အမေ မမိုက်တော့ဘူး လို့ ပြည်သူတွေကို တောင်းပန်လိုက်ပါ

အရှင် ခေမာ စာရ

ပြည်သူတွေကို တောင်းပန်လိုက်ပါ

အမေ မမိုက်တော့ဘူး လို့

လင်တော်မောင်သေ
ကွယ်လွန်ခဲ့တော့
သားတွေကခေါ်
အမျိုးတွေ တမ်းတ
ဗြိလတ် မပြန်
နေပြခဲ့တာ
ခေါင်းအုံးအောက်မှာ
ငိုပြခဲ့တာ
အမေ့ မျက်ရည်တွေ

Image may contain: 2 people, text

No automatic alt text available.

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
မေမေရဲ့ အတတ်ပညာလား
မေမေရဲ့ ပင်ကိုယ်စရိုက်လား

Image may contain: 1 person, eyeglasses

ဦးအောင်သောင်းကြီး
ရုတ်တစ်ရက်နဲ့
တမလွန်ကို
လမ်းခွဲထွက်သွား
အလွမ်း မှာတမ်း
အလွမ်း တေးနဲ့
ပန်းစကားလေး
ပန်းချင်းလေးပို့
လွမ်းပြခဲ့သော မေမေ
တမ်းတခဲ့သော မေမေ

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
မေမေရဲ့ အတတ်ပညာလား
မေမေရဲ့ ပင်ကိုယ်စရိုက်လား

မဲတွေရပြီး
အစိုးရဖွဲ့တော့
ဒေါင်းတွေနဲ့ဘဲ
အစိုးရသစ်
မြင်တွေရမယ်
အထင်တရေးနှင့်
ပြည်သူတွေ တွေးထင်
ပြည်သူတွေ ရေးထင်
ချစ်သော မေမေ
တို့ မေမေဟာ
ဖွတ်ရော ဒေါင်းနှော
ပေါင်းကာစပ်ပြီး
ဝန်ကြီးခန့်ပစ်ခဲ့တာ

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
မေမေရဲ့ အတတ်ပညာလား
မေမေရဲ့ ပင်ကိုယ်စရိုက်လား

မဲဆွယ် ကာလ
ဗေလုဝ စစ်သူကြီး
ဆိုက်ကားတွေစီး
မဟာရန်ကုန်ကို
အပိုင်သိမ်းပြီး
အောင်ပွဲတွေရ
အောင်လံတွေလွင့်
သောင်ပြိုကမ်းပြို
အနိုင်ရပြီး
အစိုးရဖွဲ့ပြီး
လေးလ မပြည့်မှီ
ဆိုက်ကား ကိုဖမ်း
ဆိုက်ကား နင်းသူကို ဝိုင်းဖျင်း
ဆိုက်ကားကို တရားရုံးတင်
ဆိုက်ကားဆရာတွေ
ငိုပွဲတွေခင်း
မိသားစုတွေ
ဝမ်းရေးခက်နေတာ

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
ဆိုက်ကားသမားတွေ ရဲ့ အတတ်ပညာလား
ဆိုက်ကားသမားတွေ ရဲ့ ပင်ကိုယ်စရိုက်လား

ဖွဲ့စည်းပုံကြောင့်
သမ္မတ မဖြစ်
ဝန်ကြီး လေးနေရာယူ
ဝန်ကြီး လုပ်ပြီး
လက်မှိုင်ချရ
ငေးမောနေရ
တွေဝေနေတာ
စကားပုံ အရ
ဥပမာ ပေးရင်
ပြောရရင်တော့
လဒ မှိုင်လား ဒေါင်း မှိုင်လား
ဖွတ် မှိုင်လား

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
မေမေရဲ့ အတတ်ပညာလား
မေမေရဲ့ ပင်ကိုယ်စရိုက်လား

ဖွဲ့စည်းပုံကို
ထုံးလိုချေ
ရေလိုနှောက်
အမယ်ဘုတ်ရဲ့
သူချည်ခင်ကို
အစဆွဲထုတ်
နိုင်ငံတော် အတိုင်ပင်ခံ
အမြင့်ဆုံးနေရာ
အကောင်းဆုံးနေရာ
ရောက်အောင် ပို့ဆောင်
ရောက်အောင် တင်ပေး

ရုပ်လုံးပေါ်အောင်
အကောင်အထည်
ဖေါ်ပေးခဲ့သူက
ဖွတ်ပြောသလို
ဒေါင်းပြောသလို
ပြောရရင်တော့
ငမိုက်သား ဦးကိုနီ
အမျိုး ကိုစစ် ကုလား စစ်စစ်
ဘာသာ ကိုစစ် မွတ်စလင် စစ်စစ်

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
ဦးကိုနီ ရဲ့ အတတ်ပညာလား
ဦးကိုနီ ရဲ့ ပင်ကိုယ်စရိုက်လား

