမနေဘူးလား …
    Credit >>> Lun Swe

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s