Mi Nyein (sister of Lt. Colonel Aung Win Khaing) is married to the favourate nephew of Daw Kyaing Kyaing (wife of Former Senior General Than Shwe.)

Image may contain: 2 people

Credit.. Original uploader
ဒီသတင်းတွေတင်ပေးတာ ကျနော့်တွက် အန္တရာယ်ရှိနိုင်ပေမယ့် အားလုံးသိသင့်တယ်ထင်လို့ တင်ပေးလိုက်တယ်
အောင်ဝင်းဇော်ကို သံလွင်တံတားပေါ် ဖမ်းမိစဉ်က ကားမောင်းပို့တဲ့ ဝင်းထွန်းဆိုတာ သူတို့အကို အောင်ဝင်းထွန်းတဲ့ ခင်ဗျ
သူ့ကိုယ်ပိုင်ကားတဲ့ ခင်ဗျ မောင်နှမတွေက
၁ – အောင် ဝင်း ဦး
၂ – မအေး
၃ – အောင်ဝင်းထွန်း
၎ – အောင်ဝင်းဇော်
၅ – အောင်ဝင်း ခိုင်
၆ – မအေးငြိမ်း ( ခ ) မိငြိမ်း အား လုံး မောင် နှမ ခြောက် ယောက် ရှိ တယ် ခု မိငြိမ်းတို့ လင်မယားကတော့ နိုင်ငံခြားသွားနေတယ် ကြားပါတယ် (copy)
Note: Mi Nyein is married to the favourate nephew of Daw Kyaing Kyaing (wife of Former Senior General Than Shwe)

Ko Ko
ဒီလူကြီးက ၃ ပွင့်တုန်းက မိထ္ထီလာမှာ ခဏခဏတွေ့ဖူးပါတယ် မှတ်မှတ်ရရ တိုင်းမှူးက ဦးဌေးဦးဖြစ်တာ မှတ်မိနေတယ် တပ်မ ၉၉ ရေကူးကန် ကာရာအိုကေဆိုင်မှာ အမြဲလိုတွေ့ရတာ
ဆရာ့တပည့်ဆိုတော့ ဘယ်လိုတွေလဲမသိပါဘူး

Image may contain: one or more people
Image may contain: text

Aung Myin ThuFollow

စိတ်ချရတဲ့နေရာ ရောက်ပြီလား

ok ဒါဆို သတင်းထုတ်လိုက်တော့မယ်

ဝီရသူက သူ့ကိုယ်သူ
အမျိုးသားရေးဆရာတော်…တဲ့

အေးနေဝင်းတို့ ထောင်ကလွတ်လာတော့
အမျိုးသားရေးလုပ်မယ်…တဲ့

ဗိုလ်ခင်ညွန့်ကလည်း အပြင်ရောက်ရောက်ခြင်း
နိုင်ငံရေးမလုပ်ဘူး
အမျိုးသားရေးဘဲလုပ်ပါမယ်…တဲ့

တပ်မတော်ကလဲ
အမျိုးသားရေးကို သစ္စာမဖောက်…တဲ့

သူတို့ရည်ရွယ်ချ က်တွေတူနေကြတာလား

ဒါမှမဟုတ်

ဒီလိုဘဲပြောရမယ်လို့ ညွှန်ကြားခံထားရတာလား

Moe Zaw Thu

10 hrs ·

မပြောမပြီးမတီးမမြည်။ ။

ဦးကိုနီလုပ်ကြံခံရတဲ့အမှုမှာ သမ္မတရုံးအနေနဲ့ ၊ကြားထဲက ငထွားခါးနာရမဲ့ကိန်းတော့ဆိုက်နေပြီ။အမှန်က ဒီအမှုဟာ ပြည်ထဲရေး
ဝန်ကြီးက ကိုင်တွယ်ဖော်ထုတ်ဖြေရှင်းရမဲ့ကိစ္စဆိုတာလူတကာသိပါတယ်။
အမှုဖြစ်စဉ်ကို အချိန်နဲ့ တစ်ပြေးညီ ပြည်သူလူထုသိရှိရအောင်
ကြေညာပေးဖို့တာဝန်ကလည်း ပြည်ထဲရေးမှာပဲရှိတယ်။
ဒါကို မဆီမဆိုင်သမ္မတရုံးကနေ ဘာကြောင့် ဓားစာခံဝင်လုပ်နေရသလဲ။
ဂျင်းထည့်ခံရသလား။မြှုပ်ကွက်ဟာဘာလဲ။

(ကျွန်တော်သိထားသလောက် ဒီအမှုနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေကို
ပြည်သူလူထုသိအောင်၊အမြန်ထုတ်ပြန် ကြေညာပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို သမ္မတကြီးက အမိန့်ပေးထားပြီးသားပါ။အခုမှဘာကြောင့် သူများအဆင်သင့်ရေးလာတဲ့ စစ်ဆေးချက်ဆိုတာတွေကို သမ္မတရုံး နာမည်တပ်ပြီးထုတ်ရသလဲ)

အခုဒုတိယမြောက်ထွက်လာတဲ့ ဦးကိုနီအမှု အပေါ်ကြေညာချက်ကိုကြည့်ရင်၊

ကြည်လင်း
ကားတစ်စီး
သိန်းတစ်ထောင်
သေနတ်နှစ်လက်
လေယာဉ်ဆိုက်ချိန်ကို အောင်ဝင်းခိုင်ကြည့်နေပုံ(လေဆိပ်စီစီတီဗွီ)
အောင်စိုးကို အမှုပြန်တွဲ၊
အောင်ဝင်းဇော်၊သိန်းနှစ်ရာငွေစာရင်းရှင်းတမ်း၊
ထိုင်းဖက်က မြင့်ဆွေနာမည်ကိုအပ်ကြောင်းပြန်ထပ်၊
မတတ်သာတဲ့အဆုံးဖမ်းမမိတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်၊
ဆိုတဲ့ အစတစ်စထပ်ထုတ်၊

စတာတွေဟာ တရားခံနဲ့အမှုစစ်ပူးပေါင်းကြံစည်ပြီး
ပထမကြေညာချက်နဲ့ လိုက်လျောညီထွေဖြစ်အောင်ဖန်တီး ရေးသားထားတဲ့
ခပ်ချာချာရုပ်ရှင်ဇာတ်ညွှန်းတစ်ခုပါပဲ။ကျွန်တော်တော့ အယုံအကြည်မရှိဘူး။

အောင်ဝင်းဇော်မှာ အောင်ဝင်းခိုင်ဆိုတဲ့ညီတစ်ယောက်ရှိနေပြီး၊
အမှုတွဲဖြစ်နေရင်ဒီကိစ္စကို ပြည်ထဲရေးက နာရီပိုင်းအတွင်းသိရမယ်။
ပိုပြီးသိဖို့ကောင်းတဲ့အချက်က အဲဒီညီဟာ အာဏာပါဝါရှိတဲ့သူ။
သေချာစဉ်းစားရင် ပြည်ထဲရေးဟာသူမပါစေချင်တဲ့သူ့လူတွေ
မပါအောင်သေချာအချိန်ယူစိစစ်ပြီး ဘေးဖယ်ထုတ်ပေးနေသလိုပဲ။
ဒါကြောင့် ဒုတိယထွက်လာတဲ့စစ်ဆေးပေါ်ပေါက်ချက်ဟာ မရိုးသားဘူး။
ယုံကြည်လက်ခံလို့မရဘူး။

