“ဒီမိုတို့ရဲ့ Racist မေမေ”

Mohammed Naeem

“ဒီမိုတို့ရဲ့ Racist မေမေ”

မနေ့က ညအထိ အဲဒီလို ဖြစ်မလာပါစေနဲ့လို့ ကြိတ်ပြီး ဆုတောင်းနေခဲ့တယ်။ ဒါပေမဲ့ ဆုတောင်း မပြည့်ခဲ့ဘူး။ အခက်အခဲ တစ်စုံတစ်ခုကြောင့် ဆရာ ဦးကိုနီရဲ့ ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည် ထံက ၀မ်းနည်းကြောင်းစကား သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပို့တဲ့ ပန်းခြင်းလေးလောက်တောင် မပို့နိုင်ခဲ့တာ ဘက်စုံက ဖြေတွေးပေးခဲ့တယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ကိုယ့်ရဲ့ image ကိုတောင် မထောက်ထားဘဲ အခြားအစွန်းရောက်များနည်းတူ အစွန်းရောက် racist တစ်ယောက်လို ဘာသာခြားတွေ အပေါ်မှာဆက်ဆံတတ်သူဆိုတာ ဒီနေ့ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။

Image may contain: flower and plant

ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ နိုင်ငံရေးစင်မြင့်မှာ အကြီးအကဲရာထူးရလာဖို့ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းတွေကို ဆရာဦးကိုနီက ရှာဖွေဖန်တီးပေးခဲ့တဲ့ မျက်နှာကိုမျှ ထောက်ထားရမှန်းမသိလောက်အောင် နိမ့်ကျတဲ့ စိတိထားရှိမယ်လို့ ထင်မထားခဲ့ဘူး။

အစ္စလာမ်ဘာသာဝင်တွေဟာ NLD အနိုင်ရရေး အတွက် နေရာစုံကနေ ကျားကန်ပေးခဲ့သလို အနစ်နာလည်း ခံပေးခဲ့ကြတယ်။ အရင် အစိုးရ အဆက်ဆက်တွေ လက်ထက်မှာလို လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေကနေ ခွဲထွက်လာမဲ့ အစိုးရကောင်းတစ်ခုကို မျှော်လင့်ခဲ့ကြတယ်။ အာဏာမရခင်က အမှန်တရားကို ရဲရဲတောက်ပြောရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖခင်ကြီး ဗိုလ်ချု ပ်အောင်ဆန်းလို သမာသမတ်ကျတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြတယ်။

လက်တွေ့မှာတော့ အာဏာရပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာ တစ်မျက်နှာတည်းကြည့်ပြီး စစ်ခေါင်းဆောင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး အာဏာရှင်တွေ လျှောက်ခဲ့တဲ့လမ်းကို အမှန်တရားတွေ ဥပေက္ခာပြုပြီး လျှောက်ပြခဲ့တယ်။

ရင်ကြားစေ့ရေးထဲမှာ မတူညီတဲ့ လူမျိုး ဘာသာတွေ အကြား တူညီတဲ့ စေတနာတွေထားဖို့ အကြိမ်ကြိမ် ပျက်ကွက်ပြီး မသိချင်ယောင်ဆောင် ဥပေက္ခာပြုခဲ့တယ်။ စစ်ခေါင်းဆောင်တွေထက် သာပိုတဲ့ ခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေ လက်တွေ့ လုပ်ဆောင်ပြခဲ့တယ်။

ဒီနေ့ NLD ထောက်ခံသူ သာမည အမျိုးသမီးတစ်ဦးရဲ့ အမေ ကွယ်လွန်သွားတဲ့ သတင်းတစ်ခု တက်လာတယ်။ ကိုယ်တွေလည်း လူသားဆန်စွာ ၀မ်းနည်းကြောင်း သွားရေးခဲ့တယ်။ အမှတ်မထင်ဘဲ အဲဒီ အသုဘမှာ ပန်းခြင်းတစ်ခု ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပြီး ချထားတာ တွေ့လိုက်ရတယ်။ ကွယ်လွန်သူ အမျိုးသမီးကြီးရဲ့ ခင်ပွန်းဟာ ဟိန္ဒူ ဘာသာဝင် စစ်စစ်ကြီးပေမဲ့ ဗုဒ္ဓဘာသာကိုးကွယ်တော့ ဒေါ်အောင်ဆန်းစုကြည် ပန်းခြင်းရထိုက်သွားပြီး အာဏာရဖို့ ပေးတဲ့ရာထူးကိုတောင် ငြင်းပယ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတိုက်အခိုက်ခံရမှာကို ထောက်ထားခဲ့တဲ့ မွတ်စ်လင်မ် ပညာရှင် အာဇာနည် ဦးကိုနီက ၀မ်းနည်းကြောင်း စကားတစ်ခွန်းတောင် ရထိုက်တဲ့ အနေအထားမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်းဆင်းသွားတဲ့ Racist ပြယုဂ်က ကွက်ကွက်ကွင်းကွင်း ပေါ်လာပါတယ်။

ကြိုက်တဲ့သူ ကြိုက်သလို ဖာကြပါ။ ကျွန်တော့်ရင်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမှုတွေကတော့ အဆုံးသတ်သွားပါပြီ။ မှားယွင်းနေတဲ့ ခေါင်းဆောင်ကို တည့်မတ်ပေးဖို့ မစဉ်းစားဘဲ မေမေလေလည်လည်း မွှေးတယ်ဆိုတဲ့ လူ့အသိုင်းအ၀ိုင်းမှာ ဒီမိုကရေစီ ရနံ့ ရဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးပါပဲ။…

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s