“ သစ္စာမေတ္တာရှင်မကြီး DASSK သို့ ´´

Myo Minn Oo

“ သစ္စာမေတ္တာရှင်မကြီးသို့ ´´

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
ဘယ်ကမှန်းမသိတဲ့လူအုပ်ကြီးကို
တမင်မေ့ထားပြီး
ဂျနီဗာမှာ မြန်မာပြည်တွင်း
ဗုဒ္ဓဘာသာအခြေခံဝါဒီတွေမရှိဘူးလို့
ဗြောင်လိမ်ခဲ့တယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
သူရဲသမိန်ကျေးရွာမှာ
လူနည်းစု မွတ်စလင်တွေရဲ့ဗလီဖျက်
သင်းချိုင်းဖျက်…
လူရမ်းကားတစ်ချို့ရဲ့
အကြမ်းဖက်လုပ်ရပ်တွေကိုလည်း
ရေငုံနှုတ်ပိတ်ထားတယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
စစ်တပ်က ကချင်လူငယ်လေး
ဂွမ်းဆိုင်းအောင်ကို
မသေမချင်း သေနတ်နဲ့သုံးချက်
ပစ်တာကိုလည်း
အမျိုးယုတ် လော်ဘီတစ်ချို့ရဲ့
လုပ်ကြံသတင်းတွေနဲ့
ကွန်ပျူတာကျောင်းသားကို
လူရမ်းကားအဖြစ် သမုတ်ပွဲကို
အာဏာရှင်အလိုကျ
လက်ပိုက်ကြည့်နေလိမ့်မယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
စစ်ကိုင်းက အလုပ်သမားတစ်ရာ
ကျော် အရေးတောင်
ပြေလည်အောင်မရှင်းနိုင်ပဲနဲ့
တက်ကြွလုပ်သားခေါင်းဆောင်တွေကို
ထောင်ထဲထည့် အကျဉ်းချပြီး
ယိုးဒယားရောက်
သန်းနဲ့ချီ မြန်မာအလုပ်သမားတွေကို
ကတိကဝတ်တွေနဲ့ ပြေလည်ဖို့
အာမခံရှာခဲ့သတဲ့ ……
အံ့သြစရာကြီးပေါ့ …………။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
အအုပ်ချုပ်ခံ ဟောဒိနိုင်ငံမှာ
ကျည်ဆန်တွေက ပလူပျံလို့ ……။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
စစ်ဘေးသင့်ပြည်သူတွေကလည်း
တောင်လို ယာလိုပုံသွားတာပေါ့ ။
ဒါကိုလည်း ခရိုနီမဥမ္မာမိုးမြင့်ဆင်ပေးတဲ့ နေ့စဉ်ဝတ်
အထည်အလိပ်တွေလောက်
သစ္စာမေတ္တာရှင်ကြီးက
စိတ်မဝင်စားဘူးထင်ပါတယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
ဦးခွန်ထွန်းဦးက တိုင်းရင်းသားအရေး
ကိစ္စတွေမှာ အန်အယ်လ်ဒီကို
အားကိုးလို့မရဘူးတဲ့ ။
သစ္စာမေတ္တာရှင်ကြီးဟာ
တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့
စစ်ပွဲတွေမှာ ဆိတ်ဆိတ်နေခြင်းနဲ့
လူသတ် စစ်တပ်ဘက်က
ဝိုင်းကူပစ်ခတ်ပေးတော်မူတယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
ခရိုနီဆိုတဲ့စာလုံး
အဓိပ္ပာယ်ကိုမသိပါဘူးတဲ့ ……
ခရိုနီထဲမှာလည်း
ကောင်းတဲ့ခရိုနီရှိပါသတဲ့ ……
ခရိုနီတွေ သောင်းကျန်းသမျှနဲ့ နိုင်ငံ့ အခွန်ရှောင်နေတာကိုလည်း
သစ္စာမေတ္တာရှင်ကြီးက
မျက်နှာလွှဲတော်မူတယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
ဘိန်းရာဇာကိုလွှတ်တော်ထဲထည့်တယ်။
ဒေါက်တာတုကို ဝန်ကြီးခန့်တယ် ။
စစ်မှု( ၁ )ထွက် ဗိုလ်မှူး ငြိမ်းကို
သမ္မတ လုပ်ခိုင်းတယ် ။
ခရိုနီကြီးကို ဥပဒေရေးရာ
ကော်မတီမှာထည့်တယ် ။

*** သစ္စာမေတ္တာရှင်ကြီးဆိုတော့
အစိုးရရဲ့ ရက်တစ်ရာစီမံကိန်းမှာ
လေထဲပျံတက်သွားတဲ့
ကုန်ဈေးနှုံးတွေ မပါဘူးဆိုတဲ့
အကြောင်းကိုလည်း
ငါသိလိုက်ရတယ် ။

*** သစ္စာမေတ္တာရှင်ကြီး
အုပ်ချုပ်တဲ့နိုင်ငံမှာ
အကြမ်းဖက်သမားတွေက
ဗုဒ္ဓဘာသာဝင် အမည်ခံတယ် ။
စစ်တပ်က အချိန်မရွေး
သေနတ်မောင်းကိုဆွဲချဖို့ ပြင်ထားတယ် ။
၂၀၀၈ဖွဲ့စည်းပုံနဲ့ အာဏာရှင်ဟာ
ပုံမပျက်နေတယ် ။
ခရိုနီလူတန်းစားဟာ ပညာပေးကာလနဲ့ပဲတိုးတယ် ။
ကျောမွဲတွေဟာ ဘူ ဘူချင်းပြိုင်နေတယ် ။

*** သစ္စာမေတ္တာရှင်ကြီးရဲ့
အောင်ပွဲမှာ
အောင်သေအောင်သား
အဖြစ် တည်ခင်းဧည့်ခံတဲ့နေ့လည်စာဟာ
ကျောမွဲနင်းပြား………
ဆင်းရဲသားတွေပဲဖြစ်တယ် ။ ။

( ကျော်စိုးလင်း – ရေး )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s