တဲ့တဲ့ပြောကြကြေးဆိုရင် အောင်ဝင်းခိုင်ဆိုတာ ဒုတိယမြောက်ကျားစာကျွေးခံရတဲ့
ကောင်ပဲ။ဒီလူလူ့ပြည်မှာ ရှိနေသေးသလားဆိုတာ မသေချာတော့ဘူး။
အောင်ဝင်းခိုင်ရဲ့အထက်မှာ ကြီးကြီးမာစတာထဲက တရားခံတွေ ရှိကိုရှိရမယ်။
ဒါကိုမပေါ်စေချင်လို့ ဇွတ်ရှေ့ဆက်လိမ်နေတာ။

ဒီအမှုကိုတပ်မတော်က၊ပူးပေါင်းပါဝင်ဖော်ထုတ်နေတယ်ဆိုတာကို
ဘယ်လိုလုပ်ယုံကြည်ရပါတော့မလဲ။
ကျွန်တော်တကယ့်ကို ရင်ထဲအသည်းထဲက ယုံကြည်ချင်ပါတယ်။

မင်းဒင်

Aung Zar Ni
အောင်ဝင်းခိုင်လက်နက်ဝယ်တဲ့နေရာ အုန်းဖန် ဒုက္ခသည်စခန်း
ဆိုတာ အခု အဘလှဆွေ သွားခဲ့တဲ့ DKBA ဌာနနဲ့နီးနီးလေး။
အဘက ဇန်န၀ါရီ ၁၀ ရက်ကမှ သွားခဲ့တာဆိုတော့
အုန်းဖန်က ဘယ်သူတွေကူတာလဲဆိုတာ
အကူညီလှမ်းတောင်း ရမယ်ထင်တယ်။
ကြည့်ရတာ အရမ်းရင်းနှီးကြပုံရတယ်။
အဘသာ ကူမယ်ဆိုရင်ဖြင့် နာမည်ကောင်းလက်မှတ်တွေ
ရဦးမှာပါ။

Image may contain: one or more people, people standing and outdoor

Nyein Chan Aung

15 hrs ·

လွတ်မြောက်နေသူဟာ ကြံ့ခိုင်ရေး ပါတီက လို့ ဒေါပုံ မြို့သားတွေက ပြောပါတယ်

Aung N Htwe

မန္တလေးမှ
ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီ ရုံးချုပ်အား
ဦးကိုနီသတ်ဖြတ်မှု နောက်ကွယ် မာဖီးယား
မြင့်ဆွေမှ အမေရိကန်ဒေါ်လာ
သန်း (၄၀၀) ဖြင့် ၀ယ်ယူရန် ကမ်းလှမ်းထားကြောင်း
သတင်း ၁၀၀% ရရှိသည်။

ဂိုလ်ရှယ်လေး

Aung N Htwe

14 hrs ·

အောင်ဝင်းခိုင်ရဲ့

ပေါက်ယူချန်းသမက်
ပေါက်ယူချန်းသမက်နောက်၏
၃ ယောက်အကျော်မှာ
ဦးခင်ညွန့် အဖွဲ့ပါ

အရမ်းကြီးတဲ့ မာဖီးယား အုပ်စုပါ

ကာချုပ်ကိုယ်တိုင် ကတိက၀တ်ရှိနေလို့
မထိရဲ မတို့ရဲ့ပဲ လွှတ်ထားပါတယ်

ကာချုပ်ကြီး ၀န်ခံပေးဖို့ ကျနော် တောင်းဆိုပါတယ်

ကျနော် အစောကြီးထဲက ပြောပါတယ်

မာဖီးယား အုပ်ချုပ်သော နိုင်ငံတော် ဆိုတာကို
ကာချုပ်ကြီး နားလည်မယ်ထင်ပါတယ်။

ကျနော် တကယ်ရေးခဲ့ပါတယ်
သမ္မတရုံးက ဘာထုတ်ပြန်မလဲဆိုတာ
ကျနော် စောင့်နေပါတယ်ဆိုတာကိုပါ
ထုတ်ပြန်လာလျင် ကျနော် ဆက်ထောက်ပြမယ်လို့
အားလုံး စာဖတ်သူများကို ကျနော် ကတိပေးထားခဲ့ပါတယ်။

ဂိုလ်၇ှယ်လေး

Aung N Htwe

13 hrs ·

ဘယ်သူပြောလဲ အောင်ဝင်းခိုင်သေပြီဆိုတာ
မသေပါဘူး
ဝ ဒေသကနေ တရုတ်ပြည်ထဲရောက်နေတယ်
အမေရိကန်ကိုထွက်လာဖို့
ပွဲစားတွေနဲ့တောင် လုပ်လို့
ဘရင်းကျန်းလေဆိပ်ကို ဒီကနေ့ရောက်မယ်လေ
ကျနော် ဒီပို့စ်တင်ပြီးလို့ ပြန်ပြေးလာရင်တော့မသိဘူး

အမေရိကန်မှာ သူနဲ့ ချိပ်ဆက်ထားတဲ့
ဆူရှိသမားရှိတယ်လေ

ဒေါ်စုကို ခွေးနဲ့ နိုင်းပြီး ဗွီဒီယိုဖိုင်တောင်
အဲဒီဆူရှိသမားက တင်ပြခဲ့သေးတာပဲ ….

ဂိုလ်ရှယ်လေး

Aung N HtweFollow

13 hrs ·

ဂိုလ်ရှယ်လေးအိပ်ဘေးဝန်းကျင်မှ လုံခြုံရေးကားများ

ခုမှပဲ ဟန်ကျတော့တယ်ဗျာ
လာသတ်သူများလဲ သတ်ချင်လာသတ်တော့
အချက်လက် တော်တော်များများကိုတော့
အမေ၇ိကန် သက်ဆိုင်ရာကို
(ဘိုလို) ပြန်ပြီး ပေးထားပြီးပြီ
အခု အိမ်ဘေးမှာ အမြဲရှိပါတယ်
ပြသနာက သိပ်မလွပ်လပ်တော့ဘူး
ပိုပြီးတော့ လုံခြုံတယ် …သို့သော် ဆက်လုပ်ရမယ်
မာဖီးယား အုပ်ချုပ်ရေးမှ ပြည်သူအများ လိုလားသော
ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့….

