ကော်မရှင်အားလုံးဟာ ကမ္ဘာကိုလိမ်ဖို့/ပြည်သူကို လိမ်ဖို့ ဖွဲ့ထားတာချ ည်းပါဘဲ – နိုင်ငံမှာ တာဝန်ရှိသူတိုင်းက လိမ်ဖို့ဘဲ ကြိုးစား ကြံစီ လုပ်ဆောင်နေကြတယ်

Maung Maung

အာနန်ကော်မရှင်
မြင့်ဆွေကော်မရှင်
စစ်ကော်မရှင်
ရဲကော်မရှင်
ကော်မရှင်တွေဖောင်းပွနေတယ်
ကော်မရှင်အားလုံးဟာ ကမ္ဘာကိုလိမ်ဖို့/ပြည်သူကို
လိမ်ဖို့ ဖွဲ့ထားတာချ ည်းပါဘဲ

အင်္ဂလိပ်လိုရေးမဲ့ အာနန်ကော်မရှင်အစီရင်ခံစာကလွဲရင်
ကျ န်တဲ့ ဗမာလိုရေးမဲ့ ကော်မရှင်အစီရင်ခံစာတွေက
ကော်မရှင်မဖွဲ့ခင်ကထဲက ကြို ရေးပြလို့ရတယ်

အဖိနှိပ်ခံတွေရဲ့အသံ/အဖိနှိပ်ခံတွေရဲ့အခြေအနေ
ကို ကမ္ဘာကသိအောင် လူတွေအများကြီးကြိုးစားခဲ့
ကြရတယ်

အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ နေအိမ် ရပ်
ရွာပေါင်းများစွာ အဖျ က်ဆီးခံခဲ့ရတယ်

အခု ကမ္ဘာသိသွားပြီ
ကမ္ဘာက စကားပြောလာပြီ
ကမ္ဘာက တောင်းဆိုလာပြီ

ဒီအခြေအနေမှာတောင် နိုင်ငံမှာ တာဝန်ရှိသူတိုင်းက
လိမ်ဖို့ဘဲ ကြိုးစား ကြံစီ လုပ်ဆောင်နေကြတယ်

ဒီတခါ အလိမ်ခံရရင်
တာဝန်ရှိတဲ့သူ
အပြစ်ရှိတဲ့သူက
ကမ္ဘာ့ခေါင်းဆောင်တွေဘဲဖြစ်ပါလိမ့်မယ်

ရိုဟင်ဂျာတွေ တာဝန်ကျေ ပြီးပါပြီ
မြန်မာမွတ်စလင်တွေ တာဝန်ကျေ ပြီးပါပြီ
ကချ င်/ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ တာဝန်ကျေ
ပြီးပါပြီ

ရှေ့ဆက်ဖြစ်ပေါ်လာသမျှ ကိစ္စရပ်တိုင်းဟာ
ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တာဝန်ပါ
HRW ရဲ့တာဝန်ပါ
ICC ရဲ့တာဝန်ပါ
OIC ရဲ့တာဝန်ပါ
အာစီယံရဲ့ တာဝန်ပါ

Advertisements

One thought on “ကော်မရှင်အားလုံးဟာ ကမ္ဘာကိုလိမ်ဖို့/ပြည်သူကို လိမ်ဖို့ ဖွဲ့ထားတာချ ည်းပါဘဲ – နိုင်ငံမှာ တာဝန်ရှိသူတိုင်းက လိမ်ဖို့ဘဲ ကြိုးစား ကြံစီ လုပ်ဆောင်နေကြတယ်

  1. Ro Nay San Lwin
    Yesterday at 6:48pm ·
    ကုလသမဂ္ဂရဲ့ ဖိအားများလာတော့ ကော်မရှင်တွေတိုးလာတယ်။
    ဒု-သမ္မတမြင့်ဆွေ ကော်မရှင်ကို နိုင်ငံတကာအဖွဲ့အစည်းတွေက မယုံကြည်ဘူးလို့ ပြောဆိုပြီးတဲ့နောက်ပိုင်းမှာ ကုလသမဂ္ဂကပါ မယုံကြည်ဘူးလို့ ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုခဲ့တယ်။
    ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်က ကော်မရှင်တစ်ခုဖွဲ့တယ်။ အခု ပြည်ထဲရေးက တစ်ခုဖွဲ့တယ်။
    ပြည်ထဲရေးနဲ့ စစ်တပ်နဲ့ အတူတူပါပဲ။
    စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေ အတွက် စစ်တပ်က စစ်ဆေးမယ်။
    ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ပြစ်မှုတွေ အတွက် ရဲတပ်ဖွဲ့က စစ်ဆေးမယ်။
    ဒီလိုကော်မရှင်တွေကို ပြည်တွင်းက မျိုးညစ်အုပ်စုတွေလောက်သာ ထောက်ခံပါလိမ့်မယ်။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကတော့ လုံးဝ ထောက်ခံမှာ မဟုတ်ဘူး။
    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက အခုလာမယ့် ၁၉ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ကိုရောက်မယ်။
    ကော့ဇ်ဘဇားခရိုင်ကို သွားပြီး မောင်တောက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သွားတွေ့မယ်။
    လာမယ့် မတ်လမှာ ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာတင်သွင်းမယ်။
    ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) မှာ အမှုလုပ်ဖို့တောင် စဉ်းစားနေတဲ့အကြောင်း ဖော်ပြပြီးပါပြီ။
    မစ္စရန်ဟီးလီ တင်သွင်းမယ့် အစီရင်ခံစာက လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး ပြောတာထက် ပိုပြီး ပြင်းထန်ပါလိမ့်မယ်။
    မြန်မာအစိုးရနဲ့ စစ်တပ်က ICC ရောက်မှ ဖြေရှင်းကြမယ်ဆိုပြီး ကော်မရှင်တွေဖွဲ့ပြီး ဆက်ပြီးလိမ်ညာမယ်ဆိုလည်း လိမ်ပါ။
    လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ရဖို့ မရဖို့ ဆိုတာ ကုလသမဂ္ဂ အပေါ်မှာ မူတည်တယ်။ သူတို့လိုချင်တဲ့ ဆုံးဖြတ်ချက်ကို သူတို့ရအောင်လုပ်သွားပါလိမ့်မယ်။
    The Hague မြို့မှာ ပွဲတော်ကြီးတစ်ခုလို စည်စည်ကားကား ဖြစ်တဲ့အခါ ကျွန်တော်ပါ အရောက်လာပါ့မယ်။
    – Ro Nay San Lwin

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s