ပေါက္ကန် မြို့ရိုး
သရပါတံခါး
လမ်းနဘေးမှာ
ပန်းဆက်သမားကြီး
ဥနှောက်သွေးပြတ်
မြင်းပေါ်ကလဲ
နှလုံးသွေးရပ်
ခန္ဓာဆဲရသူက
ပန်းဆက်သမား ကိုဗျတ်တ

သည်အကြောင်းကို
သိသိချင်း
ကြားကြားချင်း
အပြေးလာသူက
မင်းကြီး အနော်ရထာ

ငိုပွဲဆင်ရ
မျက်ရည်စနှင့်
မြို့စား နယ်စား
ပေးတာမယူ
ကြွေးတာ မစား
နင်စားချင်တာ
ကွမ်းတစ်ယာနှင့်
ရေတစ်မှုတ်သောက်ပြီး
သေပွဲဝင်ရ
ငဗျတ်တ ရယ်
မင်းတို့ ညီအစ်ကို
ကုလား ညီနောင်
မွတ်စလင် ညီနောင်
အော်ဟစ် ငိုကြွေး
ဝမ်းနည်း ပူဆွေး
သောကရောက်သူက
အနော်ရထာ မင်းကြီးပါ

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
အနော်ရထာ ရဲ့ အတတ်ပညာလား
အနော်ရထာ ရဲ့ ပင်ကိုယ်စရိုက်လား

ဗမာပြည် တံတိုင်း
မြန်မာပြည် သမိုင်းကို
တံခွန်လွှင့်ရေး
တိုးတက်ဘို့ အရေး
ကမ္ဘာပါတ်ပြီး
ပြန်ရောက်လာသူ
ဦးကိုနီ ကို
ဇီဝဇိန်နှုတ်
ဦးခေါင်းပြုတ်ပြီး
သေပွဲဆင်ရ
လူသတ်သမားကို
ရရာ လက်နက်
အုတ်နီကျိုး တစ်ပိုင်း
ဖမ်းဆီးပေးသူ
ကိုနေဝင်း တစ်ယောက်
ကျဆုံးခြင်းတွက်
သေဆုံးခြင်းဟာ
ငိုကျွေးခြင်းဟာ

သည် အရည် အချင်းဟာ
သည် အရည် အသွေးဟာ
ပြည်သူတွေ ရဲ့ အတတ်ပညာလား
ပြည်သူတွေ ရဲ့ ပင်ကိုယ်စရိုက်လား

မေမေရဲ့ အရည် အချင်း
မေမေရဲ့ အရည် အသွေး
မေမေရဲ့ အတတ်ပညာ
မေမေရဲ့ ပင်ကိုယ်စရိုက်

ခဏခေါက်ထား
ရပ်တန့် ထားပါ
ဆိုင်းငံ့ ထားပါ
တားဆီးထားပါ

ပြည်သူတွေ ရင်ထဲ
ဘာတွေ ရှိနေသလဲ
ပြည်သူတွေ နှလုံးသား
ဘာတွေ ကိန်းနေသလဲ

အမြင်မှန်ရ
ခဝါချပြီး
ဦးကိုနီနှင့် ကိုနေဝင်း
ကို အမှုးထားပြီး
ဆိုက်ကား ဆရာတွေ

ပြည်သူတွေကို တောင်းပန်လိုက်ပါ

အမေ မိုက်တော့ဘူး လို့

( အရှင် ခေမာ စာရ )
12-2-2017

အမေ ဘာလုပ်လုပ်
အမေ ဘာပြောပြော
မြှောက်နေသူတွေ
ကာနေသူတွေ
စားနေသူတွေ
မေမေ အီးနံ့တောင်
မွှေးချင်သူတွေ သိပါစေ

မေမေ့ခေါင်းအုံး အောက်မှာ
မျက်ရည် မရှိဘဲ
မေမေ့ခေါင်းအုံး အောက်မှာ
ပြည်သူတွေ ရှိနေပါတယ်

ဦးကိုနီနှင့် ကိုနေဝင်း အသက်
ပြည်သူ့ အသက်ပါ

ပြည်သူ အသက်
မေမေ့ အသက်ဆိုရင်

တောင်းပန်လိုက်ပါ
တလောကလုံးကို တောင်းပန်ပါ

အသက်ရှုပေါက်
ဂယ်ပေါက်ချန်ပြီး
မင်္ဂလာတေးလေး
မင်္ဂလာ ဘိတ်သိပ်
ဝိုင်းနှိပ်တဲ့ ပုဂ္ဂိုလ်တွေ
တစ်အားပါလား

ဒချိ ဒချိ
( ဒချိ ဒချိ = ဒါကိုဖတ် ဒါကိုဖတ် ဒါကိုကြည့်ပေါ့ဗျာ )

@
Copy link

https://m.facebook.com/story.php?story_fbid=1771177846535405&id=100009296196000

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s