ဂိုလ်ရှယ်လေး

Image may contain: text and outdoor

Aung N Htwe

12 hrs ·

အောင်ဝင်းခိုင်ရဲ့တပည့်ကျော်
လက်ရှိ ပို့စ်တွေ တင်နေပါတယ်
အောင်ဝင်းခိုင်ကို
သူရဲကောင်းဖြစ်ကြောင်း
ဆရာချစ်ဦးညို ၀တ္ထုနဲ့ ထောက်ပြနေပါတယ်
ကရင်ခလေး ၀တ်စုံနဲ့ ပရိုဖိုင်းပါ
တပ်မတော်ရော ပြည်ထဲရေးရော သူ့ကို ဘာမှ မလုပ်ဘူးဗျ
အဲဒါ မာဖီးယားလို့ ကျနော်ပြောတာ လွန်သလားဗျာ

ဂိုလ်ရှယ်လေး

အောင်ဝင်းခိုင်ရဲ့
ဇနီး
သားသမီး
လက်ရှိအလုပ်အကိုင်
နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ရာထူး…..တွေကို
ကြေငြာချ က်မှာ ဘာဖြစ်လို့ဖုံးကွယ်ထားသလဲ

Image may contain: text

သမ္မတ ရုံးက သတင်းထုတ်တာမှာ

အောင် စိုး က ပြန်ဆက် သွယ် ခဲ့ သော် လည်း သတ် ရ မယ့် သံတမန် ပြန်သွားပြီလို့ အောင် ဝင်း ဇော် က ပြောသတဲ့

အောင် စိုး ပြောတာက သူ ငြင်းခဲ့ တယ် တဲ့

ဌာနဆိုင်ရာအဖွဲ့အစည်းတခုက မထင်မှတ်ဘဲ ဓာတ်ပုံရိုက်လိုက်မိ ပါတယ်ဆိုတဲ့
ဦးကိုနီကို သေနတ်နဲ့ခေါင်းကိုတေ့လုပ်ကြံနေပုံကို
တိတိကျကျ မှတ်တမ်းတင်ထားသူဟာ
ဘယ်အဖွဲ့အစည်းက ဘာတာဝန်ရှိတဲ့သူ ဘယ်သူဆိုတာကို
ပွင့်ပွင့်လင်းလင်း ကြေငြာပေးပါ

ဒါနဲ့ စကားမစပ်
တရားခံနဲ့ အမှုနဲ့ပတ်သက်သူမှန်သမျှ ဟာ
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေတော့ ဖြစ်ကြမှာပေါ့
နော်

ဒီဓာတ်ပုံအရ
တရားခံ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ရဲ့ပုံဟာ
ထောက်လှမ်းရေးတပ်မှူးပြု တ်ဗိုလ်ချု ပ်ကြီးဟောင်း
ခင်ညွန့်ပိုင် ပန်းချီ ပြခန်းထဲမှာ ရိုက်ကူးထားတာ….
လို့ သိရပါတယ်

ဒီလိုအခြေအနေမှာ ယမန်နေ့က ကလေးမြို့ မှာ
ခင်ညွန့်က ဝီရသူနဲ့ သီးသန့် သွားတွေ့ခဲ့ပါတယ်

၂၀၁၂ခုနှစ်က ရန်ကုန်မှာ ဝီရသူနဲ့ ခင်ညွန့် တရားပွဲ
တခုအပြီး တွေ့ဆုံပြီးတဲ့နောက် တိုင်းပြည်မှာ ဘာတွေ
ဖြစ်ခဲ့သလဲ စဉ်းစားကြည့်ပါ

ဦးကိုနီ လုပ်ကြံခံရပြီးတဲ့အချိ န်က ဝီရသူက သူ့ရဲ့
FB မှာ ဘာရေးခဲ့ပါသလဲ

ဆက်စပ်ကြည့်နိုင်ပါတယ်

Image may contain: 1 person

Soe Min ဒုတိယဗိုလ်မှူးကြီး ကငွေတွေဘယ်ကရတာလဲ တပ်ကတွက်ပြီးဘယ်သူထံမှာတပည့်ခံနေတာလဲဆိုတာသူမိမှသိမှာလား ဘယိသူနဲပေါင်းတယ်ဆိုတာရော?

Image may contain: 2 people, people standing and indoor

Image may contain: text

Ko Nyo added 9 new photos.

15 hrs ·

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှု နိုင်ငံတော် သမတရုံးမှ နောက်ဆက်တွဲသတင်း ထုတ်ပြန်ချက်။
ဖတ်ပြီးတာနဲ့ သတိထားမိတာတွေနဲ့ ဆက်စပ်ပြီး ခန့်မှန်းဆင်ခြင်မိတာတွေကတော့….

၁။ တရားခံပြေးဟာ တပ်မတော် ဒုဗိုလ်မှူးဘဝနဲ့ မိမိသဘောနဲ့မိမိ ၂၀၁၄ တုန်းက နှုတ်ထွက်ခဲ့သတဲ့။ တပ်မတော် အရာရှိအဆင့်တွေ မိမိသဘောနဲ့ မိမိ နှုတ်ထွက်ဘို့ လွယ်သလား ?ဆိုတာရယ်၊
၂။ ၂၀၁၄ သမတဦးသိန်းစိန်သက်တမ်းကုန်ခါနီး ( ကြံ့ဖွတ်အစိုးရ နိုင်ငံရေး မအောင်မမြင်/ လူထု မထောက်ခံ) မှာ ဘယ်လို ရည်မှန်းချက် ဗျူဟာနဲ့ တပ်က ထွက်တာလဲ? ဆိုတာရယ်၊
၃။ မှတ်တမ်းဟောင်းတွေအရ တရားခံပြေး ဗမ အောင်ဝင်းခိုင် မှတ်တမ်းပုံတခုဟာ ပန်းချီပြပွဲတခု နောက်ခံဖြစ်နေပြီး အဲဒီပြခန်းကို ထလရ ဗိုလ်ချုပ်ဟောင်း (ဦး)ခင်ညွန့် ပိုင်ဖြစ်တယ် ဆိုတာရယ်၊
၎။ ဒီအချိန်အထိ တရားခံပြေး အောင်ဝင်းခိုင် မြန်မာ့မြေမှာ ရှိသေးလား? သတ်ခံရပြီလား? ဘယ်မှာလဲ? ဆိုတာရယ်၊
၅။ အခြေအနေ အားလုံး ပို ရှုတ်ထွေးပြီး သိမ်မွေ့လာပြီ၊ အုပ်စု တစုနဲ့တစု အပြစ်လွတ်အောင် ကောလဟလ သတင်းတွေ ဖြန့်နိုင်တယ်ဆိုတာရယ်၊
၆။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည် အလွန် နိုင်ငံရေးအာဏာရယူနိုင်ဘို့ အခုကတည်းက တပ်ထွက် ဗိုလ်ချုပ်အုပ်စုနဲ့ ကြံ့ဖွတ် အသိုင်းအဝိုင်းတွေ ဆင်ကြံ ကြံနေကြပြီ။ သူတို့ လျှို့ဝှက်ထားတဲ့ စီမံကိန်းတခုကို( ဒုစရိုက်မှုမကင်း/ နိုင်ငံရေးမတည်မငြိမ်/ စီးပွားရေး မတည်မငြိမ်/ စစ်ရေး- တိုင်းရင်းသားအရေး မတည်မငြိမ် နဲ့ အလားတူ ရာဇဝတ်မှုများ) ကို စတင် အကောင်အထည် ဖော်နေကြပြီ ဆိုတာပါပဲ။ ရန်သူက သူတို့ရဲ့ အဖျက်အမှောက်စီမံကိန်းတွေကို စတင် လုပ်နေတာ သေချာပါပြီ။
နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ သတိသာမက သတ္တိပါ ရှိဘို့ လိုပါတယ်။
ကိုညို( အော်စလို)

