Discrimination, Racism, Harassment နှင့် လူအဖွဲ့အစည်း အကြောင်း တစေ့တစောင်း

Zin Bo Aung

Discrimination, Racism, Harassment နှင့် လူအဖွဲ့အစည်း အကြောင်း တစေ့တစောင်း

No automatic alt text available.Image may contain: textImage may contain: text
ကျနော်တို့နေထိုင်တဲ့ ယနေ့ ကမ္ဘာကြီးရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူတစ်ဦးတစ်ယောက် သို့ လူအစုအဝေး တစ်ခု ကို အသားအရောင် ၊ ကိုးကွယ်ယုံကြည်မှု ၊ နေထိုင်ရာနိုင်ငံ ၊ ဖြစ်တည်ရာလူမျိုး ၊ ဖိုမ လိင် (Gender) ၊ အသက်အရွယ် (Age) စတဲ့ အချက်အလက် များကို အခြေခံကာ Any form of Discrimination, Racism, Harassment စသည်တို့ ပြောဆိုရေးသား ပြု မူလာခြင်းကို အုပ်စု ၃ စုဖွဲ့ကာ ခွဲခြားလေ့လာကြည့်ကြရအောင်

No automatic alt text available.

ပထမ လူ့အဖွဲ့အစည်း
————————
ထိုလူအဖွဲ့အစည်းသည်ကား Any form of Discrimination, Racism, Harassment တို့ကို တားဆီးရန် ဥပဒေကို စနစ်တကျ သတ်မှတ်ထားကာ ထိထိရောက် ပြစ်ဒဏ်ပေး အရေးယူလေ့ရှိသည်။
သက်ဆိုင်ရာ အုပ်ချုပ်သူ အစိုးရများက တာဝန်ကျေပွန်သလို လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကျသူ လူအများစုကလည်း မိမိတို့ တာဝန်ကိုကျေပွန်ကြသည်။ မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း အတွင်း ( ကျောင်း ၊ အလုပ်ရုံ ၊ ရုံးခန်း ၊ ဆေးရုံ ၊ အိမ် ၊ဈေး ၊ ဆိုရှယ်မီဒီယာ ၊ သတင်းမီဒီယာ ၊ အားကစားကွင်း ၊ အများပြည်သူနဲ့ သက်ဆိုင်သည့်နေရာမှန်သမျှ ) မည်သည့် ပုံစံဖြင့် ဖြစ်ပါစေ Discrimination, Racism, Harassment စသည်တို့ ပြောဆိုရေးသား ပြု မူလာခြင်းကို တွေ့ရှိပါက ဆက်စုပ်ရွံရှာဖွယ် အပြု အမူ တစ်ခုအဖြစ် မှတ်ယူကာ မနှေးအမြန် ပြစ်တင်ရှုံချကာ မိမိတို့လူ့အသိုင်းအ၀ိုင်းတွင် ထိုသို့သော အပြုအမူဆိုးကို ပြုမူသူများအတွက် နေရာ မရှိကြောင်း ပြသခြင်းဖြင့် ယဉ်ကျေး သောလူ့အဖွဲ့အစည်း ပီသကြောင်း ပြသကြသည်။

Image may contain: text

ဒုတိယ လူ့အဖွဲ့အစည်း
————————–
ထိုလူအဖွဲ့အစည်းသည်ကား Any form of Discrimination, Racism, Harassment တို့ကို တားဆီးရန် ဥပဒေကို စနစ်တကျ သတ်မှတ်ထားကာ ထိထိရောက် ပြစ်ဒဏ်ပေး အရေးယူလေ့ရှိသည်။
သို့သော် လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကျသူ လူအများစုသည် မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း အတွင်း တွင် Discrimination, Racism, Harassment လုပ်နေသူများအား ဆန့်ကျင်ရှုံချရန် Awareness ဖြစ်မှုအားနည်းနေသေးသည်ကို တွေ့ရသည်။
မိမိကိုယ်တိုင်က Racist မဟုတ်သော်လည်း မိမိပတ်ဝန်းကျင်းတွင် ထိုသို့သော Discrimination, Racism, Harassment ပြုမူသူများကို တွေ့ရှိပါက အချိန်မနှေး ဆန့်ကျင်ရှုပ်ချရန် အားနည်းနေသေးသည် တနည်းပြောရလျှင် Racist များရှင်သန်နိုင်ရန် နေရာ တနေရာ ကျန်နေသေးသည်။ တိတ်တိတ်ပုန်း Racist များအား လွတ်လပ်ခွင့်ပေးထားသည့် လူအဖွဲ့အစည်းဟု ကောက်ချက်ချနိုင်သည်။

တတိယ လူ့အဖွဲ့အစည်း
——————————-
ထိုလူအဖွဲ့အစည်းသည်ကား Any form of Discrimination, Racism, Harassment တို့ကို တားဆီးရန် ဥပဒေမရှိ ၊ ဥပဒေရှိလျှင်လည်း ဥပဒေကို ဖော်ဆောင်မည့် အစိုးရကောင်းမရှိပါ။
Racist များ ၊ Discriminate လုပ်နေသူများ ၊ ပုံစံအမျိုးမျိုးနဲ့ Harassment လုပ်နေသူများသည် လွတ်လပ်ပျော်ရွှင်စွာ ထင်တိုင်းကြဲခွင့်ရနေကြသည့် လူအဖွဲ့အစည်း အသိုင်းအ၀ိုင်းပင်ဖြစ်သည်။
အစိုးရအာဏာပိုင်က တာဝန်မကျေ တာဝန်ယူမှု မရှိယုံသာမက လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကျသူ လူအများစုကလည်း မိမိတို့ နေထိုင်ရာ ၀န်းကျင် လူ့အဖွဲ့အစည်း အတွင်း တွင် Discrimination, Racism, Harassment လုပ်နေသူများအား အားပေးအားမြှောက်ပြု ကြသည် ထောက်ခံကြသည်။
ပွင့်ပွင့်လင်းလင်း ထောက်ခံမှု မရှိလျှင်လည်း နှုတ်ဆိတ်နေခြင်းဖြင့် ထောက်ခံသဘောတူကြောင်းပြသကြသည်။ မိမိကိုယ်တိုင်က Racist မဟုတ်သော်လည်း မိမိပတ်ဝန်းကျင်းရှိ Racist များကို ဆန့်ကျင်ရှုပ်ချမှု မပြုခြင်းဖြင့် Discrimination, Racism အပြုအမူများအား ပိုမို၍ ရှင်သန်ကြီးထွားနိုင်ရန် အားပေးနေကြသည့် လူအဖွဲ့အစည်း အသိုင်းအ၀ိုင်းဖြစ်သည်။
စက်ဆုပ်ရွံရှာ ဖွယ် ပြု မူ ရေးသား ပြောဆိုမှုများကို နေ့စဉ် သာမန်ဘ၀ အတွင်း (Normal Daily Life) ၌ သာမန်ဖြစ်ရိုးဖြစ်စဉ်သဖွယ် လက်ခံကာ ကျင့်သုံးနေကြသည်။

အထက်ပါ ယျေဘူယျ ခွဲခြမ်း လေ့လာမှုကို ဖတ်ရှုပြီးနောက် မိမိသည် မည်သည့်လူအဖွဲ့အစည်းအတွင်း ရောက်ရှိနေထိုင်နေသည်ကို စာဖတ်သူများ ကိုယ်တိုင်သာ ဆုံးဖြတ်ပါရန်။

Discrimination, Racism, Harassment များကိုမြင်လျှင် နှုတ်ဆိတ်မနေနိုင်သူ
zba
13-02-2016

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s