Moe

15 hrs ·

အောင်ဝင်းခိုင်
မပြီးသေးဘူး
ဒီလိုပဲအဆင်ပြေသလို
ဇာတ်ကောင်အသစ်တွေ
ထက်လာဦးမယ်
ပြီးတဲ့နောက်

နှာတိုမြေးတွေတုန်းကလို
သေဒဏ်လိုလိုတစ်သက်တစ်ကျွန်းလိုလို
အသံပေးပြီး
အင်းစိန်မှာ နန်းစိုက်ခဲ့သလို

ငါတို့အစား
နာမည်ခံ နစ်နာပေးကြသူတွေကိုတော့
နာမည်ကို သေဒဏ်ပေး
လူကိုတစ်သက်စာပေး

Mohammed Naeem

15 hrs ·

သိပ်အများကြီး မလိုဘူး သိန်း၁၀၀၀ ပေးတဲ့သူ ဘယ်ကနေ အဲဒီငွေရသလဲ မေးယုံပဲ။

So Naing

18 hrs ·

ဦးခင်ညွန့်ရခိုင်သွားတယ်
ဒေသခံအစွန်းရောက်တွေနဲ့တွေ့တယ်
မကြာဖူး
၂၀၁၂ရခိုင်အကြမ်းဖက်မူ့ကြီးဖြစ်တယ်
လူထောင်ချီသေတယ်
သိန်းနဲ့ချီတဲ့လူတွေအိုးအိမ်မဲ့ဖြစ်တယ်
ဟန်ချက်ညီနေတဲ့အသိုင်းအဝိုင်း၂ခု
ပျက်စီးအမုန်းပွားအယုံအကြည်မဲ့
သွားကြတယ် တိုင်းပြည်သိက္ခာကျ
ခဲ့ရသလိုရခိုင်တွေနာမည်ပျက်ရတယ်
ဗုဒ္ဓဘာသာစွန်းထင်းခဲ့ရတယ်
ကနေ့ဆိုကမ္ဘ္ဘ္ဘ္ဘာ့ခုံရုံးရောက်နေပြီ

အခုလဲကလေးမြို့မှာဝီရသူတရား
ဟောတယ် အပြန်လေဆိပ်မှာ
ခင်ညွန့်ကကြိုတင်စောင့်ပြီးတွေ့တယ်
ကြံစည်ဆွေးနွေးမူ့တွေလုပ်တဲ့ပုံနဲ့
သတင်းတွေထွက်တယ် စိုးရိမ်စရာ
အခြေအနေဖြစ်နေတဲ့ဦးကိုနီလုပ်ကြံ
မူ့မှာနောက်ကွယ်စေခိုင်းသူတွေပေါ်
ခါနီးဖြစ်နေတော့တိုင်းပြည်ဆူပူ
အောင်ကြံစည်နိုင်စွမ်းတဲ့ခင်ညွန့်နဲ့
ဝီရသူတို့တစ်ဖန်ပူးပေါင်းရှေ့ထွက်
လာတာဟာအကောင်းထက်အဆိုး
ကိုဦးတည်တာကြောင့်အထူး(အထူး)
သတိထားရမဲ့အချိန်အခါဖြစ်ပါတယ်

တစ်ဆက်တည်းမှာကနေ့ပြုလုပ်တဲ့
ဦးကိုနီအမူ့နဲ့ပတ်သက်ပြီးလုံခြုံရေး
အတိုင်ပင်ခံနဲ့သံရုံးတာဝန်ရှိသူများ
တွေ့ဆုံပွဲဟာလဲစိတ်ဝင်စားစရာပါ

သတင်းထုတ်ပြန်ချက်ကို
စောင့်မျှော်ရင်းရင်မောမိပါတယ်

9 thoughts on “Mi Nyein (sister of Lt. Colonel Aung Win Khaing) is married to the favourate nephew of Daw Kyaing Kyaing (wife of Former Senior General Than Shwe.)

  1. D Min Swe
    1 hr ·
    ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုတာ ဘယ်သူလဲ

    တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ ငွေပေးစေခိုင်းသူ အသက် (၄၅)နှစ်အရွယ် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဒေါပုံမြို့နယ်၊ ၀ါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်း၊ အိမ်အမှတ် (၃၃) မှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။
    အောင်ဝင်းခိုင်ကို ဦးကိုနီလုပ်ကြံမှု မတိုင်ခင် နှစ်ရက်က နောက်ဆုံးတွေ့ခဲ့ရတယ်လို့ အိမ်နီးချင်းတွေက ဖြေကြားထားပြီး သူနေထိုင်ရာ သုံးထပ်တိုက်အိမ်ထဲမှာတော့ မိသားစုရှိတယ်လို့ ယူဆရကာ ခြံနဲ့အိမ်တံခါးကို ပိတ်ထားတယ်လို့ 7Day Daily သတင်းစာကြီးက ဖော်ပြထားပါတယ်။
    အောင်ဝင်းခိုင်ဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၄ မှာတော့ မိမိသဘောဆန္ဒနဲ့ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အောင်ဝင်းခိုင် ဒုဗိုလ်မှူးကြီးရာထူးမှ နုတ်ထွက်တဲ့ နှစ်မှာပဲ သူ့ရဲ့အစ်ကို အောင်ဝင်းဇော်နဲ့ကြည်လင်းတို့လည်း အိုးဘိုထောင်မှာ ဘုရားခိုးမှုနဲ့ ပြစ်ဒဏ်ကျခံနေရာမှ သမ္မတရဲ့လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာခဲ့တဲ့နှစ်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။
    အောင်ဝင်းခိုင်ဟာ အဆိုပါ ၀ါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းကို လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ပြောင်းရွှေ့လာတာဖြစ်ပြီး သူနဲ့ဆွေမျိုး တော်စပ်သူတွေဟာ အဆိုပါ ရပ်ကွက်မှာ ရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိနေထိုင်တဲ့ သုံးထပ်တိုက်ဟာ အောင်ဝင်းခိုင် တပ်မတော်မှ နုတ်ထွက်ပြီးတဲ့ လွန်ခဲ့တဲ့တစ်နှစ်ခန့်ကမှ ဆောက်လုပ်ပြီးစီးခြင်းဖြစ်ကာ အဆိုပါမတိုင်မီက အိမ်ငှားပြီး နေထိုင်တာဖြစ်ပါတယ်။
    play
    အောင်ဝင်းခိုင်၏နေအိမ်

    ဇနီးနဲ့ဆယ်ကျော်သက်အရွယ် သားနှစ်ဦးရှိပြီး ရပ်ကွက်အတွင်း အောင်ဝင်းခိုင်တို့မိသားစုဟာ အိမ်နီးနားချင်းတွေနဲ့ အကျွမ်းတ၀င်မရှိဘဲ သီးသန့်နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
    ဘာသာရေးကိုင်းရှိုင်းသူလို့ အိမ်နီးချင်းအချို့က ဆိုကြပြီး ၀ါတွင်းသုံးလ အရုဏ်ဆွမ်းလောင်းချိန်မှာ ပုံမှန်ဆွမ်းလောင်းသူဖြစ်ကာ ပဋ္ဌာန်းနဲ့တရားစာတွေ ရွတ်ဆိုနေလေ့ရှိကြောင်း ဆွမ်းလောင်းအသင်း ပါဝင်သူတွေကဆိုပါတယ်။
    အိမ်နီးချင်းတွေရဲ့အဆိုအရ အောင်ဝင်းခိုင်နဲ့အောင်ဝင်းဇော်တို့ ညီအစ်ကိုနှစ်ဦးဟာာ သွားသွားလာလာရှိပြီး ၀ါဆိုရပ်ကွက်ထဲမှာ ကားဝပ်ရှော့လုပ်ငန်းတစ်ခုကို ပူးပေါင်းလုပ်ကိုင်ကြကာ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်းမှာလည်း မိသားစုပိုင် လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုရှိနေတယ်လို့ သိရပါတယ်။

    ဦးကိုနီကို လုပ်ကြံမှုမှာ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ အငှားယာဉ်မောင်းကိုသီဟက အောင်ဝင်းခိုင်ရဲ့ကားလို့ ယူဆရတဲ့ ဟာရီယာအနက်ရောင်ကို အဆိုပါနေ့က တွေ့ခဲ့တယ်လို့ ပြောထားကြောင်း 7Day Daily သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။ ကိုသီဟရဲ့အဆိုအရ တရားခံကြည်လင်းဟာ ဦးကိုနီကို သေနတ်နဲ့ပစ်ခတ်အပြီး ထိုကားအနက်ရောင်ဆီပြေးသွားကာ မှန်ကို ပုတ်ခဲ့ပေမဲ့ ကားက တံခါးမဖွင့်ပေးခဲ့ဘူးလို့ သိရပါတယ်။
    ကိုသီဟအပါအ၀င် လေဆိပ်မှ မျက်မြင်သက်သေအများစုဟာ အဆိုပါကားအနက်ရောင်အကြောင်းကို ထုတ်ပြန်ချက်ထွက်လာပြီးမှ ပြောကြားတာမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ပွားတဲ့ ဇန်န၀ါရီ ၂၉ ရက်ကတည်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    Source: 7Day Daily

    Like

  2. ကျေးဇူးအကို
    အခုကိစ္စဟာ အင်မတန်ရှုပ်ထွေးနေပါတယ် မယ်တော်ကြီးရဲ့တူအရင်းတွေပါနေသလိုစစ်ထောက်လှမ်းရေးပြုတ်တွေအပြင် အာဏာလက်ရှိအသိုင်အဝိုင်းတွေပါနေပါတယ် fbပေါ်ကသတင်းတွေဟာခိုင်နေတာတွေ့ရပါတယ်
    NY ကအောင်နိုင်ထွေးဟာ အရမ်းတိကျတဲ့သတင်းတွေရနေပါတယ် သူ့POST မှာ ပတ်သက်သူတွေထဲမှာ ဒုဝန်ကြီး တွေစစ်ထောက်ချုပ်နဲ့ခရိုနီကြီးတွေ ပေါက်ယူချန်းလိုလူတွေပတ်သက်နေတာကိုအတိအကျရေးထားပါတယ် ဒီလူသတ်မှုထဲပါတဲ့သူတဦးဟာအမေရိကန်မူးယစ်ထောက်လှမ်းရေး DEA,မှာနာမည် ၄ မျိုးရှိပါသတဲ့ ဒီသတင်းတွေဟာအမေရိကန်ထောက်လှမ်းရေးရပ်ကွက်ကသူဂနေတာသေချာပါတယ်
    ဒါကြောင့်နိုင်ငံတကာကစိတ်ဝင်စားနေတာ ကျနော်ရေးပါတယ်ဦးကိုနီအသက်ပေးရတာအလကားမဖြစ်ပါဘူးလို့ ဒါပေမဲ့ Profile အမှန်နဲ့ရေးတဲ့သူတွေသတိထားရေးပါ လက်တံရှည်တယ် မနေ့ကဥက္ကလာမှာရဲကိုကားနဲ့တိုက်သတ်တဲ့လူရဲ့အဖေက ဒီအုပ်စုဘဲတဲ့ လက်ရဲဇက်ရဲနိုင်တာကြည့်ပါ
    သတိနဲ့ရေးပါ publicမတင်ကြပါနဲ့

    Like

  3. Min Aung
    8 hrs ·
    ” တရားချင်းယှဉ် ရှုံးနှင့်ပြီးသား ”
    ဆရာရန်ကုန်ဘဆွေ ရဲ့ ‘မြန်မာပြည်သား’ ဝတ္ထုထဲမှာ ကောင်းမြတ်နဲ့ စံလှကြီး တို့ တယောက်တလှည့် ထောင်းတမ်းစိန်ခေါ်ခဲ့ကြတယ်။
    အဲဒီခေတ်ယောက်ျားတွေ တယောက်နဲ့ တယောက်သတ်ပုတ်နည်းထဲမှာ အပြန်အလှန်ထိုးကြိတ်တာထက်ကို ပြင်းထန်တဲ့ ယှဉ်ပြိုင်မှု တခုပါ။ တယောက်တလှည့် ကျောကုန်းပေးပြီး အပေါ်ကနေ တံတောင်နဲ့ထောင်းကြတာ။ ကောင်းမြတ် က လူကောင်သေးသေး၊ စံလှကြီးက အကောင်ထွားထွား၊ လူကောင်ချင်းမမျှပေမဲ့ အဲသလို စိန်ခေါ်ပြိုင်ကြတယ်။
    ကောင်းမြတ် ခံလှည့်တိုင် စံလှကြီး က လေထဲခုန်ပြီးကို တံတောင်နဲ့ အုန်းခနဲ၊ အုန်းခနဲ နေအောင် ထောင်းတယ်။ ကောင်းမြတ်က မြေပေါ်ဗိုင်းခနဲ လဲကျ၊ ပါးစပ်က သွေးတွေ ယိုစီးကျရဲုမက တချက်တချက် သတိလစ်သွားတယ်။ မိနစ်နည်းနည်းကလေးငြိမ်နေရာက သတိပြန်ရတာနဲ့ လူးလွန့်ပြီး ပြန်ထ ဒယီးဒယိုင်နဲ့ ပြန်ထောင်းဖို့ ဒရွတ်ဆွဲလာတယ်။
    စံလှကြီးက သူ့အလှည့်မှာသာ အားကုန်ထောင်းတာ သူခံအလှည့်ဆို ကျောကို ဘယ်ယိမ်းညာယိမ်းနဲ့ တိမ်းရှောင်တယ်။ တချက်တလေ ကောင်းမြတ်ဟာ စံလှကျောကို ထိတောင် မထိနိုင်ဘဲ သူ့အရှိန်နဲ့သူ ဟပ်ထိုးလဲတဲ့အထိ ဖြစ်ရတယ်။
    ဒါပေမဲ့ သူအထောင်းခံအလှည့် ကျရင် ကျောကို တည်တည်ငြိမ်ငြိမ်ပဲ ကုန်းပေးတယ်။ သပြေသီးမှည့်ကြီးလို ညိုမည်းနေတဲ့ တံတောင်ထောင်းရာကြီးက မမြင်ဝံ့စရာ။ ဒါပေမဲ့ ကောင်းမြတ်က ဆက်ယှဉ်ပြိုင်နေဆဲဖြစ်တယ်။
    သူတို့ပြိုင်ပွဲကို ကာလသားကြီးတွေ ရောက်လာတဲ့အခါမှာတော့
    ဆက်ပြိုင်စရာမလိုတော့ဘဲ ပြိုင်ပွဲဟာ အနိုင်အရှုံးပေါ်သွားတော့တယ်။ တအုန်းအုန်းထောင်းနေတဲ့ စံလှကြီးကို
    ကာလသားကြီးတွေက
    ပြိုင်ပွဲစချိန်မရှေးမနှောင်းပါပဲ ရှုံးခဲ့ပြီးသား သတ်မှတ်ကြတယ်။ ထောင်းတဲ့အလှည့်ထောင်းရဲသလို၊ ခံတဲ့အလှည့် တည်တည်ငြိမ်ငြိမ်ခံမှ စည်းကမ်းနဲ့ညီတဲ့ပြိုင်ပွဲ တဲ့။
    ” ဒီအတိုင်းတလျှောက်လုံးပြိုင်လာတာဆိုရင်တော့ စံလှ မင်းက အစောကြီးကထဲက ရှုံးနှင့်င်္ပြးသား” တဲ့။
    ခင်ဗျားတို့ စစ်အုပ်စုဟာလဲ စံလှကြီး ညစ်သလိုညစ်ပြီး အစောကြီးကထဲကကို ရှုံးပြီးသား လို့ ပြောချင်တယ်။
    သတင်းသမား ကိုလဲ ပစ်သတ်၊
    ဥပဒေသမား ကိုလဲ ပစ်သတ်၊
    စာပေ အနုပညာသမားတွေ ကိုလဲ ဖမ်းဆီး နဲ့။
    သတင်းကို သတင်းနဲ့ မယှဉ်ဝံ့။
    ဥပဒေကို ဥပဒေနဲ့ မယှဉ်ဝံ့။
    စာပေအနုပညာ ကို စာပေအနုပညာနဲ့ မယှဉ်ဝံ့ ဘဲ၊
    ထစ်ခနဲရှိ ပစ်ခတ်ရိုက်နှက်ဖမ်းဆီးဖို့ပဲ တတ်တဲ့ သူရဲဘောကြောင် အန္ဓတွေ။
    ခင်ဗျားတို့ ဟာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ရှုံးပြီးရင်းရှုံးနေတဲ့ လူတွေပါပဲ။
    ချိုတူးဇော်

    Like

  4. Ko Phoenix
    15 hrs ·
    တရားရုံးတွင် ထွက်ဆိုချက်များ
    လူမျိုး ခြား ဘာသာခြား တယောက် တိုင်းပြည်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ လက်ရှိ ခေါင်းဆောင်တွေကို ချယ်လှယ်ချူပ်ကိုင်နေတဲ့ ဖြစ်တဲ့အတွက် တိုင်းပြည်နှင့် အမျိုး၊ ဘာသာ၊သာသနာ ချောက်ထဲ မကျအောင်
    မိမိတို့ ဒီလို လုပ်ကြံဖို့ အစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း၊
    မိမိတို့ ဒီလို လုပ်ဆောင်ခဲ့အတွက် နောင်တမရကြောင်း၊
    ဒိအတွက် ပေးလာတဲ့ ပြစ်ဒဏ်ကို လဲ တိုင်းပြည်နဲ့ လူမျိုး အတွက်
    ခံရတာဖြစ်လို့ ကျေကျေနပ်နပ် ကြီးခံယူသွားမှာ ဖြစ်ကြောင်း..
    အထူးတရား၇ုံးတင်စစ်ဆေး ၃ နှစ်ကျော်ကြာ…
    ကြည်လင်းနဲ့ အပေါင်းအပါများကို ထောင်ဒဏ် ၁ သတ်တကျွန်းချ
    ထောင်ကျပြီး ၁ နှစ်အကြာ ယခင် စစ်ဗိုလ်ချူပ်ကြိးဟောင်း တဦး သမ္မတဖြစ်လာ
    သမ္မတ ၏ အထူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လုပ်ကြံသူများ ပြန်လွတ်လာ
    (ဘာရယ်မဟုတ်ဘူး ဝတ္ထုရေးဖို့ စိတ်ကူးနေတာ :P)

    Like

  5. Aungzaw Win
    11 hrs ·
    အင်ပါယာကြီးတွေ၊မက်ဂါကော့ပ်တွေ လို အင်မတန်
    ခိုင်မာတဲ့ အဖွဲ့စည်းကြီးတွေ ပြိုကွဲတဲ့ အစဟာ
    သိပ်ကြီးကြီးမားမား မဟုတ်တဲ့ သေးငယ်တဲ့ အမှား
    လေးက စ ပါတယ်။
    နောက်တော့ တစတစ နဲ့ ထိန်းမန်ုင်အောင်ပြိုကျ
    တာပါဘဲ။
    ရေကာတာကြီးတွေ ကျိုးပေါက်တဲ့ဖြစ်စဉ်တွေလည်း
    ထို့အတူပါဘဲ။ရေစိမ့်ပေါက်သေးသေးလေး၊
    ရေကျော်သေးသေး လေး က အစပြုပါတယ်။
    တဖြည်းဖြည်းနဲ့ ထိန်းမရတဲ့ ကျိုးပေါက်မှု ကြီးတွေ
    ဖြစ်လာစေပါတယ်။

    Like

  6. We hope and pray that In Sya Allah that will lead to the downfall of Veteran Organization, USDP, U Pine, Swarn Arr Shins and Ma Ba Tha.

    Like

  7. We need to follow the money trail as the Lt Colonel had disappeared. We need to freeze his bank accounts and scrutinise who paid him (who employed him), who worked for him (who he paid) and who are his business associates etc. @ money trail =noun
    A series of connected financial transactions and exchanges, especially when revealed during the investigation of a crime.

    Like

  8. Myanmar Update News Agency – မြန်မာ့သတင်းထူးသတင်းဦးများ added 2 new photos.
    57 mins
    အောင်ဝင်းခိုင်ရဲ့ကားကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့က နေအိမ်ရှေ့မှာတွေ့ရ
    ****************************************
    ထက်ခေါင်လင်း/ Myanmar Now 16/02/2017

    ရန်ကုန် (Myanmar Now) – ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ပြီး လွတ်မြောက်နေသူတစ်ဦးအဖြစ် အစိုးရက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့ ဦးအောင်ဝင်းခိုင် ရန်ကုန်မြို့နေအိမ်ကနေ ထွက်ပြေးဖို့ အချိန် ဘယ်လောက် ရပါသလဲ။

    ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းထဲက ဦးအောင်ဝင်းခိုင်ရဲ့ နေအိမ်ရှေ့မှာ သူစီးနေကျ အနက်ရောင် ဟာရီယာကား ရပ်နားထားတာကို ဖေဖော်ဝါရီ ၁ဝ ရက်နေ့က တွေ့ခဲ့ရပါတယ်။

    ရန်ကုန်လေဆိပ်အတွင်း လုပ်ကြံမှုဖြစ်ပွားစဉ်က ကားနံပါတ် YGN 9C – 6725 တပ်ဆင်ထားတဲ့ ဒီကားထဲ ဦးအောင်ဝင်းခိုင် မောင်းနှင်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အစိုးရရဲ့ ဖေဖော်ဝါရီ ၁၅ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီမော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပါဘူး။

    ဒီကားကို ဦးအောင်ဝင်းခိုင်သာ မောင်းနှင်လေ့ရှိတာကို သတိထားမိကြောင်း၊ ရန်ကုန်လေဆိပ် လုပ်ကြံမှု ဖြစ်ပွားပြီး နောက်ပိုင်း ဒီကားကို အိမ်ရှေ့မှာပဲ ရပ်နားထားတာ တွေ့ရကြောင်း အိမ်နီးချင်းတချို့က ပြောပါတယ်။

    “သူတို့အိမ်က ကျွန်မတို့ရပ်ကွက်ကလူတွေနဲ့ သိပ်ရောရောနှောနှော မရှိဘူး။ ကျွန်မတို့ သူ့နာမည်တောင် မသိခဲ့ဘူး။ အခု သတင်းထွက်လာတော့မှ သူ့နာမည်ကို သိတာ။ သူတို့အိမ်ရှေ့မှာတော့ အများအားဖြင့် အဲ့ဒီကားတစီးတည်း ရပ်ထားတာပဲ” လို့ ဦးအောင်ဝင်းခိုင်နဲ့ သုံးအိမ်ကျော်က ရာအိမ်မှူးဦးမြအောင်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

    “သူတို့ဒီအိမ်မှာ နေတာ သိပ်မကြာသေးဘူး။ ဒီအိမ်ဆောက်နေတဲ့အချိန်တုန်းက မဏ္ဍိုင်လမ်းထိပ်က အိမ်မှာ ငှားနေခဲ့သေးတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်က ရဲတပ်ဖွဲ့ဝင်တွေ ဦးအောင်ဝင်းခိုင်ရဲ့နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှာ ဦးအောင်ဝင်းခိုင်ကို မတွေ့ခဲ့ရဘူး၊ မော်တော်ယာဉ်ကိုတော့ စစ်ဆေးခဲ့တယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီထွေးက ပြောပါတယ်။

    ဒီကားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က နောက်ဆုံး တွေ့လိုက်ရတယ်၊ ကားကို ဦးအောင်ဝင်းခိုင် မောင်းနှင်လေ့ရှိတယ် လို့ သူက ဆက်ပြောပါတယ်။ ဦးအောင်ဝင်းခိုင်ရဲ့ သားနှစ်ဦးက ၁၈ နှစ် မပြည့်သေးတာကြောင့် ယာဉ်မောင်းလိုင်စင် မရနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

    “သူတို့အိမ်မှာ အဲ့ဒီကားတစ်စီးတည်းပဲတွေ့ဖူးတယ်။ တခြားကားတွေ မတွေ့ဖူးဘူး။ ရဲတွေ လာစစ်တော့လည်း အမျိုးတွေမို့ လာစစ်တာလို့ပဲ ထင်ထားတာ။ အခု ထုတ်ပြန်ချက်တွေ့မှ တိတိကျကျ သိရတာ” လို့ အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

    “ဦးအောင်ဝင်းခိုင်ကို ဇန်နဝါရီ ၂၈၊ ၂၉ လောက်ဖြစ်မယ်။ စနေ၊ တနင်္ဂနွေနေ့ တစ်ရက်ရက်ပဲ။ မနက်ပိုင်း လမ်းလျှောက်ထွက်တာကို မြင်လိုက်ရတာ နောက်ဆုံးတွေ့တာပဲ”

    ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ နုတ်ထွက်ခဲ့တယ်ဆိုတဲ့ ဦးအောင်ဝင်းခိုင်ဟာ ဇနီး၊ ၁၇ နှစ် နဲ့ ၁၂ နှစ်အရွယ် သားနှစ်ဦးတို့နဲ့အတူ ဒေါပုံမြို့ နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေ အဲဒီအိမ်မှာ ဆက်လက်နေထိုင်နေပေမယ့် အိမ်တံခါး ပိတ်ထားတယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။

    ဦးကိုနီကိုလုပ်ကြံဖို့ ငွေထုတ်ပေးပြီး ခိုင်းစေသူဟာ ဦးအောင်ဝင်းခိုင်ဖြစ်တယ်လို့ အာဏာပိုင်တို့က ယူဆနေပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဝင်းဇော်က သေနတ်သမား ဦးကြည်လင်းကို ငှားရမ်းခဲ့တယ်၊ လုပ်ကြံခါနီး အချိန်အထိ သူတို့ညီအစ်ကိုနှစ်ဦး ဖုန်းနဲ့ အဆက်အသွယ်ပြုလုပ်ပြီး စီစဉ်ခဲ့ကြကြောင်း အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သေနတ်သမား ဦးကြည်လင်းကို ရန်ကုန်လေဆိပ်မှာ လုပ်ကြံမှု ပြီးပြီးချင်း ဖမ်းဆီးရမိခဲ့ပါတယ်။ သေနတ်သမားကို ငှားရမ်းသူလို့ ယူဆရတဲ့ ဦးအောင်ဝင်းဇော်ကိုလည်း ဖမ်းမိပြီးဖြစ်လို့ စစ်ဆေးနေကြောင်း အာဏာပိုင်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ အဲဒီလို ကြေညာပြီး တစ်ပတ် အကြာမှာ Myanmar Now က ဒီကားက ဦးအောင်ဝင်းခိုင်ရဲ့နေအိမ်ရှေ့ မှာ တွေ့ရတာဖြစ်ပါတယ်။ ။

    မှ – Myanmar Now
    http://www.myanmar-now.org/my/news/i/…

    ဖေဖော်ဝါရီ ၁ဝ ရက်နေ့က ရန်ကုန်၊ ဒေါပုံမြို့နယ် ဦးအောင်ဝင်းခိုင်ရဲ့ နေအိမ်ရှေ့မှာ ရပ်ထားတဲ့ မော်တော်ယာဉ် (ဓာတ်ပုံ – အောင်ငြိမ်းချမ်း/Myanmar Now)

    Like

  9. အောင်ဝင်းခိုင်ရဲ့ ညီမ မငြိမ်းဟာ
    ဗိုလ်ချု ပ်မှူးကြီးသန်းရွှေ (ငြိမ်း)ရဲ့ ဇနီးဒေါ်ကြိုင်ကြိုင်ရဲ့တူအရင်း ဝင်းတင်နဲ့လင်မယားတွေဖြစ်ပြီး
    မအေးရဲ့ယောကျာင်္းကတော့
    ဗိုလ်မှူးအုန်းဟန် (ငြိမ်း)လို့
    မိသားစုနဲ့နီးစပ်တဲ့ရပ်ကွက်နေပြည်သူအချို့ ဆီကသိရပါတယ်။

    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ –

    အမျိုးသားဒီမိုကရေစီအဖွဲ့ချု ပ် ဥပဒေအကြံပေး
    တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ငွေပေးခိုင်းစေသူ
    ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့မိသားစုက
    အိမ်ဂရမ်အပေါင်ခံ ငွေတိုးချေးစားတဲ့လုပ်ငန်းကို လုပ်ကိုင်တယ်လို့ သိရပါတယ်။

    တရားလွှတ်တော်ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ငွေပေးခိုင်းစေသူဟာ
    ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။

    ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ
    ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက်မှာ နေထိုင်တယ်လို့ သိရပါတယ်။

    အောင်ဝင်းခိုင်တို့မိသားစုက ငွေတိုးချေးစားတဲ့လုပ်ငန်းကိုလုပ်ကိုင်တာဖြစ်တယ်လို့ အဆိုပါရပ်ကွက်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။

    “သူတို့ပြောင်းလာတာမကြာသေးဘူးလေးနှစ်လောက်ရှိပြီ အဲ့ဒီဗိုလ်ချု ပ်ကတော့ ဘာမှမလုပ်ဘူး သူတို့မိသားစု တစ်ခါတစ်လေ ရပ်ကွက်ထဲ လမ်းထွက်လျှောက်တယ် သူ့မိန်းမကတော့ ငွေတိုးပေးစားတယ် “လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

    တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုလုပ်ကြံမသတ်ဖြတ်ခင်
    ဇန်နဝါရ်ီလ ၂၇ ရက်နေ့ကတည်းကအောင်ဝင်းခိုင်ဟာနေအိမ်မှာ
    မရှိတော့ဘူးလို့ သိရပါတယ်။

    “ဦးကိုနီအသတ်ခံရပြီးတဲ့နောက်မှာ သူတို့အိမ်ကို ရဲတွေကော ထောက်လှမ်းရေးတွေကော လာတယ် သူ့မိသားစုကတော့ မနေ့ညကထိတောင်ရှိသေးတယ်။
    အောင်ဝင်းခိုင်ကတော့ မဖြစ်ခင် နှစ်ရက်လောက်ထဲက ပျောက်သွားတာ
    အရင်ဆိုရင်တော့ ဒီဖက်ကမ်းနားမှာ လမ်းထွက်ထွက်လျှောက်တယ်
    တရားခွေဖွင့်ပြီး သူတို့မိသားစုတွေက ဒီကရပ်ကွက်တွေထဲမှာ
    အိမ်ဝိုင်းတွေဝယ်တယ်
    အပေါင်ခံတယ် ။
    ဝယ်တယ်ရောင်းတယ်ဆိုပေမယ့် ရပ်ကွက်အုပ်ချု ပ်ရေးမှူးလည်းမခေါ်ဘူး ။
    သူတို့ဖာသာလုပ်ကြတာပဲ။
    ရပ်ကွက်ထဲမှာ ဘယ်သူနဲ့မှစကားမပြောဘူး
    သူတို့မောင်နှမတွေပေါင်းပြီးတက်စီအစီး၇၀လောက်ကိုလပေးနဲ့ငှားစားကြတယ်။
    ဝပ်ရှော့ဆိုင်လည်းဖွင့်တယ်။
    အိမ်တန်းတွေငှားစားတယ် ။
    သူ့ညီမမငြိမ်းဆိုရင် ဘိလပ်မြေစက်ရုံတွေထောင်ထားတယ်လို့ကြားတယ် “လို့ သူကဆက်လက်ပြောပါတယ်။

    ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက
    အောင်ဝင်းခိုင်ရဲ့နေအိမ်ကို ရဲဌာနမှဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

    ကိုအောင်ဝင်းခိုင်တို့မှာ မောင်နှမ ခြောက်ယောက်ရှိပါတယ်။

    သူတို့က(၁) အောင်ဝင်းဦး၊(၂)မအေး၊(၃)အောင်ဝင်းထွန်း၊(၄)အောင်ဝင်းဇော်၊(၅)အောင်ဝင်းခိုင်နဲ့(၆)မအေးငြိမ်း ခေါ် မိငြိမ်းတို့ဖြစ်ပါတယ်။

    အောင်ဝင်းခိုင်ရဲ့ အမနဲ့ ညီမတွေဖြစ်တဲ့ မငြိမ်းနဲ့မအေးတို့ အဆိုပါရပ်ကွက်တွေမှာအိမ်အဝိုင်းတွေအများအပြားဝယ်ယူထားတဲ့သူများဖြစ်တယ်လို့ သိရပါတယ်။

    “သူတို့တွေက ဒီမှာ အိမ်ဝိုင်းတွေက မရှိဘူးဆို နှစ်ဆယ်ကျော်တယ် တခြားရပ်ကွက်တွေမပါသေးဘူး “လို့ မငြိမ်း၊မအေးတို့နဲ့မိသားစုလိုနေထိုင်တဲ့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

    အောင်ဝင်းခိုင်ရဲ့ ညီမ မငြိမ်းဟာ ဗိုလ်ချု ပ်မှူးကြီးသန်းရွှေ (ငြိမ်း)ရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့တူအရင်း ဝင်းတင်နဲ့လင်မယားတွေဖြစ်ပြီး
    မအေးရဲ့ယောက်ျားကတော့ ဗိုလ်မှူးအုန်းဟန် (ငြိမ်း)လို့ ……..
    မိသားစုနဲ့နီးစပ်တဲ့ရပ်ကွက်နေပြည်သူအချို့ ဆီကသိရပါတယ်။

    Author ဝင်းနန္ဒာ၊နှင်းနှင်း

    Like

Leave a comment